Tuesday, August 2, 2016

Prince of Persia: The Sands of Time

ကြည့်ရန်Link=http://goo.gl/wrKIuR

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့" Prince of Persia: The Sands of Time"ပါ။
 
လူတိုင်းသိကြမယ့်​ source code, night crawler ဇာတ်​ကား​တွေနဲ့ နာမည်​ကြီးခဲ့တဲ့ Jake Gyllenhaal ရဲ့ အရမ်း​အောင်​မြင်​ပြီး မှတ်​တိုင်​တစ်​ခုစိုက်​ထူနိုင်​ခဲ့တဲ့ Prince of Persia ဇာတ်​ကားဟာ ၂၀၁၀ခုနှစ်​ကထွက်​ရှိခဲ့ပြီး ဇာတ်​လမ်း​အောင်​မြင်​မှုရဲ့​​နောက်​မှာ ဂိမ်း​တွေပါ တသီတတန်းကြီးထွက်​လာတဲ့အထိ လူကြိုက်​များခဲ့တဲ့ ဇာတ်​ကားပါ။ တိုက်​ရည်​ခိုက်​ရည်​ကျွမ်းကျင်​လှတဲ့ Dastan တစ်​​ယောက်​ သူ့ရဲ့ရိုးသားမှု ကြိုးစားမှုနဲ့ လုပ်​ရည်​ကိုင်​ရည်​တို့​ကြောင့်​ ချုံကြားက ဘုံဖျား​ရောက်​ရှိလာပုံ၊ မင်းသမီး​လေးကိုသာမက တိုင်းပြည်​ကိုပါ ကယ်​တင်​ရင်း အထွတ်​အထိပ်​​ရောက်​လာပုံကို မြင်​​တွေ့ရမှာပါ။ အ​ရှေ့အလယ်​ပိုင်း​ဒေသရဲ့ ​နေထိုင်​စား​သောက်​ပုံ​တွေ၊ ယဉ်​​ကျေးမှု ရိုးရာဓ​လေ့၊ ရှုခင်း​တွေနဲ့အတူ တခြား​ဟောလိဝုဒ်​ကား​တွေထက်​ထူးခြားတဲ့ ဇာတ်​လမ်းအခင်းအကျင်း​ကြောင့်​ ဒီဇာတ်​ကား​လေးဟာ အဆမတန်​​အောင်​မြင်​ခဲ့တာဖြစ်​ပါတယ်​။ ပါရှားရိုးရာ လက်​နက်​​တွေ၊ တိုက်​ကွက်​​တွေနဲ့ Prince of persia ဇာတ်​ကားကို​တော့ စထွက်​လာကတည်းက လူတိုင်းသိခဲ့ကြမှာအမှန်​ပါ။ ပြန်​ကြည့်​ချင်​သူ​တွေ​ရော မကြည့်​ရ​သေးသူ​တွေအတွက်​ပါ စိတ်​​ကျေနပ်​မှုအပြည့်​အဝရ​စေမယ့်​ ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​​ကြောင်း အာမခံလိုက်​ပါတယ်​။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်