Sunday, July 31, 2016

Ace Ventura Pet Detective

ကြည့်ရန်Link=http://goo.gl/e1Zaoa

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Ace Ventura Pet Detective"ပါ။

The mask ဇာတ်ကားနဲ့သိကြတဲ့ ဟာသမင်းသားကြီး jim carry ရဲ့ ဟာသကားကောင်းလေးပါ Ace venture လို့ခေါ်တဲ့ တိရိစ္ဆာန်ပျောက်ဆုံးမှု့တွေကိုပဲ သီးသန့်လိုက်စုံစမ်းပေးတဲ့ လူတစ်ယောက် စုံစမ်းထောက်လှမ်းရာမှာတော်သော်လည်း ပြောင်ချော်ချော် မျက်နှာပေးကြောင့် လူတွေသိပ်ကြည့်မရတဲ့လူတစ်ယောက် ပမာမခန့်လုပ်ရပ်တွေနဲ့ ဒုရဲအုပ်လိုလူမျိုးကိုတောင် ပြန်လှောင်ရဲတဲ့လူတစ်ယောက် အဲ့လိုလူတစ်ယောက် ဘောလုံးအသင်းရဲ့ လာဘ်ကောင် လင်းပိုင်ပျောက်ဆုံးမှု့ကို လိုက်လံ စုံစမ်းသောအခါ လူသတ်မှု့၊ မိန်းမချော ၊ မထင်မှတ်ထားတဲ့တရားခံ စတဲ့ အလှည့်အပြောင်းများစွာနဲ့ ဇာတ်ကားဆုံးသည်အထိ ရယ်မောရင်း ခံစားသွားရမယ့် စုံထောက်ဟာသကားကောင်းလေးပါ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကြည့်ရှု့လိုက်ပါဦး။ IMDB rating 6.9  အထိ ရထားတဲ့ ဇာတ်ကားပါ။

Traders

ကြည့်ရန်Link=http://goo.gl/pR1JvM

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Traders"ပါ။

သာမန်ဘဝတွေထဲက သာမန်လူတွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့အထိ ဖြစ်လာစေတာဟာ ငွေပါပဲ။ ငွေဟာအရာရာဖြစ်လာတာနဲ့အမျှ လူတိုင်းဟာလည်း ငွေအတွက်ဆို အရာရာလုပ်ကြတော့တာပါ။ ဒီဇာတ်ကားလေးမှာ Harry Fox ဟာ ကုမ္ပဏီတစ်ခုမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်ရင်း ပြည့်ပြည့်စုံစုံနေနိုင်ခဲ့ပေမယ့် တစ်နေ့မှာ ကုမ္ပဏီပျက်စီးသွားတဲ့အခါမှာတော့ အရာရာကိုဆုံးရှုံးလိုက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ Vernom Stynesဆိုတဲ့ လူတစ်ယောက်ဟာ သူ့ကို Trading လို့သူတို့ခေါ်တဲ့ ငွေရနည်းတစ်ခုကိုမိတ်ဆက်ပေးပါတော့တယ်။ လူနှစ်ဦးရှိရမယ်။ သူတို့၂ယောက်လုံးရဲ့ ဘဏ်အကောင့်ကိုအကုန်ငွေထုတ်ပြီး အိတ်တစ်လုံးထဲထည့်၊ ပြီးတာနဲ့ နေရာတစ်ခုကိုသွား ၊ သေတဲ့အထိတိုက်ခိုက်၊ ရှင်ကျန်ရစ်သူက ငွေကိုအကုန်ရပါမယ်တဲ့။ Harry တစ်ယောက် ငွေရဲ့ဖျားယောင်းသွေးဆောင်မှုကို ခံနိုင်ရည်ရှိပါ့မလား၊ လောကထဲမှာ ရက်စက်ကြမ်းကြုတ်မှုတွေနဂိုကတည်းကများနေရတဲ့အချိန်မှာ လူသားတွေဟာ ငွေကြောင့်ပါအသိစိတ်ပျောက်သွားလောက်အောင် ရူးသွပ်နိုင်ကြတာပါလားဆိုတာကို စိတ်လှုပ်ရှားဖွယ် အသက်လုတိုက်ပွဲတွေကြားမှာ မြင်တွေ့ခံစားရမှာမို့ ဇာတ်လမ်းဖွဲ့ပုံ ထူးခြားကောင်းမွန်လှပြီး လူတိုင်း ကြည့်သင့်တဲ့ဒီဇာတ်ကားလေးကိုတော့ ဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

House Full 3

ကြည့်ရန်Link=http://goo.gl/TGsgNe

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"House Full 3"ပါ။

လူကြိုက်​​တော်​​တော်​များတဲ့ ဇာတ်​ကား​လေးလဲဖြစ်​ပါတယ်​.... ဟာသကို အဓိကဦးစား​ပေး ရိုက်​ကူးထားတဲ့ ဇာတ်​ကား​လေးလဲ ဖြစ်​ပါတယ်​.....နာမည်​ကြီးသရုပ်​​ဆောင်​ ရုပ်​ရှင်​ မင်းသားနှင့်​ မင်းသမီး​တွေနဲ့ ရိုက်​ကူးထားခြင်းဖြစ်​ပါတယ်​...ပ​ထွေးဖြစ်​သူက သူ့ရဲ့သမီးဖြစ်​သူ​တွေကို လက်​မထပ်​​ပေးချင်​ခဲ့ဘူး...​စည်းစိမ်​ကိုမတ်​ခဲ့တဲ့ ကောင်​​လေးသုံး​ယောက်​ရဲ့ကြိုးစားမှု​ကြောင့်​ အ​ဖေအရင်းဖြစ်​သူ​နှင့်​ အ​ဖြေမှန်​ကို ရှာ​တွေ့နိုင်​ခဲ့တယ်​....ဖ​ထွေးကဘာလို့လက်​မထပ်​​ပေးချင်​တာလဲ.... အ​ဖေအရင်းဘာဖြစ်​လို့ သူ့သမီး​တွေကိုဆွန့်​ပစ်​ခဲ့လဲဆိုတာကို ဆက်​လက်​ရှုစားကြပါဦးခင်​ဗျား... ​ကျေးဇူးတင်​ပါတယ်

Saturday, July 30, 2016

Ted : The Lost Explore

ကြည့်ရန်Link=http://goo.gl/l3xZhk
 
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Ted : The Lost Explore"ပါ။

ဒီကားလေးကလည်း ကျွန်တော်ကြည့်ခဲ့ဖူးသမျှ ကာတွန်းကားတွေထဲက စိတ်ထဲမှတ်မှတ်ရရရှိနေခဲ့ ကားလေးတစ်ကားဖြစ်ပါတယ် ..
ဇာတ်လမ်းလေးကတော့ …
ဖခင်ဖြစ်သူလို ရှေးဟောင်းသုတေသနပညာရှင် ဖြစ်ချင်နေတဲ့ တက်ဒ်(Tad) ဆိုတဲ့ကောင်လေးဟာ ဖြစ်ချင်တာကို မလုပ်ရပဲ ကြုံရာအလုပ်ကိုသာ လုပ်နေခဲ့ရပါတယ် … ဒါပေမယ့် သူ့ရဲ့ဝါသနာကြောင့် အလုပ်တွေမှာ အဆင်မပြေဖြစ်ရပါတယ် … ဒါပေမယ့်
တစ်နေ့မှာ သူ့ရဲ့အိပ်မက်တွေဖြစ်လာဖို့အခွင့်အရေးတစ်ခုကို မမျှော်လင့်ပဲကြုံတွေ့ရပါတော့တယ် …
အဲ့ဒါကတော့ ပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုကို ရှာဖွေရမယ့် အခွင့်အရေးပါ
ဒါပေမယ့် အနှောက်အယှက်တွေ ထူးဆန်းမှုတွေ စွန့်စားမှုတွေ အပြည့်နဲ့ ကြုံလာခဲ့တဲ့အခါမှာတော့ …. ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် နာမည်ကြီးဇာတ်လမ်း အင်ဒီယာနာဂျုန်းစ်ကို ကာတွန်းဗားရှင်းနဲ့ပြန်ကြည့်ရသလိုခံစားရစေမှာပါ(တလွဲလေးတွေတော့ ပါတာပေါ့လေ ငိငိ )
ပရိတ်သတ်ကြီး အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်…ကြည့်ရှုအားပေးကြပါဦး

Steve Jobs

ကြည့်ရန်Link=http://goo.gl/hx06MD

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Steve Jobs"ပါ။

၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘ၀အကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး
၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ  ပျင်းစရာကောင်းပါပါတယ်။
၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။
အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs Biography ဖတ်ပြီးကတည်းက သူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့် ကျွန်တော့်ဘ၀ရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။သူကြောင့်ပဲ Apple Productရဲ့ အရသာတွေကို ခံစားတတ်လာတာပါ။ သူရဲ့ ဘ၀ ဇာတ်ကြောင်းကလဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။
သူရဲ့ စိတ်သဘောထားက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူ့ရဲ့ မသိစိတ်ထဲမှာတော့  လူသားဆန်မှူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူရဲ့ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကလဲ အခုအချိန်ထိ မှန်ကုန်နေတုန်းပဲ ဆိုတာ သေချာပါတယ်။သူကို တီထွင်သူလို့ ပြောတာထက် တီထွင်မှူတွေဖြစ်ပေါ်လာအောင် Motivation အကောင်းဆုံးပေးနိုင်သူလို့  ပြောရင် ပိုမှန်မယ် ထင်ပါတယ်
သူရဲ့ အပေအတေ နေထိုင်မှူတွေကြောင့် အစောကြီး သေသွားခဲ့ရတာကလဲ စိတ်မကောင်းစရာပါ။ကျွန်တော် အရမ်းကြိုက်တဲ့ ဇာတ်ကားမို့ Trailerကိုပါ မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်။

Inside men

ကြည့်ရန်Link=http://goo.gl/zPnWCW

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Inside men"ပါ။

Inside men မြန်မာစာတန်းထိုး
ပရိသတ်အချစ်တော် လီဗြောင်ဟွန်းရဲ့ အမြင့်မားဆုံးသရုပ်ဆောင်စွမ်းရည်ကိုမြင်တွေ့ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ နိုင်ငံရေးသမားတွေအချင်းချင်း အားပြိုင်မှု၊ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်ကိုရှာဖွေတိုက်ခိုက်ရာမှာ နည်းလမ်းပေါင်းစုံနဲ့ အပြိုင်အဆိုင် အနိုင်ကြဲကြပုံတွေပါ။ အန်းဆန်ဂူးဟာ နေရာရလာတဲ့ အမတ်တစ်ယောက်ကြောင့်  အဖြုတ်ခံခဲ့ရတဲ့နောက်မှာ ကလဲ့စားချေဖို့အတွက် သူတို့တွေရဲ့ဆက်စပ်မှုတွေ နိုင်ငံရေးလှည့်ကွက်တွေကို လိုက်လံဖော်ထုတ်တဲ့ကားပါ။ IMDB မှာ 7/10 ရရှိထားပြီးေ နာက်ထွက်ကိုရီးယားဇာတ်လမ်းတွေထဲမှာ လှည့်ကွက်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ကြည့်ရတဲ့သူတွေအတွက် စိတ်ကျေနပ်မှုကိုအပြည့်အ၀ရစေရုံသာမက ဇာတ်လမ်းပြီးတဲ့အထိ ပြန်တွေးပြီး အတွေးနက်နေစေမယ့် ဇာတ်ကားလေးဖြစ်လို့ ဒေါင်းကြည့်လိုက်ပါဦး။

FAN

ကြည့်ရန်Link=http://goo.gl/afHUo4

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"FAN"ပါ။

အရမ်းရူးသွပ်လွန်းတဲ့ ရုပ်ရှင်အမာခံပရိတ်သတ်တယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားကြီး
တို့ရဲ့ အလွဲလွဲ အချော်ချော် အဖြစ်အပျက်များကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။
နာမည်ကျော် ရုပ်ရှင်မင်းသားကြီး အာရ်ယန်းခန်နားဟာ မွမ်ဘိုင်းမှာ သူ့မွေးနေ့ပွဲ ကျင်းပရာကနေ
သူ့ကို အရူးအမူး ကြိုက်နှစ်သက်အားပေးသူတယောက် က သူကြိုက်တဲ့ ရုပ်ရှင်မင်းသားကြီးနဲ့
တွေ့ရှိရာမှ ဘယ်လို အဖြစ်အပျက်တွေဖြစ်သွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကဘဲ ကြည့်ရှူခံစားပေးပါဦး။ ပရိတ်သတ်ကြီးကကော ကိုယ်ကြိုက်နှစ်သက်တဲ့ မင်းသားကို တွေ့ရရင်
ကိုယ်ကြိုက်နှစ်သက်တဲ့ မင်းသားကို အဝေဖန်ခံရရင် ဘယ်လိုများလုပ်ကြမလဲဆိုတာ ကိုတွေးတောခံစားရင်း ………….

Romeo And Juliet

ကြည့်ရန်Link=http://goo.gl/GEx3AG

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Romeo And Juliet"ပါ။
 
နာမည်ကြီးစာရေးဆရာ ရှိတ်စပီးယား ရေးသားခဲ့တဲ့ ရိုမီယိုနဲ့ဂျူးလီယက်ဆိုတဲ့အကြောင်းကို
လူတိုင်းသိကြမယ်ထင်ပါတယ်..1996 ခုနှစ်မှာ ရုပ်ရှင်အဖြစ်ထွက်ရှိခဲ့ပြီး မင်းသား လီယိုနာဒို နဲ့
Claire Danes တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်..IMDb Rate 6.8 ရရှိထားခဲ့ပြီး ကျွန်တော့်
အမြင်သက်သက်ပဲပြောရမယ်ဆိုရင် ထွက်သမျှ ရိုမီယို နဲ့ဂျူးလီယက်ဇာတ်ကားထဲမှာဒီကားကို
ကျွန်တော်အကြိုက်ဆုံးပါ..မကြာခင်ကမှ အော်စကာဆုရရှိထားတဲ့လီယို ရဲ့ ငယ်ရွယ်စဉ်အခါက
သရုပ်ဆောင်မှုတွေနဲ့အတူ ဇာတ်လမ်းကိုလိုက်ပါစီးမျောလိုက်ပါဦး..အညွှန်းကိုတော့ပေးစရာမလို
လောက်တော့ဘူးလို့ထင်ပါတယ်
စာဖိုင်ဟာ dvd အခွေကနေထုတ်ထားတာဖြစ်တဲ့အတွက် အနည်းငယ်လွဲမှားမှုများရှိပါကသည်းခံပါရန်

Friday, July 29, 2016

The God of Cookery

ကြည့်ရန်Link=http://goo.gl/a7rLr5

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The God of Cookery"ပါ။

  မာနအလွန်ကြီးပြီး သူတဖက်သားကို မညှာမတာ နှိမ့်ချပြောဆိုဆက်ဆံတတ်တဲ့ အချက်အပြုတ်နတ်ဘုရားလို့ တင်စားခေါ်ဝေါ်ရတဲ့ အင်မတန်တော်တဲ့ စာဖိုမှုးချောင်ဟာ သူ့ရဲ့ အကျင့်ဆိုးတွေကြော်င့ စီးပွားပြိုင်ဖက်ချင်းအကောက်ကြံခံရပြီး လမ်းဘေးမှာလျှောက်သွားနေရတဲ့ ခြေသလုံးအိမ်တိုင်ဘ၀ကို ရောက်၇ှိခဲ့ပါတယ်.။ လမ်းဘေးဈေးသည်တွေရဲ့ အချက်အပြုတ်နည်းပညာတွေကို အဆင့်မြင့်တင်ပြီး သူ့ရဲ့ ကျရှုံးနေတဲ့ ဘ၀ကို ပြန်လည်ရဖို့ .။ အချက်အပြုတ်နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရယူဖို့အတွက် ဘ၀ရဲ့ အနှစ်သာရတွေကို ရှာဖွေလေ့လာရင်း ပျောက်ဆုံးနေတဲ့ စိတ်နှလုံးသားတွေကို လမ်းပြပေးဖို့ နတ်ဘုရားတပါးပမာ အစွမ်းထက်လာပါတော့တယ်.။
   အင်မတန်ရယ်ရပြီး ဘ၀သင်ခန်းစာများ သိုင်းချခန်းများစွာပါတဲ့ ဟာသအက်ရှင် ဇာတ်ကားကောင်းကြီး တစ်ကားဖြစ်ပါတယ်.။

Demon Empire

ကြည့်ရန်Link=http://goo.gl/n45IZ0

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Demon Empire"ပါ။
 
တော်ဝင်မိသားစုတွေဟာ ကိုယ်ကျင့်တရားပျက်စီးလာပြီး
တိုင်းပြည်ဟာပျက်ယွင်းလာခဲ့တဲ့ မင်းဆက်ရဲ့နောက်ဆုံးအချိန်ကို
ရောက်လာခဲ့တယ်
မင်းကျင့်တရားပျက်ယွင်းလာတာနဲ့အမျှတရားမျှတမှုမရှိတော့ဘဲ
 တိုင်းပြည်ကပျက်ဆီးလာသလို ပုန်ကန်မှုတွေလဲ ပေါ်ပေါက်ခဲ့တယ်
မကောင်းဆိုးဝါးတွေလဲဝင်ရောက်လာခဲ့တယ်
တော်ဝင်မိစ္ဆာဖမ်းတဲ့အဖွဲ့ဟာ ပြည်သူတွေအတွက်တော်လှန်ပုန်ကန်ခဲ့ပေမယ့်
အာဏာရူးတို့ထုံးစံအတိုင်းအပြတ်ရှင်းခဲ့ပြီးတဲ့နောက်မှာ…..
သူတို့အယူအဆအရတော့လူသေပြီးရင် ကြားခံဘုံမှာ ၄၉ ရက်ကြာနေပြီး
လူပြန်ဝင်စားရင်ဝင်စား ဒါမှမဟုတ် နိဗ္ဗာန်ဘုံကိုလဲသွားနိုင်တယ်
ဒီကြားခံဘုံကို တော်ဝင်မိစ္ဆာအဖွဲ့ကတဦးထဲသောကျန်ခဲ့တဲ့သူရောက်သွားတဲ့အခါ
လူ့ဘ၀ကနားကျည်းချက်တွေနဲ့ ကမ္ဘာကြီးကိုပြင်ဖို့ကြိုးစားခဲ့တဲ့ တချိန်ကတော်ဝင်မိစ္ဆာနှိမ်နင်းရေး
ကလူရောဘာဖြစ်သွားမလဲ…..
အချစ် အလွမ်း ရသစုံပေးနိုင်တဲ့ ဇာတ်ကားကောင်းတခုဖြစ်တယ်ဆိုတာတော့ညွှန်းပါရစေ။

Maigret Sets a Trap

ကြည့်ရန်Link=http://goo.gl/A99i7e

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Maigret Sets a Trap"ပါ။

ဒီဇာတ်လမ်းလေးမှာတော့ ကျွန်တော်တို့မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ မင်းသားကြီး မစ္စတာဘင်းသရုပ်ဆောင် Rowan Atkinson ပါဝင်သရုပ်ဆောင်ထားပြီး စုံထောက်ကြီး ဂျူးလ်စ်မိုင်းဂရပ်အဖြစ် အသွင်တစ်မျိုးနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ လူကြိုက်များနေတဲ့ ဒီဇာတ်လမ်းမှာ စုံထောက်ကြီးမိုင်းဂရပ်ဟာ အမျိုးသမီးတွေကို သတ်ဖြတ်တဲ့ကွင်းဆက်လူသတ်သမားတစ်ဦးကို လိုက်လံဖမ်းဆီးဖို့ကြိုးစားရတာဖြစ်ပါတယ်။
အနေအထိုင်သိုဝှက်လှပြီး ဖမ်းဖို့မလွယ်ကူလွန်းလှတဲ့အတွက် မိုင်းဂရပ်ဟာ နာမည်ကြီးစုံထောက်ကြီးပီပီ ထောင်ချောက်တစ်ခုဆင်ပြီး
လူသတ်သမားနဲ့ ဥာဏ်ရည်ချင်းပြိုင်ရပါတော့တယ်။ နောက်ဆုံးမှာ ဘယ်သူဟာ တရားခံဖြစ်နေသလဲဆိုတာကို နာမည်ကြီး ၀တ္ထုကို အခြေခံထားတဲ့
ဇာတ်ကားဖြစ်တဲ့အတွက် မြှုပ်ကွက် လှည့်ကွက် အဆင့်မြင့်မြင့်တွေကို ကြည့်မြင်ခံစားကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်ညွှန်း အရမ်းကောင်းမွန်တဲ့အပြင် မစ္စတာဘင်းပရိသတ်တွေအနေနဲ့လည်း
ကျွန်တော်တို့ငယ်ငယ်ကတည်းက ချစ်ခင်သဘောကျခဲ့တဲ့ မင်းသားကြီးကို တစ်ခါရှုမြင်ရဦးမှာမို့ အားပေးကြည့်ရှုပါဦး။

The Other Side of the Door

ကြည့်ရန်Link=http://goo.gl/PSeqfA

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Other Side of the Door"ပါ။
ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် သဘာဝလွန်သည်း ထိတ်ရင်ဖိုကြောက်စရာ ဇာတ်လမ်းသစ် ကိုခံစားကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။
ခရီးသွားရင်း ကားအက်ဆီးဒင့်ဖြစ်ကာ သားဖြစ်သူ အိုလီဗာ ကို ဆုံးရှုံးလိုက်ရတာဟာ မာရီယာအဖို့ ဘယ်လိုမှ ဖြေမဆည်နိုင် လောက်အောင်ကို ၀မ်းနည်းပူ ဆွေးခဲ့ရပါတယ်။ မာရီယာနဲ့ မိုက် ကယ်တို့ ဇနီးမောင်နှံမှာ အိုလီဗာနဲ့ လူစီဆိုတဲ့ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်တည်း ရှိတာမို့ တော်တော်လေးကို ခံစားခဲ့ရတာပါ။
အိုလီဗာကို နောက်ဆုံးနှုတ် ဆက်တဲ့အခါမှာ သားကိုအဆုံးရှုံး မခံချင်တဲ့ မာရီယာဟာ တမလွန် ဘ၀က လူတွေနဲ့ ဆက်သွယ်နိုင်တယ်လို့ ယုံကြည်ကြတဲ့ ရှေး ဟောင်းဘုရားကျောင်းပျက်ကြီး ရဲ့ လှေကားထစ်တွေမှာ အရိုးပြာကို ဖြူးခဲ့ပြီး အဲဒီ ဘုရားကျောင်း ပျက်ကြီးမှာ မာရီယာညဘက်ထိ စောင့်နေခဲ့ပါတယ်။
ညဘက်ရောက်တဲ့အခါမှာ တံခါးရဲ့ တစ်ဖက်ခြမ်းက အိုလီ ဗာရဲ့ အသံလိုလိုကြားပြီး အိုလီဗာသေဆုံးခဲ့ရတဲ့အကြောင်း စကားပြောသံတွေကြားရတာ အိုလီဗာက သူ့အမေကို သူသွားရတော့မယ့်အကြောင်း နှုတ်ဆက်စကားပြောခဲ့ပါတယ်။ မာရီယာဟာ စိတ်လှုပ်ရှားပြီး တံခါးဆွဲဖွင့်လိုက်တဲ့အခါ မတူညီတဲ့ ကမ္ဘာနှစ်ခုကြားမှာ အပြောင်းအ လဲတွေဖြစ်ခဲ့ပါတော့တယ်။ အိုလီဗာဟာ တမလွန်ကနေ ယခုဘ၀ကိုသရဲအဖြစ်နဲ့ ပြန်ရောက်လာခဲ့ပါတော့တယ်။
အဲဒီနောက်အိမ်မှာ အထူး အဆန်းအဖြစ်အပျက်တွေကြုံခဲ့ ပြီး မျက်နှာတွေဆေးခြယ်ထားတဲ့ လူတစ်ယောက်ကိုလည်း မကြာ ခဏဆိုသလို တွေ့ခဲ့ပါတယ်။ မာ ရီယာတို့အိမ်က အိမ်ဖော်ပီကီက သေလွန်ပြီးသား အိုလီဗာကို မာရီ ယာကိုယ့်သဘောနဲ့ ကိုယ်ဝိညာဉ် ပြန်ခေါ်ခဲ့တဲ့အတွက် မကောင်းဆိုး ရွားတွေလိုက်လာပြီး ပြန်ခေါ်တာ လို့ ပြောပြခဲ့ပါတယ်။
တမလွန်က အသံတွေကြား နိုင်တဲ့ တံခါးရဲ့ နောက်ကွယ်က ဆန်းကြယ်တဲ့ဖြစ်ရပ်တွေဟာ ဘာ တွေလဲ။ အိုလီဗာရဲ့ ၀ိညာဉ်ကို ထူးဆန်းတဲ့ လူတွေက ပြန်ခေါ်သွားကြမှာလားဆိုတာ စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ မာရီယာအ ဖြစ် ဆာရာဝိန်းကယ်လီ၊ မိုက် ကယ်အဖြစ် ဂျယ်ရမီဆစ်စတို၊ အိုလီဗာအဖြစ် လိုဂန်ခရီရန်၊ လူစီအဖြစ် ဆိုဖီယာရိုစင်စကီတို့ သရုပ်ဆောင်ထားကြပါတယ်။

Escape from Planet Earth

ကြည့်ရန်Link=http://goo.gl/2OmqMS
 
 အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Escape from Planet Earth"ပါ။

ဇာတ် လမ်း အကျဉ်းကိုပြောရမယ်ဆိုရင် တော့ Gary နဲ့ Scorch တို့က ကြောင် နဲ့ကြွက် လို ညီအစ်ကို တွေပဲ အမြဲတမ်းရန်ဖြစ်နေပြီ တစ်ယောက်နဲ့တစ်ယောက် အထင်မကြီးတဲ့ ပုံစံပါ Scorch ကတော့ သူတို့ ဂြိုလ်အတွက် သူရဲကောင်းတစ်ယောက်ဖြစ်ပြီး Grayကတော့ သူရဲ့ Missionတွေကို နောက်ကွယ်ကနေ ကူညီပြီး ဆောင်ရွက်ပေးနေတဲ့ လူတစ်ယောက်ပေါ့.. တစ် ရက် Scorch က mission တစ် ခုကို ထမ်း ဆောင် ဖို့ ကမ္ဘာဂြိုလ် ကို သွားဖို့ဖြစ် လာတယ် .. Grayက သွားဖို့ သဘော မတူတာကြောင့်  Scorchက ဘယ်သူ့ အကူအညီမှ မယူဘူးဆိုပြီး တစ်ယောက်တည်း ထွက်သွားပါတော့တယ်……
Scorchတစ်ယောက် ကမ္ဘာဂြိုလ်ကို ရောက်တဲ့အခါ ဘယ်လို ဒုက္ခတွေနဲ့ ကြုံတွေမှာလဲ၊သူ့ အစ်ကို အကူအညီမပါတဲ့ Missionကရော အောင်မြင်နိုင်ပါ့မှာလား…..Grayကရော သူညီ ဒုက္ခရောက်နေတဲ့အချိန်မှာ ပြစ်ထားနိုင်မှာလားဆိုတာ ဟာသတွေနဲ့ အတူ ကြည့်ရမဲ့ Animation ဇာတ်ကားပါ။


Thursday, July 28, 2016

She's Out of My League

ကြည့်ရန်Link=http://goo.gl/9AxJPM

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"She's Out of My League"ပါ။

ဒီဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါး လူငယ်အချစ်ဟာသဇာတ်ကားလေးပါ။
အချစ်ကို အောင်မြင်မှုတွေနဲ့ တိုင်းတာတွက်ချက်နေတဲ့ ခေတ်ကြီးမှာ ရိုးသားတဲ့အချစ်အကြောင်းကို
မီးမောင်းထိုးပြထားပြီး အချစ်မှာ နားလည်မှုသာ အရေးကြီးတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။
လွန်စွာသဘောမနောကောင်းသော ကောင်လေးနဲ့ လွန်စွာလန်းလေသော ကောင်မလေးတို့ဇာတ်လမ်းကို
လွန်စွာသူငယ်ချင်းပီသသော ဇာတ်ပို့တွေနဲ့  ဟာသမြောက်အောင် တင်ဆက်ထားပါတယ်။
မကြည့်ရသေးရင်တော့ အပန်းဖြေကြည့်ရှုသင့်တဲ့ Comedy ဇာတ်ကားကောင်းဖြစ်ပါတယ်။

Who Am I ?

ကြည့်ရန်Link=http://goo.gl/cpqjBL

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Who Am I ?"ပါ။

ဂျက်ကီချန်းဇာတ်ကားတွေရဲ့ အနှစ်သာရကိုခံစားရမယ့်ဇာတ်ကားပါ။
ဒီဇာတ်ကားကို ငယ်ငယ်တုန်းက ကြည့်ခဲ့ရတာကို ပြန်သတိရမိပါတယ်။
အခုပြန်ကြည့်တော့လဲ ဆွဲဆောင်မှုရှိပြီး ရသစုံ ပေးစွမ်းနိုင်ပါသေးတယ်။

Mad Max: Fury Road

ကြည့်ရန်Link=http://goo.gl/8pqgmE

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Mad Max: Fury Road"ပါ။

ဇာတ်လမ်းက ကမ္ဘာပျက်ပြီးနောက် Australia ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပြီး၊ ဒီဇာတ်လမ်းထဲက Australia မှာ လူတိုင်းက ဓါတ်ဆီကို လုနေကြပါတယ်။ ဒီဇာတ်ကားက သာမန် Remade ဇာတ်ကားတွေလို Original Mad Max ကို အသစ်အနေနဲ့ ပြန်ရိုက်ထားတာ ဇာတ်လမ်းကျောရိုးကိုပဲယူပြီး ဇာတ်အိမ်အသစ်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားမှာ Superhero ကားတွေလို Robocop (2014) လို ဇာတ်လမ်းကမင်းသားရဲ့ Origin (သူရဲ့နောက်ကြောင်း) ကို အချိန်ကုန်ခံပြီး ပြမနေပါဘူး။ Max က ဘယ်လိုလူမျိုးလည်းဆိုတာ တခါတည်းတန်းပြပြီး ဇာတ်လမ်း ကို စတင်ထားပါတယ်။

ဒီကားမှာ မင်းသားရဲ့ နောက်ကြောင်းကို သာမက ဇာတ်ကောင်တွေတော်တော်များများရဲ့ နောက်ကြောင်း ကိုလည်း ဘာမှမပြနေပဲ နဲ့ ဇာတ်လမ်း ကိုအသားပေးတင်ဆက်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် ဇာတ်ရှိန်ရလာတာနဲ့အမျှ အဓိကဇာတ်ကောင်တွေအကြောင်းကို တဖြည်းဖြည်းချင်း ပရိတ်သတ်ကို သိစေလာတဲ့ပုံစံ မျိုးနဲ့ ပညာသားပါပါတင်ဆက်ထားပါတယ်။

။ ဇာတ်လမ်းမှာ လူဆိုးခေါင်းဆောင် Immortan Joe က သောက်သုံးရေကို ထိမ်းချုပ်ထားပြီး လူတွေကို လည်း ခိုင်းစားထားပါတယ်။ ဒါ့အပြင် မိန်းမချော လေးတွေကိုလည်း ရွေးချယ်ပြီး ကလေးမွေးဖို့အတွက် သက်သက် ဖမ်းထားထား ပါတယ်။ ဇာတ်လမ်းအစမှာ Max က Immortan ရဲ့ လူတွေဖမ်းတာခံရပြီး blood bag (သွေးသွင်းတဲ့ အိတ်လို့ တင်စားခေါ်တာဖြစ်ပြီး) Max ရဲ့ သွေးကို Nux လို့ခေါ်တဲ့ Immortan ရဲ့ စစ်သားကိုသွင်းပေးထားပါတယ်။

ဒီနောက်မှာ Furiosa လို့ခေါ်တဲ့ သူ့ရဲ့ ညာလက်ရုံး (Charlize Theron) ကို ရေနံထွက်တဲ့မြို့က နေ ဓါတ်ဆီကို သွားယူခိုင်း ပါတယ်။ ဒီလိုသွားယူရာမှာ Furiosa က War Rig (ရေနံနဲ့ ရိက္ခာသာမက လက်နှက်တွေပါပါပြီး၊ ခံနိုင်ရည်ရှိတဲ့) ကားကို မောင်းရပါတယ်။ ဒီကနေ သူမက ရေနံသွားမယူပဲ လမ်းကြောင်းပြောင်းသွားခဲ့ပါတယ်။ ဒီအခါမှာ Immortan Joe က သူရဲ့ မိန်းမ ငါးယောက် ရော သူ War Rig ပါ ပါသွားလို့ နောက်ကနေ လိုက် တာဖြစ်ပါတယ်။

ဒီလိုလိုက်ရာမှာ Nux (Nicholas Hoult) က သွေးသွင်းရင်း နဲ့ လိုက်ချင်တယ်ဆိုပြီး လိုက်ရာကနေ Max ပါပါသွားပြီး လမ်းမှာ Max နဲ့ Furiosa တို့ ပေါင်းမိသွားရာကနေ သူတို့ လိုရာကို အရောက်သွားကြသလို၊ နောက်က လိုက်တဲ့သူတွေကလည်း လိုက်ရင်းနဲ့ ဇာတ်ကားတစ်ကားလုံးက Car Chase Scene တွေနဲ့ပဲ ပြည့်နေပါတယ်။

ဇာတ်လမ်းထဲမှာ Nicholas Hoult ရဲ့ ဇာတ်ကောင် Nux အပါအ၀င် Immortan ရဲ့ စစ်သားတွေကို War Boy လို့ခေါ်ပြီး သူတို့ ကို ဒီကောင်ကြီးက မဟုတ်တာတွေပြောဆိုပြီး ခိုင်းစားထားတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ သေဖို့တောင် မကြောက်ပဲ အသေခံ ချနေကြတာဖြစ်ပြီး Brain Wash လုပ်ခံထားရတာကြောင့် သနားဖို့လည်းကောင်းပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ အက်ရှင်ကောင်းကောင်း၊ Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားသလို၊ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပါတယ်။

Blackhat

ကြည့်ရန်Link=http://goo.gl/o4HNPc

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Blackhat"ပါ။

Thor မင်းသား Chris Hemsworth နဲ့ တရုတ်မင်းသမီး Tang Wei တို့အဓိကပါဝင်ထားတဲ့
Action, Crime, Drama အမျိုးအစားဇာတ်ကားပါ။
Hacking နဲ့ပတ်သတ်တဲ့အသုံးအနှုန်းတွေပါနေတာကြောင့် IT နည်းပညာနဲ့ပတ်သတ်ပြီး
ဆက်စပ်မှုရှိမှပဲ ကြည့်လို့အဆင်ပြေနိုင်ပါတယ်။


Gangnam 1970

ကြည့်ရန်Link=http://goo.gl/NzxN30

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Gangnam 1970"ပါ။

လှုပ်လှုပ်ရှားရှား မှုခင်းရုပ်ရှင်ဖြစ်တဲ့ Gangnam Blues (Gangnam 1970) ကို ဒါရိုက်တာ ယိုဟ က ရိုက်ကူးပြီး မြန်မာပရိသတ် တော်တော်များများ သဘောကျကြတဲ့ မင်းသား လီမင်ဟိုနဲ့ Love Story in Harvard (တစ်ခါတုန်းက တက္က သိုလ်)မှာ ပါဝင် ခဲ့တဲ့ ဇာတ်ဆောင်မင်းသား ကင်ရေးဝန်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
    Gangnam Blues ဟာ ၁၉၇၀ ခုနှစ်အလွန် ဝရုန်းသုန်းကားဖြစ်နေတဲ့ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေကြားထဲကနေ ဆိုးလ်မြို့ရဲ့ ဂန်းနမ်စီရင်စုက အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်လာပုံကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ပါ။ ဒီထဲမှာနိုင်ငံရေး သြဇာအာဏာနဲ့ ရာဇဝတ်မှု ကျူးလွန်ကြတဲ့ အဖွဲ့အစည်းတွေကြားထဲက လွန်ဆွဲပွဲတွေရယ်၊ လိမ်လည်မှုတွေရယ်ကြောင့် ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက ပေါင်းသင်းခင်မင်လာတဲ့  သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို စမ်းသပ်ခံရတဲ့အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်။
    ၁၉၇၀ ခုနှစ်ဝန်းကျင် နိုင်ငံရေးပိုင်းမှာခြစားမှုတွေ အထွတ်အထိပ် ရောက်နေတဲ့ ကာလအတွင်းမှာ ဆိုးလ်တောင်ပိုင်းက ဂန်းနမ်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ ဧရိယာအဖြစ် စပြီး ပြောင်းလဲနေခဲ့ပြီ။ ငယ်သူငယ်ချင်းတွေဖြစ် ကြတဲ့ ဂျောင်ဒေး နဲ့ ရောင်းကီတို့ဟာ မြို့စွန်ရပ်ကွက်မှာရှိတဲ့ သူတို့ အိမ်လေးကို လူမိုက်တွေ ဖြိုချလိုက်တဲ့အတွက် ပြန်ပြီးနေရာရဖို့ အသည်းအသန် လုံးပမ်းနေရတယ်။ သူတို့နှစ်ယောက်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူကြီးပျင်းလာခဲ့ကြတဲ့ သူတွေ။ ဂေဟာက ထွက်လာပြီးတော့လည်း စက္ကူတွေ၊ ပုလင်းခွံတွေကို ကောက်ပြီး အသက်မွေးကြရင်းနဲ့ ဘဝကို အတူရုန်းကန်ခဲ့ကြတယ်။
    ငွေအတွက်ဆိုရင် ဘာမဆို လုပ်တတ်ကြတဲ့ သူတို့ဟာ ထိတ်လန့်ဖွယ်ရာ နိုင်ငံရေး ပဋိပက္ခတွေ မှာ ပါဝင်ခဲ့ကြပြီး အဖွဲ့တစ်ခုနဲ့တစ်ခု ထိပ်တိုက် တွေ့ကာ ပစ်ခတ်ကြတဲ့အချိန်မှာ ကွဲကွာသွားခဲ့ကြတယ်။ သုံးနှစ်ကြာပြီးတဲ့နောက် ဂျောင်ဒေး ဟာ အရင်က ဂိုဏ်းစတားတစ်ဦးဖြစ်ခဲ့တဲ့ ကီလ်ဆုနဲ့ အတူ နေထိုင်နေတယ်။ ရောင်းဂီကတော့ ဆိုးလ်ရဲ့ သြဇာအကြီးဆုံး ရာဇဝတ်ဂိုဏ်းတစ်ခြုဖစ်တဲ့ Myepngdong-pa ထဲကို ရောက်သွားတယ်။ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ သူဟာ လျှို့ဝှက် သမ္မတရွေးကောက်ပွဲ ရန်ပုံငွေဆိုတဲ့ ခေါင်းစဉ်အောက်က နေပြီး မြို့ရဲ့ မြေယာတန်ကြေး မြင့်တက်လာစေဖို့အတွက် သေမြေကြီး ရှင်ရွှေထီး စွန့်စားရတဲ့ ဂန်းနမ်က မြေယာအရှုပ်အရှင်း ကိစ္စတွေမှာ ပါဝင် ပတ်သက်နေရတယ်။ လူဆိုးဂိုဏ်းတွေက မြေယာပေါင်းများစွာကိုရရှိဖို့ တိုက်ခိုက်ကြတဲ့အခါ ရောင်းကီအဖမ်းခံရပြီး ပြိုင်ဖက်ဂိုဏ်းတစ်ခုရဲ့ စစ်ဆေး မေးမြန်းမှုကို ခံရတယ်။ ရောင်းကီအဖမ်းခံရပြီးတဲ့ နောက်ဘာတွေဆက်ဖြစ်မယ်၊ ဂျောင်ဒေးနဲ့ ဘယ်လိုပြန် ပြီး ဆက်စပ်သွားမယ်၊ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုပုံမျိုးနဲ့ အစမ်းသပ်ခံရမယ် ဆိုတာတွေက စိတ်ဝင်စားစရာပါပဲ။
    Gangnam Blues ဟာ ထုတ်လုပ်ခဲ့သမျှ ကိုရီးယားရုပ်ရှင်တွေထဲမှာ ဖန်တီးထားပုံ အလှဆုံး နဲ့ အလတ်ဆတ်ဆုံးဖြစ်တယ်ဆိုပြီး ဝေဖန်ထား ကြသလို ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုက ဘာမှသိပ်မထူးခြားတဲ့အပြင် တည်းဖြတ်မှု အပိုင်း မှာလည်း ရှုပ်ယှက်ခတ်နေတယ်ဆိုပြီး ပြောထား တာကိုလည်း တွေ့ရပါတယ်။ လီမင်ဟိုရဲ့ သွေးအေး တဲ့ ဂိုဏ်းစတားတစ်ယောက်ရဲ့ ဟန်ပန်က အဆင် ပြေပေမယ့် ကင်ရေးဝမ်ရဲ့ သရုပ်ဆောင်မှုကအနည်းငယ် ပေါ့ပျက်ပျက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ ကင်ရေးဝမ်ဟာ ဒီရုပ်ရှင်ထဲမှာ ဂိုဏ်းစတားတစ်ယောက်အဖြစ် ပါဝင်ဖို့အတွက် တစ်လအတွင်းမှာ ကိုယ်အလေးချိန် ၁၅ ကီလိုကျအောင် ကြိုးစားထားခဲ့တယ်ဆိုတော့ သူရဲ့ အားထုတ်မှုကို အသိအမှတ်တော့ ပြုရမှာဖြစ်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ၁၉၇၀ ရဲ့ နောက်ခံအခင်းအကျင်း တွေကို သိခွင့်ရမယ့် Gangnam Blues ဟာ ၁၃၅ မိနစ်သာ ကြာမြင့်လို့ စောင့်ကြည့်သင့်တဲ့ ဇာတ်ကားအဖြစ် ဖော်ပြလိုက်ရပါတယ်။
(ရုပ်ရှင်အညွှန်းကို People.com.mm မှကူးယူဖော်ပြပါသည်။)

Wednesday, July 27, 2016

Lost in Hong Kong

ကြည့်ရန်Link=http://goo.gl/8U5BYb

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Lost in Hong Kong"ပါ။

၁၉၉၀ နှစ်လယ်ပိုင်းကာလ မြင်ကွင်းနဲ့အတူ အနုပညာကျောင်းသားလေး ရှုလိုင်နဲ့ ရန်ယိတို့က ချစ်သူတွေဖြစ်ကြပြီး ပထမဆုံး အကြင်နာတောင်မပေးရသေးခင်မှာ ရန်ယိဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ခဲ့ရကာ ရှန်ဟိုင်းကို လုံးဝပြန်မလာတော့ပါဘူး။ ဒီလိုနဲ့ နှစ်နှစ်ဆယ်နီးပါးကြာသွားပြီးနောက်မှာ ရှုဟာကတုံးပြောင်ပြောင်ပုံစံနဲ့ ဖြစ်နေပြီး အမျိုးသမီးအတွင်းခံ အင်္ကျီဒီဇိုင်နာအလုပ်ကိုလည်း တော်တော်ကို ငြီးငွေ့နေကာ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ အရင်က သူ့စိတ်ကူးအိပ်မက်တွေတောင်မေ့ပျောက်ကုန်ပါပြီ။

အခုဆိုရင် သူချစ်ရတဲ့ ဇနီးသည် ချိုင်ဘိုနဲ့ ဘ၀လမ်းအတူ လျှောက်နေတာတောင်မှ သူ့စိတ်ထဲမှာတော့ အမြဲအမှတ်ရနေတာကတော့ ရန်ယိကိုပါပဲ။ ရှုလိုင်နဲ့ ချိုင်ဘိုနှစ်ယောက်ဟာ သားသမီး မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြပါတယ်။

တစ်ရက်မှာတော့ ဟောင်ကောင်မှာရှိတဲ့ ချိုင်ဘိုရဲ့ မိသားစုတွေဆီကို သွားလည်ခဲ့ပြီး ဟောင်ကောင်ကို ရောက်တုန်းရောက်ခိုက် သူစိတ် မကုန်သေးတဲ့ ရန်ယိကို တိတ်တဆိတ်သွားတွေ့ဖို့ ရှုလိုင်ကြံစည်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း ရှုလိုင်ရဲ့ စိတ်ကူးတွေဖျက်ဆီးမယ့်သူကတော့ ယောက်ဖငတုံးကောင်လေး ချိုင် လာလာပါ။ ရှုလိုင်သွားရာနောက် တစ်ကောက်ကောက် ပါနေပြီး လက်ထဲမှာ ဗီဒီယိုကင်မရာကိုင် ပြီး မှတ်တမ်းရုပ်ရှင်အတွက် မြင် ကရာ လျှောက်ရိုက်နေတာမို့ ရှု လိုင်အတွက် အတော်ကိုစိတ်ရှုပ် စရာပါ။

ဒီလိုနဲ့ လျှောက်သွားရင်း ဗီဒီယိုကင်မရာကြောင့်ပဲ ပြဿနာစ ပါတော့တယ်။ အဲဒါကတော့ ချိုင် လာလာရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ လူဆိုးဂိုဏ်းရဲ့ လှုပ်ရှားမှုတွေပါ သွားရာကနေ လူဆိုးအဖွဲ့တွေ သူ တို့နောက်လိုက်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ။

ရှုလိုင်တစ်ယောက် အချစ်ဟောင်းနဲ့ကော ပြန်တွေ့ရမလားဆိုတာ စောင့်မျှော်ကြည့်လိုက်ပါဦးနော်။

The Big Short

ကြည့်ရန်Link=http://goo.gl/x8VIX7

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Big Short"ပါ။

မင်းသားတွေကိုလည်းကြီးအုံး
အကုန် အလန်းတွေကြီးဘဲ ဇာတ်လမ်းက လည်း ဖြစ်ရပ်မှန်ကိုရိုက်ထားတာ
ဒီလိုကားမျိုးမကြည့်လို့ ဘယ်ကားကိုကြည့်အုံးမှာလဲ။
ဇာတ်လမ်း အကျဥ်းက ဒီလိုဗျ သဘောထားမကိုက်ညီတဲ့ စီးပွားရေးသမား ၄ယောက်
၂ယောက်က အများအကျိုးကိုကြည့်တယ် ကျန်တဲ့ ၂ယောက်က တစ်ကိုယ်ကောင်းသမားတွေ
အဲ့ဒီမှာစတွေ့ကြတာ အချင်းချင်းပြိုင်ဆိုင်ကြရင်း U.S ရဲ့ စီးပွားပျက်ကပ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ
မိမိတို့ အလုပ်သမားတွေအတွက် ဘယ်လိုတွေများ စီမံပြီး အကောင်းဆုံးလုပ်ဆောင်ကြမလဲဆိုတာကြည့်ရမှာ
ကျွန်တော်ကတော့ စီးပွားရေးသမား မဟုတ်တော့ သိပ်တော့ နားမလည်ဘူး
စီးပွားရေးနဲ့ ပတ်သက်တဲ့ အသိအမြင်တွေအများကြီးပါနေတာတော့သိတယ်
သိဆို ဇာတ်လမ်းက နာမည်ကြီးစာရေးဆရာ Michael Lewis ရဲ့
၂၀၁၀ မှာထွက်ခဲ့တဲ့ Non-Fiction ဆိုတဲ့စာအုပ်ကိုရိုက်ထားတာကိုး
အဲ့လောက်ဆို သဘောပေါက်ကြမှာပါ။

The Dark Knight Rises

ကြည့်ရန်Link=http://goo.gl/T2AIFK

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Dark Knight Rises"ပါ။

ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။

Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။

ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေထင်နေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ် ရန်သူတစ်မျိုးက Gotham ကို နှောက်ယှက်ဖို့ ပြင်ဆင်နေပါတယ်။

တစ်ဖက်မှာ Bane (Tom Hardy) က CIA က ထိန်းသိမ်းထားတဲ့ Nuclear Physicist တစ်ယောက်ကို ဖမ်းခေါ်သွားသလို၊ Selina Kyle (Anne Hathaway) (ကာတွန်းထဲမှာ Catwoman) ကလည်း Bruce Wyane ရဲ့ အိမ်မှာ Harvey Dent အမှတ်တရပွဲလုပ်နေတုန်း ခိုးဝင်ပြီး Bruce အမေရဲ့ လည်ဆွဲကိုခိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ပစ်မှတ်က Bruce ရဲ့ လက်ဗွေ ဖြစ်ကြောင်း Bruce က ရိပ်မိသွားပြီး စုံစမ်းမှုတွေပြု လုပ်ခဲ့ပါတယ်။

Selina က Bruce ရဲ့ လက်ဗွေကို ခိုးပြီးတဲ့နောက်မှာ ပါတီပွဲက Congressman တစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားပြီးတော့ လက်ဗွေကိုခိုးခိုင်းတဲ့ သူနဲ့တွေ့ဖို့အတွက် ခေါ်သွားခဲ့ပါတယ်။
ဒါကို Gordon တို့လိုက်ရှာရာကနေ Gordon တစ်ယောက် အဖမ်းခံရပြီး Bane နဲ့တွေ့ခဲ့ပါတယ်။ Bane က Gotham မြို့က မြေအောက် မြောင်းတွေထဲမှာ တပ်စွဲထားတာ ကိုတွေ့လိုက်ပြီး Gordon တစ်ယောက် ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့ပ
ါတယ်။

နောက်တစ်ဖက်မှာ Robin John Blake (John Blake လို့ပဲ တစ်ကားလုံးသုံးသွားခဲ့ပါတယ်။) ဆိုတဲ့ ရဲအရာရှိတစ်ယောက်က Gordon ကိုရှာတွေ့သွားပြီးဆေးရုံကိုပို့ပေးခဲ့ပါတယ်။ John Blake ဆိုတဲ့ Character ကို ဒါရိုက်တာက Robin သဘောနဲ့ထည့်ပေးတာဖြစ်ပြီး၊ Batman နဲ့ Robin ဆိုတဲ့ပုံစံကို သွယ်ဝိုက်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Christopher Nolan က Robin ကို ကာတွန်းထဲကလို ကလေး တစ်ယောက် ထည့်ပေးရင် ယုတ္တိမရှိဘူးလို့ ယူဆတာရယ်၊ Batman & Robin ဇာတ်ကားက လူကြီး Robin ကို ပရိတ်သတ်တွေမကြိုက်တာရယ်ကြောင့် ရဲအရာရှိတစ်ယောက် အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။

ဒီနေရာမှာ Bane ရဲ့ ဇာတ်ကြောင်းကို Alfred က Bruce ကိုပြောပြပါတယ်။ Batman Begins မှာတုန်းက Batman ကိုပညာသင်ပေးခဲ့တဲ့ Ra's Al Ghul ရဲ့ တပည့်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Bane က မြေအောက်အကျဉ်းထောင်ထဲမှာ မွေးခဲ့တာဖြစ်ပြီး၊ အစပိုင်းတုန်းက Bane ကို Ra's Al Ghul ရဲ့ သားလို့ Batman က ထင်ခဲ့ပါတယ်။ Bane ရဲ့ အဓိက ရည်ရွယ်ချက်က ပထမဆုံးဇာတ်ကားက Ra's Al Ghul ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Gotham ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်း၊ Batman ကရော Gotham မြို့ကိုဘယ်လို ကယ်တင်မလည်းဆိုတာ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။

Batman Begins, The Dark Knight, The Dark Knight Rises သုံးကားစလုံးက သမိုင်းမှာအကောင်းဆုံး Superheros ဇာတ်လမ်းတွဲ အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို၊ ဒီသုံးကားက ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းသုံးကားဆို တာ အငြင်းပွားစရာမှရှိနိုင်ပါဘူး။

ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ Sex Scene တစ်ခန်းပါပေမယ့် Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည့်ရှုနိုင်မှာဖြစ်သလို၊ အက်ရှင်ကားကြိုက် ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ။

I Spit on Your Grave 3

ကြည့်ရန်Link=http://goo.gl/qvC9OV

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"I Spit on Your Grave 3"ပါ။

I spit on your grave ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း အနိုင်ကျင့်ခံလိုက်ရတဲ့ မိန်းမသားများရဲ့ ရက်ရက်စက်စက်လက်စားချေမှုတွေကို ပြသထားပါတယ်ခင်ဗျာ။

I Spit on Your Grave 2

ကြည့်ရန်Link=http://goo.gl/5oZgVr

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"I Spit on Your Grave 2"ပါ။

ဇာတ်လမ်းအကျဉ်းကတော့ မော်ဒယ်ဖြစ်ချင်တဲ့ ကေတီတစ်ယောက် ဓါတ်ပုံဆရာတစ်သိုက်ဆီ အလကားဓါတ်ပုံရိုက်ခွင့်ရမယ်ဆိုတဲ့မျော်လင့်ချက်နဲသွားခဲ့ပါတယ်။အဲဒီမှာပဲ ဓါတ်ပုံဆရာရဲ့ညီ သိပ်ကျပ်မပြည့်တဲ ဂျောဂျီ ဟာသူမကိုမြင်မြင်ချင်ကြိုက်သွားပါတယ်။နဂိုကသိပ်ကျပ်မပြည့်သူဆိုတော့ ကေတီတိုက်ခန်းကိုညဘက်မှာခိုးဝင်ပြီး
 ကေတီကိုRapeလုပ်ပါတော့တယ်။
ကေတီရဲအော်သံကြောင့်အိမ်နီးနားချင်းကောင်လေးရောက်လာတဲ့အခါ ဂျောဂျီဟာ အဲဒီကောင်လေးကိုပါသတ်ခဲ့ပါတယ်။ကိစ္စတွေပြီးတော့မှ သူလုပ်ခဲ့တာတွေကိုသတိရပြီး သူ့အကိုတွေဆီအကူညီလှမ်းတောင်းပါတော့တယ်။သူ့အကိုတွေဟာ လူသက်မူနဲမုဒိန်းမူကိုဖျောက်ဖျက်ဖို့အတွက်ကေတီကိုဖမ်းခေါ်သွားပြီး လိင်ပိုင်ဆိုင်ရာနိုပ်စက်ခဲ့ကြပါတယ်။ဒါကို ကေတီကဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးမလဲ လူယုတ်မာတွေကိုဘယ်လိုများရက်ရက်စက်စက်ဂလဲစားပြန်ချေမလဲ။ဂလဲစားချေတာရောအောင်မြင်ပါ့မလားဆိုတာကို ရင်တဖိုဖိုနဲကြည့်ရမယ်ဇာတ်ကားကောင်းတစ်ကားပါ။ 
nudity ခန်းတွေနဲ့ရက်ရက်စက်စက်သတ်ဖြတ်ခန်းတွေကြောင့် အသက်မပြည့်သေးတဲသူတွေမကြည့်သင့်ပါဘူး။

Tuesday, July 26, 2016

I Spit on Your Grave 1

ကြည့်ရန်Link=http://goo.gl/5S0EvA

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"I Spit on Your Grave 1"ပါ။
ကားဟောင်းလေးတစ်ကားပါ။တောထဲမှာတစ်ကိုယ်တည်းစာရေးဖို့ ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို အကျင့်ပျက်ရဲနဲ့ လူတစ်စုက ၀ိုင်းဝန်းနှိပ်စက် မုဒိန်းကျင့်ပြီး သေပြီထင်ခဲ့ပေမယ့် မသေခဲ့တဲ့အခါမှာ သူခံစားခဲ့ရတာထက် ၂ ဆဆိုးအောင် တစ်ယောက်ချင်းကို ပြန်လက်စားချေပါတော့တယ်။ မိသားစုနဲ့အတူမကြည့်သင့်သလို ကြောက်တတ်တဲ့သူ နှလုံးမကောင်းတဲ့သူတွေလည်း မကြည့်သင့်ပါ။

The Mermaid

ကြည့်ရန်Link=http://goo.gl/WMuRa7

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Mermaid"ပါ။

ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်လေးကကောင်းမွန်ပါတယ်။
" ဒီကမ္ဘာမှာ သန့်စင်တဲ့ရေ နဲ့လေကောင်းလေသန့်တွေရှားပါးလာပြီ
ဒါ​ကြောင့်​ မင်းဘယ်​​လောက်​ပိုက်​ဆံရှာနိုင်​ပါ​စေ အဓိပ္ပါယ်​မဲ့​နေဦးမှာပဲ "လို့ဆိုထားပြီး
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်တဲ့ Message တွေပေးထားပါတယ်။
စတီဖင်ချောင်ဟာ သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေလိုပဲ ဒီဇာတ်ကားကိုလဲ ဟာသလေးတွေစွတ်ပြီး
ပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်....အဓိကအချက်ဖြစ်တဲ့ ဇာတ်လမ်းရဲ့ကြီးကျယ်တဲ့အနှစ်သာရကို
တဆင့်ချင်းစီဟာသလေးတွေစွတ်ပြီး ခေါင်းထဲရောက်လာအောင်ဖန်တီးထားပါတယ်။

Me Before You

ကြည့်ရန်Link=http://goo.gl/sTf0PF
 
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Me Before You"ပါ။ 

Louisa  Clark ဆိုတဲ့မိန်းကလေးဟာ ငယ်ရွယ်သွက်လက်ပြီး ပျော်ပျော်နေတတ်သူ။ သူ့မိသားစုအတွက်ဆိုပြီး အလုပ်တွေတစ်ခုပြီးတစ်ခုပြောင်းလုပ်နေရတယ်။ သို့ပေမဲ့ တစ်ရက်မှာတော့ Clark ဟာ အက်စီးဒင့်ဖြစ်လို့ အောက်ပိုင်းသေနေတဲ့ Will Treynor ဆိုတဲ့ လူငယ်သူဌေးလေးတစ်ယောက်ကို ပြုစုစောင့်ရှောက် ပေးရမဲ့ caregiver ဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့ ပျော်ပျော်နေတတ်တဲ့ စိတ်ထားဟာ နှစ်ယောက်လုံးအပေါ်မှာ သက်ရောက်လာပါတော့တယ်။ သူ့ကြောင့် Will ဟာ အသက်ဘာကြောင့်ရှင်သန်သင့်သလဲဆိုပြီး အောက်ပိုင်းသေနေပေမဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ရင်ဆိုင်ချင်တဲ့စိတ်တွေဖြစ်လာတဲ့အပြင် နှစ်ယောက်ကြားမှာလည်း ဘယ်သူမှမမှန်းဆနိုင် မသိနိုင်တဲ့ သံယောဇဉ်တွေဖြစ်ပေါ်လာပါတော့တယ်။
 

Tamasha

ကြည့်ရန်Link=http://goo.gl/I1D303

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Tamasha"ပါ။

ခပ်လန်းလန်း ဘောလိဝုကားတစ်ကားကို တင်ပေးလိုက်ပါတယ်
ပုံပြင်တွေအားလုံးကတော့ အတူတူပါပဲဗျာ ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ပိုင် ဘ၀ဇာတ်လမ်းကို 
ထုဆစ်ပုံဖော်တော့မယ်ဆိုရင်တော့ ခင်ဗျား နားထောင်ခဲ့တဲ့ ပုံပြင်တွေ ဇာတ်လမ်းတွေထဲက
ဇာတ်ကောင်တွေ စရိုက်တွေရဲ့ လွှမ်းမိုးမှုမခံရဘဲ ကိုယ်ပိုင်အမြင်နဲ့ မိမိဘ၀ကို 
ကိုယ်တိုင် ထုဆစ်ပုံဖော်သင့်ပါတယ်။
ငယ်စဉ်ကလေး ဘ၀ ကတည်းက ပါးစပ်ရာဇ၀င်တွေ ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကောင်လေးတယောက်
တကယ့် လူမှုဘ၀ထဲကို ၀င်ရောက်ဖို့ အကြောင်းဖန်လာတော့ ဘယ်လိုတွေများဖြစ်ပျက်မလဲ ။
မမျှော်လင့်ထားတဲ့ ခရီးစဉ်တစ်ခုမှာ မမျှော်လင့်ထားတဲ့ ဒုက္ခတွေကြုံရပြီး 
သာမန်သူတွေနဲ့ အမြင်မတူသူတယောက်နဲ့ ဆုံတွေ့ခဲ့မိတဲ့ ကောင်မလေးတယောက်
သူတို့၂ယောက်ဘာတွေများဆက်ဖြစ်ကြမလဲ။
လွှမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းတွေကိုဘဲကြုံတွေ့ရမလား။
ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေကိုဘဲ ကြည့်ရှူရမလား ။
သိခြင်ရင်တော့ ဆက်လက်ဒေါင်းယူကြည့်ရှူလိုက်ကြပါခင်ဗျာ။

Neerja

ကြည့်ရန်Link=http://goo.gl/dzq7xj

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Neerja"ပါ။

၁၉၆၃ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ် တစ်ခုရှိခဲ့တယ် ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ် ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါ သေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာ တန်ဆာခံခရီးသည် ၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ လွတ်မြောက်ခဲ့ပါတယ်

သူရဲကောင်းဆိုတဲ့ ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ် မထင်မရှား အားနွဲ့တဲ့ လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ် ခရီးသည်တွေရဲ့အသက်ကိုဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့ပုံကတော့အရမ်းကို အံသြစရာပါ တကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက် ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှုယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ။
အရမ်းကောင်းတဲ့ဇာတ်ကားလေးမို့အခုပဲကြည့်လိုက်ကြပါခင်ဗျာ။

Monday, July 25, 2016

The Brothers Grimsby

ကြည့်ရန်Link=http://goo.gl/ydy1az

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Brothers Grimsby"ပါ။

အရမ်းရီရတဲ့ဇာတ်ကားလေးတစ်ကားပါ။

  ဇာတ်လမ်းအကျဉ်းကတော့ ဂရင်းစ်ဘေးသား အရမ်းချစ်ကြတဲ့ ညီအစ်ကို ၂ ယောက်ဟာ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ပါတယ်။ အစ်ကိုကြီးက အပေအတေ ဘောလုံးအားပေးသူ တစ်ယောက်ဖြစ်လာပြီး ညီငယ်ကတော့ MI-6 ရဲ့ လျို့ဝှက်စုံထောက်တစ်ယောက်ဖြစ်လာပါတယ်။ နှစ်ပေါင်း ၃၀ တောင် ညီငယ်ဖြစ်သူကို ရှာဖွေနေတဲ့ အစ်ကိုကြီးဟာ ပါတီပွဲတစ်ခုမှာ စစ်ဆင်ရေးနဲ့ရောက်နေတဲံ ညီငယ်ကိုပြန်ရှာတွေ့သွားလို့ ၀မ်းသာအားရ နှုတ်ဆက်မိချိန်မှာ... အလွဲတွေ ဖြစ်ကုန်ပြီး လူသတ်သမားအစစ်လဲ လွတ်မြောက်သွားစေပြီး ဟယ်ရီပေါ်တာမင်းသားကို AIDS ကူးသွားစေတဲ့အပြင် WHO ဥက္ကဌပါ သေဆုံးသွားစေတဲ့အခါမှာတော့ ညီအစ်ကို ၂ ယောက် ကမ္ဘာပတ်ပြေးပြီး သူတို့ အရှုပ်ထုပ်တွေကို ပြန်ရှင်းရပါတော့တယ်။
           
         ဇာတ်လမ်းဟာ လိင်အသားပေးဇာတ်ကားမဟုတ်ပေမဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းအချို့နဲ့ ပြကွက်အချို့ ပါဝင်နေတာကြောင့် မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးများကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးအပ်ပါတယ် ပရိသတ်များခင်ဗျာ။


Marauders

ကြည့်ရန်Link=http://goo.gl/Pt6PGI

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Marauders"ပါ။

ဇာတ်လမ်း အကျဉ်းလေးကတော့
ဘဏ်တခုကို ဓါးပြတိုက်မှုတစ်ခုကနေစတင်ထားပြီး
ဓါးပြမှုမှာ ကျန်ရှိခဲ့တဲ့ သဲလွန်စတွေအကုန်လုံးက ဘဏ်ပိုင်ရှင်နဲ့
သူ့ရဲ့ ပါတနာဖောက်သည်ကို ညွှန်ပြနေမှုကြောင့်
FBI က မသင်္ကာဘဲ လိုက်လံစုံစမ်းရာမှ ဘယ်လို အရှုပ်တော်ပုံတွေပေါ်ပေါက်လာလေမလဲ
ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဘဲ ကြည့်ရှူလိုက်ကြပါတော့ခင်ဗျာ။

Colonia

ကြည့်ရန်Link=http://goo.gl/xXZzhb

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Colonia"ပါ။

ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားပါ။

ဇာတ်လမ်း အကျဉ်းလေးကတော့ ချီလီနိုင်ငံရဲ့ ၁၉၇၃ ခုနှစ်ကာလကို အခြေခံပြီးရိုက်ကူးထားပြီး
ချီလီနိုင်ငံက နာမည်ကြီး ကိုလိုနီးယား ဒစ်ကနီဒက် ဆိုတဲ့ ဘုရားရှိခိုးကျောင်းအမည်ခံ 
စစ်အတွင်း ပုန်ကန်ဆန္ဒပြသူတွေကို ရူးသွပ်သည်အထိနှိပ်စက်ပြီး 
အသိစိတ်ကင်းမဲ့စေသောဆေးများကြွေးပြီး 
သူ့ကိုယ်သူ ဘု၇ားနှင့်ဆက်သွယ်နိုင်သည်ဟု ဆိုကာ နှိပ်စက်နေသော ဘုန်းတော်ကြီး
Paul Schäfer အကြောင်းကို ရိုက်ကူးပြထားသော ဇာတ်ကားဖြစ်ပြီး
ဘုန်းတော်ကြီးPaul Schäfer ကတော့ ၂၀၀၄ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး
ကလေးသူငယ်ဆိုင်ရာ လိင်ကျူးလွန်မှုအပါအ၀င် အခြားအမှုပေါင်းများစွာနှင့်
ထောင်ဒဏ် ၃၃ နှစ်ချမတ်ခံရပြီး ၂၀၁၀ ခုနှစ်မှာ စန်တီဂို အကျဉ်းထောင်အတွင်းမှာဘဲ
ဘ၀ ဇာတ်သိမ်းသွားခဲ့ပါတယ်။
လေယာဉ်မယ် လီနာ အဖြစ် အမ်မာဝတ်ဆန် ဟာ ချီလီနိုင်ငံကို လေကြောင်းတာဝန်အရ လိုက်ပါခဲ့ပြီး
အနားယူရန် ကားဖြင့် ထွက်လာစဉ် ချစ်သူဖြစ်သူ ဒယ်နီရယ် ကိုတွေ့မိပြီး လိုက်ပါသွားခဲ့ရာမှ
ဒယ်နီရယ် မှာ အာဏာရပါတီ၏အတိုက်အခံ ခေါင်းဆောင်၏ပုံကို ဆွဲပေးပြီး စစ်တပ်မှလိုက်ဖမ်းရာမှ ထွက်ပြေးရင်း အဖမ်းခံရရာမှ ကိုလိုနီးယား ဒစ်ကနီဒက်သို့ရောက်ရှိသွားခဲ့ ရာမှာ
ရည်းစားဖြစ်သူ လီနာ က လိုက်သွားခဲ့ပြီး မည်သို့မည်ပုံကယ်တင်မည်ကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှူကြပါအုံးခင်ဗျာ။

The Trust

ကြည့်ရန်Link=http://goo.gl/CAF1Dp
 
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Trust"ပါ။ 

မင်းသားကြီး နီကိုလပ်ကေ့စ် ရဲ့ ၂၀၁၆ ထွက် စုံထောက်ကားလေးတကားနဲ့
မိတ်ဆက်ပေးပါရစေ။ဇာတ်ကားလေးကတော့
စိတ်ဝင်စားဖို့အတော်ကောင်းတာကိုတွေ့ရပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ LVPD ရဲ့ သက်သေခံပစ္စည်းထိန်းသိမ်းရေး
တာဝန်ခံ နီကိုလပ်ကေ့စ်ဟာ တစ်ရက် မထင်မှတ်ဘဲ ကားတစ်စီးကို သိမ်းမိရာမှာ
ကား အင်ဂျင်ဘလောက်တုန်းအတွင်းမှ ဘိန်းဖြူများအားတွေ့ရှိပြီး
ဘိန်းမှောင်ခိုဂိုဏ်းကို ဆက်စပ် စုံစမ်းရာမှ ဘိန်းမှောင်ခိုင်ဂိုဏ်း၏
ဘိန်းများနှင့် ပိုက်ဆံများအား သိမ်းဆည်းထားရာ နေရာအား စုံစမ်းမိပြီး
ဘယ်လိုတွေများ လမ်းမှားလိုက်မိမလဲ လောဘတက်ပြီး ဘယ်လိုတွေဖြစ်မလဲ
ဆိုတာ သိခြင်ပါက ဒီ ယုံကြည်မှုလို့ အမည်ရတဲ့ကားလေးကို ကြည့်လိုက်ကြပါလို့
အကြံပြုလိုက်ပါရစေ။

Norm Of The North

ကြည့်ရန်Link=http://goo.gl/vS0HLG

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Norm Of The North"ပါ။

Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ်
ကျတော် သဘောကျမိတာက ကာတွန်းကားလေးက လူတွေကို 
မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါ
နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲက စီးပွားရေးသောင်းကျန်းသူ 
မစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ
သုံးထားတဲ့ ပုံစံလေးက အခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံး သရုပ်ကို သရော်ထားတာကိုပါပဲ
ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့
ပိုလာဘဲတို့ရဲ့ ဒေသမှာ မစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီး
ရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီး
တာဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်
ပုံဖော်ပြထားပြီး ကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာ 
ဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးခင်ဗျာ။

Sunday, July 24, 2016

Captain America:Civil War


ကြည့်ရန်Link=http://goo.gl/m22NXG

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Captain America:Civil War"ပါ။

 ဇာတ်လမ်းအကျဉ်းကတော့ Age of Ultron အပြီးမှာ ပြန်လည်စုစည်းထားတဲ့ Avenger တွေဟာ စစ်ဆင်ရင်းတစ်ခု ဆင်နွဲရင်း မတော်တဆ လူတွေသေရပြန်ပါတယ်။ Avenger တွေရဲ့ တိုက်ပွဲတိုင်းမှာ ပျက်စီးမှုတွေ များလွန်းတာကို သည်းမခံနိုင်တော့တဲ့ ကမ္ဘာကြီးဟာ သဘောတူစာချုပ်တစ်ခုကို နိုင်ငံများစွာက လက်မှတ်ထိုးပြီး UN ရဲ့ လက်အောက်မှာ Avenger တွေကို ထားဖို့ဆန္ဒပြုလာပါတော့တယ်။ ဒါကို ဆုံးဖြတ်ချက်အမှားတွေကြောင့် နောင်တရနေတဲ့ Iromman က နောက်ထပ် အမှားတွေကိုတားဆီးနိုင်ဖို့လို့ တွေးပြီး ချက်ချင်းလက်ခံနိုင်ပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ယုံကြည်တဲ့ Captain America ကတော့ 
လုံးဝလက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာချုပ်ကို အတည်ပြုနေစဉ်အတွင်းမှာပဲ အကြမ်းဖက်တိုက်ခိုက်မှု ပေါ်လာပြီး Cap ရဲ့ သူငယ်ချင်း Winter Soilder ပါဝင်ပတ်သတ်နေတယ်လို့ အားလုံးက ထင်သွားတဲ့အခါမှာ သူ့ကို ကူညီချင်တဲ့ Cap နဲ့ ဘက်ကီကို မယုံကြည်တဲ့ Tony တို့လုံးဝစိတ်ဝမ်းကွဲပြီး Avenger တွေ 
ဘက်တစ်ဘက် ကို ရွေးဖို့ အချိန်ကြလာတဲ့အခါမှာတော့...................။

Oh My Ghost!

ကြည့်ရန်Link=http://goo.gl/xFRXvQ

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Oh My Ghost!"ပါ။

ဟိုတယ် တစ် ခုကိုမိန်းမရှာတစ် သိုက် ကဝယ် ယူကြအပြီးမှာ ည တွေဆို"ဆာမနီ"ဆိုတဲ့သရဲမက ခြောက် လွန်းတာ ကြောင့်  နောက် ဆုံးသိလိုက် ရတာကသူတို့ဝယ် ထားတဲ့ နေရာဟာ"ဆာမနီ"တို့သူငယ် ချင်းနှစ် ယောက် အသတ် ခံခဲ့ရတဲ့ နေရာဖြစ် တာ ကြောင့် သူတို့ ပိုင် တဲ့ နေရာက နေ မောင်းထုတ် တာလို့ဇ တ် လမ်းထဲမှာဆိုထားပါတယ်

ဒါဆိုရင် ဆာမနီတို့ဘာ ကြောင့် အသတ် ခံခဲ့ရလဲဆိုတာ မေးခွန်းထွက် လာပါပြီး ဒီအခါမှာ တော့ ဒီဇာတ် ကားရဲ့အဓိကဗီလိန် ကြီး"ပယွန်း"ဆိုတဲ့ အောက် လမ်း မှော် ဆရာမကြီးပါဝင် လာရ တော့မှာပါ
ပယွန်းဟာဆာမနီတို့ကိုအလွန် မုန်းတီး နေသူဖြစ် ပြီး သူတို့ရဲ့ဝိညာဉ် ကိုဖျက် ဆီးဖို့ ရောက် လာသူဆိုပိုမှန် ပါမယ်

Oh My ghostဇာတ် လမ်း တွေရဲ့ထုံးစံအရ ကြောက် စရာ ကောင်းတဲ့အခန်းကြီးသက် သက် မဟုတ် ပဲ ဟာသဇတ် မြူးပုံစံ လေးလည်းဖြစ် တာမို့ ကြည့် ရှု့သူ တွေအပန်း ပြေ စေမှာအမှန် ပါ

Kung Fu Panda 3

ကြည့်ရန်Link=http://goo.gl/mwpLXU

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Kung Fu Panda 3"ပါ။

ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ၀ိညာဉ်ကမ္ဘာက သိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီး လူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်က ဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။ သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် တရားထိုင်ခဲ့ရပြီး ဆရာရှီဖူမှာလဲ အဲ့အစွမ်းတောင် မရှိသေးတဲ့အတွက် ပိုတစ်ယောက် လမ်းစပျောက်နေချိန်မှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဖခင်က သူ့ကို ချီရဲ့လျို့ဝှက်ချက်တွေ သင်ပေးဖို့ဆိုပြီး ပန်ဒါရွာကို ပြန်ခေါ်သွားပါတော့တယ်။ ဘာတွေဆက်ဖြစ်လဲဆိုတာတော့ဒီMovie ကို Download ဆွဲပြီးသာဆက်ကြည့်ကြပါတော့။

Kung Fu Panda 2


ကြည့်ရန်Link=http://goo.gl/5xsgx1

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Kung Fu Panda 2"ပါ။

Kung Fu Panda 2 မှာတော့ 'ပို' ရဲ့ ဘ၀ဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ.... 'ပို' ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်... 'ပို' လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုက ၀င်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်... ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်...ဒါက ပို ရဲ့ ဘဝ ဇာတ်ကြောင်းပါ...

အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာ လက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေပါပြီ...ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ...
ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကို ဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦး

Kung Fu Panda 1

ကြည့်ရန်Link=http://goo.gl/LDaw61

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Kung Fu Panda 1"ပါ။

လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ..

တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ အပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်...သူ့နာမည်ကတော့ 'ပို' လို့ခေါ်ပြီး ၀တုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်...ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီး ကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်...သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး သင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမား ငါးယောက်လည်းရှိပါတယ်...သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်.... တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီး ကျင်းပပါတော့တယ်...ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်... 'ပို' တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့် သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်...

'ပို' တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက် ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်...ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ... 'ပို' လည်း အရမ်းကြည့်ချင်နေတာနဲ့ အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်...ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ...ဒီအချိန်မှာ 'ပို' ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ျေချာ်တွေဖြစ်ပြီး မမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့..... ဇာတ်လမ်းရဲ့အရသာကို အပြည့်အ၀ခံစားနိုင်ဖို့အတွက် ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်... 'ပို' တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲ ဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး.....

Saturday, July 23, 2016

Gods Of Egypt

ကြည့်ရန်Link=http://goo.gl/lqXNPM

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Gods Of Egypt"ပါ။

နတ်တွေနဲ့ လူသားတွေ ရောနှောနေထိုင်ကြတဲ့ အီဂျစ်အယူတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။တူဖြစ်သူ Horusကို နတ်ဘုရားတွေရဲ့ ဘုရင်အဖြစ် နန်းတက်မယ့် ပွဲမှာပဲ ထီးနန်းလုခဲ့တဲ့ Set ကတော့ ဒီဇာတ်ကားရဲ့ အဓိက ဗီလိန်ပါ။ အဓိက
ဇာတ်ဆောင်ကိုတော့Horus လို့ ထင်ထားခဲ့ပေမယ့် သာမန်လူသားတစ်ယောက်ဖြစ်တဲ့ Bekက ပိုပြီး လုပ်ဆောင်ချက်တွေ များနေတာတွေ့ရတော့ အံ့သြမိပါတယ်။ချစ်သူကောင်မလေးအတွက် နတ်ဘုရားတွေရဲ့တိုက်ပွဲတွေ အကြား တိုးဝင်
လာခဲ့တဲ့ Bek ရဲ့ ချစ်ခြင်းတရား...နတ်ဘုရားကိုတောင် အာခံဝံ့တဲ့ သူရသတ္တိ တွေနဲ့ နတ်ဘုရားတွေနဲ့ လူသားတွေကြားက သံယောဇဉ်တွေ ပိုပါ အချိုးကျကျ ထည့်ပြီး ဇာတ်ကို အရှိန်မြှင့်ထားပါတယ်။

Kuch Kuch Hota Hai

ကြည့်ရန်Link=http://goo.gl/KjHxR0

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Kuch Kuch Hota Hai"ပါ။

  မိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုထားရတယ် မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲသမီးအတွက်ကျန်ခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင်ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေး
ကျတဲ့ခေါင်းစဉ်က "အမေ" တဲ့  ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားက အမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ်
ကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ်
စာထဲမှာရေးထားတာက " အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလို သမီးအဖေသိပ်ချစ် ရတဲ့ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့"စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ် ကျောင်းတက်စဉ်ငယ်ဘ၀တုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောက်ျားလေးဆန်ဆန်ကောင်မလေးတစ်ယောက်ရှိတယ် ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘ၀လေးထဲကို
ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေးဝင်လာခဲ့တယ် ဒါပေမဲ့ ထိချက်ကတော့ အတော်ပျင်းတယ် ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင်မဖြေပဲ အပြီးအပိုင်ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ် အဲ့ဒီယောက်ျားရှာကောင်မလေးရဲ့နာမည်က " အန်ဂျလီ"တဲ့ ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့နောက်ဆုံးဆန္ဒဘာတွေရေးခဲ့လဲသမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလား ဖခင်အဖြစ် သရုပ်ဆောင်တဲ့ရှာရွတ်ခန်းကရော ဘယ်လိုရှေ့ဆက်သွားမလဲ....
နောက်ဆုံးမှာ ရှာရွတ်ခန်း ကာဂျိုးနဲ့ ရာနီမူခါဂျီတို့ကအဓိကသရုပ်ဆောင်ထားပြီး
ဆာလ်မန်ခန်းကတော့ ဇာတ်ပို့အနေနဲ့အားဖြည့်ပေးထားပါတယ်

London Has Fallen

ကြည့်ရန်Link=http://goo.gl/RdeLvG

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"London Has Fallen"ပါ။
 
လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က
သူ့မိသားစုသဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။
တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ
တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။
ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။

The Purge : Anarchy

ကြည့်ရန်Link=http://goo.gl/YgKPqZ

ဒီဇာတ်ကားဟာ 2023 ခုနှစ် အမေရိကန် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် အဲ့ဒီအချိန်ကာလအမေရိကန် နိုင်ငံကို (Nation Reborn)အဖြစ်သက်မှတ်ပြီး တည်ထောင်သူအသစ်များ(New Founding Fathers) အမည်ခံ အစိုးရအဖွဲ့မှ နိုင့်ငံမူဝါဒ စည်းစနစ်များကို ပြောင်းလဲချမှတ်ကြပါတယ်။ တည်ထောင်သူအသစ်များ အစိုးရ အနေနဲ့ လူဦးရေ တိုးပွားမှုကိုကန့်သက်ထိန်းချုပ်ရန်အတွက် တစ်နှစ်မှာ တစ်ည သုတ်သင်ရှင်းရေး(Purge) လုပ်ခွင့်ပြုလိုက်ကာ March လ 21 ရက်နေ့ ညနေ 6 နာရီမှ 22ရက်နေ့ မနက် 6နာရီ အထိ 12 နာရီ အတွင်းတွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများကိုတရားဝင် ကျူးလွန် ခွင့်ပေးထားပါတယ်။
ဇာတ်ကားရဲ့ဇာတ်အိမ်ကိုတော့ ဆဋ္ဌမမြောက် သုတ်သင်ရှင်းလင်းရေးညမှာ ဇာတ်အိမ်တည်ထားပါတယ် အဲ့ဒီနေ့ ညမှာ အပြင်ကို လက်နက်အပြည့်အစုံကားတစ်စီးနဲ့ ထွက်လာတဲ့ sergeantတစ်ဦးဟာ အိမ်ကိုအချိုးဖောက်အဝင်ခံရပြီး သုတ်သင်ရှင်းလင်းမှုခံရဖို့ ဆဲဆဲ Eva နဲ့ သူမရဲ့သမီး Cali တို့ကို မနေနိုင်သဖြင့်ဝင်ရောက် ကယ်ဆယ်ခဲ့ပါတယ် နောက်တစ်ခါ ခရီသွားလာရင်း ကားပျက်သွားပြီး သုတ်သင်ရှင်းလင်းရေးညကြီးမှာ ပိတ်မိသွားတဲ့ Shane နဲ့ Liz ဆိုတဲ့ လင်မယားနှစ်ယောက် နဲ့ထပ်မံ တွေ့ဆုံခဲ့ကြပြီး ဒီလူလေးယောက်ရဲ့
ဒီတစ်ညတာ အသက်ရှင်သန်ရေးဟာ အဆိုပါ sergeant ရဲ့ ခေါင်းပေါ်ကိုရောက်လာပါ တော့တယ် သူတို့ဒီတစ်ညတာကိုအသက်ရှင်လျှက်ဖြတ်သန်းနိုင်ပါ့မလား sergeantကရာ ဒီလူလေးယောက်လုံးကိုဘေးကင်းအောင် ကူညီနိုင်ပါ့မလား လက်နက်အပြည့်အစုံ နဲ့ အပြင်ကို ထွက်လာ တဲ့ sergeant ကရော သုတ်သင်ရှင်းလင်းရေးပွဲမှာ ပါဝင်ဆင်နွဲဖို့များလား ဒါမှမဟုတ်ဘာအကြောင်းတွေရှိလို့လဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ ဇာတ်ကားတစ်ကားလုံးရင်တထိတ်ထိတ်အသဲတစ်ယားယား ကြည့်ရှုခံစားရမယ့် ဒီဇာတ်ကားဟာ iMDb rating အနေနဲ့ 6.5/10 ရရှိထားပြီး Action/Thriller အမျိုးအစားဖြစ်ပါတယ် Action ကားကြမ်းကြမ်းမှကြိုက်နှစ်သတ်သူတွေ လုံးဝအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Han Htoo Zawပဲဖြစ်ပါတယ်)
CD - CM


Friday, July 22, 2016

The New Adventures of Aladdin

ကြည့်ရန်Link= http://goo.gl/RG8Ltc
 
အာလာဒင်ပုံပြင်ကိုဆန်းသစ်ထားတဲ့ ပြင်သစ်ဇာတ်ကားပါ။
အာလာဒင်ကို Comedy ဇာတ်ကားဖြစ်အောင်ရိုက်ကူးထားပါတယ်။
တွေ့ဖူးသမျှ အာလာဒင်ဇာတ်ကားတွေထဲမှာတော့ ဒီဇာတ်ကားက အတော်အခွက်ပြောင်ပါတယ်။
တစ်ကားလုံး ရယ်ရမလို စိတ်ပျက်ရမလိုနဲ့ သေချာတာကတော့ ကြားဖူးနေကြ အာလာဒင်နဲ့လုံးဝမတူတာပါပဲ။
ဇာတ်ကားတစ်ကားလုံးကို သွက်လက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပံ့ပိုးထားတဲ့အပြင်
အာလာဒင်သီဆိုတဲ့ Rap သီချင်းတွေကလဲ နားထောင်လို့ကောင်းပါတယ်။
အားလပ်ရက်မှာ Comedy ဇာတ်ကားနဲ့ ပေါ့ပေါ့ပါးပါးအနားယူကြည့်ရှုဖို့သင့်တော်ပါတယ်။
Encoder....Nyeinsaeya Aung
CD - CM
 

Thursday, July 21, 2016

The Taking of Tiger Mountain

ကြည့်ရန်Link=http://goo.gl/qElh5k

အခုကားလေးကတော့စစ်ကားကိုကြိုက်တဲ့ သူတွေအတွက်အဆင်ပြေမဲ့ကားလေးပါ။

ဇာတ်ကားနာမည်လေးကတော့"The Taking of Tiger Mountain" ပါ။ 

တရုတ်စစ်သားတွေကကျားတောင်ပေါ်မှာရှိတဲ့ ဓားပြတွေကိုဖြိုခွင်းတဲ့ကားလေးပါ။
ဓားပြတွေဆိုပေမယ့်ကမ္ဘာစစ်တုန်းကလက်နက်တိုက်ကိုရထားပြီးအင်အားတောင့်တဲ့ဓားပြတွေပါ။
သူတို့နယ်မြေကလည်း တောင်ပေါ်မှာ စခန်းတည်ထားတာဆိုတော့ဝင်တိုက်ဖို့လည်း အခက်တွေ့နေရာက သူလျိုတစ်ယောက်ရဲ့ အကူအညီကို ယူပြီးတိုက်စစ်ဆင်ခဲ့တာပါ။ဘယ်လိုတိုက်စစ်ဆင်ခဲ့လည်းဆိုတာတော့ ရုပ်ရှင်ကားလေးကိုကြည့်လိုက်ပါခင်ဗျာ။ အင်အားကလည်းအရမ်းကွာပါတယ်။စစ်သား၃၀ ၊၄၀ လောက်နဲ့ဓားပြ ၃၀၀၊ ၄၀၀ လောက်ကိုတိုက်စစ်ဆင်ခဲ့တာပါ။အရမ်းကောင်းတဲ့စစ်ကားလေးပါ၊ စစ်ကားမကြိုက်တဲ့သူတွေတောင်ကြိုက်သွားစေမှာပါ။

Alice Through the Looking Glass


   အခုကားလေးကတော့လူနဲ့ကာတွန်းကိုပေါင်းပြီး ရိုက်ထားတဲ့ကားလေးပါ။

ဇာတ်ကားနာမည်လေးကတော့" Alice Through the Looking Glass"ပါ။

"Alice" ဆိုတဲ့ ကောင်မလေးကမှန်ထဲကနေတစ်ဆင့် နောက်ကမ္ဘာကိုရောက်သွားပြီး သူ့သူငယ်ချင်း "Hatter"ကိုသွားကူညီခဲ့တာပါ။Hatter ရဲ့ မိသားစုကိုအဲ့ကမ္ဘာကဘုရင်မလေးရဲ့အမက ရန်ညိုးဖွဲ့ပြီးဖမ်းထားတာပါ။Alice ကအချိန်ကို နောက်ပြန်လှည့်ပြီး သွားကယ်ပေမယ့် အတိတ်ဆိုတာပြန်ပြင်လို့ မရမှန်း သူသိခဲ့ပါတယ်။ဒါပေမယ့်Alice က သူ့သူငယ်ချင်း Hatter ရဲ့မိသားစုကို ကယ်တင်နိုင်ခဲ့ပါတယ်။အတိတ်ကိုပြန်ပြင်လို့ မရပေမယ့် သူဘယ်လိုလုပ်ခဲ့တာလဲသိချင်ရင် ရုပ်ရှင်ကားလေးကိုကြည့်ကြည့်လိုက်ပါ။ လူကြီးတွေကြိုက်မယ့်ပုံစံမဟုတ်ပေမယ့် ဇာတ်လမ်းလေးကအရမ်းကောင်းလို့ ကြည့်ကောင်းစေမဲ့ရုပ်ရှင်ကားလေးပါ။

Molly Moon


             အခုတင်ပေးလိုက်တဲ့ကားလေးကတော့ကြည့်ရှု သူတွေကိုစိတ်အပန်းပြေစေနိုင်မှာပါ။ 

ဇာတ်ကားနာမည်လေးကတော့ "Molly Moon"ပါ။

သနားဖို့ကောင်းတဲ့မိဘမဲ့ကလေးလေးတွေ အကြောင်းကိုဆန်းသစ်ပြီးရိုက်ထားတဲ့ကားလေးပါ။ဇာတ်ကားလေးထဲမှာ" Molly Moon "ဆိုတဲ့ မိဘမဲ့ကောင်မလေးကစာကြည့်တိုက်ကနေ အိပ်မွေ့ချ နည်းစာအုပ်လေးကိုရသွားခဲ့ပါတယ်။ Molly Moon လေးကစာအုပ်ကိုလေ့လာပြီး သူတို့ကျောင်းအုပ်ကြီးကို အိပ်မွေ့ချကာ သူဖြစ်ချင်တာတွေလုပ်ခိုင်းရင်း သူ့အချစ်ဆုံး သူငယ်ချင်း"ရော်ကီ"နဲ့ချိန်းထားတာမေ့သွားခဲ့ပါတယ်။အဲ့ဒါကိုရော့ကီ ကစိတ်ဆိုးပြီး မွေးစားမဲ့သူတွေ နောက်ကို လိုက်သွားတယ်။ Molly Moonလေးကတော့ ရော်ကီကို လိုက်ခေါ်မယ်ဆိုပြီး ဂေဟာက ထွက်လာတဲ့အချိန်မှာ သူ့နောက်ကို လူဆိုးတစ်ယောက်က အိပ်မွေ့ချနည်းစာအုပ်ကို လိုချင်လို့လိုက်ဖမ်းရာက Molly moon လေး ရော်ကီကိုတွေ့ပြီးပြန်ခေါ်နိုင်မလား။လူဆိုးကဖမ်းမိပြီး Molly Moon လေးဘာဖြစ်သွားမလဲဆိုတာ ရုပ်ရှင်ကားလေးကိုပဲအားပေးလိုက်ကြပါ။စိတ်ခံစားမှုလေးတစ်ခုကိုပေးနိုင်မယ့်ရုပ်ရှင်ကားလို့ထင်ပါတယ်။

Tuesday, July 12, 2016

The Man From U.N.C.L.E



ကြည့်ရန်Link = http://goo.gl/4aEYSy


ဒီကားလေးကတော့အတိုက်အခိုက်ကြိုက်သူတွေ အတွက်အသဲစွဲစေမယ့်ရုပ်ရှင်ကားလေးပါ။

ရုပ်ရှင်ကားနာမည်လေးက"The Man From U.N.C.L.E"ပါ။
ရန်ဘက်တွေဖြစ်တဲ့အမေရိကန်နဲ့ရုရှားတို့က နာဇီတွေ နယူကလီယားတီထွင်နေတာကို တားဆီးဖို့ပူးပေါင်းပြီးတိုက်ခိုက်တဲ့ကားလေးပါ။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးပါ။အမေရိကန်စပိုင်နဲ့ ရုရှားစပိုင်တို့ကနာဇီတွေ ဖမ်းပြီးခိုင်းထားတဲ့ ဒုံးကျည်ပညာရှင်ရဲ့သမီးကို ခြေရာခံလိုက်ရင်းတိုက်ခိုက်ခဲ့ကြပါတယ်။နောက်ပိုင်းနာဇီတွေကို စုံစမ်းရမယ်ဆိုတော့ စပိုင်နှစ်ယောက်ကပေါင်းပြီးအမှုလိုက်ခဲ့တာ တစ်ယောက်နဲ့တစ်ယောက်နည်းပညာမတူ လုပ်ကိုင်ပုံမတူနဲ့ အရမ်းလဲရီရပါတယ်။ဖြစ်ချင်တော့သူတို့သွားခေါ်ခဲ့တဲ့ ဒုံးကျည်ပညာ ရှင်ရဲ့သမီးကလည်း ဗြိတိန်ကစပိုင်ပါပဲ။ဒီလောက်ဆိုအတော်စိတ်ဝင်စားဖို့ကောင်းမှန်း ကြည့်ရှုသူတွေသိလောက်ပြီပေါ့။အဲဒါကြောင့်ဇာတ်ကားလေးကိုကြည့်ဖြစ်အောင် ကြည့်လိုက်ပါခင်ဗျာ။

Tuesday, July 5, 2016

X-Men (Apocalypse)

ကြည့်ရန် Link = http://goo.gl/4vixBy
 

MARVEL ရဲ့နာမည်ကြီးကားတွေထဲက တစ်ခုဖြစ်တဲ့ X-MAN ရဲ့နောက်ဆုံးထွက်ထားတဲ့ X-MAN: APOCALYPSE ရုပ်ရှင်ကားလေးကို တင်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ အရင်ထွက်ရှိထားတဲ့ X-MANကားတွေနဲ့ မတူပဲ သန္ဓေပြောင်းလူသားတွေက ကမ္ဘာဦးအစ ကတည်းကရှိနေတယ်ဆိုတာကိုရိုက်ထားတဲ့ ရုပ်ရှင်ကားလေးပါ။ဒါပေမယ့်လည်းသာမန်လူသားတွေက အဲ့အချိန်ကတည်းက သန္ဓေပြောင်းလူသားတွေ စိုးမိုးတာကိုလက်မခံပဲ တိုက်ခိုက်ခဲ့တာပါ။အဲ့အချိန်ကစွမ်းအားအကြီးဆုံးဖြစ်တဲ့ "En Sabah Nur"က ကမ္ဘာကိုအုပ်စိုးပြီး သူ့ရဲ့စွမ်းအင်ကို မြှင့်တင်နေတဲ့အချိန်မှာ လူတွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပါတယ်။သူပြန်လည် နိုးထလာတဲ့ အခါမှာကမ္ဘာကိုသိမ်းပိုက်ဖို့ သန္ဓေပြောင်းလူသားတွေကိုစုစည်းခဲ့ပါတယ်။
သူ့အကြံအစည်အောင်မြင်မလား။ထုံးစံအတိုင်း Charles ကပဲကယ်တင်နိုင်မလား ဆိုတာကိုရုပ်ရှင်ကားလေးပဲ ဆက်ကြည့်လိုက်ပါနော်။အရမ်းကောင်းတဲ့ကားလေးမို့ကြည့်ရှုသူတွေ အကြိုက်တွေ့စေမှာပါ။Animationတွေကတော့ MARVELရုပ်ရှင်ကားတွေကြည့်ဖူးသူတွေ သိမှာပါပြောစရာမလိုပဲအရမ်းမိုက်ပါတယ်။