Thursday, December 1, 2016

The Legend of the Blue Sea (2016) (မြန်မာစာတန်းထိုး)


အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Legend of the Blue Sea"ပါ။

မနေ့ကမှထွက်တဲ့ Drama အသစ်စက်စက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..အားလုံးသိကြတဲ့
အတိုင်းပဲ ဒီဇာတ်ကားဟာ မထွက်ခင် သုံးလလောက်အလိုကတည်းက တကယ်ရေပန်းစားနေတဲ့
ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသားကလည်း အချစ်တော် လီမင်ဟိုနဲ့မင်းသမီးကတော့ ကိုရီးယားနိုင်ငံ
၇ဲ့ National Love လို့တောင်တင်စားရတဲ့ ဂျန်ဂျီဟွန်းပေါ့..ဒီလိုနာမည်ကြီးဇာတ်ကောင် ၂ခုအပြိုင်
ပါ၀င်တဲ့Legend Of The Bluesea ဆိုတဲ့ဇာတ်ကားဟာ Nov 16 မှာစတင်ပြသခဲ့ပါပြီ
ဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်သူဒါရိုက်တာကတော့ Jin Hyeok ဖြစ်ပါတယ် အပိုင်း ၂၀ ပြသ
သွားမှာဖြစ်ပြီး ဇန်နဝါရီ  19 ရက်နေ့မှာနောက်ဆုံးအပိုင်းကိုတင်ဆက်သွားပါမယ် ထုတ်လွှင့်တဲ့
ရုပ်သံလိုင်းကတော့ SBS ဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်းကိုအကြမ်းဖျင်းမညွှန်းခင် အချက်အလက်လေးတွေနဲ့တင်ဆက်ပါဦးမယ်
ဒီဇာတ်ကားဟာ လီမင်ဟိုတစ်ယောက် စစ်တပ်မှာ ၂ နှစ်အမှုမထမ်းခင် သရုပ်ဆောင်တဲ့
နောက်ဆုံး ဒရာမာတစ်ခုဖြစ်ပါတယ်..ပြီးတော့မင်းသမီး ဂျျန်ဂျီဟွန်းကလည်း သူကလေးမွေးပြီး
နောက် ပထမဆုံး ပြန်လည်သရုပ်ဆောင်တဲ့ ဒရာမာတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းကို
သြဂုတ်လ 19 ရက်နေ့ကနေစတင်ရိုက်ကူးခဲ့ပါတယ် Palau ကျွန်း နဲ့ Goesan တို့မှာရိုက်ကူးထားပြီး
နောက်ဆုံး စပိန်မှာလည်း သွားရောက်ရိုက်ကူးထားပါတယ်

ဇာတ်လမ်းအညွှန်း.........

၁၅၈၆ ခုနှစ် မှာ ရွာတစ်ရွာမှာမုန်တိုင်းအသည်းအသန်ကျပြီးတဲ့နောက်
ပင်လယ်ပြင်ကနေ ရေသူမ မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ဟာ
မုန်တိုင်းကြောင့် သောင်တင်ခဲ့ပါတယ်..ရွာအုပ်ချုပ်သူက ဖမ်းဆီးထားခဲ့ပြီး
အသစ်ရောက်လာတဲ့ မြို့တော်ဝန်ကိုဝင့်ကြွားစွာပြသချိန်မှာတော့
မြို့တော်ဝန်ဟာသနားပြီး ရေသူမ ကို ပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ်
မြို့တော်ဝန်ရဲ့လက်က အထိန်းအမှတ် ကျောက်စိမ်းလေးကို
ရေသူမကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်
နောက်ထပ်နှစ်ပေါင်း 430 ကြာတဲ့အခါမှာတော့
အဲ့ရေသူမလေးဟာမုန်တိုင်းကြောင့်ပဲ ကုန်းမြေပြင်ပေါ်မှာ
နောက်တစ်ခေါက်သောင်တင်လာပြန်ပါတော့တယ်
ဗိုက်ကလည်းဆာဆာနဲ့တွေ့တဲ့ဟိုတယ်အခန်းထဲခိုးဝင်ပြီး
အစားအသောက်တွေခိုးစားခဲ့တယ်..ဖြစ်ချင်တော့
အဲ့အခန်းမှာတည်းနေတဲ့သူက ဆိုးလ်မြို့ကနေ
ခဏလာရောက်အနားယူနေတဲ့ မျက်လှည့်ပညာရှင်
စိတ်ညို့ပညာရှင် တစ်ဦးပါ တနည်းအားဖြင့်
ပြောရမယ်ဆိုရင်တော့ မြို့တော်ဝန်လေး ဒန်ယောင်း
လူဝင်စားတဲ့သူပေါ့ ..သူဟာ ရေသူမလေးကို ရဲလက်အပ်လိုက်ပေမယ့်
သနားစိတ်လေးကတော့ရှိခဲ့တယ်..ပိုပြီးစိတ်ဝင်စားစေတာက
ရေသူမလေးလက်က လက်ကောက်ကိုမြင်လိုက်ရတော့
နောက်ကြောင်းစုံစမ်းတဲ့အခါ နှစ်ပေါင်း 400 ကျော်သက်တမ်း
ကြာပြီး ဒေါ်လာ 6သောင်းလောက်တန်တယ်ဆိုတာကိုသိရတဲ့အခါ
ရေသူမလေးကိုပြန်ရှာပြီး ကြင်နာစွာဆက်ဆံပါတော့တယ်
ဒီလိုနဲ့ သူတို့တွေဘာတွေဆက်ဖြစ်မလဲ ဒန်ယောင်းကရော
ဘဝဟောင်းကိုမှတ်မိပါ့မလား.ရေသူမလေးကရော
သူ့ကိုမှတ်မိပါ့မလား..ကမ္ဘာပေါ်ကိုရောက်လာတဲ့
ရေသူမလေးနောက်ဆုံးမျိုးဆက်လေးဟာလည်း
လူတွေနဲ့အတူနေထိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပါ။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

                     Episode 1                        Episode 2

                     Episode 3                        Episode 4

                     Episode 5

Night of the Living Deb (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/VpuWL8

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Night of the Living Deb"ပါ။

ပရိသတ်ကြီးရေ resident evilတို့ Train to busan တို့ world war zတို့ အဲလို virusကြောင့် တနိင်ငံလုံးသရဲဖြစ်သွားတဲ့ကားမျိုးတွေကိုမှ ကြည့်ချင်ရင် ဒီကားလေးကျန်ပါသေးတယ်လိုပြောပါရစေ။admin ကိုယ်တိုင်လည်း ဒီလိုကားမျိုးတွေဆိုအသေကြိုက်ခဲ့တာ ပရိသတ်ကြီးလည်း ကြိုက်လိမ်မယ်လို ထင်လို တင်ဆက်ပေးလိုက်ရပါပြီ။
imbd 5.5ရရှိထားပြီး လူအကြိုက်များဆုံးကားစရင်းထဲမှာလည်းတခုပါဝင်တဲ့ကားလေးပါ။ လုံးဝ horrorဆန်တာမဟုတ်ပဲcomedyလေးပါတွဲဖက်ထားတာမို ကလေးလူကြီးမရွေးသဘောကျမယ် ကားလေးတခုဖြစ်မယ်လိုလည်း ပြောပါရစေ။
ဇာတ်လမ်းနဲပတ်သက်ပြီးအရှည်ကြီးပြောပြလိုက်ရင် ပရိသတ်တွေ feel နည်းနည်းငုတ်သွားမှာဆိုးလို့တိုတိုပဲပြောလိုက်ပါရစေ။ဘာကြောင့် zombileတွေဖြစ်သွားရတာလဲဆိုတော့ ရေထုတ်ပေးတဲ့ companyရဲ ပိုက်ဆံချွေတာရေးအမှားတခု ကြောင့်virusပိုးပါသော ရေကို လူတွေသောက်သုံးမိရာမှ စတင်လာပါတယ်။ ဒါဆိုရင်ပရိသတ်တွေမျက်လုံးထဲမှာ ပြေးမြင်လောက်ပြီလိုထင်ပါတယ်။ခုလို ညချမ်းလေးမှာ zombileကားကောင်းတခုနဲ အနားယူပါဦးလို့ ပြောရင်း ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Govindudu Andari Vaadele (2014) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/a7an1h

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Govindudu Andari Vaadele"ပါ။

မြန်​မာပြည်​မှာဘိုင်​ရာဗာဆိုပြီးလူသိများလူကြိုက်​များတဲ့မင်​းသားRan charamကို​တော့သိကြမယ်​ထင်​ပါတယ်​။ဒီကား​လေးကbollywoodကားအ​ဟောင်​း​လေးဆို​ပေမယ်​့ တစ်​ခါကြည်​့ပြီးတိုင်​းပြန်​ကြည်​့ချင်​တဲ့စိတ်​​လေးဖြစ်​​ပေါ်​စေမှာပါ။ဒါ​ကြောင်​့လည်​းဖုန်​းထဲမှာသိမ်​းထားချင်​သူများအတွက်​ခုလိုbollywoodကားအ​ဟောင်​း​လေးက်ိုပဲပြန်​လည်​တင်​ဆက်​လိုက်​ပါ​ရ​စေ။
-----------------------------------------------------
အဘိုးဖြစ်​သူနဲ့အ​ဖေဖြစ်​သူကြားပြန်​လည်​သင်​့မြတ်​​အောင်​ကြိုးစားထားတဲ့ကား​လေးပါ။စည်​းကမ်​းကြီးမှု​တွေ မိသားစုထက်​ပိုပြီးရွာ​ကောင်​းကျိုးကိုကြည်​့တတ်​ပြီး တကယ်​ကိုတယူသန်​တဲ့အဘိုးဖြစ်​သူနဲ့မြ်ို့ပြကြီးမှာ​ ​နေထိုင်​လိုတဲ့အ​​ဖေဖြစ်​သူကြားလွဲမှား​နေတဲ့သ​ဘောထားခံယူချက်​ကို ပြန်​လည်​သင်​့မြတ်​​အောင် ​မြေးဖြစ်​သူအဘီ(Ram)ရဲ့ကြိုးစားပုံကိုရိုက်​ကူးတင်​ဆက်​ထားတဲ့ကား​ကောင်​းတစ်​ခုပါ။ဒါ​ကြောင်​့USAက​နေIndiaမှာရှိတဲ့အဘိုးဖြစ်​သူ​နေထိုင်​​နေတဲ့ရွာ​လေးကိုလိုက်​လာခဲ့တယ်​။ဒီမိသားစု​လေးကိုပြန်​လည်​သင်​့မြတ်​​အောင်​ အဘီ(Ram)ရဲ့အနစ်​နာခံပုံကြိုးစားပုံ​တွေကို အဘိုးဆန္ဒကိုဖြည်​့ဆည်​း​ပေးလိုတဲ့​မြေးတစ်​​ယောက်​အဖြစ်​အသိမခံဘဲကူညီတတ်​တဲ့​ကောင်​​လေးတစ်​​ယောက်​အဖြစ်​နဲ့ အထ​မြောက်​​အောင်​လုပ်​​ဆောင်​​ပေးခဲ့ပုံ​တွေကိုဒီကား​လေးမှာ ခံစားရ​စေမှာပါ။

မိသားစုတစ်​ခုရဲ့အနှစ်​သာရကဘာလဲဆိုတာ ဒီကား​လေးကမီး​မောင်​းထိုး​ဖော်​ပြ​နေပါတယ်​။အားလုံးပဲရွှင်​လန်​းကြပါ​စေခင်​ဗျ ။​

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Phantasm (1979) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/A4RU1C

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Phantasm"ပါ။

Horror-Scifi အမျိုးအစားမို့ ပရိသတ်ကြီး နည်းနည်းတော့ ရင်တုန်ရပါလိမ့်မယ်
ခုချိန်ထိ ကြောက်စရာအကောင်းဆုံး Horror တွေ စာရင်းပြုစုကြမယ်ဆိုရင် Phatasm ကို မပါမဖြစ်ထည့်သွင်းရလောက်တဲ့အထိအောင်ပါပဲ။ နောက်လဲ
အလျဉ်းသင့်ရင် သင့်သလို Classic လေးတွေ ကြိုးစားတင်ဆက်သွားပါမယ်

ကြည့်ချင်စိတ်လေး ရှိအောင် ဇါတ်လမ်းကို နည်းနည်းလေး အစဖေါ်ပြောပြထား
မယ်ဗျာ။
 အသုဘအိမ်တွေက အလောင်းတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ခိုးတဲ့ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက် အကြောင်း ကို
ဇါတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဘာကြောင့်ခိုးလဲဆိုတာတော့.....
ပရိသတ်ကြီး ကိုယ်တိုင် အဖြေရှာကြည့်ကြပါဦးဗျ။ ကျေးဇူးတင်ပါတယ်...

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Phantasm IV: Oblivion (1998) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/8C2ok1

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Phantasm IV: Oblivion"ပါ။

မင်္ဂလာပါ ပရိသတ်ကြီးရေ အရမ်းကြောက်ဖိုကောင်းတဲ့ phantasm ရဲ့ ထွက်ပြီးသမျှသုံးကားလုံးက သရဲကားချစ် ပရိတ်သတ်ကြီးအတွက် စိတ်အဆာပြေစရာဟငး်တစ်ခွက်ဖြစ်မယ် ဖြစ်မယ်ဆိုရင်တော့သေချာပါတယ် ခု ဒီကားလေးက ဆားတခွက်ဖြစ်ပါ လိမ်မယ်ခင်ဗျာ။ horrorကားကိုမှကြိုက်တယ်ဆိုရင်  ဒီကားလေးမကြည့်လိုက်ရရင်တော့ အတော်လေးနောင်တရမိပါလိမ်မယ်😁😁
 တကယ်ဘယ်နခါပြန်ကြည်ကြည် ရင်တုန်စရာကောင်းတဲ့ phantasmကားလေးကို 1 to 3အထိတင်ဆက်ပေးပြီးပါပြီ။ ကမ႓ာ ထိတ်လန့်စရာကားတွေကိုlistလုပ်လိုက်ရင် ဒီကားကမပါမဝင်ဖြစ်ဇာတ်ကားတခုပါ။   ခုနောက်ဆုံးအပိုင်းမှာတော့ အရပ်ရှည်ရှည်နဲလူကြီးကို အစကသုဘရာဇာတယောက်လို မိုက်တို့တူရီးနစ်ယောက်လုံးအစကထင်ခဲမိတာ။် တကယ်တမ်း အရပ်ရှည်ရှည်လူကြီးက သုဿန်ကအလောင်းတွေကို ငရဲလိုနေရာမှာပြန်လည်အသက်သွင်းပြီး စစ်တပ်တခုလို့ဖန်တီးနေတာပါ။  သူအကိုကားတိုက်လို့သေတာမဟုတ်ဘူးဆ်ုတာသိပြီးသွားပြီး မိုက်ရဲ့ ရည်ရွယ်ချက်က အရပ်ရှည်ရှည်လူကြီးရဲ့ လျိုဝှက်ချက်ကဘာလဲဆိုတာ သိချင်တာပါ။ဒါကြောင့်လည်း သူနောက်လိုက်ရင်း ကြောက်စရာသတ္တဝါတွေ အန္တရာယ်တွေ  တိုက်ခိုက်ခန်းတွေကို ရင်တမမနဲတွေမြင်ရမှာပါ။ပြီးတော့ အရပ်ရှည်ကောင်ကြီးကလည်းမိုက်လို သူရဲကောင်းမျိုးကို အသုံးချပုံသွင်းချင်တဲ့အတွက် သူကိုအမျိုးမျိုးသတ်ဖိုကြိုးစားတဲ့ သည်းထိတ်ရင်ဖို့အခန်းပေါင်းများစွာ ပါဝင်လာတာကြောင့် အကြောင်းမဲသက်သက်ခြောက်လန့်နေတာမျိုးမဟုတ်ဘဲ horrorရသရကိုအပြည်အဝခံစားရစေမှာပါ။ပရိသတ်များကို အစကနေအဆုံး ဆွဲခေါ်သွားမယ်ကားကောင်းလေးတခုဖြစ်တာကြောင့် ကြည့်ရှုခံစားကြည်ပါခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

I.T. (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/zbdRHm

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"I.T."ပါ။

ပရိသတ်ကြည့်ဖို့ ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားဖြစ်တဲ့ I.T ပါ။ ဒီဇာတ်ကားထဲက အဓိကသရုပ်ဆောင်က ဂျိမ်းစ်ဘွန်းမင်းသားဟောင်း ပီးရာ့စ်ဘရော်စနန်ဖြစ်တာမို့ ပရိသတ်တွေသဘောကျမယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း ရှင်မိသားစုကို နည်းပညာအတိုင် ပင်ခံက သစ္စာဖောက်ပြီး အသက် အန္တရာယ်ခြိမ်းခြောက်ဒုက္ခပေးတဲ့ အကြောင်း ရိုက်ကူးတင်ဆက် ထားတဲ့ ဇာတ်ကားလေးပါ။ မိုက်ရီဂန်ဟာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ် ယောက်ဖြစ်သလို ကျက်သရေရှိ တဲ့ ဇနီးရယ်၊ ချောမောလှပတဲ့ ဆယ်ကျော်သက်သမီးလေးတစ် ယောက်ရယ် ပိုင်ဆိုင်ထားတာမို့ ကံအကောင်းဆုံး လူတစ်ယောက် ရယ်လို့ ဆိုရမှာပါ။ မိုက်တို့မိသား စုဟာ ခေတ်ရှေ့ပြေးအဆင့်မြင့် နည်းပညာသုံး စမတ်အိမ်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မိုက် က လေယာဉ်တွေငှားရမ်းတဲ့ စီး ပွားရေးလုပ်ငန်းကို လုပ်ကိုင်သလိုသူ့လုပ်ငန်းတွေ အကုန်လုံးကို လည်း နည်းပညာနဲ့ပဲ ချိတ်ဆက် လုပ်ကိုင်ထားတာပါ။ တစ်ရက်မှာတော့ သူ့လုပ် ငန်းထဲကို အက်ဒ်ပေါ်တာဆိုတဲ့ အိုင်တီပညာရှင်တစ်ယောက် ဝင် လာခဲ့ပြီး အက်ဒ်ရဲ့လုပ်ငန်းကျွမ်း ကျင်မှုကို သဘောကျသွားတဲ့ မိုက်ဟာ သူ့ရဲ့ စမတ်အိမ်ကိုခေါ် သွားခဲ့ကာ ဘေးကင်းလုံခြုံမှုအ တွက် ပြင်ဆင်ထားတဲ့ အဆင့်မြင့် စနစ်တွေကို ပြသခဲ့ပါတယ်။ တကယ်တော့ အက်ဒ်ဟာ မိုက်ထင်သလို စိတ်ကောင်းရှိတဲ့ လူတော်တစ်ယောက်တော့ မဟုတ်ပါဘူး။ မိုက်ရဲ့အိမ်ထဲက လုံခြံုရေးစနစ်အားလုံးကို သိသွား သလို မိုက်ရဲ့ သမီးကို ပစ်မှတ် ထားကာ ဒုက္ခပေးဖို့ လုပ်ခဲ့ပါတော့တယ်။ မိုက်ရဲ့ သမီးကိတ်လင်းရဲ့ ကျောင်းအထိလိုက်သွားပြီး မမြင် အပ်တဲ့ကိုယ်ရေးကိုယ်တာပုံရိပ် တွေကို အွန်လိုင်းပေါ်တင်မယ်ဆို ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ သလို မိုက်ရဲ့ စီးပွားရေးလုပ်ငန်း ကိုလည်း ဝင်ပြီး ဒုက္ခပေးခဲ့ပါ တယ်။ မိုက်က သူ့ရဲ့ကိုယ်ရေးကိုယ် တာကိစ္စတွေကစ စီးပွားရေးလုပ် ငန်းအဆုံး ကိစ္စဟူသမျှကို နည်း ပညာအခြေခံ ချိတ်ဆက်လုပ်ကိုင်ထားတာမို့ ကလစ်တစ်ချက် ခေါက်လိုက်တာနဲ့ အရာရာဆုံးရှုံး သွားမယ့်အခြေအနေကို အက်ဒ် က ဖန်တီးခဲ့ပါတော့တယ်။ ဒီအ ခြေအနေတွေသိသွားတဲ့ မိုက်အဖို့ သူ့ဘဝကိုရော၊ သူ့မိသားစုကို ရော၊ စီးပွားရေးလုပ်ငန်းတွေကို ရော ကာကွယ်နိုင်ဖို့အတွက် အချိတ်အဆက်ဟောင်းတွေနဲ့ တန်ပြန်ခုခံနိုင်ဖို့ ကြိုးပမ်းရပါတော့ တယ်။ မိုက်ရဲ့ကြိုးပမ်းမှုတွေက အက်ဒ်ရဲ့ ဆိုးသွမ်းယုတ်မာမှုတွေ ကို အနိုင်ယူနိုင်ပါ့မလား၊ အရာ ရာကို နည်းပညာအပေါ်မှာပဲ ပုံ အပ်ထားတဲ့ မိုက်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြံုရမှာ လဲဆိုတာ ကိုယ်တိုင်ဆက်ကြည့် ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဂျိမ်းစ် ဘွန်းမင်းသားဟောင်း ပီးရာ့စ်ဘ ရော်စနန်က စီးပွားရေးလုပ်ငန်း ရှင်သူဌေးကြီး မိုက်ရီဂန်အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး အိုင် တီပညာရှင် အက်ဒ်ပေါ်တာအ ဖြစ် ဂျိမ်းစ်ဖရိချ်ဗစ်လီ၊ မိုက်ရဲ့ဇနီးအဖြစ် အန်နာဖရိုင်း၊ ကိတ်လင်း ရီဂန်အဖြစ် စတက်ဖနီစကော့တို့ က သရုပ်ဆောင်ထားကြတာပါ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Antboy 3 (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/h7Nle5

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Antboy 3"ပါ။

2016 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 5.4 ထိရရှိထားတဲ့Ant Boy ဆိုတဲ့ စူပါဟီးရိုးကားလေးကို တင်ပေးလိုက်ပါတယ်ဇာတ်ကားလေးကတော့ ကလေးကြိုက် PG ကားလေး ဖြစ်တာကြောင့်အထွေအထူး ညွှန်းစရာတော့ မရှိပါဘူးဇာတ်လမ်းသဘောကတော့ ပုံမှန် စူပါဟီးရိုးပုံစံပဲဗီလိန်ပါမယ် စွမ်းအားရှင်စူပါဟီးရိုးတယောက်ပါပါ့မယ်ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ EXO Farm ဆိုတဲ့ကုမ္ပဏီကြီးမှာ စီအီးအို အသစ်တက်လာရာမှအသစ်ဝင်လာတဲ့ စီအီးအိုက မတော်လောဘနဲ့ကမ္ဘာကြီးကို အုပ်စိုးဖို့ကြံစည်ရာမှ အန့်ဘွိိုင်းက အမည်မသိစကိတ်စီးအဖျက်အမှောင့်ပယောဂ အကျင့်ယုတ် စက်ရုပ်ကြီးကိုနှိမ့်နင်းဖို့ကြုံလာရာမှ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုပရိတ်သတ်ကြီီးကပဲ ဆက်ကြည့်လိုက်ကြတော့ဗျာ

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Wednesday, November 30, 2016

Inferno (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/pQrlTW

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Inferno"ပါ။

ဒီဇာတ်ကားဟာ မင်းသားကြီးတွမ်ဟန့်ရဲ့ နာမည်ကျော် ဒါဗင်ချီကုဒ် နဲ့ Angels and Demons ဇာတ်ကားအပြီးမှာ ထွက်လာတဲ့ ၃ ကားမြောက်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပြီး လက်ထဲမှာလည်း အစိုးရအဖွဲ့တွေက အသည်းအသန်လိုက်နေတဲ့ ငရဲရဲ့မြေပုံ ပဟေဠိတစ်ခုတွေ့လာတဲ့အခါ…..မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်း သဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့…..။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Angels & Demons (2009) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/e8f8Mt

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Angels & Demons"ပါ။

ဒီဇာတ်ကားကတော့ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပြီး
မင်းသားကြီး Tom Hanks အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီထဲမှာ သိဒ္ဓိဆန်းဂိုဏ်းလို့ဘာသာပြန်ထားတဲ့ Illuminati ဂိုဏ်းကိုအကြောင်းပြု ပြီး
ဇာတ်လမ်းကို ဖန်တီးတည်ဆောက်ထားကာ သမိုင်အချက်အလက်တွေစုံလင်စွာထည့်ထားနိုင်လို့
တကယ်ဖြစ်ပျက်နေသလား အောက်မေ့ရပါတယ်။
ထိုင်ရာမထ ကြည့်ရှုမိမယ့်ဇာတ်ကားမျိုးပါ။
ဇာတ်လမ်းဖန်တီးသူ စာရေးဆရာက Da Vinci Code ကိုရေးသားတဲ့
နာမည်ကြီးစာရေးဆရာ Dan Brown ဖြစ်ပါတယ်။
Angels&Demons နဲ့ Da Vinci Code ကရုပ်ရှင်တစ်ကားစီဖြစ်ပေမယ့် ဆက်စပ်မှုရှိပါတယ်။
နှစ်ကားလုံးကို ကျွန်တော်အရမ်းနှစ်သက်မိပါတယ်။
သူငယ်ချင်းတို့နဲ့ အကြိုက်ချင်းတူမယ်လို့မျှော်လင့်မိပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

The Da Vinci Code (2006) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/7SbHzd

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Da Vinci Code"ပါ။

လီယိုနာဒို ဒါဗင်ချီရဲ့ နာမည်ကျော် (The Last Supper) ” နောက်ဆုံးညစာစားပွဲ ” ဆိုတဲ့ ပန်းချီကားပုံကို အခြေခံပြီး တမန်တော်ယေရှုရဲ့ မျိုးဆက်ကို ရှာဖွေတွေ့ရှိပုံကို တင်ပြထားတာပါ။
ဒီဇာတ်လမ်းက စာရေးဆရာ Dan Brown ရဲ့ စာအုပ်  The Da Vinci Code ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
မင်းသားကြီး Tom Hanks ပါဝင်ထားပြီး လှိျု့ဝှက်သည်းဖို ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် သေချာပေါက်အကြိုက်တွေ့မယ့် ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းက အသက်ဝင်လွန်းလို့ တကယ်ဖြစ်ပျက်နေတယ်လို့ထင်ရပေမယ့်
ဤဇာတ်လမ်းကိုရေးသားသူ(Dan Brown) ကိုယ်တိုင်က စိတ်ကူးယဉ် ဇာတ်လမ်း (Fiction) တစ်ပုဒ်သာ ဖြစ်ပါတယ်လို့ အတိအကျ ဝန်ခံထားပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Regular Show: The Movie (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/EUq0dJ

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Regular Show: The Movie"ပါ။

2015 ခုနှစ်ကထွက်ရှိခြဲ့ပြီး IMDb 7.4
ထိရရှိခဲ့တဲ့ Animation ဇာတ်ကားကောင်း
တကားကိုတင်ဆက်ပေးလိုက်ပါတယ်ရစ်ဂီဟာ
အနာဂတ်ကာလ မှာ Benson, Skips, Hi-Five Ghost, Muscle
Man, and Pops  တို့ကိုဦးဆောင်ြပြီး
မကောင်းဆိုးဝား စက်ရုပ်များကို ဦးဆောင်တိုက်ခိုက်နေတဲ့
ခေါင်းဆောင်တဦးဖြစ်ပါတယ်။
အဖျက်စက်ရုပ် မစ္စတာဘော့ဟာ အချိန်ယန္တယား က
ိုတီထွင်ထားြပြီး တစ်နေ့ဟာ အချိန်ခရီးသွားရင်း
ကမ႓ာမြေပေါ်ရောက်ရှိလာပါတယ်
ဒီလိုနဲ့ ရစ်ဂီဟာ အချိန်ယန္တယားကိုအသုံးပြုြပြီး
အတိတ်ကာလကိုသွားရောက်တာ
အဖျက်သမားတွေကိုတားဆီးဖို့လုပ်ဆောင်ပါတော့တယ်
ထိုအချိန်မှာ အတိတ်ကာလမှာ ကျောင်းသားလေး မိုဒီယာ နဲ့
ဆုံမြိပြီး ရစ်ဘီဟာ မိုဒီယာနဲ့အတူ
အဖျက်စက်ရုပ်တွေကိုတားဆီးနိုင်မလားဆိုတာကိုဆက်လကြည့်ရှူရမှာဖြစ်ပါတယ်

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Tuesday, November 29, 2016

The Game (1997) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/mMTTm5

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Game"ပါ။

The Game ဇာတ်ကားဟာ Seven(1995),Fight Club(1999) စတဲ့ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဒါရိုက်တာ David Fincher ရဲ့လက်ရာဖြစ်ပြီး မင်းသားကြီး Michael Douglas အဓိကပါဝင်ထားပါတယ်…။The Game ဆိုတဲ့အတိုင်းပဲ Mission Complete ဖြစ်ဖို့ ကြိုးစားရပုံတွေကို အချိတ်အဆက်မိမိရိုက်ကူးထားပါတယ်။ဒီဇာတ်ကားက အစပိုင်းမှာ ပြင်းထန်တဲ့ ခံစားချက်တစ်ချို့နဲ့ အစချီ ချပြထားခဲ့ပြီး အတော်ပဲဆွဲဆောင်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ဇာတ်လမ်းကို အကျကြမ်းစေခဲ့လို့ ပေါ့ပါးသွားပေမယ့် ဇာတ်ကားရဲ့မေးခွန်းတွေဖြစ်တဲ့ ဘဝရဲ့ ရှင်သန်နေထိုင်မှု ခံစားချက် ခံယူချက်တွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေကတော့ ခေါင်းထဲက မထုတ်နိုင်ဖြစ်ခဲ့ရပါတယ်။ဘဝမှာ ရှင်သန်နေထိုင်မှုက ဘာအတွက်လဲ?ဘယ်လိုခံစားချက်တွေနဲ့ ရှင်သန်နေထိုင်ကြမလဲ?ကိုယ့်ဘဝတစ်ခုလုံးက တစ်ခြားလူတစ်ယောက်ရဲ့ Game တစ်ခုသာဖြစ်နေခဲ့ရင်ရော?

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Love Fiction (2012) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/JNY28V

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Love Fiction"ပါ။

Goo Joo-wol …အူကြောင်ကြောင် နိုင်ပြီး အသားမစားတဲ့ စာရေး ဆရာ ပါ။ နောက်ဆုံး တွဲနေတဲ့ ချစ်သူက ရှင်သာ အသား စားရင် ဆိုတဲ့ စကားသုံးခွန်းပဲ ပြောပြီး လမ်းခွဲတာ ခံခဲ့ရသူပါ။ Goo Joo-wol က အချစ်ရေးမှာ သိပ်ကံမကောင်း ပါဘူး။ ကလေး ဘဝကထဲက ချစ်သူ ရှိခဲ့ဖူးပါတယ်။ နင့်ရဲ့ ရှုရှုးပေါက်တဲ့ နေရာ ငါ့ကို ပြပါ ပြောလို့ ကလေးဘဝ အချစ်ဦးနဲ့ လမ်းခွဲ ခဲ့ရပါတယ်။ ဆယ်ကျော်သက် အရွယ်မှာလဲ ခပ်ကြမ်းကြမ်း ချစ်သူဖြစ်နေလို့ လမ်းခွဲ ခဲ့ပြီး။ နောက်ဆုံး ချစ်သူ မတိုင်ခင် ရှေ့တစ်ယောက်က မယ်သီလရှင် ဝတ်သွားလို့ အချစ်ရေး ကံမကောင်းဘူး ဆိုတာ ယုံကြည်ပြီး ခပ်ကြောင်ကြောင် ဖြစ်နေတဲ့ စာရေး ဆရာ တစ်ယောက်ပါ။Goo Joo-wol ရဲ့ ထုတ်ဝေသူ ခေါ်သွားလို့ ပါတီပွဲ တစ်ခုမှာ မထင်မှတ်ပဲ Hee-Jin နဲ့ Goo Joo-wol တို့ ဆုံမိပြီး Goo Joo-wol တစ်ယောက် အသဲ အသန် ဖြစ်ပါလေရော။စာရေး ဆရာ ပီပီ စကားလုံး အလှတွေ ဟာသ စကားလုံးတွေနဲ့ Hee-Jin သဘောကျအောင် Goo Joo-wol တို့ကြိုးစားပြီး တကယ်ပဲ Goo Joo-wol နဲ့ Hee-Jin တို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အစပိုင်းမှာ အရမ်းချစ်ကြပေမယ့် တစ်ဖြေးဖြေး တစ်ယောက်နဲ့ တစ်ယောက် ဆိုးကွက်တွေ သိလာပြီး Goo Joo-wol တစ်ယောက် Hee-Jin ကို စိတ်ကုန်စ ပြုလာတဲ့ အခါ…။
ဒါရိုက်တာ Kye Soo Jeon ရဲ့ 121 မိနစ်ရှည်တဲ့ ဇာတ်ကားကို Jung-woo Ha, Hyo-jin Kong နဲ့ Byung-joon Lee တို့ပါဝင် သရုပ်ဆော ထားပေးတဲ့ Comedy Romance ဇာတ်ကား ဖြစ်ပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

The Incredible Hulk (2008) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/tfxwFg

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Incredible Hulk"ပါ။

IMDb 6.8 ရခဲ့ပြီး ၂၀၀၈ ခုနှစ်ကထွက်ခဲ့ပြီးဆုတစ်ဆုနဲ့ စကာတင် ဆု ၈ဆုထိရရှိခဲ့ပြီးပထမကားရဲ့ အဆက် ကို ဆက်လက်တင်ပေးလိုက်ပါတယ်ဒီကားမှာတော့ ပထမကားရဲ့ အဆက် ဘန်နာဟာ အမေရိကန် အစိုးရရဲ့လက်ကထွက်ပြေးလာရင်း သူ့ရဲ့ ဘဝကိုကုသနိုင်မယ့်နည်းလမ်းကိုရှာဖွေရင်းကုသဖို့နည်းလမ်းကို ရှာဖွေတွေ့ဖို့ နီးစမ်လာရာမှမထင်မှတ်ထားတဲ့ ပုံမှန်မဟုတ်တဲ့ ဇီဝဖြစ်စဉ်တွေကိုသူ့ရဲ့ ခန္ဓာကိုယ်က တုံ့ပြန်လာရာမှဘယ်လိုနည်းလမ်းနဲ့များကုသဖို့နည်းလမ်းကို ရှာတွေ့သွားမလဲအမေရိကန်အစိုးရကကော ရေကုန်ရေခန်း လိုက်လံနိမ့်နှင်းတာအောင်မြင်သွားမလားဆိုတာကိုဆက်လက်ကြည့်ရှူရမှာပါ

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

 Hulk 1 Link=https://goo.gl/BzIq5D

Hulk (2003) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/ZS2d8W

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Hulk"ပါ။

IMDb 5.7 ရခဲ့ပြီး ၂၀၀၃ ခုနှစ်ကထွက်ခဲ့ပြီးငယ်ငယ်က ကလေးတွေ လူစိမ်း လူစိမ်း ဆိုပြီးနာမည်ကြီးခဲ့တဲ့ SI-FI အက်ရှင်ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားက ဆု၂ဆု နဲ့ ဇကာတင်ဆု ၁၀ဆုထိ ရရှိခဲ့ပြီးပထမကား အောင်မြင်ခဲ့လို့ဒုတိယကားပါဆက်လက် ထွက်ရှိခဲ့ပါတယ်ဇာတ်လမ်းအကျဉ်း လေးကတော့ မျိုးရိုးဗီဇ သုသေသနပညာရှင်ဒေါက်တာ ဘရုစ်ဟာသုသေသန စမ်းသပ်မှုတစ်ခုမှာ မမျှော်လင့်ပဲဂါမာရေဒီယို ပေါက်ကွဲကာ ရေဒီယိုဓဓါတ်သတ္ထူကြွထိရောက်မှုကြောင့် သူ့ခန္ဓာကိုယ်ဟာ ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး အစိမ်းရောင် လူ့ဘီလူးကြီးအဖြစ် ဒေါသထွက်လာလျှင်ပြောင်းလဲသွားလေတော့သည် ဒီလိုနဲ့ ဘရူစ်အဖေဒေါက်တာဒေးဗစ် ဘန်နာကပဲ အဖြေက်ုိရှာနိုင်ပါ့မလားအစိုးရကကော ဘန်နာရဲ့ ဖျက်စီးမှုတွေက်ုိဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုဆက်လက်ကြည့်ရှူကြရမှာပါ

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

The Wave (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/O4oGct

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Wave"ပါ။

 ဒီဇတ် လမ် း လေးကကျွန် တော် နှစ် သက် မိတဲ့ဇတ် လမ် း လေးဖြစ် ပြီးခများတို့လည် းကြိုက် န ှစ် သက် လိမ် ့မယ် လို့ ပြောရင် မှားမယ် မထင် ပါဘူး…ဘာလို့လဲဆိုရင် …. ဇတ် လမ် းအစမှာ… တောင် းတန် းရှု့ခင် း တွေရဲ့အလှကိုအသား ပေးရိုက် ကူးထားပါတယ် ..ဒါက တော့..သူတိုရုပ် ရှင် ပရိတ် ပေါ်ဆွဲ ဆောင် နည် းတစ် မျိုး ပေါ့ နော် ….နောက် ပြီး.မုန် တိုင် းဝင် လာတဲ့အချိန် မှာ..နောက် ခံတီလုံးမှု ကောင် းမှု..effect ကောင် း ကောင် း တွေနဲ့ရိုက် ချက် ပီပြင် တဲ့ဒိီကားဟာ.. IMDB 6.7ထိရရှိထားပါတယ် ..ဒီကားမှာအနှစ် သက် ဆုံးအခန် း လေးက တော့..မိသားစုအတွက် ..အသက် ပေးပြီး..ကယ် တဲ့..ဖခင် တစ် ယောက် ရဲ့ မေတ္တာကိုထင် ထင် ရှားရှားကြီးမြင် တွေ့ကြရဥိီးမှာဖြစ် ပါတယ်

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

The Grudge (2004) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/ps00Jg

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Grudge"ပါ။

ရုပ်ရှင် အစ/အဆုံး




မင်္ဂလာပါခင်ဗျာ၊ The Grudge ဟာ Horror Movie fan တွေရဲ့အကြားမှာ မကြည့်ဖူးသူ မရှိလောက်အောင် ဒိတ်ဒိတ်ကြဲ အောင်ပွဲခံခဲ့တဲ့ ခြောက်ခြားစရာ Horror Movie တစ်ခုဖြစ်ပါတယ်း။ Parody တွေအနေနဲ့တောင် ပြန်လည်နောက်ပြောင်ရိုက်ကူးကြတဲ့အထိ အောင်မြင်မှုရခဲ့တဲ့ The Grudge ဟာ sequel အနေနဲ့..  နှစ်နှစ်ခြားစီ 2 နဲ့ 3 ကို ဆက်လက်ရိုက်ကူးပြသခဲ့ပါတယ်။ အခါအခွင့်သင့်မယ်ဆိုရင်ဖြင့် The Grudge 2 နဲ့ The Grudge 3 ကိုလဲ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ မူရင်း ဂျပန်ဇါတ်လမး် Ju On- The Grudge ကိုပဲ ဇါတ်ညွှန်းပြန်ခွဲပြီး ရိုက်ကူးထားတဲ့အတွက် နဂိုဇါတ်လမ်းအတိုင်း Japan နိုင်ငံ Tokyo မြို့မှာ ဇါတ်လမ်းကို အခြေတည်ထားပါတယ်။ နာမည်ကျော် ရုပ်ရှင်ကားဟောင်းတစ်ခုဖြစ်တဲ့အတွက် ကြည့်ရှုပြီးတဲ့သူတွေအတွက် ဇါတ်လမ်းကို ပြန်နွှေးပေးရင်းနဲ့ မကြည့်ရသေးတဲ့ပရိသတ်တွေအပါ တစ်လက်စတည်း မိတ်ဆက်သဘော ဖော်ပြပါရစေခင်ဗျ။ Karen ဆိုတဲ့ အမေရိကန်သူနာပြုဆရာမလေးဟာ... Tokyo မြို့ကို အလုပ်အကိုင်နဲ့ ပြောငး်ရွှေ့လာပါတယ်။ ပထမဦးဆုံးသော သူမ ပြုစုစောင့်ရှောက်ရမယ့် လူနာနဲ့ အဲဒီလူနာရဲ့အိမ်မှာ...  ရက်စက်ကြမ်းကြုတ်တဲ့ မကျွတ်မလွတ် ပရလောကသား တစ္ဆေတစ်ကောင်ရဲ့ ရက်ရက်စက်စက် ခြောက်လှန့်မှုတွေဟာ.. စိတ်နှလုံးမခိုင်တဲ့သူတွေအဖို့ အတော်လေးကို သွေးပျက်စရာကောင်းလှပါတယ်ခင်ဗျ။ ဥပမာ တစ်ခုအနေနဲ့... ပွဲဦးထွက် အခန်းမှာတင် အိမ်ဖော်မလေးတစ်ယောက် အမှောင်ထဲမှာ ဖယောင်းတိုင်မီးလေးနဲ့.. လှည့်ပါတ်စူးစမ်းနေချိန်မှာ ရုတ်တရက် ပေါ်ပေါက်လာမယ့် Kayako ရဲ့ ပြကွက်မျိုးဟာ ကျောစိမ့်စရာ ကြက်သီးတွေ ဖျဉ်းခနဲ ထသွားမယ့် scene မျိုး ဖြစ်ပါတယ်။ Kayako ဟာ ဘာကြောင့် အဲ့ဒီအိမ်ကြီးထဲမှာ မကျွတ်မလွတ်ဘဲ စွဲလန်းတွယ်ကပ်နေရသလဲ၊ ဘာကြောင့် လာသမျှ လူတိုင်းကို အနှောင့်အယှက် တွေပေး၊ ပူးဝင်နေရသလဲဆိုတာ ပထမပိုင်းမှာကြောက်လန့်စရာတစ်ခုဖြစ်နေပမယ့် နောက်ကြောင်းကို ပြန်လည်ပြသချိန်မှာတော့ သူမရဲ့ ကရုဏာသက်စရာ အတိတ်ဟောင်းကို သနားစရာ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ Horror Movie fan များနဲ့ The Grudge ရဲ့ အရသာကို ပြန်လည်ခံစားလိုသူများအတွက် အမှတ်တရ တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

The Ant Bully (2006) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/QDjg2g

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Ant Bully"ပါ။

လူးကပ်စ် လို့ခေါ်တဲ့ ကောင်လေးဟာ ကျောင်းမှာ အရှုံးသမားတစ်ယောက်အဖြစ် အမြဲအနိုင်ကျင့်ခံနေရလေ့ရှိတဲ့ ကောင်လေးတစ်ယောက်ပါ.။ အနှိမ်ခံ အနိုင်ကျင့်ခံ ရာမှဖြစ်ပေါ်လာတဲ့ ဒေါသတွေနာကျည်းမှု့တွေကို သူ့အိမ်ခြံဝင်းထဲမှာရှိတဲ့ ပုရွက်ဆိတ်တွေ အပေါ်ကိုပုံချပြီး ပုရွက်ဆိတ်တွေရှိတဲ့တောင်ပို့ကြီးကို ရေသေနတ်နဲ့ပစ် ခြေထောက်နဲ့ နင်းချေစသည်ဖြင့် အမျိုးမျိုး ဒုက္ခပေးလေ့ရှိပါတယ်.။
     လူးကပ်စ်ရဲ့ ဒုက္ခပေးမှု့ကို ခံရပါများလာတဲ့ ပုရွက်ဆိတ်တွေဟာ မခံမရပ်နိုင်တဲ့ အဆုံးမှာ ပြန်လဲကလဲ့စားချေဖို့လုပ်ဆောင်ကြပါတော့တယ်.။
ပုရွက်ဆိတ်တွေရဲ့ မှော်ဆေးရည်အစွမ်းနဲ့လူးကပ်စ်ကို ပုရွက်ဆိတ်အရွယ်အစားဖြစ်အောင် ပြုစားလိုက်ကြပြီး ပုရွက်ဆိတ်ကမ္ဘာမှာ လူးကပ်စ် ဘဝအတွက်သင်ခန်းစာတွေကို စသင်သင်ကြားရပါတော့တယ်.။
ဟာသ ဘဝသင်ခန်းစာ အက်ရှင် စတာတွေနဲ့ ရောမွေထားတဲ့ Ant Bully ဆိုတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို ခံစားရင်း ဘဝအမောတွေပြေနိုင်ကြပါစေ..။


စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Monday, November 28, 2016

Café Society (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/blzvpU

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Café Society"ပါ။

BvS ရဲ့ Lex Luthor ကြီး ..မင်းသား Jesse Eisenberg နဲ့ Twilight မင်းသမီး Kristen Stewart တို့အပြင် Age of Adaline ရဲ့မင်းသမီး ..Deadpool မင်းသားကြီးရဲ့ ချစ်ဇနီးချော Blake Lively  တို့ပါဝင်ထားတဲ့ဒီဇာတ်ကားကို နာမည်ကျော်ဒါရိုက်တာကြီး Woody Allen မှရိုက်ကူးထားပါတယ်။၁၉၃၀ ပြည့်နှစ်လောက်က Hollywood အငွေ့အသက်ကိုအခြေခံလို့ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ Drama /Romance ကိုနှစ်သက်သူတွေ ကြည့်ရှုခံစားဖို့ အတော်ပဲသင့်တော်တဲ့ဇာတ်ကားဖြစ်ပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Secret (2007) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/Kzwcz2

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Secret"ပါ။

ကျောင်းစတက်တဲ့တစ်ရက်မှာ ကောင်လေးတစ်ယောက်က စန္ဒယားတီးခဲ့တယ်တိုက်တိုက်ဆိုင်ဆိုင် ခပ်လှလှလေးပြုံးတတ်တဲ့ ကောင်မလေးတစ်ယောက်ကိုအဲ့ဒီနေ့မှာတွေ့လိုက်ရတယ် သူတို့၂ယောက်ဟာ ဂီတသံစဉ်တွေ အတူဖန်ဆင်းလိုက် စက်ဘီးလေးတွေအတူစီးလိုက် ပန်းသီးလေးတွေ အတူစားလိုက် ကမ်းစပ်က လေညှင်းလေးတွေရဲ့ပွတ်တူမှုကို ရယ်မောလိုက်နဲ့ ပေါ့ ဒီကားကသာမန်drema အချစ်ဇတ်လမ်းလို့ထင်ခဲ့မိတယ် ပြသချိန် မိနစ် ၄၀လောက်ထိက ကားနံမည်နဲ့ဆိုင်တာဆိုလို့ ကောင်မလေးရဲ့မေးခွန်းတစ်ခုပဲရှိတယ်နင်နဲ့ငါနဲ့စတွေ့တဲ့နေ့တုန်းက ဘာသံစဉ်တွေတီးလိုက်တာလဲတဲ့ မသိဘူးဘာဖြစ်လို့လဲပြန်မေးတော့ ဒါက လျှို့ဝှက်ချက်(secret)တဲ့အချစ်ဇတ်လမ်းတို့ထုံးစံအတိုင်း သုံးပွင့်ဆိုင် ကောင်မလေးနောက်တစ်ယောက်ပါလာခဲ့တယ် ကောင်မလေး ၂ယောက်နဲ့ကောင်လေးတစ်ယောက်ပေါ့ တစ်နေ့တော့ ကောင်လေးဟာ သူ့ချစ်သူကောင်မလေးအထင်အမြင်လွဲစေမဲ့အမှားကြီးတစ်ခုကျူးလွန်မိတယ် အဲ့ဒီနေ့ကစပြီး ကောင်မလေးက ဗြုန်းဆိုပျောက် သွားပါရော ဘယ်မှာမှရှာမတွေ့တော့ဘူး secretဆိုတာကြီးကအဲ့ဒီမှာစတော့တာပဲကောင်မလေးရဲ့လျှို့ဝှက်ချက်ကပဲ အချိုးအကွေ့အလှည့် အပြောင်းဖြစ်သွားစေတယ် ကဲ ပရိတ်သတ်ကြီးရေခံစားကြည့်လိုက်ပါဦး———– ဒီကားက သံစဉ်တွေနဲ့တည်ဆောက်ထားတယ်ဆိုလည်းမမှားပါဘူး စာအုပ်တွေထဲမှာတော့တွေ့ဖူးတယ်စန္ဒယားသံကို မိုးခြိမ်းသံ စမ်းချောင်းလေး စီးဆင်းသံ ဘီးလူးတစ်ကောင်ရဲ့ဒေါသတစ်ကြီးအော်ဟစ်သံဆိုပြီးခိုင်းနှိုင်းပုံလေးတွေ တွေ့ဖူးပါတယ် စန္ဒယားသံကိုမခံစားတတ်ဘူးဆိုတာထက် မသိနားမလည်တဲ့ ကျွန်တော်တောင် ဇတ်ကားထဲကတီးကွက်တွေကိုစီးမြောသွားတယ်ဂီတသံဇဉ်တွေဘာလို့ခမ်းနားနေရတာလဲစူးစမ်းမိတော့ ဒီဇတ်ကားကိုဖန်တီးသူ ဒါရိုက်တာ Jay chouဟာ ကိုယ်တိုင် အဆိုတော် တေးရေး သရုပ်ဆောင် တူရိယာ၂မျိုးလောက်ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နိုင်သူဖြစ်ပါသတဲ့ ကိုင်း secretဆိုတာဘာလဲစူးစမ်းရင်းနဲ့ ခံစားကြည့်လိုက်ပါဦးလို့ စကားမစပ် ကောင်လေးရော ကောင်မလေးရော တော်တော်ချောတယ်ဗျ ………..

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Chongqing Hot Pot (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/s1nWnk

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Chongqing Hot Pot"ပါ။

ဒီတစ်ခါတော့ Gold channel ပရိသတ်ကြီးအတွက် IMDB - 6.7 ရထားတဲ့ တရုတ်ကားကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြည့်လိုက်တော့ ''ချုံချင်းဟော့ပေါ့'' ဆိုတော့ ဇာတ်ကားနာမည်ကိုက စိတ်ဝင်စားဖို့မကောင်းလိုက်တာဆိုပြီးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ နောက်ထပ်ဘာဆက်ဖြစ်လာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရလောက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းပါရစေ။
ဇာတ်လမ်းကတော့ ချံုချင်း ဆိုတဲ့ တရုတ်ပြည်မြို့လေးတစ်မြို့မှာ ဟော့ပေါ့ဆိုင်တစ်ဆိုင် စပ်တူဖွင့်ထားတဲ့ လူငယ်သုံးယောက်ကို အခြေတည်ထားပါတယ်။
အလယ်တန်းကျောင်းကတည်းက တစ်တန်းတည်းအတူတူတက်ခဲ့ကြတဲ့
လူဘို ရှုထောင် နဲ့ လေးလုံးတို့က ကျောင်းပြီးတဲ့နောက်မှာလည်း အိုင်ဒီယာဆန်းဆန်းလေးတွေနဲ့ လိုဏ်ဂူတစ်ခုရဲ့အဝမှာ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်စပ်တူဖွင့်ခဲ့ကြပါတယ်။ သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းဆိုတာထက်ကိုပိုပြီး ညီရင်းအကိုတွေလို နေလာခဲ့ကြပါတယ်။ သူတို့ထဲက လူဘိုကတော့ လောင်းကစားဝါသနာထုံတဲ့သူပေါ့။ လောင်းကစားသမားပီပီ ချေးထားတဲ့အကြွေးတွေကလည်းရှိနေတာပေါ့။
အပြိုင်အဆိုင်တွေအရမ်းများလာတဲ့အခါ သုံးယောက်ပေါင်းဖွင့်ပေမယ့် နှစ်ယောက်က ဆိုင်ကိုသိပ်အာရုံတစိုက်မရှိလှတဲ့အတွက် ရငွေနဲ့အရင်းမကာမိဖြစ်လာတဲ့အချိန်…………
လူဘို့ကို ပိုက်ဆံချေးထားတဲ့ သူဌေးကလည်း ဇွတ်အတင်းအကြွေးတောင်းရင်း ပထမတစ်ခါချိန်းတဲ့ရက်မှာမပေးနိုင်လို့ တပည့်တပန်းတွေနဲ့ ကောင်းကောင်းဝိုင်းဆုံးမခံလိုက်ရတဲ့အချိန်………
အဲ့ဒီအခြေအနေမှာ သူတို့ဆိုင်လေးကို လိုဏ်ဂူဧရိယာချဲ့ရင် သူဌေးတစ်ယောက်က လိုအပ်တဲ့ငွေပမာဏနဲ့ လာရင်းနှီးမယ်လို့ပြောတဲ့အတွက် အပိုမကုန်ရအောင် သူငယ်ချင်းတစ်တွေ ကိုယ်တိုင် လိုဏ်တူးရင်း မရည်ရွယ်ပါဘဲနဲ့
ဘဏ်တစ်ခုရဲ့ ငွေတိုက်ခန်းကို ဖောက်မိသွားတဲ့အချိန်မှာ………

ကိုယ်ချစ်ခင်ရတဲ့သူတွေကိုပါ အခြိမ်းခြောက်ခံနေရချိန်
ဘေးကြပ်နံကြပ် ပြသနာကြံုနေရချိန်မှာ…
ကိုယ်ကျင့်သိက္ခာဆိုတဲ့အရာကို ဘယ်လောက်ထိထိန်းသိမ်းထားနိုင်မလဲ?
လောဘရဲ့သွေးဆောင်မှု အခက်အခဲတွေရဲ့တွန်းအားပေးမှုကို
ဘယ်လောက်အထိရုန်းကန်နိုင်မလဲဆိုတာတွေအပြင်
ညီအကိုတစ်ပိုင်းလိုကို ချစ်ခဲ့ကြတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းစိတ်ဓာတ်တွေကိုပါ ဒါရိုက်တာ Qing Yang က လှလှပပလေးထည့်သွင်ူရိုက်ကူးပြသွားတဲ့ ဒီဇာတ်ကားမှာ
Baihe Bai, Hao Qin နဲ့ Kun Chen တို့သရုပ်ဆောင်ထားပါတယ် …။
ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်လိုက်ဖြစ်သူ လူဘိုရဲ့နေရာကို အစားဝင်ပြီး ငါသာဆို ဘယ်လိုများရွေးမိမှာလဲဆိုတဲ့အတွေးနဲ့ ပြီးတဲ့အထိ မထတမ်းကြည့်ချင်သွားမယ့်… အချိန်ပေးရကျိုးနပ်မယ့်… bill ကုန်ခံ down ရကျိုးနပ်မယ့်… ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ ပရိသတ်တွေရေ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Castaway on the Moon (2009) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/ile83z

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Castaway on the Moon"ပါ။

မင်္ဂလာပါ၊ ပထမဦးစွာ ကြိုတင်ပြီး အကြံပြုလိုတာကတော့ Korean Movie fan တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ... ဒီ Castaway on the moon ဟာ ပထမဦးစားပေးကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ ဆိုချင်ပါတယ်။ South Korea မှာ ၀င်ငွေအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့အပြင် Creative ဖြစ်လွန်းတဲ့ ဇါတ်ညွှန်းရဲ့ စေစားမှုကြောင့် ဝေဖန်ရေးဆရာတွေ ဘဝင်ကျခဲ့ရတဲ့ ထိပ်တန်းစာရင်းဝင် ရုပ်ရှင်တစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုရင်တော့ Tom Hanks ရဲ့ Castaway ကနေ idea ရသွားသယောင်ယောင်ပဲလို့ တွေးမိပါတယ်။ :D ဒါပေမယ့် Tom Hanks ရဲ့ Castaway ဟာ သမုဒ္ဒရာထဲက ကျွန်းကလေးတစ်ကျွန်းအပေါ်မှာ အခြေတည်ပြီး ဒီ Movie မှာတော့ .. မြို့လည်ခေါင်မှာ ထီးတည်း တည်ရှိနေတဲ့ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ ဇါတ်ကောင်ကို နေရာချထားပါတယ်။ ဒါပေမယ့် ဇါတ်လမ်းရဲ့ ရည်ရွယ်ချက်၊ ဖွဲ့စညး်ပုံတွေမှာ လုံးဝကို ကွဲပြားခြားနားနေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျ။
အချစ်ရေး၊ လူမှုရေး၊ အဘက်ဘက်က အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ လူရွယ်တစ်ယောက်ဟာ ဘဝကို လက်လွှတ်အရှုံးပေးတဲ့အနေနဲ့ တံတားတစ်ခုပေါ်ကနေ သူ့ကိုယ်သူ ခုန်ချ အဆုံးစီရင်ပစ်လိုက်ပါတယ်။ သတိမေ့သွားခဲ့ပြီး သူပြန်လည်နိုးထလာတဲ့အချိန်မှာ သေနေ့မစေ့သေးဘူးဆိုတဲ့စကားနဲ့အညီ ကျွန်းကလေးတစ်ကျွန်း ရဲ့ ကမ်းခြေပေါ်ကို သူရောက်ရှိနေခဲ့ပါတယ်။ ကျွန်းကနေ မြို့ဆီကို ပြန်ကူးဖို့အတွက် လှေတစ်စင်းရှိမှ အဆင်ပြေမယ်ဆိုတာ သူသိရှိထားပါတယ်။ ဒါပေမယ့် လှေလဲ မရှိ၊ ဘာဆိုဘာမှမရှိတဲ့ကျွန်းငယ်လေးပေါ်မှာ သူ့အတွက်တစ်ခုတည်းသောရွေးချယ်မှုက ကျွန်းကလေးပေါ်မှာပဲ ကယ်သူမလာမချင်း စတည်းချနေထိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့.. တောကြီးမျက်မည်းထဲမှာ ယနေ့ခေတ်လူသားတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ခက်ခက်ခဲခဲ တွေ ဖြတ်သန်းနေထိုင်မလဲဆိုတာ ကို အတွေးဆန်းဆန်းလေးတွေနဲ့ tricks လေးတွေ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အဲဒီိလို တစ်ကိုယ်ရည် အထီးကျန်နေတဲ့သူ့ကို တစ်ခါတစ်ရံမှာ မှန်ဘီလူးနဲ့ မြို့ထဲကနေ ကြည့်ရှု အကဲခတ်နေတဲ့သူ တစ်ယောက်ရှိနေပါတယ်။ အကဲခတ်နေတဲ့သူ ရဲ့ စိတ်အထင်မှာ..  ကျွန်းကလေးပေါ်က ဇါတ်ကောင်ဟာ သူ့အတွက် အာကာသထဲကနေ ပေးပို့လိုက်တဲ့ သူငယ်ချင်း alien တစ်ယောက်လို့ ထင်မှတ်မှားနေတယ်ဆိုတာကို ပရိသတ်ကြီး သိရှိလာရပါလိမ့်မယ်ခင်ဗျာ၊ ကျွန်းကလေးပေါ်က အထီးကျန်လူတစ်ယောက်နဲ့ မိုင်တွေခြားနေတဲ့ တစ်ဖက်စွန်းက သူ့လို အထီးကျန်နေသူတစ်ယောက်တို့ ဘယ်လို ဆုံစည်းကြမလဲ၊ သူတို့အချင်းချင်း ဘယ်လို commuicate လုပ်ကြမလဲ ဆိုတာလေးတွေက ဇါတ်လမ်းဖန်တီးသူရဲ့ အ့ံအားသင့်စရာ ဇါတ်လမ်းလှည့်ကွက်လေးတွေဖြစ်ပါတယ်။ 2009 ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် ဘယ်ချိန်ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ Movie လေးတစ်ခုဖြစ်တဲ့အတွက်.. ချစ်ပရိသတ်ကြီး အတွက် မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Sunday, November 27, 2016

Movie 43 (2013) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/2oXW4L

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Movie 43"ပါ။

>>> Do not watch with Family due to sexual content<<<Rating လဲမကောင်း.. 18+ တွေလဲပါတဲ့ ဇာတ်ကားကို ဘာလို့တင်တာလဲလို့ မေးစရာရှိပါတယ်…
တစ်ခါတစ်လေမှာ စိတ်ရှုပ်ထွေးစရာတွေအပြင်လောကမှာကြုံဆုံနေတဲ့အခါမျိုးမှာ.. လက်တွေ ့မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို ့လဲကောင်းသလို ရီဖို ့လဲကောင်းလွန်းတဲ့ ဒီလိုဇာတ်ကားမျိုးကြည့်ခြင်းက သင့်ဦးနှောက်ကို အသစ်အဆန်းတစ်မျိုးနဲ့ မိတ်ဆက်ပေးရာရောက်လိမ့်မယ်လို့ ထင်မိလို့ပါ…ဒီဇာတ်ကားကို နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာနဲ့ ဒါရိုက်တာပေါင်းများစွာက ဆယ်စုနှစ်တစ်ခုစာလောက်ကြာအောင် ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ကဲ… rating ကတော့မြင်တဲ့အတိုင်းပဲ (Rating- IMDb : 4.3/10 , RT:4 , Matacritis : 18%) ဖြစ်ပါတယ်…အဲ့ဒီရုပ်ရှင်ထဲက Cast တွေအနေနဲ ့ကတော့….…Kate Winslet , Emma Stone , Naomi Watts , Kate Bosworth , Chloe Grace Moretz , Helle Berry , Anna Faris (Scary Movie) , Elizabeth Banks , Uma Thurman , Kristen Bell , Leslie Bibb အစရှိတဲ့ နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်တွေအပြင် Richard Gere , Gerard Butler , Hugh Jackman , Chris Pratt , Terrence Howard , Josh Duhamel , Dannis Quaid ,Gerg Kinner , Jeremy Allen , Stephen merchant , Christopher Mintz-Plasse , Justin Long , Kieran Culkin , Jason Sudeikis , Jimmy Bennet စတဲ့နာမည်ကြီး အမျိုးသားသရုပ်ဆောင်တွေပါ၀င်ထားပါတယ်။ဒါတင်မကသေးပါဘူး ၊ ဒါရိုက်တာအနေနဲ ့လည်း Steven Brill, Peter Farrelly, Elizabeth Banks စသည်တို ့အပါအဝင် စုစုပေါင်းဒါရိုက်တာ 13ဦးရိုက်ကူးပြီး ဇာတ်ညွှန်းပိုင်းမှာလဲ ဇာတ်ညွှန်းရေးဆရာ အယောက် 20အထိပါ၀င်ထားတဲ့ဒီရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်ရာမှာ အစောကပြောခဲ့သလို ဆယ်စုနှစ်တစ်ခုစာလောက်ကြာမြင့်ခဲ့ပါတယ်။ဇာတ်ညွှန်းကိုထုတ်ဝေသူအများစုကငြင်းပယ်ခြင်း၊ ကမ်းလှမ်းတဲ့သရုပ်ဆောင်တွေကသရုပ်ဆောင်ရန် ငြင်းဆန်ခြင်း ၊ ရိုက်လက်စသူအချို ့ကလဲ ဆက်မရိုက်တော့ဘူးဆိုကာ ရိုက်ကူးရေးမှထွက်ချင်ခြင်း စတဲ့အခက်အခဲပေါင်းများစွာရင်ဆိုင်ခဲ့ပြီးနောက် 2013 Junuary 25 မှာထွက်လာခဲ့တဲ့ Movie 43 ဟာ 34ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ Worst Picture, Worst Director, Worst Screenplay စတဲ့ဆုသုံးဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ထို ့အပြင် one of the worst films of all time ရဲ့စာရင်းထဲကိုလဲဝင်သွားခဲ့ပါသေးတယ်။ ကြာမြင့်ချိန် 98 မိနစ်ရှိပြီး Indie / Comedy အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ရိုက်ကူးရေးအတွက် စုစုပေါင်းကန်ဒေါ်လာ 6 မီလီယံ ကုန်ကျခဲ့ပြီး Box office မှာ 32.4 မီလီယံဒေါ်လာထိပြန်ရခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ ……
Calvin Culter နဲ ့သူ ့သူငယ်ချင်း JJ တို ့ဟာ သူတို ့ရိုက်ကူးထားတဲ့ပေါကြောင်ကြောင် Video တစ်ခုကို Youtube မှာ တင်လိုက်ပြီး မိနစ်ပိုင်းတွင်းမှာပဲ သူတို ့ရဲ့ Video ဟာ 1,000,000 view ရသွားတဲ့အခါ အကြီးအကျယ်ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ သူတို ့ရဲ့အပျော်ဟာကြာကြာမခံလိုက်ပါဘူး…ဘာဖြစ်လို ့ဆိုတော့ အဲ့ဒိ ့viewer အများကြီးတိုးလာတာက Calvin ရဲ့ညီ ကွန်ပျူတာကျွမ်းကျင် Baxter ရဲ့ April Fool’s Prank ဖြစ်နေလို ့ပါ…အရမ်းစိတ်ဆိုးသွားတဲ့ Calvin Culter နဲ ့ JJတို ့ဟာ Baxter ကိုပြန်ကလဲ့စားချေဖို ့ကြံစည်ပါတော့တယ်။ သူတို ့ရဲ့အကြံအစည်က Baxter ရဲ့ laptop ထဲကို Virus တွေထည့်ဖို ့ပါပဲ….. သူတို ့လက်စားချေခြင်းရဲ့ပထမအဆင့်အနေနဲ ့ကတော့ Baxter ရဲ့ Laptop ကိုခိုးဖို ့ပါ..အဲ့လိုခိုးဖို ့အတွက် Baxter ကိုသူ ့အခန်းထဲကနေအောင် Movie 43 အကြောင်းလုပ်ကြံပြီးပြောရာကနေပြီး ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ….ဒီရုပ်ရှင်ကိုကြည့်ချင်မိသွားတာက 24 Bad Movies You Forgot Starred Some of Today’s Greatest Actors ဆိုတဲ့ ဆောင်းပါးကိုစဖတ်မိရကပါ။ အဲ့ဒိဆောင်းပါးမှာ moviefone က အဲ့ဒီရုပ်ရှင်အတွက် အားနာမိတဲ့သရုပ်ဆောင်တွေကို ဖော်ပြရမှာ “Kate Winslet & Everyone else” လို ့ဖော်ပြခဲ့လို ့ပါ။ Rating နည်းနည်းလေးပဲရထားပြီး နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါ၀င်ထားတဲ့ဒီရုပ်ရှင်ဟာ စကြည့်လိုက်တာနဲ ့ဆက်ကြည့်ချင်သွားအောင်ဆွဲဆောင်နိုင်ပါတယ်…. လက်တွေ ့မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို ့လဲကောင်းသလို ရီဖို ့လဲကောင်းလွန်းပါတယ်။ (ကျနော်ဆို ကြည့်နေရင်းနဲ ့ပါးစပ်အဟောင်းသားဖြစ်မိပါတယ်… သူ ့ဇာတ်လမ်းတွေက အံ့သြသင့်စရာကောင်းလွန်းလို ့ပါ)..
ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဆိုရင်တော့ ဒီကားလေးကိုလက်လွတ်မခံပဲကြည့်ဖို ့တိုက်တွန်းပါရစေ….။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Traders (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/lg85oA

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Traders"ပါ။

လောကကြီးမှာ အရေးအကြီးဆုံးအရာတွေ အများကြီးရှိတယ် အဲ့ဒီအရေးအကြီးဆုံးအရာတွေထဲကမှ…
ပထမဦးစားပေးလို့ လူတိုင်းလက်ခံထားတဲ့ ပိုက်ဆံ…
အဲဒီပိုက်ဆံဆိုတဲ့ စာရွက်လေးတွေအတွက် လူလူချင်း သတ်ဖြတ်ရမှာ တန်ပါ့မလား…Rotten Tomatoes – 67%
IMDB – 6.2ဟယ်ရီဖော့စ်ဆိုတာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဇိမ်ခံတိုက်ခန်းလဲရှိသလို ကားအကောင်းစားပါပိုင်တဲ့လူတစ်ယောက်
ဒါပေမယ့် တစ်နေ့တော့ သူ့ကုမ္ပဏီဒေဝါလီခံရဖို့ဖြစ်လာတော့ သူပိုင်ဆိုင်ထားသမျှတွေ ဆုံးရှုံးရတော့မယ်
အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗာနွန်ဆိုတဲ့ လူက လာပြီးကမ်းလှမ်းတယ် ရှင်းရှင်းလေးပါ
သူပိုင်ဆိုင်ထားသမျှတွေ အကုန်ချရောင်း ပိုက်ဆံတွေကို အိတ်ထဲထည့် သူ့လိုပဲ လူတစ်ယောက်ကို ရှာ အဲ့လူကိုလည်း
ပိုင်ဆိုင်သမျှတွေ အကုန်ချရောင်း နှစ်ဦးနှစ်ဖက်ရင်ဆိုင်
လောင်းကစားသဘောနဲ့ နိုင်တဲ့လူက ပိုက်ဆံတွေအကုန်ယူ
အဲဒီဉာဏ်ကြီးရှင်ဗာနွန်ကတော့ ပြောပါတယ်
ဒါ စီးပွားရေးပဲ အမြန်ဆုံးချမ်းသာနိုင်တဲ့ စီးပွားရေးပဲတဲ့
ဟယ်ရီ့ခမျာလည်း မလုပ်လို့ကမဖြစ်တော့လည်း သူပြောတဲ့အတိုင်းလက်ခံလိုက်ရတော့တယ်
နောက်တော့ သူနဲ့ပြိုင်ရမယ့်သူက …ဒီကားရဲ့ဇာတ်လမ်းက အရင်တုန်းက ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ အကြောင်းအရာပုံစံမျိုးပါ…
ဒါကြောင့်လားပဲမသိ ခရမ်းချဉ်သီးတောင် ၆၂ရာခိုင်နှုန်းနဲ့ လတ်လတ်ဆတ်ဆတ်လေးပဲ
ကောင်းလားမကောင်းဆိုတာတော့ ကြည့်မှသိမှာပေါ့ ဒီကားက ဆုတစ်ခုတောင်ရခဲ့သေးတယ်
ဒီကားက ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်လွတ်မခံစေဖို့ပြောလိုက်ပါရစေ……

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Her (2013) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/AwDwfs

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Her"ပါ။

2013 ခုနှစ်ကထွက်ရှိခြဲ့ပြီး အော်စကာဆုရခြဲ့ပြီး အခြားရုပ်ရှင်ထူးချွန်ဆုရ၇ဆုထိရခြဲ့ပြီးမင်းသမီးကြီးစကားလတ်ဂျိုဟန်ဆန် ပါ၀င်သရုပ်ဆောင်ထားတဲ့ IMDb 8 ရထားြပြီးrotten tomatose မှာ ၉၅% ထိ ရရှိထားတဲ့ Her ဆိုတဲ့ဇာတ်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ သီအိုဒေါဟာ အိမ်ထောင်ရေးအဆင်မပြေကြာင့်မိန်းမနဲ့ကွဲနြေပြီး သူ့ရဲ့ အချိန်များကို ဗွီဒီယိုဂိမ်း ကစားခြင်းဖြင့် ကုန်ဆုံးစေတတ်သူအထီးကျန်သူတစ်ရောက်ဖြစ်ပါတယ် တစ်နေ့မှာကြော်ညာမှ OS1 ဆိုတဲ့ လူလုပ်အသိဉာဏ်ရှိ အသုံးချပရိုဂရမ်တစ်ခုပဲ ဖြစ်ပါတယ် ဒီလိုနဲ့ သီအိုဒေါဟာသူရဲ့ လက်ကျန်အချိန်တွေကို ဖြုန်းတီးဖို့ OS1 ကိုဝယ်ယူအသုံးပြုခြဲ့ပြီးထိုOS1 ထဲမှာ ဆမ်စမာသာ ဆိုတဲ့ မိန်းမချောလေးနဲ့ ဆုံးစည်းခဲ့ပါတယ်ဒီလိုနဲ့ သီအိုဒေါတယောက် Os1 ထဲက ကောင်မလေးကို ချစ်မိခြဲ့ပြီးဒီလိုနဲ့ လူလုပ်ပရိုဂရမ်တစ်ခုနဲ့ လူသားအချစ်စစ်ကြားမှာဘယ်လို ပဋိပက္ခတွေနဲ့ကြုံတွေ့ြပြီး ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာကိုပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

By the Gun (2014) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/47VZgk

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"By the Gun"ပါ။

2014 ခုနှစ်ကထွက်ရှိခဲ့တဲ့ ခပ်ကြမ်းကြမ်း ဂိုဏ်းစတားယအက်ရှင်ဒရာမာ တစ် ကားနဲ့ မိတ်ဆက်ပေးပါအုံးမယ် ဇာတ်လမ်းလေးကMAFIA film ဆိုတော့ ပရိတ်သတ်ကြီးအကြိုက်တွေ့မှာကတော့ သေချာပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်သားဟောင်း တယောက်ဖြစ်သူNick ဟာ sal ရဲ့လက်အောက်ခံဂိုဏ်းစတားတယောက်ဖြစ်ပါတယ်ဒါပေမဲ့ Sal ဟာ Nick ကို ယုံကြည်ှု အပြည့်အဝမရှိခဲ့ပါဘူး ဒီလိုနဲ့တစ်နေ့မှာ Sal တယောက် Nick ကို ဂျင်းထည့် လိုက်တဲ့ အခါမှာတော့Nick တယောက်ဘယ်လိုတွေများ ပြသနာတွေကြုံရမလဲ ဆိုတာဆက်လက်ကြည့်လိုက်ပါတော့ဗျ

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Scherzo Diabolico (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/Qkv6lu

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Scherzo Diabolico"ပါ။

IMDb rating 5.5 ရရှိထားတဲ့ ပြန်ပေးဇာတ်ကားတစ်ကားကိုတင်ဆက်ပေးပါရစေဇာတ်ကားလေးကကြမ်ကြမ်း ရမ်းရမ်းနဲ့ အလန်းစား ဇာတ်ကားလေးတစ်ကားပါဇာတ်လမ်းလေးက ၂၀၁၆ခုမေလမှာထွက်ခဲ့တာဖြစ်ြပြီး စကာတင်နာမည်စာရင်းတခါ၀င်ခဲ့ပါသေးတယ်7ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလာခဲ့တဲ့စာရင်းကိုင်တယောက်ဟာ မထင်မှတ်ထားတဲ့ကံကြမ္မာရဲ့ အလှည့်အပြောင်ကြာင့်မထင်မှတ်ထားတာတွေဖြစ်လာရာမှ နောက်ဆုံး အလုပ်ရာထူးတိုးဖို့အခွင့်အလမ်းအတွက် နောက်ဆုံကြံရာမရဖြစ်ကာ ပြန်ပေးဆွဲမှူကိုကျူးလွန်မိရာမှ နောက်ဆုံးဘယ်လိုတွေဖြစ်ပျက်ကြမယ်ဆိုတာကိုပရိတ်သတ်ကြီးကဆက်လက်ရှူစာကြရမှာပဲဖြစ်ပါတယ်

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

The Babysitters (2007) (မြန်မာစာတန်းထိုး)



Download Link=https://goo.gl/IKZqLJ

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Babysitters"ပါ။

မင်္ဂလာပါ၊ ငွေကြေးရဲ့ ကျေးကျွန်အဖြစ် ရုန်းကန်နေရတဲ့ ယနေ့ခေတ်လူတွေအကြားမှာ... လိုအင်ဆန္ဒတိုင်းကိုသာ ချုပ်တည်းမထားနိုင်ရင်ဖြင့် အမှောင်တကာ့ အမှောင်ဆုံး ချောက်နက်ကြီးထဲကို ရောက်မှန်းမသိရောက်သွားနိုင်တယ်ဆိုတာ အသိတရားရစရာတစ်ခုအဖြစ် ဟောဒီ Babysitter ဆိုတဲ့ Movie လေးက မီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် အသိဉာဏ် မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေမှာ..ဆင်ခြင်တုံတရားဆိုတာ ဘယ်လောက်ထိအရေးပါသလဲဆိုတာ...  ရှုစားကြရမှာဖြစ်ပါတယ်။ Imdb ရဲ့ Parental Guide အဆင့် R အဖြစ်သတ်မှတ်ထားတဲ့အတွက် ၁၈ နှစ်အထက် သာကြည့်ရှုရမယ့် Scene လေးတွေ ပါ၀င်ပါတယ်ဆိုတာ သတိပြုပေးပါခင်ဗျ။
၁၇ နှစ်သာ ရှိသေးတဲ့ အထက်တန်းကျောင်းသူလေး Shirley ဟာ ပညာရေး အတွက်ကျောင်းဆက်တက်နိုင်ဖို့ ကလေးထိန်းအလုပ်ကို လုပ်ကိုင်ရင်း ကျောင်းစရိတ်ကိုဖြည့်တင်းနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနောက်နိုင်ငံရဲ့ လူနေမှု ဓလေ့ထုံးစံအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဲဒီလို အချိန်ပိုင်း ငှားရမ်းထားတတ်ကြပါတယ်။ Shirley ဟာ. သူမတာဝန်ယူထိန်းကျောင်းရတဲ့ကလေးငယ်တစ်ယောက်ရဲ့ ဖခင်နဲ့ ငြိစွန်းပြီးခဲ့ကြတဲ့နောက်ပိုင်းမှာ.. သူမရဲ့ Customer types ဟာ ပြောင်းလဲလာပါတော့တယ်။ ငွေကြေးအတွက်၊ စားဝတ်နေရေးအတွက်၊ ဘယ်တော့မှ ဖြည့်ဆည်းလို့ မပြည့်တင်းလာနိုင်တဲ့ လိုအပ်ချက်တွေအတွက် Shirley ရဲ့ ဘဝ နစ်မွန်းခဲ့ရပြီ ဖြစ်ပါတယ်။ ဘာကြောင့်များ ရိုးရိုးသားသား ကလေးထိန်းအလုပ်ကနေ ... အချိန်ပိုင်း ဆန္ဒဖြည့်ဆည်းပေးရတဲ့အလုပ်ကို Shirley ကလဲ ကျေကျေနပ်နပ် နဲ့ ကူးပြောင်းခံယူခဲ့တယ်လို့ ပရိသတ်ကြီး ယူဆပါသလားခင်ဗျ။ သူမအနေနဲ့ အဲဒီဘဝမှာကျင်လည်လိုက်ရတယ်ဆိုတာ သူမရဲ့ အတိတ်က အရိပ်တွေရဲ့ ရိုက်ခတ်မှု တစ်ချို့လဲ ပါ၀င်တယ်ဆိုတာကို Movie ကို ကြည့်ရှုရင်း ဖြညး်ဖြည်းချင်း တွေ့ရှိစာနာမိလာမှာဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ ..  မပြည့်စုံတဲ့ မိန်းကလေးတွေရဲ့ ဘဝဟာ. ခြေလှမး်တစ်ချက်မှားတာနဲ့. ပြန်လည်ပြင်ဆင်မရနိုင်အောင် အမှားကြီးမှားတတ်ကြောင်းကို ထင်ဟပ်ပြထားတဲ့ Movie တစ်ခုဖြစ်ပါတယ်လို့ ... ညွှန်းဆိုချင်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Wish (2013) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/fyGL8O

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Wish"ပါ။

ဒီကားလေးဟာဆိုရင်ဖြင့်
ခုလက်ရှိ ကျွန်တော် တို့ဆီမှာ လတ်တလောဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ပညာပေးဇာတ်ကားလေးတစ်ကားပါ
မိဘတိုင်းကြည့်ထားသင့်တဲ့ ဇာတ်လမ်းလေးပါ။ ကိုရီးယား ဒါရိုက်တာ Joon-ik Lee ရိုက်ကူးထားပြီး ပိရိသတ်အားပေးမှု Rating * 8.2/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဆုတွေ တသီကြီးရရှိထားပြီး ပရိသတ်ရဲ့ ရင်ထဲကို massage တစ်ခုခု ရောက်စေတဲ့အထိကို ကောင်းတဲ့ ဇာတ်ကားလေးပါ။
ဇာတ်လမ်းလေးကတော့....
အရမ်းအလုပ်ရှုပ်တဲ့ လင်မယားနှစ်ယောက်မှာ ဆူရမ်ဆိုတဲ့ ၈နှစ်အရွယ် ချစ်သရာသမီးငယ်လေး တစ်ယောက်ရှိပါတယ်...
အလုပ်ကိုယ်စီနဲ့မို့ သမီးငယ်လေးကိုလည်း ထင်သလောက် ဂရုမစိုက်နိုင်အားပဲ ဆူရန်မှာ ကိုယ့်အားကိုယ်ကိုးပြီး နေရတဲ့ကလေးမလေးပါ။
မိုးတွေသည်းနေတဲ့တနေ့....ဆူရန်ကျောင်းနောက်ကျနေလို့ ကျောင်းကိုသွားရမယ့် လမ်းအတိုင်းမသွားပဲ ဖြတ်လမ်းကနေ သွားပါတော့တယ်။ ဆူရန် သွားနေတဲ့ လမ်းလေးမှာ....မထင်မှတ်ပဲ တွေ့လိုက်ရသူကတော့ အရက်တွေမူးနေအောင် သောက်ထားတဲ့ အိမ်ယာမဲ့သမားတစ်ဦးပါ.....။
သိပ်မကြာခင်မှာပဲ သတင်းဆိုးတစ်ခု တက်လာခဲ့တာကတော့ ကျောင်းဖြတ်လမ်းက အဆောက်အဦး ပျက်ထဲမှာ ၈နှစ်အရွယ် မိန်းကလေးတစ်ဦး လူမဆန်စွာ အစော်ကားခံရပြီး မျက်နှာတစ်ခုလုံးလည်း ရိုက်နှက်ခံထါးရလို့ ဖူးယောင်နေပြီး သတိလစ်မေ့မျောနေတယ် ဆိုတဲ့ သတင်းပါ။  ကြားသိရတဲ့သတင်းဆိုးကြောင့် ဆူရန့်မိဘတွေ ရင်ကွဲရပါတော့တယ်။
ဆူရန်မှာ အရွယ်နဲ့မမျှအောင် ခံစားလိုက်ရတဲ့... အသိစိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ကြောင့် ဆူရန့်ခမျာ ဖခင်ရင်းကိုတောင် အနားမကပ်ခံတောင်ပဲ အကြောက်ကြီးကြောက်သွားပြီး ဘဝကို အရမ်း ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုသံ မေးငေါ့သံ စကားသံတွေကို ဆူရန်လေး... ရင်ဆိုင်နိုင်ပါ့မလားဆိုပြီး.... ဖြစ်ရတဲ့ မိဘနှစ်ပါးရဲ့ သောက....
အရက်မူးနေလို့ အသိစိတ်မရှိလို့ ဒီလိုဖြစ်ရတာပါဆိုပြီး....တရားခံရဲ့လျှောက်လဲချက်....
မတရားတဲ့.... လျှောက်လဲချက်တွေ...ပြစ်ဒဏ်ချမှတ်မှုတွေ.....
ခု ကျွန်တော်တို့ လတ်တလော မြင်တွေ့နေရတဲ့... သက်ငယ်မုဒိမ်းမှု...
ကျွန်တော်တို့တွေ ဖြစ်စေချင်နေချင်ကြတဲ့... ပြစ်ဒဏ်ချမှတ်မှု....
အားလုံး...အားလုံးကို... ဒီကားလေးထဲမှာ ကြည့်ရှု့ခံစားရမှာပါ...😢😢😢
ပန်းများအားလုံး မွှေးပျံပါစေ....
ပန်းဖူးလေး ဘဝကနေပြီး အန္တရာယ်ကင်းစွာနဲ့ ဖူးပွင့်ကြစေဖို့ ဥယျာဉ်မှူး တို့ကလည်း သတိလေးနဲ့ စောင့်ရှောက်ကြပါဗျာ 😪😪😪😪

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Friday, November 25, 2016

Circle of Atonement (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/xyTf66

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Circle of Atonement"ပါ။

မင်္ဂလာပါ၊ Crime film တွေ တောင့်တနေတဲ့ ချစ်ပရိသတ်ကြီးအတွက် Korean Movie လေးတစ်ခု လာပါပြီခင်ဗျာ။ Hollywood ကို Inspire ယူဟန်ရှိတဲ့ Korean Directorရဲ့ ဇါတ်လမ်းဖွဲ့စည်းပုံ၊ အချိုးအကွေ့ တွေက နာမည်ကြီး Bruce Willi တို့ Liam Neeson တို့ရဲ့ Crime film တွေနဲ့ ဆင်တူနေသယောင်ရှိပါတယ်။  ဒါက ကျွန်တော်တို့ အမြင်ပါ။ 2015 မှာ ထွက်ရှိခဲ့တဲ့ Circle of Atonement ဟာ...  ဖခင်နဲ့ သမီးဖြစ်သူအကြား က သံယောဇဉ်နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ မိဘတွေအပေါ် မြင်တဲ့သဘောထားအစရှိသဖြင့် လူသားတွေအကြားက ကူးလူးဆက်နွယ်မှုတွေကို Drama ဆန်ဆန် ဦးစားပေးတင်ပြထားတာဖြစ်ပါတယ်။ အဖေဖြစ်သူ Lee Sang-won နဲ့ ဆယ်ကျော်သက်သမီးပျိုလေး Jeong-hyeon တို့ရဲ့အကြားက ခံစားချက်အားပြိုင်မှုတွေက ဇါတ်ရှိန်ကို ပိုမိုမြင့်တက်စေပါတယ်။ ဆရာအဖြစ်ငှားရမ်းခဲ့တဲ့ Cheol-woong ကိုမှ မေတ္တာသက်ဝင်မိခဲ့တဲ့ Jeong-hyeon အတွက် ရတက်မအေးရတဲ့ ရဲအရာရှိ Sang-won ဟာ အပေါင်းအသင်းလုပ်ငန်းခွင်မှာ တည်ငြိမ်ပြီး ဘယ်အရာမဆိုအားထားနိုင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ... သမီးကလေးအပေါ်မှာတော့ ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်းငှာ မစွမ်းသာခဲ့ပါဘူး။ သမီးရဲ့ ချစ်သူ Cheol-woong ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တဲ့အခါမှာ .. ၄င်းဟာ သူ မဖော်ထုတ်နိုင်ဘဲ ပိတ်သိမ်းခဲ့ရတဲ့ လူသတ်မှု တစ်ခု နဲ့ ပါတ်သက်ဆက်စပ်မှု ရှိနေတယ် ဆိုတာကို မထင်မှတ်ဘဲ သိရှိခဲ့ရပါတယ်။ တကယ်လို့များ သမီးကလေးရဲ့ ချစ်သူဟာ လူသတ်သမားတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုရင် သမီးလေးကို သူ ဘယ်လိုဖွင့်ပြောရမလဲ၊ ဘယ်အရာမဆို ဖခင်အပေါ် အဆိုးမြင်ပြီး စိတ်ထင်ရာလုပ်တတ်တဲ့ သမီးငယ်လေးက ရော သူပြောတာ လက်ခဲ့မှာတဲ့လား..အစရှိတဲ့ သောကတွေနဲ့ ပူလောင်နေတဲ့ Sang-won နဲ့ သံသယတရားခံ Cheol-woong တို့ရဲ့အကြားက ချစ်စိတ်မွှန်နေတဲ့ Cheol-woong ... သူတို့ သုံးယောက်အကြားက ထင်မှတ်မထားတဲ့ လှည့်ကွက်လှလှလေးတွေ ပေါက်ဖွားလာပါတော့တယ်။ ပရိသတ်ကြီးအတွက် ဇါတ်လမ်းကို အမြည်းသဘောအနေနဲ့ ရှပ်ပြီးရေးသားထားတာဖြစ်တဲ့အတွက်... မူရင်း ရုပ်ရှင်ရဲ့ ဇါတ်အိမ်က ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်..  သူ့နေရာနဲ့သူ မြှုပ်ကွက်ကလေးတွေ ပါရှိနေသေးတယ်ဆိုတာ....  ပရိသတ်ကြီး တွေ့ရှိရပါလိမ့်မယ်ခင်ဗျ။ Thriller ဘက်ကို သယ်ဆောင်မသွားဘဲ Crime/Drma ဘက်ကို ငြိမ့်ငြိမ့်လေး သယ်ဆောင်သွားမယ့် Movie တစ်ခုဖြစ်တဲ့အတွက်...  စိတ်ကျေနပ်စရာ ရုပ်ရှင်တစ်ခု ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Spider-Man 3 (2007) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/Nnv9Qh

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Spider-Man 3"ပါ။

ဒီပုံလေးမြင်ရင်အားလုံးရင်းနှီးနေကြမယ်လို့ထင်ပါတယ်..အရင် စပိုက်ဒါမန်း ဇာတ်လမ်းရဲ့ 2007
မှာထွက်ရှိခဲ့တဲ့ သုံးကားမြောက်ဇာတ်ကားဖြစ်သလို..သုံးကားထဲမှာအကောင်းဆုံးနဲ့နောက်ဆုံးကားလို့
ပြောရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းကိုတော့မပေးတော့ဘူးနော်…

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Saawariya (2007) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/rTaOTP

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Saawariya"ပါ။

IMDb 5.5 ရထားြပြီး ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ အချစ်အလွမ်းကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ် Saawaria ဆိုတာ ဟင်ဒီကနေလို My Love (or) soul mate ကိုဆိုလိုတာဖြစ်ပါတယ် ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်တစ်ခုက ဘောလိ၀ုဇာတ်ကားတစ်ကားကို ပထမဆုံး မြောက်အမေရိက ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sony Picture Production ကထုပ်လုပ်ပေးခဲ့တာဖြစ်ြပြီး ပထမဆုံး blu-ray ခွေအဖြစ်ထွက်ရှိခဲ့တဲ့ ဘောလိ၀ုဒ်ဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လူကုံထံသူဌေးသမီး ဂူလတ်ဂျီဟာ ြမြို့ရဲ့ကြေးရတက်ကလပ်ကို မကြာမကြာ လာတတ်ြပြီး အဲ့ ကလပ်က တီးဝိုင်းခေါင်းဆောင် Raj ဟာ ပေါ့ပေ့ာပါးပါးနဲ့နွေးထွေးငြင်နာတတ်တဲ့နှလုံးသားရှိသူတစ်ယောက်ဖြစ်ြပြီး ဂူလတ်ဂျီက Raj ကိုကြိတ်ခိုက်နေသူတစ်ယောက်လဲ ဖြစ်ပါတယ် ဒီလိုနဲ့တစ်နေ့မှာ Lilian ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်မထင်မှတ်ပဲရောက်ရှိလာရာမှ  ဘယ်လို အပွင့်ဆိုင် ဇာတ်လမ်းတွေဖြစ်ကြမလဲ Gulabji တစ်ယောက်ရော ရတာမလိုလိုတာမရ ဖြစ်ြပြီး ဘယ်လိုတွေခံစားရမလဲဆိုတာကို ပရိတ်သတ်ကြီး ကပဲဆက်လက်ခံစားလိုက်ပါတော့ .....

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Naam Hai Akira (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/sJyCfH

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Naam Hai Akira"ပါ။

ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိ၀ု သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးမယ်ဇာတ်ကားလေးကတော့ IMDb Rating 6 ထိရရှိထားပြီးတော့ဇာတ်ကားလေးထဲမှာ ACTION/CRIME/DRAMA/THRILL စတဲ့ရသပေါင်းစုံကို တကားထဲနဲ့ ခံစား ရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့အကီရာ ဟာ အိန္ဒိယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ နေထိုင်ပြီး ငယ်စဉ်ကတညး်က ဖခင်ရဲ့ သင်ကြားမှုကြောင့်မဟုတ်မခံစိတ်ရှိသူတစ်ယောက်ပါ အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကိုမြင်တွေ့မိခဲ့ပြီး မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက်မွမ်ဘ်ုိင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်ကအမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါ၀င်နေခဲ့မိရာမှဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Thursday, November 24, 2016

The Crone (2013) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/UmQl19

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Crone"ပါ။

 ပရိတ်သတ်ကြီး  ဒီနေ့ည မအိပ်ခင် စောင်ပုံထဲမှာ ကွေးပြီး သည်းထိတ်ရင်ဖို Horror လေးကြည့်ရှုခံစားဖို့အတွက် The Crone ဂျပန်သည်းထိတ်ရင်ဖိုကားလေး တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားဟာ IMDb rate 4 သာရရှိထားပေမယ့် ထိတ်လန့်စရာ horror ရသကိုတော့ အပြည့်အဝပေးနိုင်မယ့် ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းကတော့ "Jersey Girls" ဆိုတဲ့ မိန်းကလေးသုံးဦးပါဝင်တဲ့ Idol group လေးဟာ သဘာဝလွန်ဖြစ်ရပ်တွေအကြောင်း ရိုက်ကူးဖို့ TV အစီအစဉ်တစ်ခုမှာ ဖိတ်ခေါ်ခံရတာကနေ အစပြုပါတယ် အစီအစဉ်ရိုက်ကူးရာ စွန့်ပစ်ထားတဲ့ လူအိုရုံကြီးတစ်ခုမှာ မိန်းကလေးတွေဟာ ဘယ်သူက သတ္တိအကောင်းဆုံးနဲ့ မှတ်တမ်းအတင်နိုင်ဆုံးသူဖြစ်မလည်းဆိုတာ ပြိုင်ဆိုင်ခဲ့ကြပါတယ် ဒါပေမယ့် သူတို့ကိုယ်တိုင် သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရချိန်မှာတော့ ဘယ်လိုသွေးပျက်စရာ အဖြစ်အပျက်တွေ တွေ့ရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ တသ်ဆက်လိုက်ရပါတယ်။


စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Defiance (2008) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/fo2QQU

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Defiance"ပါ။

မင်္ဂလာပါပရိတ်သတ်ကြီးတို့ရေ ခုတစ်ခါမိတ်ဆက်ပေးမှာကတော့ Defiance  စစ်ကားလေးပဲဖြစ်ပါတယ်
ဒီကားလေးဟာဆိုရင်ဖြင့် January 14 ,2009 ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး လူအများနှစ်ခြိုက်အားပေးမှုကို တစ်ခဲနက်ရခဲ့တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးဟာဆိုရင်
နာစီဝါဒကို အောင်မြင်စွာဖီဆန်တော်လှန်နိုင်ခဲ့တဲ့ "Belarus"ကဂျူးလူမျိုးအုပ်စုတွေရဲ့ဖြစ်ရပ်မှန်ကြေကွဲနာကြည်းဝမ်းနည်းစရာဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးရိုက်ထားတာပဲဖြစ်ပါတယ် ဂျူးလူမျိုးများ၏အနှိမ်ခံ အသတ်ဖြတ်ခံဘဝများမှ လွတ်မြောက်အောင်တောထဲမှာ ပုန်းရှောင်ခဲ့ရသူတို့ရဲ့ အနိုင်မခံအရှုံးမပေး ရွတ်ရွတ်ချွန်ချွန်ကြိုးစား အားထုတ်ထား တာလေးတွေကို အားကျအတုဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် တောထဲမှာပုန်းရှောင်နေရသူ လူနည်းစု ဂျူးလူမျိုး၅၀ခန့်က၄င်းတို့ရဲ့အဖွဲ့ဝင်များထဲမှ အချို့သော ၁၂၀၀ခန့်ကိုဆုံးရှုံးခဲ့ရတဲ့အချိန်မှာ မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်အောင်တောထဲမှနေပြီးတော်လှန်ခဲ့ကြပုံကို ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်   ရင်သပ်ရှုမောဖွယ် ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းပေးလိုက်ရပါတယ်

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

The Woman in Black (2012) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/PdCAQZ

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Woman in Black"ပါ။

မင်္ဂလာပါခင်ဗျာ၊ The Woman In Black ဟာ.. 2012 မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Horror Movie Fan တွေကြားထဲမှာ အတော်လေး ရေပန်းစားခဲ့တဲ့ Movie တစ်ခုဖြစ်ပါတယ်။ လူသူတိတ်ဆိတ်တဲ့ ညကာလအခါမျိုးမှာ.. တစ်ယောက်တည်း ကြည့်ရှုမယ်ဆိုရင်ဖြင့် စိတ်နှလုံးကို ခိုင်ခိုင်ထားပြီးမှကြည့်ရှုသင့်ကြောင်း အကြံပေးလိုပါတယ်။ နာကျည်းမှု၊ မုန်းတီးမှု တွေနဲ့ ပြည့်နှက်နေတဲ့ မကျွတ်မလွတ် ၀ိဉာဉ်တစ်ကောင်ရဲ့ သိသိသာသာ ရော မသိမသာ ခြောက်လှန့်မှု Scene တွေဟာ. နောက်ခံ အသံပိုင်းစနစ်ရဲ့ ပံ့ပိုးမှုကြောင့် အတော်လေး ခြောက်ခြားစရာကောငး်ပါတယ်ခင်ဗျ။ ဒါကြောင့် Woman In Black ရဲ့ taste ကို အပြည့်အဝခံစားလိုတယ်ဆိုရင် မီးတွေအားလုံးအမှောင်ချပြီး အသံမတိုးမကျယ်လေးနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရုပ်ရှင်ထဲမှာ နစ်မြောကြည့်လိုက်ပါလို့ ... တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ ( ကျွန်တော်တို့ကတော့ အသံပိတ်ကြည့်ပါတယ် :P )
Harry Potter မင်းသား Daniel Radcliffe ဟာ ဒီလို ဇါတ်ရုပ်မျိုးနဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံးပဲလို့ ဆိုရလောက်အောင် ... သူ့အခန်းကဏ္ဍမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ ဇနီးသည်ကို အမြဲလွမ်းဆွတ်တမ်းတနေတဲ့ Arthur ဟာ.. ရွာငယ်လေးတစ်ရွာမှာ ရှိနေတဲ့ အိမ်အိုကြီးတစ်လုံးရဲ့ စာရင်းတွေ ပြုစုပေးဖို့.. အလုပ်ရှင်ရဲ့ စေခိုင်းမှုနဲ့.... ခရီးထွက်လာခဲ့ရပါတယ်။ ဒါပေမယ့် Eel Marsh House ( အိမ်အိုကြီးရဲ့အမည်) ကိစ္စ နဲ့ ရောက်လာတယ်ဆိုတာ သိရကတည်းက သူ့အပေါ်မှာ သူစိမ်းပြင်ပြင် ကြိုဆိုခဲ့ကြတဲ့ ရွာသူရွာသားတွေကြောင့် တည်းခိုစရာမရှိတဲ့ Arthur အတွက် Eel Marsh House မှာ နေထိုင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီ အိမ်အိုကြီးမှာ... နွံနစ်ပြီးသေခဲ့ရတဲ့သားငယ်ကို စွဲလန်းစိတ်နဲ့ ခပ်ဆိုးဆိုး အနက်ရောင်မိန်းမတစ္ဆေတစ်ကောင် ခြောက်လှန့်တတ်မှန်းကိုသာ Arthur သိခဲ့ရင် ဇါတ်လမ်းက တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။ အုံ့မှိုင်းမှိုင်းရာသီဥတု နောက်ခံနဲ့ ကျယ်ဝန်းလှတဲ့အိမ်ကြီးရဲ့အတွင်းမှာ ညစဉ်ညတိုင်း တစ်ယောက်တည်း နေထိုင်ရတော့မယ့် Arthur အတွက်.. ဘယ်လိုခြောက်လှန့်မှုမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ... ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ အရမ်းကို လှပသေသပ်လွန်းတဲ့ Cinematography ရဲ့ ပံ့ပိုးမှု နဲ့... Color grading ပိုင်းမှာလဲ  ဇါတ်လမ်းရဲ့ Theme နဲ့ ကိုက်ညီအောင် ပညာပြထားတဲ့ အဆင့်အတန်းမြင့် ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့အတွက် အမှတ်တရသိမ်းဆည်းထားသင့်တဲ့ Movie တစ်ခုလဲ ဖြစ်ပါတယ်လို့...  ညွှန်းဆိုချင်ပါတယ်ခင်ဗျ။ 

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။