Download Link=https://goo.gl/dRPpEJ
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Three"ပါ။
မင်္ဂလာပါ၊ Action ဇါတ်လမ်းကောငး်ကောင်းလေး ဇါတ်အိမ်ဆန်းဆန်းလေး ကြည့်ရှုလိုကြတဲ့ ပရိသတ်တွေအတွက် ဟောဒီ Chinese Movie လေးက အသင့်တော်ဆုံးဖြစ်မှာပါ။ ဆရာဝန်တစ်ယောက်၊ ရဲတစ်ယောက်နဲ့ လူရှုပ်တစ်ယောက်ရဲ့ သုံးပွင့်ဆိုင် criminal ဇါတ်ကြောင်းလေးက ကြည့်နေကျ Action ကားတွေနဲ့ မတူဘဲ. သဘာဝကျကျ အချိတ်အဆက်မိမိ ရိုက်ကူးထားတာကို ရှုစားကြရမှာဖြစ်ပါတယ်။
Three မှာ.. အဓိက ဝေဖန်ရေးဆရာအများစုရဲ့ ကောင်းချီးသြဘာကို ခံယူခဲ့ရတာကတော့ ဇါတ်ဆောင်သုံးယောက်လုံးရဲ့ အနုပညာစွမ်းရည်လို့ ဆိုရမှာပါပဲ။ မင်းသားမင်းသမီးတွေ အဖြစ်ကို မေ့လျော့ပြီး ဇါတ်လမ်းထဲမှာ ပါ၀င်စီးမျောသွားနိုင်အောင် အကောင်းဆုံး လုပ်ပြနိုင်ခဲ့ကြတာမို့.. ဒီလို သရုပ်ဆောင်မျိုးတွေ မြန်မာပြည်မှာ အများအပြားပေါ်ထွန်းလာပါစေလို့ ဆန္ဒတောင်ပြုမိပါတယ်။ :D ဒါ့အပြင် Hong Kong Action Movie တွေအတော်များများရဲ့ ဖန်တီးရှင် Director Jonnie To ရဲ့ လက်ရာကားသစ်တစ်ခုဆိုတဲ့ အချက်ကလဲ.. ကျွန်တော်တို့အတွက်တော့ ဆွဲဆောင်မှုတစ်ခုပါပဲ။
ဦးခေါင်းမှာ ကျည်ဆန်ဒါဏ်ရာတစ်ခု နဲ့ ဆေးရုံပေါ်ကို ရဲတွေက ပို့လိုက်တဲ့ လူနာတစ်ယောက်၊ လူနာတွေအတွက် ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်အပြည့်နဲ့ လူပီသပေးချင်တဲ့ ဆရာဝန်မလေးနဲ့ ဥပဒေကလွဲရင် ဘယ်သူ့မျက်နှာကိုမှ မကြည့်တတ်တဲ့ ရဲအရာရှိကောင်းတစ်ယောက်တို့ တွေ့ဆုံကြတဲ့အခါ...သူတို့တွေရဲ့ ကြားထဲက စိတ်ဓါတ်ရေးရာ အားပြိုင်မှုတွေဟာ စိတ်ဝင်စားစရာ ဇါတ်ဝင်ခန်းတွေအဖြစ်ကို ကူးပြောင်းလာပါတယ်။ ဘယ်လိုပဲ ဆေးကုသမှု ခံယူဖို့တိုက်တွန်းပါစေ.. ၊ ယုတ်စွအဆုံး ဖမ်းဆီထိန်းသိမ်းနိုင်ဖို့ထက်... ဒါဏ်ရာအခြေအနေအရ ခွဲစိတ်ကုသဖြစ်ဖို့ ဖိအားဘယ်လောက်ပေးပေး အကြောက်အကန်ငြင်းဆန်နေတဲ့ ရာဇဝတ််သားဟာ ဘာကြောင့်များ ဆေးကုသမှု မခံယူချင်ရသလဲဆိုတဲ့အချက် ဇါတ်လမ်းရဲ့ အချိုးအကွေ့မှာ.. ဒီလို ဆေးရုံပေါ်ကို မရောက်ရောက်လာအောင် သူကိုယ်တိုင်က အနာခံပြီး ကြံစည်ခဲ့တာများဖြစ်နေမလားရယ်လို့ အတွေးပွားစရာတွေနဲ့ ကြည့်ရှုသူကို ပြန်လည်ပြီး မေးခွန်းထုတ်လာမှာဖြစ်ပါတယ်။ အဲဒီလို
စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ Three ဟာ... အစားအစာတစ်ခုကို တဖြည်းဖြည်းချင်း အရသာခံစားရသလို.. ဖြည်းဖြည်းချင်း ရင်ထဲကို တစိမ့်စိမ့်တိုးဝင်လာမယ့် Thriller Movie တစ်ခု ဖြစ်တာကြောင့် အလိုက်သင့်လေး အေးအေးဆေးဆေး ကြည့်ရှုခံစားသင့်ပါကြောင်းခင်ဗျာ။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။