ကြည့်ရန်Link=http://goo.gl/4OBZuX
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Independence Day"ပါ။
1996 ဆိုလို့ ဇာတ်ကားဟောင်းကြီးဆိုပြီး ဟင်ခနဲဖြစ်မသွားခင်
ခဏလေးဖတ်ကြည့်ပါဦး။ အခုရုံတင်နေပြီဖြစ်တဲ့ Independence day: Resurgence
ရဲ့ prequel ဖြစ်တဲ့ ဒီဇာတ်ကားဟာ ဟောလိဝုဒ်ရုပ်ရှင်သမိုင်းကို
အလှည့်အပြောင်းဖြစ်စေခဲ့ပြီး ခုချိန်ထိ ရုပ်ရှင်သမားတွေရော ပရိသတ်တွေပါ
စံပြအဖြစ်ထားရှိနေရဆဲ တကယ့်Epic ရုပ်ရှင်တစ်ကားပါ။ 1996 ဇူလိုင် ၂
ရက်နေ့မှာ လရဲ့ဒြပ်ထု ၄ ပုံ ၁ ပုံတောင် အရွယ်အစားကြီးမားလှတဲ့
ဂြိုဟ်သားယာဉ်ကြီးဟာ ကမ္ဘာ့ပတ်လမ်းထဲကို ရောက်ရှိလာတာကစလို့
ကမ္ဘာကြီးတစ်ခုလုံး ဘေးအန္တရာယ်ကျရောက်လာတာကိုရိုက်ကူးထားတာပါ။
အမေရိကန်သမ္မတကြီး Whitmore ဦးဆောင်ပြီး လူသားတွေအားလုံး ကမ္ဘာ့ရန်ကို
အားချင်းမတန်ပေမယ့် ဖြိုဖျက်နိုင်ခဲ့ပုံကို အဲဒီခေတ်အခါအနေနဲ့
တော်တော်ကြီးကို ကောင်းကောင်းမွန်မွန်ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။
ခုခေတ်လို ကွန်ပျူတာဖန်တီးမှုတွေ ပေါပေါများများ မသုံးနိုင်တဲ့အချိန်မို့
ဇာတ်ဝင်ခန်းတစ်ခန်းချင်းစီကို ဘယ်လောက်အသေးစိတ်
အပင်ပန်းခံရိုက်ကူးထားလဲဆိုတာ ကြည့်ရင်းတွေ့မြင်ရပါလိမ့်မယ်။ ၁၉၉၆ လို
ကာလမျိုးမှာ ဝင်ငွေ ၈၁၇ သန်းကျော် ရရှိခဲ့တာမို့
ခေတ်သစ်ဂြိုဟ်သားရုပ်ရှင်တွေရဲ့ ရှေ့ဆောင်လမ်းပြရုပ်ရှင်လည်းဖြစ်ခဲ့သလို
အနုပညာတန်ဖိုးအရရော ငွေကြေးအရပါ အဆမတန်အောင်မြင်ပြောင်မြောက်ခဲ့တဲ့
ရုပ်ရှင်ကားဖြစ်ပါတယ်။ သိပ္ပံဆိုင်ရာအတွေးအခေါ်အယူအဆတွေ ၊ ခုချိန်ထိ
ခေတ်ရှေ့ပြေးနေဆဲ ဇာတ်လမ်းဖွဲ့စည်းပုံတွေ ကင်မရာအယူအဆတွေနဲ့
ကြည့်ရှုသူတိုင်း သိမ်းဆည်းထားသင့်တဲ့
ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အခုလက်ရှိဇာတ်လမ်းအသစ်ကို
အားမရသလိုခံစားမိတဲ့ပရိသတ်တွေ ဒီကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်ရင်တော့
Independence day ကို လုံးဝကြိုက်နှစ်သက်သွားမှာဖြစ်ပါကြောင်း။
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။