Download Link=https://goo.gl/KlvBXq
ရုပ္ရွင္ အစ/အဆံုး
#ZawGyi
အခုတင္ေပးလုိက္တ့ဲဇာတ္ကားေလးကေတာ့"Room"ပါ။
ဒီတစ္ခါေတာ့ ေအာ္စကာဆုေတြ သိမ္းပိုက္ထားတဲ့ Room ဆိုတဲ့ ဇာတ္ကားေလးနဲ႕ မိတ္ဆက္ေပးခ်င္ပါတယ္။Room က Emma Donoghue ေရးသားထားတဲ့ စာအုပ္ ကိုျပန္႐ိုက္ထားတာျဖစ္ပါတယ္။ စာအုပ္ နာမည္ကလည္း Room ပဲျဖစ္ၿပီးေတာ့ best seller ဆုကိုလည္းရရွိခဲ့ပါတယ္။ Room ဆိုတဲ့ movie ကို ၾကည့္ဖူးတဲ့လူလည္းရွိသလို မၾကည့္ဖူးေသးတဲ့လူလည္းရွိမွာပါ။ ကြ်န္ေတာ္ကေတာ့ ၾကည့္ေစခ်င္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကား ေတြႀကိဳက္တဲ့ သူေတြအတြက္လည္းၾကည့္သင့္တဲ့ကားပါပဲ။ ဇာတ္ကားေလးကေတာ့ Drama အမ်ိဳးအစားျဖစ္ပါတယ္။အဓိကဇာတ္ေဆာင္ေတြ အေနနဲ႔ကေတာ့ အသက္ ၂၄ ႏွစ္အရြယ္ Joy Newsome ဆိုတဲ့ အမ်ိဳးသမီးနဲ႔ ၅ ႏွစ္အရြယ္ သူ႔ရဲ႕သားေလး Jack ပါ။ Joy ဟာ အသက္ ၁၇ ႏွစ္ အရြယ္ထဲက Old Nick ဆိုတဲ့ လူႀကီးရဲ႕ ဖမ္းဆီးမႈကိုခံလိုက္ရပါတယ္။ ၿပီးေတာ့ Joy ကို ဆယ္ေပ ပတ္လည္အခန္းက်ဥ္းေလးထဲမွာထည့္ထားပါတယ္။ အဲ့ဒီထဲမွာပဲ စား၊ အဲ့အခန္းထဲမွာပဲ ေရခ်ိဳး၊ အဲ့ဒီအခန္းထဲမွာပဲ အေလးစြန္႔ ရတာပါ။ Old Nick က တံခါးကို Code နဲ႔ ေလာ့ခ္ ခ်ထားၿပီးေတာ့ အစားအေသာက္ကိုသူကေပးပါတယ္။ ညဘက္ဆိုရင္ အခန္းထဲကိုလာအိပ္ၿပီးေတာ့ Joy ကိုလည္းမတရားျပဳက်င့္ေလ့ရွိပါတယ္။ Jack မွာေတာ့ ဘီဒိုထဲမွာ ပဲအိပ္ရပါတယ္။ သူတို႔အခန္းေလးထဲမွာ အလင္းေရာင္ဆိုလို႔ Skylight လို႔ေခၚတဲ့ ေခါင္မိုးေပၚကမွန္ေပါက္ေလးတစ္ေပါက္ပဲရွိပါတယ္။Joy ဟာ Jack အသက္ ၅ ႏွစ္အရြယ္ေရာက္လာတဲ့ အခါမွာေတာ့ ကေလးကို ျပင္ပေလာကဆိုတာ တစ္ကယ္ရွိတဲ့အေၾကာင္းေတြ၊ သူတို႔အျပင္တျခားသူေတြလည္းရွိတဲ့အေၾကာင္း၊ သူ႔မွာ ဘိုးဘိုး နဲ႔ ဘြားဘြားရွိတဲ့အေၾကာင္းေလးေတြရွင္းျပပါတယ္။ ကေလးကေတာ့ပထမ က မယံုပါဘူး။ ဒါေပမဲ့ကေလးပီပီ သိခ်င္စိတ္ျပင္းျပလာတဲ့အတြက္ အေမေျပာျပတဲ့ အတိုင္း ေသခ်င္ေယာင္ေဆာင္ၿပီးေတာ့ အခန္းအျပင္ကို ေရာက္ရွိသြားပါတယ္။အဲဒီေနာက္ပိုင္းကစၿပီးေတာ့ ကေလးရဲ႕ သတၱိရွိမႈေတြ အေမနဲ႔ သားအေပၚထားတဲ့ ေမတၱာေတြကိုျမင္ရမွာျဖစ္ပါတယ္။ ေနာက္ေတာ့ Joy ဟာသူ႔မိဘေတြနဲ႔ျပန္ေတြ႕ ၿပီးေတာ့ သူ႔မိဘေတြ ကြာရွင္းထားတာကိုသိလိုက္ရတယ္။ အဲ့ဒီေနာက္ပိုင္းဘာျဖစ္လဲဆိုတာေတာ့ဆက္မေျပာေတာ့ပါဘူး ၿပီးခါနီးၿပီဆိုေတာ့။ ဇာတ္လမ္းမွာ Jack ဆိုတဲ့ကေလး ေလးရဲ႕ လိမၼာပါးနပ္မႈေတြ၊ မိခင္ကိုတြယ္တာမႈေတြ၊ အခန္းအျပင္ဘက္ေရာက္လာၿပီးေတာ့ ပတ္ဝန္းက်င္နဲ႔ အဆင္ေျပလာေအာင္ ေနထိုင္တတ္သြားတဲ့ပံုေတြ ကို ႐ိုက္ျပထားတာပါ။ဒီကားဟာ ဆယ္စုႏွစ္ရဲ႕ အေကာင္းဆံုးကားလို႔ေတာင္ တင္စားခံရပါတယ္။ ဒီကားထဲမွာ Joy အျဖစ္သ႐ုပ္ေဆာင္ရတဲ့မင္းသမီး Brie Larson ဟာဆိုရင္လည္း Oscar ဆုေပးပြဲမွာ အေကာင္းဆံုးမင္းသမီးဆု ကိုရရွိခဲ့ပါတယ္။ အားလံုးႀကိဳက္ၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္။
စာတန္းထုိး ဘာသာျပန္ Original Uploader Channel Myanmar အားေလးစားလ်ွက္။
...........................................................................
#Unicode
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Room"ပါ။
ဒီတစ်ခါတော့ အော်စကာဆုတွေ သိမ်းပိုက်ထားတဲ့ Room ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Room က Emma Donoghue ရေးသားထားတဲ့ စာအုပ် ကိုပြန်ရိုက်ထားတာဖြစ်ပါတယ်။ စာအုပ် နာမည်ကလည်း Room ပဲဖြစ်ပြီးတော့ best seller ဆုကိုလည်းရရှိခဲ့ပါတယ်။ Room ဆိုတဲ့ movie ကို ကြည့်ဖူးတဲ့လူလည်းရှိသလို မကြည့်ဖူးသေးတဲ့လူလည်းရှိမှာပါ။ ကျွန်တော်ကတော့ ကြည့်စေချင်ပါတယ်။ ရုပ်ရှင်ဇာတ်ကား တွေကြိုက်တဲ့ သူတွေအတွက်လည်းကြည့်သင့်တဲ့ကားပါပဲ။ ဇာတ်ကားလေးကတော့ Drama အမျိုးအစားဖြစ်ပါတယ်။အဓိကဇာတ်ဆောင်တွေ အနေနဲ့ကတော့ အသက် ၂၄ နှစ်အရွယ် Joy Newsome ဆိုတဲ့ အမျိုးသမီးနဲ့ ၅ နှစ်အရွယ် သူ့ရဲ့သားလေး Jack ပါ။ Joy ဟာ အသက် ၁၇ နှစ် အရွယ်ထဲက Old Nick ဆိုတဲ့ လူကြီးရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်။ ပြီးတော့ Joy ကို ဆယ်ပေ ပတ်လည်အခန်းကျဉ်းလေးထဲမှာထည့်ထားပါတယ်။ အဲ့ဒီထဲမှာပဲ စား၊ အဲ့အခန်းထဲမှာပဲ ရေချိုး၊ အဲ့ဒီအခန်းထဲမှာပဲ အလေးစွန့် ရတာပါ။ Old Nick က တံခါးကို Code နဲ့ လော့ခ် ချထားပြီးတော့ အစားအသောက်ကိုသူကပေးပါတယ်။ ညဘက်ဆိုရင် အခန်းထဲကိုလာအိပ်ပြီးတော့ Joy ကိုလည်းမတရားပြုကျင့်လေ့ရှိပါတယ်။ Jack မှာတော့ ဘီဒိုထဲမှာ ပဲအိပ်ရပါတယ်။ သူတို့အခန်းလေးထဲမှာ အလင်းရောင်ဆိုလို့ Skylight လို့ခေါ်တဲ့ ခေါင်မိုးပေါ်ကမှန်ပေါက်လေးတစ်ပေါက်ပဲရှိပါတယ်။Joy ဟာ Jack အသက် ၅ နှစ်အရွယ်ရောက်လာတဲ့ အခါမှာတော့ ကလေးကို ပြင်ပလောကဆိုတာ တစ်ကယ်ရှိတဲ့အကြောင်းတွေ၊ သူတို့အပြင်တခြားသူတွေလည်းရှိတဲ့အကြောင်း၊ သူ့မှာ ဘိုးဘိုး နဲ့ ဘွားဘွားရှိတဲ့အကြောင်းလေးတွေရှင်းပြပါတယ်။ ကလေးကတော့ပထမ က မယုံပါဘူး။ ဒါပေမဲ့ကလေးပီပီ သိချင်စိတ်ပြင်းပြလာတဲ့အတွက် အမေပြောပြတဲ့ အတိုင်း သေချင်ယောင်ဆောင်ပြီးတော့ အခန်းအပြင်ကို ရောက်ရှိသွားပါတယ်။အဲဒီနောက်ပိုင်းကစပြီးတော့ ကလေးရဲ့ သတ္တိရှိမှုတွေ အမေနဲ့ သားအပေါ်ထားတဲ့ မေတ္တာတွေကိုမြင်ရမှာဖြစ်ပါတယ်။ နောက်တော့ Joy ဟာသူ့မိဘတွေနဲ့ပြန်တွေ့ ပြီးတော့ သူ့မိဘတွေ ကွာရှင်းထားတာကိုသိလိုက်ရတယ်။ အဲ့ဒီနောက်ပိုင်းဘာဖြစ်လဲဆိုတာတော့ဆက်မပြောတော့ပါဘူး ပြီးခါနီးပြီဆိုတော့။ ဇာတ်လမ်းမှာ Jack ဆိုတဲ့ကလေး လေးရဲ့ လိမ္မာပါးနပ်မှုတွေ၊ မိခင်ကိုတွယ်တာမှုတွေ၊ အခန်းအပြင်ဘက်ရောက်လာပြီးတော့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေလာအောင် နေထိုင်တတ်သွားတဲ့ပုံတွေ ကို ရိုက်ပြထားတာပါ။ဒီကားဟာ ဆယ်စုနှစ်ရဲ့ အကောင်းဆုံးကားလို့တောင် တင်စားခံရပါတယ်။ ဒီကားထဲမှာ Joy အဖြစ်သရုပ်ဆောင်ရတဲ့မင်းသမီး Brie Larson ဟာဆိုရင်လည်း Oscar ဆုပေးပွဲမှာ အကောင်းဆုံးမင်းသမီးဆု ကိုရရှိခဲ့ပါတယ်။ အားလုံးကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။
စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။