Tuesday, November 8, 2016

The Great Gatsby (2013) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/YUZFvc

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Great Gatsby"ပါ။

ဒီ ရုပ်ရှင်က …..နာမည်ကျော် Spider Man ဇတ်ကားထဲက ပင့်ကူလူသား ပီတာပါကာ လို့ သိကြတဲ့မင်းသား Tobey Maguire နဲ့ တိုင်တန်းနစ် နဲ့ နာမည်ကျော်လာပြီး Blood Diamond ဇတ်ကားနဲ့ ပိုပြီး နာမည်ကျော်လာတဲ့ မင်းသားချော လီယိုနာဒို တို့ အပြင် ဧည့်သယ်သရုပ်ဆောင်အဖြစ်မင်းသားကြီး အမီတာဘချမ်း လဲ ပါ၀င်သရုပ်ဆောင်ထားပါတယ်….

===============================

Director: Baz Luhrmann ရိုက်ကူးတင်ဆက်ထားပြီးဇတ်ကားကြာမြင့်ချိန် 2h 23m ရှိတဲ့ ဒီရုပ်ရှင်ကားကိုMay 1, 2013 (USA) မှာ ရုံတင်ပြသခဲ့ပါတယ်…ရုပ်ရှင်ချစ် ပရိတ်သက်ကြီး ရရှိမှာကတော့ အချစ်ကြီးလှတဲ့ယောကျင်္ားတစ်ယောက် ဟာ နှစ်နဲ့ ချီပြီးတော့ စောင့်နိုင်တယ်ကြိုးစားနိုင်တယ် အသက်တောင် ပေးနိုင်တယ် ဆိုတဲ့အချစ်ရဲ့ အင်အား နဲ့ ဘဝ ကို နေထိုင်လာခဲ့တဲ့ လူတစ်ယောက် အကြောင်းရုပ်ရှင်ကားကောင်းဖြစ်ပါတယ်…..

=====================================

ဇတ်လမ်းအကျဉ်း
=====================================

စိတ်ရောဂါကု ဆရာဝန် နဲ့ ဆွေးနွေးနေတဲ့ နစ်ကာရေး ကိုဆရာဝန်က မေးတယ် မင်း ဖြစ်နေတာက အရာရာတိုင်းကိုမနှစ်မြို့ဘူး သဘောမကျဘူး မယုံကြည်ဘူး ဆိုတော့ အားလုံးပဲလားမဟုတ်ဘူး တစ်ယောက်ကိုတော့ ကျနော် သဘောကျတယ်…ဘယ်သူလဲ မင်းကိုယ့်ကို လား မစ္စတာ ကာရေး…မဟုတ်ဘူး ကျနော် သဘောကျတာ တစ်ယောက်ထဲ… သူက ဂစ်ဘီ….လွန်ခဲ့တဲ့ ၁၉၂၂ ခုနှစ်က အကြောင်းကို ကာရေး က ပြန်နောက်ကြောင်းပြန်တယ်သူ နယူးရောက် ဝေါစထရိ က စတော့ ငွေကြေးဌာန မှာ အော်ပရေတာ လုပ်တယ်ညဘက်တွေ နဲ့ အားလပ်ချိန်တွေမှာ ၀ါသနာအရ စာရေးတဲ့ အလုပ်ကို လုပ်တယ်ကာရေး ရဲ့ အိမ်နားမှာ ရဲတိုက်ကြီးတစ်ခု ရှိတယ် လူချမ်းသာတစ်ယောက်နေတယ်နေ့တိုင်း ပါတီတွေ ပေးတယ် ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ် အဲ့ ပိုင်ရှင်က မစ္စတာ ဂစ်ဘီ လို့သိရပြီး တစ်ခါမှမြင်ခွင့် မကြုံခဲ့ရဘူး….ကာရေး နေတဲ့ အရှေ့ဘက်ကမ်း မိုင် ၂၀ လောက်မှာ ကာရေး ရဲ့ အစ်မ ဒေစီ ရှိတယ်ဒေစီ ကတော့ လူချမ်းသာ တွမ် ကို လက်ထပ်ထားတာ ၅ နှစ်ရှိပြီ ဖြစ်ပြီးရဲတိုက်ကြီး နဲ့ ကျယ်ဝန်းလှတဲ့ ဥယဉ်ခြံမြေတွေနဲ့ ချမ်းသာနေပါတယ်…တွမ် ဟာ သူ့ယောက်ဖ ဖြစ်သူ ကာရေး ကို ချစ်ခင်သူဖြစ်ပြီး အမြဲလိုလိုအိမ်သို့ ဖိတ်ခေါ်ထမင်းကျွေးပြီး လျှောက်လည်လေ့ ရှိပါတယ်..ဒေစီ ဟာ အလွန်ချောမော လှပသော မိန်းကလေးဖြစ်ပြီး ကောလိပ်ကျောင်းသူဘဝ မှာလူတိုင်း သဘောကျ ချစ်ကြတဲ့ မိန်းကလေးဖြစ်ပြီး ထိုသို့ မိန်းကလေးကို တွမ် ကလက်ထပ်ရယူထားပါတယ်…ဒါပေမယ့် တွမ် ဟာ ရှုပ်ပွေသူ ဖြစ်ပြီး သူ၏ မိတ်ဆွေ ကားဝပ်ရှော့ပိုင်ရှင်ရဲ့ ဇနီးနဲ့လဲတိတ်တိတ်ပုန်း ရှုပ်ပွေလျက် ရှိပြီး အများအားဖြင့် ပြည့်တန်ဆာ များကို အိမ်တစ်လုံးငှားကာပျော်ပါးပြီး နေတက်သူ ဖြစ်သဖြင့် ထိုအကြောင်းတွေ ဒေစီ က ကာရေး ကို ရင်ဖွင့်တက်ပါတယ်..အဲ့ဒီ ကိစ္စတွေ ဖြစ်ပြီး ကာရေး တစ်ယောက် လူတိုင်းကို အပေါ်ယံ အမြင်နဲ့ မယုံနိုင်အောင်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် အဲ့ဒါတွေကို ပျောက်ပြယ် ကုန်ဖို့အတွက် သူ့အိမ်နီးချင်းလူချမ်းသာ မစ္စတာ ဂစ်ဘီ ဆီက ပါတီပွဲ တက်ဖို့ ဖိတ်စာရောက်လာပါတော့တယ်…သူတစ်ခါမှ မမြင်ဖူးတဲ့ မစ္စတာဂစ်ဘီ ဆိုသော သူဌေးလူချော ဆိုသူဖြင့် ဆုံတွေ့ရပြီးမစ္စတာ ဂစ်ဘီ က ကာရေး အား သူနှင့် အတူ ဘယ်သွားသွား ခေါ်သွားကာအကောင်းဆုံး ဆိုသော အရာများဖြင့် မိတ်ဆက်ပေးပြီး အစိုးရပိုင်း နှင့် စီးပွားရေးသမားများအနုပညာရှင် များစွာဖြင့် ကာရေး အား မိတ်ဆက်ပေးပါတော့တယ်…ကာရေး သည်လဲ လူညံ့ မဟုတ်သောကြောင့် ဘာလိုချင်လို့ ဒါတွေကိုလုပ်ပေးရသလဲဟုမစ္စတာဂစ်ဘီ အား မေးခွန်းထုတ်ရာ သူမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကို စသိပါတော့တယ်မစ္စတာ ဂစ်ဘီ သည် လွန်ခဲ့သော ၅ နှစ်က ဒေစီ ၏ ချစ်သူ ဖြစ်ပြီး လက်ထပ်ကြဖို့ရည်ရွယ်ထားသော်လဲ ဂစ်ဘီ စစ်ထဲပါသွားသောကြောင့် အဆက်အသွယ်တွေပျက်ပြီးတွမ် ကို ယူလိုက်ရတာဖြစ်ပါတယ် ဂစ်ဘီ ဟာ ဒေစီ ကို သူစီစဉ်တဲ့ ပါတီတွေမှာလာလို့ လာမလား ဟု အကုန်အကြခံကာ အမြဲတမ်း ပျော်ပွဲရွှင်ပွဲတွေ ပေးခဲ့တာဖြစ်ပါတယ်သူ တစ်သက်မှာ ဒေစီ နဲ့ တစ်ခါလောက် တွေ့ဖို့ အရေး ဒေစီ ရဲ့ မောင် ကာရေး ကိုလဘက်ရည်တူတူသောက်ဖို့ စီစဉ်ပေးပါလို့ တောင်းဆိုခြင်းဖြစ်ပါတယ်….မစ္စတာဂစ်ဘီ နဲ့ ဒေစီ တို့ တွေ့ကြပြီးနောက် ဘာတွေ ဆက်ဖြစ်မလဲဒေစီ ရဲ့ ခင်ပွန်း တွမ် သိပြီး ဘာတွေ ဆက်ဖြစ်မလဲ…ဒေစီ နဲ့ ဂစ်ဘီ တို့ ပေါင်းရမှာလား ဒါမှမဟုတ် ခွဲရမှာလားဂစ်ဘီ က ဒေစီ ကို တကယ်ချစ်တာ ဟုတ်ရဲ့လားဒေစီ ကရော ချစ်နိုင်သေးရဲ့လားကာရေး ကရော ဒီ အရှုပ်ထုပ်တွေကြားမှာ ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။