Download Link=https://goo.gl/PgeS12
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Short Term 12"ပါ။
အခု တင်ဆက်ပေးမယ့်ကားလေး ကတော့ ၂၀၁၂ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Short Term 12 ဆိုတဲ့ကားလေး ဖြစ်ပြီး ဒီဇာတ်ကားလေးဟာ စာရေးဆရာ ဒါရိုက်တာဖြစ်သူ Destin Daniel Cretton ရဲ့ သူကိုယ်တိုင် မိဘမဲ့ကလေး ဂေဟာ မှာ အလုပ်လုပ်ခဲ့ဖူးခဲ့ သူရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေ ပေါ် အခြေခံပြီး ဖန်တီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်
ဇာတ်ကား အစပိုင်းမှာ ဂရေ့စ် လို့ခေါ်တဲ့ မိန်းကလေး တစ်ယောက်၊ အရွယ်မရောက်သေးတဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ဂေဟာရဲ့ အတိုင်ပင်ခံ အနေဖြင့် လုပ်ကိုင်သူ တစ်ယောက်အနေဖြင့် သူမရဲ့ ကိုယ်ပိုင်ဘဝ နဲ့ လုပ်ငန်းခွင်မှာ ဟန်ချက်ညီ လှုပ်ရှားရုန်းကန် နိုင်ခဲ့ပါတယ်။သူမမှာ အချိန်ကြာကြီးလက်တွဲခဲ့တဲ့ ချစ်သူ အလုပ်မှာလည်း အတူတူ၊ ဂေဟာ မှာ ကြီးကြပ်သူ အဖြစ် လုပ်ကိုင်တဲ့ မေဆန် ဆိုတာရှိနေပါတယ်။ဒါပေမယ့် ဂေဟာ ကထွက်ခွာလုဆဲဆဲ ကလေးတစ်ယောက်နဲ့ နောက်ထပ်ရောက်လာတဲ့ လှုပ််ခတ်မှုတစ်ခုက သူမရဲ့ အပေါ် ရောက်ရှိလာပါတော့တယ်။ ၁၈ နှစ် ပြည့်ခါနီးလို့ ဂေဟာကနေ ထွက်ခွာရတော့မှာဖြစ်တဲ့ မားကပ် တစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင် ဘဝ တည်ဆောက်ရမှာကို စိုးရွံ့မှုတွေရှိနေပြီး သူရဲ့ ဂေဟာမှာရှိတဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဆိုးသွမ်းစွာ ပြုမူနေပါတော့တယ်။မားကပ် တစ်ယောက် အတွက် အလိုမကျမှုတွေ တစ်ခုပြီးတစ်ခုဖြစ်နေပြီး အပေါင်းအသင်းသိပ်မလုပ်တတ်တဲ့ ဂျေဒန် ဆိုတဲ့ကောင်မလေးက လည်း သူငယ်ချင်းဖြစ်ခွင့်ကို ငြင်းဆန်ခဲ့ပါတယ်
Short Term 12 ဇာတ်ကား ရဲ့ သိမ်မွေ့လှပမှုကတော့ ဂေဟာ ရဲ့ အတိုင်ပင်ခံဖြစ်တဲ့ ဂရေ့တစ်ယောက် ဒီကလေးတွေ ဘဝအတွက် ဘယ်လို နည်းလမ်းတွေ ရှာပေးမယ် သူတိုနဲ့ ဘယ်လိုတွေ ဆက်ဆံ ဆောင်ရွက်မယ် ဆိုတာ အပြင် တစ်ချိန်တည်းမှာလည်း သူမရဲ့ မိသားစု ဘဝတည်ဆောက်ဖို့ အတွက် လက်တွဲဖော်နဲ့ လက်တွဲဖို့အတွက် ဘယ်လို အခက်အခဲတွွေ ကို ဖြေရှင်းရမယ် ဆိုတာ ဆက်လက် ရှုစားပေးကြပါ င်္ဦးခင်ဗျာ
Short Term 12 ဇာတ်ကား ကို ဒါရိုက်တာ aDestin Daniel Cretton က ရိုက်ကူးခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လမှာ ရုံတင်ခဲ့ကာ IMBd rate 8/10 ထိရရှိထားတဲ့ Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ စီးမျောခံစားပေးကြပါဦးလို့...။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။
