Wednesday, November 9, 2016

Tricky Brains (1991) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/30bL6u

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Tricky Brains"ပါ။


ကျင်းကူးဆိုတာ လူတွေကို ရူးလောက်အောင် အထိ လိမ်လည်လှည့်စားတဲ့ ပညာရပ်ကို ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်..။ စီးပွားရေးသမားတွေ လူလိမ်ခံရသူတွေအတွက် ကျင်းကူးဟာ တစ်ဖက်လူတွေကို လိမ်လည်လှည့်စားပေးဖို့အတွက်ကို အလုပ်တစ်ခုလို လက်ခံပြီးမှကို Pro ကျကျ လှည့်စားမှု့တွေဖန်တီးပေးပါတယ်.။  တစ်ရက်မှာတော့ ချီမန်ကစ်ဆိုတဲ့ ခပ်တုံးတုံးတပည့်တစ်ယောက်နှင့် ကြုံဆုံရပြီး ဟောင်ကောင်က အင်မတန်အရှိန်အဝါကြီးတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးကို အရူးလုပ်လှည့်စားဖို့ တာဝန်ကို လက်ခံလိုက်တဲ့ အချိန်မှာတော့ ကျင်းကူးအတွက် သက်စွန့်ဆံဖျားစွန့်စားခန်းတွေ သည်းထိတ်ရင်ဖိုအဖြစ်တွေနဲ့ အတူ သူ့ဘဝရဲ့ အကြီးမားဆုံးလှည့်ကွက်ကြီးတွေကို ဖန်တီးရပါတော့တယ်.။

 စတီဗင်ချောင်ဆိုတဲ့ အတိုင်းတဝါးဝါးတဟားဟားနဲ့ ရယ်မောပျော်ရွှင်ကြရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါ.။  Imdb Rating 7.0/10 ရရှိထားတဲ့ ဟာသအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.။ ခံစားလိုက်ကြပါဦး.။ ရှေးကားတစ်ကားဖြစ်တာနဲ့ အညီ အကောင်းဆုံးရနိုင်သမျှ Quality ဖြစ်တဲ့ Blue Ray Rip ဖြင့် တင်ဆက်ပေးလိုက်ရပါတယ်.။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။