Download Link=https://goo.gl/Guh4Gs
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"2001 Maniacs"ပါ။
မင်္ဂလာပါ ခင်ဗျ။ Thriller film တွေအများစုနဲ့ ထိတွေ့ပြီးဖြစ်တဲ့ ပရိသတ်ကြီးအတွက်.. 2005 ခုနှစ်ဆီက Maniacs ဆိုတဲ့ film လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ။ Imdb 5.4 နဲ့ သက္ကရာဇ် ၂၀၀၀ အလွန်က
Thriller တွေရဲ့ ပုံစံအများစုကို ဒီဇါတ်ကားမှာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
Hollyword Thriller တွေရဲ့ ရိုးရာမပျက်.. ကျောင်းသားတစ်စု အပျော်ခရီးထွက်ရာက အစချီထားတဲ့ ဒီ Maniacs မှာ.. ထုံးစံအတိုင်းအပျော်လွန်ကဲ တတ်ကြတဲ့ လူငယ်တွေရဲ့ Scene တွေကို Comedy ဆန်ဆန် တွေ့မြင်ကြရမှာဖြစ်ပါတယ်ခင်ဗျ။ ဇါတ်လမ်းရဲ့ အချိုးအကွေ့က တော့ သူတို့ တွေ ရဲ့ feast တည်နေရာမှာ လွန်ခဲ့သော နှစ်တစ်ရာကျော် ပြည်တွင်းစစ်အတွင်းက မကျွတ်မလွတ်တဲ့ စစ်သားဟောင်းကြီးတွေ ခိုအောင်းနေကြတယ်ဆိုတာပါပဲ။ ဇါတ်လမ်းတစ်ခုလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်.. comedy , thriller ကို အချိုးကျကျ ပေါင်းစပ်ပြထားနိုင်တာကို တွေ့ရှိရတဲ့အတွက်ကြောင့်.. ဇါတ်ကားကောင်းတစ်ကား အဖြစ် စာရင်းတို့ထားသင့်ပါတယ်ခင်ဗျ။ ဖြည့်စွက်ပြောရမယ်ဆိုရင်.. နားစိုက်ထောင်တတ်သူများအနေနဲ့.. နောက်ခံ Musical tune တွေက အနည်းငယ် စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်ခင်ဗျာ။ sex scence အနည်းငယ် ပါ၀င်တာရယ်. အချို့သော ပြက်လုံးတွေ ဘမ်းစကားတွေကြောင့်.. NFK ( Not For Kids) ဆိုတာလေးတော့ သတိချပ်စေချင်ပါတယ််််ခင်ဗျ။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။