ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/Fn3oQC
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Ki & Ka"ပါ။
ဒီကားလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် အိမ်ထောင်ပြုပြီး
အိမ်အလုပ်တွေကိုပဲလုပ်ရင်း ဘဝကိုမနှစ်မြုပ်ချင်တဲ့ ကောင်မလေးနဲ့
ဖခင်ကအရမ်းချမ်းသာသောသူဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းတွေကိုစိတ်မဝင်စားဘဲ
သူ့ရဲ့အမေကိုအရမ်းလေးစားအားကျတဲ့ ကောင်လေးတို့ တွေ့ဆုံကြတဲ့အခါ
တခြားသူတွေနဲ့ မတူတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဘယ်လိုပြဿနာတွေဖြစ်လာနိုင်မလဲ
ကောင်လေးကရော သူ့ချစ်သူအတွက် အိမ်အလုပ်တွေလုပ်ရင်းနဲ့ပဲ နောက်ကွယ်ကနေပံ့ပိုးပေးနိုင်မလား ….
ကောင်မလေးကရော သူ့ချစ်သူကို လူကြားမှာပွဲထုတ်ဖို့အတွက် ဘယ်လိုခံစားမှုတွေရှိနေမလဲ ….
နောက်ပိုင်း သူ့ခင်ပွန်း အကြောင်းတိုက်ဆိုင်၍အောင်မြင်လာတဲ့အခါမှာရော မနာလိုမှုမရှိဘဲ မေတ္တာဆက်ထားနိုင်မလား
သူတို့နှစ်ယောက်ရဲ့ အချစ်ကသူမတူဘဲ ဘယ်လောက်ထိရှေ့ဆက်လျှောက်လှမ်းသွားနိုင်မလဲဆိုတာကတော့ ….ဇာတ်ကားလေးထဲမှာပဲ စိတ်ဝင်းစားစွာနဲ့ အဖြေရှာလိုက်ကြပါလို့ပြောပါရစေ။ အိန္ဒိယရဲ့ နာမည်ကြီးမင်းသမီး ကရီနာ ကပူးရ် သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်အနေနဲ့ အမီတာဘချမ်းလည်းပါဝင်တဲ့အတွက် ဇာတ်ကားကောင်းလေးအဖြစ် ပရိတ်သက်တွေ သဘောတွေ့မှာမလွဲဘူးလို့လည်း ယုံကြည်မိပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။