Tuesday, July 26, 2016

Neerja

ကြည့်ရန်Link=http://goo.gl/dzq7xj

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Neerja"ပါ။

၁၉၆၃ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ် တစ်ခုရှိခဲ့တယ် ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ် ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါ သေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာ တန်ဆာခံခရီးသည် ၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ လွတ်မြောက်ခဲ့ပါတယ်

သူရဲကောင်းဆိုတဲ့ ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ် မထင်မရှား အားနွဲ့တဲ့ လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ် ခရီးသည်တွေရဲ့အသက်ကိုဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့ပုံကတော့အရမ်းကို အံသြစရာပါ တကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက် ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှုယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ။
အရမ်းကောင်းတဲ့ဇာတ်ကားလေးမို့အခုပဲကြည့်လိုက်ကြပါခင်ဗျာ။