Monday, July 25, 2016

Colonia

ကြည့်ရန်Link=http://goo.gl/xXZzhb

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Colonia"ပါ။

ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားပါ။

ဇာတ်လမ်း အကျဉ်းလေးကတော့ ချီလီနိုင်ငံရဲ့ ၁၉၇၃ ခုနှစ်ကာလကို အခြေခံပြီးရိုက်ကူးထားပြီး
ချီလီနိုင်ငံက နာမည်ကြီး ကိုလိုနီးယား ဒစ်ကနီဒက် ဆိုတဲ့ ဘုရားရှိခိုးကျောင်းအမည်ခံ 
စစ်အတွင်း ပုန်ကန်ဆန္ဒပြသူတွေကို ရူးသွပ်သည်အထိနှိပ်စက်ပြီး 
အသိစိတ်ကင်းမဲ့စေသောဆေးများကြွေးပြီး 
သူ့ကိုယ်သူ ဘု၇ားနှင့်ဆက်သွယ်နိုင်သည်ဟု ဆိုကာ နှိပ်စက်နေသော ဘုန်းတော်ကြီး
Paul Schäfer အကြောင်းကို ရိုက်ကူးပြထားသော ဇာတ်ကားဖြစ်ပြီး
ဘုန်းတော်ကြီးPaul Schäfer ကတော့ ၂၀၀၄ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး
ကလေးသူငယ်ဆိုင်ရာ လိင်ကျူးလွန်မှုအပါအ၀င် အခြားအမှုပေါင်းများစွာနှင့်
ထောင်ဒဏ် ၃၃ နှစ်ချမတ်ခံရပြီး ၂၀၁၀ ခုနှစ်မှာ စန်တီဂို အကျဉ်းထောင်အတွင်းမှာဘဲ
ဘ၀ ဇာတ်သိမ်းသွားခဲ့ပါတယ်။
လေယာဉ်မယ် လီနာ အဖြစ် အမ်မာဝတ်ဆန် ဟာ ချီလီနိုင်ငံကို လေကြောင်းတာဝန်အရ လိုက်ပါခဲ့ပြီး
အနားယူရန် ကားဖြင့် ထွက်လာစဉ် ချစ်သူဖြစ်သူ ဒယ်နီရယ် ကိုတွေ့မိပြီး လိုက်ပါသွားခဲ့ရာမှ
ဒယ်နီရယ် မှာ အာဏာရပါတီ၏အတိုက်အခံ ခေါင်းဆောင်၏ပုံကို ဆွဲပေးပြီး စစ်တပ်မှလိုက်ဖမ်းရာမှ ထွက်ပြေးရင်း အဖမ်းခံရရာမှ ကိုလိုနီးယား ဒစ်ကနီဒက်သို့ရောက်ရှိသွားခဲ့ ရာမှာ
ရည်းစားဖြစ်သူ လီနာ က လိုက်သွားခဲ့ပြီး မည်သို့မည်ပုံကယ်တင်မည်ကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှူကြပါအုံးခင်ဗျာ။