Download Link=https://goo.gl/xcgvSk
ရုပ်ရှင် အစ/အဆုံး
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Viking Legacy"ပါ။
မင်္ဂလာပါနံနက်ခင်းပါခင်ဗျာ၊ September 2016 မှာထွက်ရှိခဲ့တဲ့ Viking Legacy ဆိုတဲ့ Adventure Movie တစ်ခုကို up-to-date အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ရှေးဒဏ္ဍာရီလာ... ပေစာတစ်ခုရဲ့ အဆိုအရ... ၄င်းပေစာကို ပိုင်ဆိုင်သူဟာ အတိုင်းအဆမရှိတဲ့ ဧကရာဇ်ဖြစ်လိမ့်မယ်ဆိုတာနဲ့ပဲ.. လူတွေဟာ အဲ့ဒီပေစာကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်ဖို့ လူသားအချင်းချင်း ကိုယ့်မျိုးနွယ်စုအချင်းချင်းတွေ တိုက်ခိုက်သတ်ဖြတ်လုယူခဲ့ကြပါတယ်။ အလားတူ တစ်ဖက်မှာလဲ... တဘောင်နိမိတ်တစ်ခုပေါ်ထွန်းလာတာကတော့ .. အားလုံးအပေါ်မှာ သြဇာလွမ်းမိုးမယ့်... ရှိသမျှ တိုင်းနိုင်ငံတွေအားလုံးကို စိုးမိုးအုပ်ချုပ်နိုင်မယ့်... တော်ဝင်သွေးသားစစ်စစ် ကလေးငယ်တစ်ယောက် မွေးဖွားလာပါပြီလို့လဲ သတင်းတွေကလဲ ပျံ့နှံ့နေပါတယ်။ အဲဒီလို အချင်းချင်း တိုက်ခိုက်နေကြတဲ့ europe စစ်မြေပြင်နဲ့ တိုင်းပြည်အဝှမ်းကိုအေးချမ်းစေဖို့ အတွက်.. တော်ဝင်ကလေးငယ်လေးရဲ့ ဖခင်၊ Celtic ဘုရင်ကြီးဟာ ပေစာကို... ခရစ်ယာန်ကောင်စီ ကို ထိန်းသိမး်ထားပေးဖို့ လွှဲပြောင်းပေးလိုက်ပါတော့တယ်။ အဲဒီကစလို့... ဘုရင်ကြီးရဲ့ ကံကြမ္မာဟာ.. ဆိုးရွားတဲ့ စည်းမရှိကမ်းမရှိ Warlord ကြီး တွေရဲ့ အန္တရာယ်ကြောင့်... ပြောငး်လဲခဲ့ရပါတော့တယ်။ ဘုရင်ကြီးရဲ့ လှပတဲ့ ပထမသမီးငယ်လေးနဲ့ ပေစာ ဟာလဲ... ဘုရင်ကြီး မရှိတဲ့နောက်ပိုင်းမှာ... ပျောက်ချင်းမလှ ပျောက်သွားခဲ့ရပြန်ပါတယ်။ ပေစာကို တကယ့် အစစ်အမှန် ပိုင်ဆိုင်ခွင့်ရှိတဲ့... သူက ဘယ်သူလဲ၊ နိမိိတ်စကားအရ တော်ဝင်သွေးစစ်စစ် ဧကရာဇ် ဆိုတဲ့ ကလေးငယ်လေးကရော ဘယ်ကိုရောက်သွားခဲ့သလဲ၊ တကယ်ပဲ နိမိတ်စကားတွေဟာ မှန်ကန်လာနိုင်ပါဦးတော့မလားဆိုတာ ..Viking တွေရဲ့ လောဘတရားတွေ၊ စစ်သွေးဆာလောင်တတ်မှုတွေနဲ့ အတူ ကြည့်ရှု အကဲဖြတ်နိုင်ပါပြီခင်ဗျ။
စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။