Download Link=https://goo.gl/QzHecY
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"ABCD (Any Body Can Dance)"ပါ။
မင်္ဂလာပါခင်ဗျာ။ အနောက်တိုင်း Musical နဲ့ Street dance Movie ဖြစ်တဲ့ Step Up ကို နှစ်ခြိုက်တဲ့ပရိသတ်ကြီးအတွက်.. ၄င်း ရုပ်ရှင်နဲ့ အလားသဏ္ဍန်တူတဲ့ အရှေ့တိုင်း dancer ကားလေး တစ်ခုကို ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ Any Body Can Dance ဟာ 2013 ခုနှစ်မှာထွက်ရှိခဲ့ပြီး India ရဲ့ ပထမဦးဆုံးသော 3D dance movie တစ်ခုအဖြစ်လဲ မှတ်တမ်းတင်ခံခဲ့ရတဲ့ ဇါတ်ကားတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုသူဦးရေ များပြားခဲ့တဲ့အတွက်.. ABCD 2 ကို 2015 မှာ ထပ်မံရိုက်ကူးထားတာလဲ ရှိပါတယ်ခင်ဗျ။
Director Remo ဟာ.. နာမည်ကြီး ရုပ်ရှင်ဇါတ်လမ်းတွေဖြစ်တဲ့.. Krrish 3၊ Jai Ho၊ မကြာခင် ရှုစားရမယ့် Flying Jatt၊ နောက် House full 3 အစရှိသဖြင့် ရုပ်ရှင်ဇါတ်လမ်းကားပေါငး်မြောက်များစွာတွမှာ Choreographer တစ်ဦးအဖြစ် အမြဲ support ပေးခဲ့တဲ့ ၀ါရင့်ရုပ်ရှင်လောကသားတစ်ဦးဖြစ်ပါတယ်။ ကိုယ်တိုင် သရုပ်ဆောင်၊ ဇါတ်ညွှန်းလဲရေး၊ directorလဲ ဖြစ်တဲ့ Remo ဟာ အမြဲလိုလို.. လူငယ်ဆန်တဲ့ကားလေးတွေဖန်တီးတတ်လေ့ရှိသလို. ဖန်တီးရာမှာလဲ အထိုက်အလျောက်အောင်မြင်ခဲ့သူဖြစ်ပါတယ်။ ABCD မှာ.. Director remo ရဲ့ India Music အပေါ် ထားရှိတဲ့ သူ့ရဲ့ စိတ်သဘောထားနဲ့... အနုပညာနဲ့ ပါတ်သက်ရင် အဆိုပဲ အကပဲဖြစ်ဖြစ် တလေးတစားနဲ့.. နေရာပေးလေ့ရှိတတ်တဲ့ စိတ်ဓါတ်ကလေးကို သူ့ရဲ့ ရိုက်ချက် အခင်းအကျင်းတွေကနေတဆင့်တွေ့မြင်ရမှာဖြစ်ပါတယ်။ ကြည့်ရှုပြီးတာနဲ့ ခေါင်းထဲက နေ အတော်နဲ့ ထုတ်လို့ရမှာ မဟုတ်တဲ့ Musical soundtrack လေးတွေကလဲ အပျံစားပါ၀င်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Hollywood ရဲ့ step-up နဲ့ယှဉ်ထိုးပြောပြရကြေးဆိုရင် .. ABCD ဟာ.. India ရဲ့ ကိုယ်ပိုင်ဟန်နဲ့ မားမားမတ်မတ် ရပ်တည်နို်င်တဲ့... Musical Dancing ကားမျိုးဖြစ်ပါတယ်လို့ ဆိုရမှာပါ။ Hollywood Dance crew တွေရဲ့ ကကွက်တွေ လုံးဝပါ၀င်မှာမဟုတ်ဘဲ.. .ကိုယ်ပိုင် ကကွက်တွေနဲ့.. မျက်စိပသာဒဖြစ်အောင် ဖန်တီးခဲ့တဲ့.. ABCD Dance crew တွေကြောင့်လဲ... တစ်မျိုးတစ်မည် ကွဲထွက်နေခဲ့တာဖြစ်ပါတယ်။
အချုပ်အနေနဲ့ Quest Crew၊ Javawoki အစရှိတဲ့ ကမ္ဘာကျော် team တွေကို တစိုက်မတ်မတ် အားပေးခဲ့တဲ့ အကဝါသနာရှင်များအတွက် ABCD ဟာ ကြည့်ရှုလေ့လာသင့်တဲ့ Movie ထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ ဇါတ်ညွှန်း နဲ့ ဇါတ်အိမ်အနေနဲ့ကတော့.. Musical ကားတွေရဲ့ ထုံးစံအတိုင်း အနည်းငယ် အစဆွဲထုတ်တာနဲ့ ... ပရိသတ်ကြီးအရသာပျက်သွားနိုင်တာမို့... ချန်လှပ်ထားခဲ့လိုက်ပါမယ်ခင်ဗျ။ Drama နဲ့ Musical ကို အစပ်အဟပ်တည့်စွာ ဖောျ်ဖြေတင်ဆက်ထားတဲ့.. Movie တစ်ခု ဖြစ်တာကြောင့်...ရုပ်ရှင် ချစ်သူများအားလုံးအတွက်လဲ.. သက်တောင့်သက်သာ နဲ စိတ်လက်အပန်းပြေ နို်င်မယ့်ဇါတ်ကားကောင်းလေး တစ်ခု ဖြစ်ပါကြောင်း..ညွှန်းဆိိုလိုက်ပါတယ်ခင်ဗျာ။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။