Download Link=https://goo.gl/3G06BV
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"10 Cloverfield Lane"ပါ။
ဒီဇတ်လမ်းလေး ရဲ့ အစမှာ ဘာစကားမှ မပြောသေးပဲ အမျိုးသမီး တစ်ဦးဟာ ချီတုံချတုံ ပုံစံ နဲ့ခရီးတစ်ခုကို ကားနဲ့ တစ်ယောက် ထဲ ထွက်ခဲ့ပါတယ်…ခရီးအတော်ပေါက်ခဲ့တဲ့ အချိန်မှာတော့ ဖုန်းလာပါတယ် သူမ ချစ်သူ ဆီက ဖြစ်ပြီး ပြန်လာဖို့ တောင်းပန်ပြောဆိုသံတွေနဲ့ဘာမှ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အခန်းလဲ မရှိပါလားလို့ တွေးနေတုန်း သူမ ကား ရုပ်တရက် အက်စီးဒင့် ဖြစ်ပြီး မှောက်သွားပါတယ်…သူမ ပြန်သတိရတဲ့ အချိန်မှာတော့ သူမ ခြေထောက် ကျိုးနေတာကို တွေ့ရပြီး ပိတ်လှောင်ထားတဲ့ အခန်းမှောင်မှောင်ထဲမှာ ရောက်နေတာကိုသတိပြုမိသွားသလို မေးခွန်းတွေ အများကြီး သူမ ခေါင်းထဲကို ၀င်လာပါတော့တယ်….
Director: Dan Trachtenberg ရိုက်ကူးထားပြီး March 11, 2016 (USA) မှာ ရုံတင်ပြသခဲ့တဲ့
အချိန် 1h 46m ခန့် ကြာမြင့်သော Fantasy/Mystery အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်…
Box office: 108.3 million USD ရရှိခဲ့ပြီး IMDB 7.3/10 ရရှိထားတာဖြစ်ပါတယ်
ဒီရုပ်ရှင်ကို IMDb ရဲ့ 7.3 ဆိုတဲ့ အတိုင်းအတာကို အရင်မသိသေးပဲ ကြည့်မိရင် အစပိုင်းလေးတင်
ဟာ ကြောင်တောင်တောင်နိုင်လိုက်တာ ဘာကြီးမှန်းမသိဘူး ဆိုပြီး ဖြစ်မိပါလိမ့်မယ်
ဒါပေမယ့် တွေးစရာတွေ သံသယ တွေ အများကြီး ပေးနိုင်တဲ့ ဇတ်ကွက်တွေ နဲ့ တည်ဆောက်ထားတာဖြစ်လို့
စိတ်လှုပ်ရှား ရင်ခုန်စွာ ကြည့်ရှုရမှာပါ။
စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။