အခုတင်ပေးလိုက်တဲ့ရုပ်ရှင်ကားလေးကတော့ Game ဆော့တဲ့ ကောင်လေးများနှင့် အထူးအဆန်းတွေမှကြိုက်တဲ့ရုပ်ရှင် ကြည့်သူများအတွက် အဆင်ပြေမယ့် ရုပ်ရှင်ကားလေးပါ။ရုပ်ရှင်ကားနာမည်လေးက
တော့" Warcraft" ပါ။
ဒီရုပ်ရှင်ကားလေးကလူသားတွေနဲ့မြေအောက်ကမ္ဘာက"အော့"လို့ခေါ်တဲ့လူမျိုးစုတွေကြားကတိုက်ပွဲကိုအခြေခံပြီး ရိုက်ထားတာပါ။ လူ့လောကကို နတ်ဆိုးတစ်ပါးက အော့တွေကိုစည်းရုံးပြီး "ဖဲလ်"လို့ခေါ်တဲ့ မှော်အတတ်နဲ့ ကမ္ဘာမြေကိုသိမ်းပိုက်ဖို့ ရောက်လာခဲ့တယ်။
ကမ္ဘာမြေပေါ်က လူသားတွေက ကာကွယ်ဖို့ အတွက်တစ်ခါမှမမြင်တွေ့ဖူးတဲ့သူတွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သိဖို့အတွက် ဘုရင့်ရဲ့ကာကွယ်သူမှော်ဆရာ ကိုဆင့်ခေါ်ပြီးမေးတဲ့အခါ ဖဲလ်ဆိုတဲ့ မှော်အတတ်က အရမ်းအစွမ်းထက်ပြီး ကြောက်စရာအရမ်းကောင်းတယ်ဆိုတာ သိလိုက်ရပါတယ်။အဲဒါနဲ့လူသားတွေက အော့တွေရဲ့အားနည်းချက် အားသာချက်ကို သိရအောင် ဓါးစာခံတွေလိုအပ်လို့ သွားဖမ်းတဲ့အခါ အော့တွေထဲက "ဂရိုနာ"လို့ခေါ်တဲ့မိန်းမတစ်ယောက်ကို ဖမ်းမိပါတယ်။ဂရိုနာက လည်းနတ်ဆိုးကို ဆန့်ကျင်ချင်နေတာပါ။သူက လူသားတွေနဲ့  ပေါင်းပြီးကမ္ဘာကိုကယ်တင်မလား။အော့တွေကပဲ ကမ္ဘာကိုသိမ်းပိုက်သွားမလား ဆိုတာကိုဇာတ်လမ်းလေးကိုကြည့်လိုက်ပါ အရမ်းကောင်းပါတယ်။Gamer တွေစောင့်မျော်နေတဲ့ရုပ်ရှင်ကားကောင်းလေးကို အခုကြည့်လို့ရပါပြီ။