Tuesday, November 8, 2016

Eye in the Sky (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/AiPoNU

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Eye in the Sky"ပါ။

The Guardian rating ရရှိထားတဲ့ Eye in the sky ဇာတ်ကားဟာ ခေတ်သစ်စစ်ပွဲတခုကို ပုံဖော်ထားပါတယ်ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲနောက်မှာ ပုံစံပြောင်းလာတဲ့ ဘက်ပေါင်းစုံစစ်ပွဲပုံစံတချို့ကိုပုံဖော်ထားပါတယ်ဗုံးခွဲမယ့်အကြမ်းဖက်သမားကို မောင်းသူမဲ့လေယဉ်ကနေ စောင့်ကြည့်နေတာဟာ အခုခေတ်အတွက် မဆန်းပေးမယ့်သာမန်ထက်ပိုပြီးရှုပ်ထွေးတဲ့လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ chain of command လို့ခေါ်တဲ့ဆင့်ကဲအမိန့်ပေးစနစ်တွေcommander in chief လို့ ခေါ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ချစ်ကြည်ရေးနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခါ…သံတမန်ရေးကိုသတိထားရသလို သတင်းမီဒီယာစစ်ကိုလဲ မပေါ့ဆအောင် လုပ်ကိုင်ရတာကိုလဲတွေ့ရပါမယ်ဗုံးခွဲသမားကိုမြင်နေပေမယ့် သတငး်မီဒီယာဘက်က ပြန်တွေးရတာတွေဟာ စိတ်ဝင်စားသူအဖို့ အပန်းဖြေယုံသက်သက်မကတာတော့သေချာတယ် မီဒီယာစစ်ကိုလဲဒီရုပ်ရှင်ကိုယ်တိုင်ကပြန်သရုပ်ဖော်ထားပါတယ်ကလေးတယောက်အတွက်နိုင်ငံတကာအတွက် နိုင်ငံရေးတွေ မဟာမိတ်တွေအတွက်လဲထည့်သွင်းစဉ်းစားထားပါတယ် လူသားချင်းစာနာပါတဲ့ဆိုတဲ့ပြကွက်တွေကလဲ ဒီကားကိုယ်တိုင်က သတင်းစစ်ထဲပါနေတဲ့ အချက်တခုပါပဲသာမန်တိုက်တာခိုက်တာလောက်ကြည့်တဲ့သူအတွက်ကတော့အားရချင်မှအားရပေမယ့် ကြည့်သင့်တဲ့ကားတကားဖြစ်ကြောင်းညွှန်းလိုက်ရပါတယ်……..

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။