Download Link=https://goo.gl/GgfF1n
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Hundred-Foot Journey"ပါ။
ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွက် ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ comedy drama ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက ပြင်သစ်မှာ
သွားရောက်ရိုက်ကူးထားတဲ့ အိန္ဒိယကားလေးဖြစ်တာကြောင့် မတူညီတဲ့နိုင်ငံ ၂ ခုရဲ့ ကွာပြားခြားနားတဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရှိနိုင်မှာဖြစ်ပါတယ် IMB rate 7.3
ထိရရှိထားတဲ့ဒီကားမှာ ပရိတ်သတ်ကြီးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဝါရင့်မင်းသမီးကြီး Helen Mirren ပါဝင်သရုပ်ဆောင်ထားပြီး သူမဟာဒီကားမှာ Best Performance ဆုကိုဆွတ်ခူးရရှိထားပါတယ်
အိန္ဒိယရဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် မိခင်သေဆုံး စီးပွားရေးပျက်စီးခဲ့ရပြီး အိန္ဒိယကနေထွက်ခွာလို့ ရေကြည်ရာမြက်နုရာရှာကြရင်း သူတို့ရဲ့ မိသားစုစားသောက်ဆိုင်လေးကို ပြန်ဖွင့်ဖို့ ကြိုးစားနေကြတဲ့ ကာဒန်မိသားစုဟာ ပြင်သစ်နိုင်ငံ စိန့်အန်တိုနီယိုဆိုတဲ့ရွာလေးမှာ အခြေချဖိုု့ဆုံးဖြတ်လိုက်ကြပါတယ် ဒါပေမယ့် ကံဆိုးချင်တော့ သူတို့စားသောက်ဆိုင်ဖွင့်မယ့် လမ်းတစ်ဖက်ခြမ်းမှာတော့ မီရှီလင်ကြယ်တစ်ပွင့်ရ ပြင်သစ်စားသောက်ဆိုင်ကြီးက အဆင်သင့်နေရာယူထားပြီးဖြစ်နေတဲ့အခါ တစ်ဆိုင်နဲ့တစ်ဆိုင် အငြိုးတွေနဲ့ တိုက်ခိုက်ပြိုင်ဆိုင်ကြပုံ အိန္ဒိယနိုင်ငံသား စားဖိုမှူးလေးဟာ သူ့ရဲ့ အိန္ဒိယရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပြင်သစ်ဟင်းလျာတွေကို ဘယ်လိုပြောင်းလဲပစ်လိုက်မလဲဆိုတာတွေကို ရွှေကမ္ဘာလုံးဆု ဇကာတင်စာရင်းဝင် ဒီဇာတ်ကားမှာ ကြည့်ရှုခံစားဖို့ တင်ဆက်လိုက်ရပါတယ်ရှင်။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။