Sunday, November 6, 2016

Line Walker (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/gBCClW

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Line Walker"ပါ။

ခုနောက်ပိုင်း Asian Movies ရဲ့ အရည်အသွေးဟာ သတိထားမိစရာကောင်းလောက်အောင်... တိုးတက်လာတဲ့အလျောက် ချစ်တဲ့ ပရိသတ်ကြီးအနေနဲ့  လက်လွတ်ရတယ်မရှိရလေအောင်.. ကြိုးစားရှာဖွေ တင်ဆက်ပေးလျက်ရှိပါတယ်။ သမရိုးကျ စုံထောက် Action ဇါတ်လမ်းတွေကို ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် Line Walker ဟာ.. တမူထူးခြားတဲ့ taste တစ်မျိုး ပေးစွမ်းနိုင်ပါလိမ့်မယ်ခင်ဗျ။

Brazil နိုင်ငံအထိ ခြေဆန့်ရိုက်ကူးထားတဲ့ ဒီဇါတ်လမ်းဟာ Chinese TV Series တွေမှာ အမြင့်ဆုံး Rating ရရှိခဲ့တဲ့.. Internal Affair ကို အခြေတည်ပြီး ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ Film version မှာတော့နဂိုမူလဇါတ်လမ်းကို တမျိုးပြောင်းထားတဲ့အပြင် ဇါတ်ဆောင်တွေကိုပါ ပြောင်းလဲခဲ့ပါတယ်။ နောက်ကွက်က အနည်းငယ် စိတ်ဝင်စားကောင်းတဲ့ အချက်အလက်လေးတွေဖြည့်စွက် ပြောပြချင်ပါတယ်ခင်ဗျ။ ဇါတ်လမ်းထဲက Action ခန်းတွေမှာ.. တကယ့် ကျည်ဆန်အစစ်အမှန်တွေနဲ့ နိုင်ငံရပ်ခြားမှာ ရိုက်ကွင်းတည်ပြီး ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့အတွက် ကျည်ဆန်တွေနဲ့ ပွတ်ကာသီကာ လွဲချော်မှု တွေ၊ အသက်ဘေးနဲ့ နီးတဲ့ ဖေါက်ခွဲမှုတွေတပြုံကြီးနဲ့ Line walker အဖွဲ့သားတွေဟာ ရိုက်ကူးရေးပြီးဆုံးတဲ့အထိ ရင်တမမ ဖြစ်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခေါငး်ဆောင်မင်းသား တစ်ယောက်အဖြစ်ပါ၀င်ခဲ့တဲ့ Nick Cheung ဟာ အပြင်လောကတကယ့်လက်တွေ့ဘဝထဲမှာလဲ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးတဲ့အပြင် သူလျှိုအလုပ်ကို အထူးတလည် စိတ်ဝင်စားခဲ့သူတစ်ဦးလဲ ဖြစ်ပါသတဲ့ခင်ဗျ။ ဥပဒေဘက်တော်သားတွေနဲ့ ဒုစရိုက်လောကသားတွေရဲ့အကြားက... လည်သူစားစတမ်း လှည့်ကွက်တွေ၊ ဘယ်ချိန်မှာ ဘယ်သူက နောက်ကျောကို ဓါးနဲ့ ထိုးမယ်မှန်းမသိနိုင်တဲ့အတွက် ဘဝကို စတေးပြီး..  ဒုစရိုက်လောကသားတွေကြားထဲမှာ အသွင်ယူတာဝန်ထမ်းဆောင်နေရတဲ့ ရဲဘက်သူလျှိုတွေရဲ့အကြားက.. သစ္စာတရား၊... ganster တွေရဲ့.. ဥပဒေမဲ့ လုပ်ရပ်တွေကို ဒီနေ့ခေတ်အချိန်အခါနဲ့ ကိုက်ညီအောင် သေသပ်လှပစွာ ရိုက်ကူးထားတဲ့ ဇါတ်ကားတစ်ခုဖြစ်တာမို့ သေသေချာချာ အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ Movie တစ်ခုဖြစ်ကြောင်း အကြံပြုချင်ပါတယ်၊ ဇါတ်ကြောင်းသဘောတရားအရ... Spoiler ဖြစ်မှာစိုးတဲ့အတွက် ဇါတ်လမ်းအကျဉ်းချုပ်ကို ချန်လှပ်ခဲ့တာ ခွင့်လွှတ်နားလည်ကြစေလိုကြောင်းပါခင်ဗျာ။ ပရိသတ်ကြီးနဲ့တကွ ရုပ်ရှင်ချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။