Sunday, November 6, 2016

USS Indianapolis: Men of Courage (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/q6fE2X

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"USS Indianapolis: Men of Courage"ပါ။

မင်္ဂလာပါခင်ဗျာ၊ ဖြစ်ရပ်မှန် စစ်သမိုင်းကြောငး်နောက်ခံ ရုပ်ရှင်ဇါတ်လမ်းတွေ ကြိုက်နှစ်သက်သူများအတွက်  မင်းသားကြီး Nicholas cage ရဲ့ ကားသစ်တစ်ကားကို ရှုစားနိုင်ကြပါပြီခင်ဗျ။ Imdb rating 5.0 နဲ့ စစ် action ဇါတ်လမ်းကောငး်ကောင်း စောင့်မျှော်နေသူတွေ အတွက်စိတ်ကျေနပ်မှု့ရရှိစေမယ့်ဇာတ်ကားတစ်ကားပါ.။
မင်းသားကြီး Nicolas Cage ရဲ့ 2016 အသစ်ထွက် စစ်ကား တစ်ကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတဲ့ စစ်အက်ရှင်ရုပ်ရှင်ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်.။ ဒုတိယကမ္ဘာစစ်ပြီးခါနီး 1945 ခုနှစ်က
atomic bomb တွေ သယ်ဆောင်ပြီး ဖိလစ်ပိုင် ပင်လယ်ပြင်ကို ဖြတ်သန်းလာတဲ့ ခရူဇာစစ်သင်္ဘော USS Indianapolis ဟာ ဂျပန်ရေငုပ်သင်္ဘောရဲ့တော်ပီဒိုနဲ့အပစ်ခံရပြီး ပင်လယ်ပြင်ထဲမှာ
ပျက်သွားခဲ့ပါတယ်။ သင်္ဘောသား 300 ကျော်နဲ့အတူ ကပ္ပတိန်Charles McVay ဟာ ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်ဖို့အတွက် ရုန်းကန်ရပါတော့တယ်။
ငါးမန်းတွေပေါများလှတဲ့ ဖိလစ်ပိုင် ပင်လယ်ပြင်ထဲမှာ သင်္ဘောသားတစ်ချို့ကတော့
သွေးလန့်တခြားနဲ့ လွတ်လိုလွတ်ငြား လက်ပစ်ကူးကြပေမယ့်လည်း ငါးမန်းစာဖြစ်သွားခဲ့ပါတော့တယ်။ တစ်ချို့ကလည်း အစာရေစာငတ်ပြတ်ပြီး ပင်လယ်ရေတွေ သောက်မိရာကနေ ပင်လယ်ရေအဆိပ်သင့်ပြီး သေဆုံးခဲ့ကြပါတယ်။ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ ငါးရက်ကြာရွက်လွှင့်နေခဲ့တဲ့ ကပ္ပတိန်Charles McVay နဲ့အဖွဲ့သားတွေဟာ ပင်လယ်ပြင်ကြီးထဲက
လွတ်မြောက်ကြမှာလား အမေရိကန်နေဗီတပ်ဖွဲ့ကနေ အချိန်မှီလာရောက်ကယ်တင်နိုင်မှာလား ဆိုတာကိုတော့ ဆက်လက်ရှု့စားကြပါစို့...။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။