Download Link=https://goo.gl/ybD9BA
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Swing Vote"ပါ။
ဒီဇာတ်လမ်းဟာလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.1 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း၂ယောက် မဲအရေအတွက်ဟာ အံ့သြစရာ တူညီနေတဲ့အချိန်မှာ အဲဒီနေ့က နိုင်ငံရေးကို လုံးဝစိတ်မဝင်စားတဲ့ သာမန်လူတစ်ယောက်ရဲ့ မဲဟာ မထင်မှတ်ပဲ error ဖြစ်ပြီး မဲပြန်ပေးရမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်။ သမ္မတကို ရွေးချယ်ဖို့ လူတစ်ယောက်ထဲရဲ့မဲပဲလိုအပ်တော့တဲ့ အခြေအနေမှာ ရှိသမျှ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ပါတီတွေ အားလုံး သူနေထိုင်ရာ မြို့ငယ်လေးဆီကို အလုံးအရင်းနဲ့ ဆင်းချလာပါတော့တယ်။ ဒီဇာတ်ကားမှာ အာဏာရဖို့အတွက် ကိုယ့်ယုံကြည်မှုတွေကို မေ့ပစ်ပြီး လူတစ်ယောက်ရဲ့ သဘောဆန္ဒနောက်ကို လိုက်မိတဲ့ သမ္မတလောင်း ၂ ယောက်၊ နာမည်ကျော်ကြားဖို့ အခွင့်အရေးရလာတဲ့ အချိန်မှာ မီဒီယာ ကျင့်ဝတ်တွေကို ဖောက်ဖျက်မိတော့့မယ့် သတင်းထောက်မလေး နဲ့ ဒီလို အခြေအနေမျိုးမှာ အရေးပေးခံရတာကို ပျော်တာကလွဲပြီး တစ်နိုင်ငံလုံးရဲ့ မျှော်လင့်နေတဲ့ ပြသနာတွေကို စိတ်မဝင်စားမိတဲ့ ကလေးအဖေ မဲဆန္ဒရှှင် ဘဒ် တို့ ဘယ်လို အမြင်မှန်ပြီး မှန်ကန်တဲ့ လမ်းတွေပေါ် အသီးသီး ပြန်လျှောက်လှမ်းလာကြမလဲဆိုတာ………
စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။