Download Link=https://goo.gl/JCfxHN
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Swordsman III: The East Is Red"ပါ။
မင်္ဂလာပါခင်ဗျ၊ Swordsman ဟာ အထင်ကရ Movie Sequel တစ်ခု အဖြစ် Chinese Martial Art Movies တွေထဲမှာ အရှိန်အဝါ ကြီးခဲ့ဖူးပါတယ်။ ဗျပ်စောင်းသံတစ်ချက်နဲ့ သိုင်းလောက စိန်ခေါ်သံကို ရူးသွပ်ခဲ့ကြဖူးတဲ့ ညီအစ်ကိုများအတွက် အတိတ်ကာလ ကို အလွမ်းပြေ ပြန်လည်ခံစားကြည့်နိုင်ဖို့ SwordsMan III ကို ရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျ။ Swords Man 3 မှာ လွင်ကူချုံးရဲ့ အဓိက အခန်းကဏ္ဍ ပျောက်ကွယ်သွားပြီး တုံးဖန်းပုပေ ဟာ အဓိက ဇါတ်ကောင်ဖြစ်လာတာကို တွေ့ရှိရမှာပါခင်ဗျ။ Swords Man 3 ရဲ့ ဇါတ်ကြောင်းမှာ အင်အားကြီးခေါင်းဆောင်တစ်ယောက်မရှိတော့တဲ့ သိုင်းလောက အဖွဲ့ကျန်ဟူဟာ ပရမ်းပတာဖြစ်ပြီးတစ်စဆီပြိုကွဲသွားပါတယ် လူလိမ်အများပြားဟာ တုံးဖန်ပုပေရဲ့နာမည်ကို သူတို့ကိစ္စတွေ အာဏာရဖို့တွေကြောင့် ထောက်ခံသူတွေကိုကျီစယ်ဖို့သုံးလာကြပါတယ်။ တုံးဖန်ပုပေရဲ့ချစ်သူ ရှုကွမ်းရွှမ်ဟာ သန့်စင်သောနေလကိုးကွယ်မှုကိုပြန်တည်ထောင်ဖို့ သူ့ချစ်သူအယောင်ဆောင်ပါတယ်။
အင်ပါယာ တရားရုံးတော်ကတော့ ရေတပ်စစ်သူကြီး ကုချမ်းဖန်ကို အမည်းရောင်ကမ်းပါးမှာမြှပ်ထားတဲ့ ဒတ်ချ်တွေရဲ့ရေတပ်သင်္ဘောတွေကိုရှာတဲ့နေရာမှာ စပိန်တွေကိုကူညီပေးဖို့လွှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာ တုံးဖန်ပုပေဟာ အဘွားကြီးအယောင်ဆောင်ပြီး အသက်ရှင်လျက်ရှိနေတာကို ကုချမ်းဖန်ဟာရှာတွေ့သွားပါတယ်။ သူ့ကိုလည်းကျန်းဟူအဖွဲ့ကိုပြန်လိုက်အောင်သိမ်းသွင်းပါတော့တယ်။ တုံးဖန်ပုပေဟာဒေါသတွေထွက်သွားပြီး သူ့အယောင်ဆောင်ခဲ့တဲ့လူတွေကိုတချိန်တည်းသတ်ပစ်ဖို့ကြံစည်ခဲ့ရာက .
သူ့ရဲ့ချစ်ရသူကလည်းအယောင်ဆောင်နေခဲ့တယ်ဆိုတာ သိလာရတဲ့အခါ အရမ်းဒေါသတွေထွက််ခဲ့ပြီး နောက်ဆုံးမှာတရုတ်ကိုလွှမ်းမိုးပြီး ကျန်းဟာကိုသူ့လက်အောက်မှာထားမယ့် အစီစဉ်ကို အကောင်ထည်ဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကုချမ်းဖန်ဟာအခြေနေမလှကြောင်းသဘောပေါက်သွားပြီး မဟာမိတ်တပ် ဖြစ်တဲ့ဂျပန် စပိန်တိုနဲ့ပူးပေါင်းကာ မင်းအင်ပါယာရဲ့ ရေတပ်ကိုဦးစီးပြီးတိုက်ပွဲချီခဲ့ပါတယ်။ ရလာဒ်ကစစ်သင်္ဘောတွေအားလုံးဖျက်စီးခံရပြီး တုံးဖန်ဟာကုချမ်းဖန်ကိုသတ် အောင်နိုင်သူအဖြစ် ထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် .. တစ်ဖက်မှာကတော့ ချစ်သူ ရှုကွမ်းရွှမ် ဟာ တိုက်ပွဲအတွင်းမှာ ဆုံးရှုံးခဲ့ရခြငး်ပါပဲခင်ဗျာ။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။