Download Link=https://goo.gl/4qtyNS
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Iru Mugan"ပါ။
မင်္ဂလာပါခင်ဗျာ၊ Korea နဲ့ Hollywood အလှည့်ပြီးတဲ့အခါမှာ အရှေ့တိုင်းရဲ့ အထင်ကရ Bollywood 2016 Movie choice အနေနဲ့ Action ကားကောင်းကောင်းကြိုက်သူများအတွက် နာမည်ကျော် Vikram ရဲ့ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ Action Thriller ကားလေး တင်ပေးလိုက်ပါတယ်။ တစ်ကားထက် တစ်ကား ပိုမိုပြီး ထူးခြားဆန်းသစ်အောင် ရိုက်ကူးလာတဲ့ Bollywood ရဲ့ ထုံးစံအတိုင်း.. ဇါတ်အိမ်ကိုအဆင့်မြင်မြင့် နဲ့.. အာဏာရှင် ဟစ်တလာရဲ့... တပ်တွေဆီမှာ စိတ်ကူးယဉ်မြစ်ဖျားခံထားတာကိုတွေ့ရှိရပါတယ်ခင်ဗျ။ မလေးရှားနိုင်ငံမှာ.. ရိုက်ကွင်းအခြေတည်ရိုက်ကူးထားတဲ့အတွက်... မြင်နေကျ bollywood ရဲ့ အသွင်အပြင်နဲ့ ကွဲပြားနေတာတော့ အမှန်ပါပဲခင်ဗျာ။
ပြင်ပ အထူး အေးဂျင့် အကီလန် ဟာ (Code name) LOVE လို့ခေါ်တဲ့ ရာဇဝတ်ကောင်တစ်ယောက် ပြန်ပေါ်လာတဲ့အတွက် ရာထူးချထားရာကနေ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ပြန်လည်ဖော်ထုတ်အသုံးပြုရောင်းချဖို့ကြိုးစားခဲ့တဲ့ အကြမ်းဖက်ဒုစရိုက်ခေါင်းဆောင် LOVE ဟာ လေးနှစ်ကြာ မလေးရှားနိုင်ငံမှာ ဇါတ်မြှုပ်နေခဲ့ပြီးနောက် အာဏာရှင်ဟစ်တလာရဲ့ စစ်သားတွေအပေါ်မှာ စမ်းသပ်သုံးစွဲခဲ့တဲ့.. စိတ်ကြွဆေး တစ်မျိုးကိုဖြန့်ဖြူးဖို့ ကြိုးစားလာတာကို စုံစမ်းသိရှိရတဲ့အခါ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ အေးဂျင့် အကီလန်နဲ့.. LOVE ဆိုတဲ့.. သွေးအေး မူးယစ်ရာဇာတို့ရဲ့ အကြားက ရင်သပ်ရှုမောဖွယ် Action ခန်းတွေကို ရင်တသိမ့်သိမ့်နဲ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အထက်က ဆိုခဲ့သလို Vikram ဟာ ဒုစရိုက်ခေါင်းဆောင် အချစ် အနေနဲ့ရော ပြင်ပ အထူးအေးဂျင့်တစ်ယောက်အနေနဲ့ရော ပီပြင်စွာ သရုပ်ဆောင်ထားတဲ့အတွက် အထူးပြုလုပ်ချက်တွေကို ပိရိသေသပ်စွာ ဖန်တီးထားပါတယ်။ ထို့အတွက် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း. ဇါတ်လမ်းတွေစောင့်မျှော်နေကြတဲ့ Bollywood ချစ်ပရိသတ်များအနေနဲ့... 2016 လက်ရာသစ် Sci-fi Actin ဇါတ်ကြမ်းကြီးကို..လွယ်လင့်တကူ. စီးမျော ခံစားနိုင်ကြစေဖို့ ..စီစဉ်တင်ဆက်လိုက်ကြောင်းပါ ခင်ဗျာ။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။