Wednesday, August 31, 2016

To Steal from a Thief

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/rx756h

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"To Steal from a Thief"ပါ။
 
 သူခိုးလက်မှ သူဝှက်လုဆိုတဲ့အတိုင်း ဘဏ်မှ တန်ဖိုးကြီးပစ္စည်းများကို လျှို့ဝှက်သိမ်းဆည်းထားတဲ့  အထူးလုံခြုံရေး သေတ္တာများကို မြေအောက်လှိုဏ်ခေါင်းတူးပြီး ခိုးယူခဲ့သော သူခိုးများလက်မှ ရတနာနှင့်အဖိုးတန်ပစ္စည်းများကို ကတုံးပေါ်ထိပ်ကွက်ပြီး ဥာဏ်ကစားပြန်လည်ခိုးယူပုံနှင့် အခိုးခံရသော သူခိုးအုပ်စုမှလဲ ပြန်လည်လုယူလိုသော ဥာဏ်ကြီးရှင်နှင့် အပြန်အလှန်ဥာဏ်ကစားကြပုံကို အသတ်အပုတ် အပြစ်အခတ်အကြမ်းအရမ်းနှင့် ဗျူဟာခင်းကျင်းပုံတို့ကို တွေ့မြင်ရမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့  ပရိတ်သတ်ကြီး မြန်မာစာတန်းထိုးကောင်းကောင်းနဲ့ ကြည့်ရှု့နိုင်ရန်အတွက် ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ရပါသည်.။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Ride Along 2

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/0S95hD

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့" Ride Along 2"ပါ။
 
ကဲဒီတခါတော့ ထွက်ထားတာကြာပြီဖြစ်ပေမဲ့ တော်တော်ရီရတဲ့
စုံထောက်ဟာသကားလေးကို ပိတ်ရက်အတွက်တင်ပေးလိုက်ပါတယ်
အတ္တလန္တာရဲဌာနက စုံထောက်ဖြစ်သူ ဘန်ဟာ အမှုတခုမှ မရည်ရွယ်ပါပဲ
မူးယစ်ဂိုဏ်းတစ်ခုကိုခြေရာခံမိရာမှ မိုင်ယာမီ အထိ သွားရောက်စုံစမ်းရန်
အခွင့်ကြုံလာသော အခါမှ မကြာမီ ညီမဖြစ်သူနဲ့ လက်ထပ်တော့မယ်
ရာထူးချပြီး ခံဝန်နဲ့ နေရသူ ယောက်ဖလောင်း အရာရှိ ဂျိမ်းစ် နဲ့
သွားရောက် စုံစမ်းဖို့ အခွင့်ကြုံလာရာမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ
အလွဲလွဲအချော်ချော်တေကကော ဘယ်လိုတွေများကြုံကြမလဲကို ဆက်လက် ကြည့်ရှုလိုက်
ပါအုံးဗျာ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Ki & Ka

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/Fn3oQC

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Ki & Ka"ပါ။
 
ဒီကားလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် အိမ်ထောင်ပြုပြီး အိမ်အလုပ်တွေကိုပဲလုပ်ရင်း ဘဝကိုမနှစ်မြုပ်ချင်တဲ့ ကောင်မလေးနဲ့ ဖခင်ကအရမ်းချမ်းသာသောသူဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းတွေကိုစိတ်မဝင်စားဘဲ သူ့ရဲ့အမေကိုအရမ်းလေးစားအားကျတဲ့ ကောင်လေးတို့ တွေ့ဆုံကြတဲ့အခါ
တခြားသူတွေနဲ့ မတူတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဘယ်လိုပြဿနာတွေဖြစ်လာနိုင်မလဲ
ကောင်လေးကရော သူ့ချစ်သူအတွက် အိမ်အလုပ်တွေလုပ်ရင်းနဲ့ပဲ နောက်ကွယ်ကနေပံ့ပိုးပေးနိုင်မလား ….
ကောင်မလေးကရော သူ့ချစ်သူကို လူကြားမှာပွဲထုတ်ဖို့အတွက် ဘယ်လိုခံစားမှုတွေရှိနေမလဲ ….
နောက်ပိုင်း သူ့ခင်ပွန်း အကြောင်းတိုက်ဆိုင်၍အောင်မြင်လာတဲ့အခါမှာရော မနာလိုမှုမရှိဘဲ မေတ္တာဆက်ထားနိုင်မလား
သူတို့နှစ်ယောက်ရဲ့ အချစ်ကသူမတူဘဲ ဘယ်လောက်ထိရှေ့ဆက်လျှောက်လှမ်းသွားနိုင်မလဲဆိုတာကတော့ ….ဇာတ်ကားလေးထဲမှာပဲ စိတ်ဝင်းစားစွာနဲ့ အဖြေရှာလိုက်ကြပါလို့ပြောပါရစေ။ အိန္ဒိယရဲ့ နာမည်ကြီးမင်းသမီး ကရီနာ ကပူးရ် သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်အနေနဲ့ အမီတာဘချမ်းလည်းပါဝင်တဲ့အတွက် ဇာတ်ကားကောင်းလေးအဖြစ် ပရိတ်သက်တွေ သဘောတွေ့မှာမလွဲဘူးလို့လည်း ယုံကြည်မိပါတယ်။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

The Conjuring

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/YUbz92

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Conjuring"ပါ။
 
သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ။
ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ Carolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို ကြုံတွေရတာတွေကို ကူညီပေးရင်း ဘ၀တစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဥာဏ် ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်အားလုံးကို ဘယ်လို အနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။
ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။ ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။ သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလို ၀ုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလို တအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်က ခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို တွေ့ရမှာပါ။ ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီးတာပါပဲ။ ကြည့်ရှုသူ ပရိသတ်တော်တော်များများ မျက်စိထဲမှာ စွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာက ဒီကား ဒါရိုက်တာ တော်တယ်လို့ ပြောလို့ရပါတယ်။
Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။ သာမန်ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ စုန်းမပူးတဲ့အခန်းတွေ၊ သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်းနားမှာ အတော်လေးပါတာမို့ အသက် (၁၈)နှစ်အောက်မကြည့်သင့်တဲ့ စာရင်းထဲ ၀င်သွားတာပါ။ မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။
ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။ အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့ ရိုက်ချက်တွေက အတော်ကောင်းတာမို့ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ရုံမှာကြည့်ရမယ့်ကားဆိုပေမယ့် ထွက်ထားတာတော်တော်ကြာပြီဆိုတော့ အခွေထွက်ရင်ကြည့်သင့်ပါတယ်။
သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

The Conjuring 2

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/f8HNYK

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Conjuring 2"ပါ။
 
 ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့ Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။ သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။ အကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက် ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့ မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန် အသံသွင်းတိပ်ခွေကို ဘာသာပြန်ထားတာလေး နားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့ မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်း ပြောပြရင်း တင်ပေးလိုက်ပါပြီ……
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Friday, August 26, 2016

For Love or Money

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/j1L0Hr

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"For Love or Money"ပါ။
 
 မင်းသမီးလေးဂူဂူး(Liu Yifei) နဲ့ မင်းသား Rain တို့ရဲ့ Romance ဇာတ်ကားပါ။
ဒီဇာတ်ကားကိုရိုက်ကူးတော့ မင်းသမီး Liu Yifei  ရဲ့အလှက လှလွန်းလို့ဆိုပြီး
ဇာတ်ကားမှာပြောရမယ့် ဒိုင်ယာလော့ခ်တွေကို
မင်းသား Rain မေ့သွားတယ်လို့ဆိုပါတယ်။
ဇာတ်လမ်းကတော့ Romance ဆန်လွန်းပြီး လူငယ်တွေအကြိုက်ဇာတ်ကားမျိုးပါ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

PK

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/ZE9NQg

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"PK"ပါ။

 India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာ….
ရွေ့လျားနေသောတိမ်တိုက်ကြီးတစ်ခုမြေပြင်သို့ တဖြည်းဖြည်းချဉ်းကပ်လာနေပါတယ်…
တိမ်တိုက်အတွင်းမှာတော့ ပန်းကန်ပြားပျံသဏ္ဍာန်ယာဉ်ပျံတစ်စင်း
အဆိုပါယာဉ်ထဲမှ ဝတ်လစ်စလစ်နှင့် လူသားသဏ္ဍာန်တစ်ခုဆင်းလာပါတယ်
ထို့နောက်ယာဉ်ပျံကပြန်လည်ထွက်ခါသွားပါတော့တယ်
သူ့လည်ပင်းမှာတော့ အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတစ်ပြားကို ဆွဲကြိုးအဖြစ်ဆွဲထားပါတယ်
အဆိုပါဆွဲကြိုးဟာ သူ့အတွက် သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control ဆိုလည်းမမှားပါဘူး
ကမ္ဘာကြီးကသူ့အတွက်တော့ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်တစ်ခုပေါ့
India အမျိုးသားကြီးတစ်ယောက်ကို သူတွေ့တဲ့အခါ ထိုအမျိုးသားကြီးဆီသူလျှောက်သွားတယ်
ထိုအမျိုးသားကြီးက သူ့လည်ပင်းကဆွဲကြိုးကို ဖြုတ်လုပြီး ခုတ်မောင်းလာနေတဲ့ ရထားတွဲပေါ်ပြေးတက်လိုက်ပါသွားတယ်
သူလည်းသူ့ဆွဲကြိုးလေးပြန်ရဖို့ကြိုးစားရင် ထိုအမျိုးသားကြီးဆီက ရေဒီယိုလေးတစ်လုံးကို ပြန်ရခဲ့ပါတယ်
သဲကန္တာရအလယ်
အခြားကမ္ဘာက ဝတ်လစ်စလစ်ဂြိုလ်သားတစ်ယောက်
ရေဒီယိုလေးတစ်လုံးပိုက်လို့
သူနေထိုင်ရာဂြိုလ်ဆီပြန်ဖို့ remote control ကလည်းပျောက်ဆုံးသွားခဲ့ပြီ
လူသားတွေရဲ့အလေ့အထ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုပညတ်တွေ ဘာသာစကားတွေ ဘာမှနားမလည်တဲ့ သူ့အဖို့ ဒီ remote control လေးကို ဘယ်လိုပြန်ရှာဖွေမှာလဲ
လူတွေကတော့ သူ့ကို PK လို့ခေါ်ကြတယ်
သူနေထိုင်ရာ ဂြိုလ်မှာ ဘာသာစကားမရှိဘူး
အဝတ်အစားမဝတ်ဘူး အတွေးနဲ့စကားပြောကြတယ်
သူ့မှာအမည်နာမ မရှိဘူး
လူသားတွေလို စကားတစ်ခွန်းကြောင့် နားလည်မှုလွဲပြီးအမုန်းတွေမပွားကြဘူး
PK အတွက်တော့ လူသားတွေလို ပြုမူနေထိုင်နိုင်ဖို့တော်တော်လေ့လာသင်ယူခဲ့ရတယ်
အဝတ်အစားကိုမှန်ကန်အောင်ဝတ်နိုင်ဖို့ ငွေကြေးတွေသုံးစွဲဝယ်ယူတတ်ဖို့နဲ့ ဘာသာစကားတွေကို ပြောဆိုတတ်ဖို့ သူ့အတွက် ခြောက်ပတ်တိတိလေ့လာခဲ့ရတယ်
PK ရဲ့ ထူးခြားတဲ့အမူအကျင့်တွေကို သတိထားမိခဲ့သူ သတင်းထောက်မလေး Jaggu ဟာ PK အကြောင်းကို သိရဖို့ကြိုးစားပါတော့တယ်
PK အတွက်မ္ဘာပေါ်မှာ ဘယ်လိုအတွေ့အကြုံတွေကိုဆက်လက်တွေ့ရမှာလဲ
သူ့ remote control လေးကို ပြန်ရှာတွေ့နိုင်မှာလား
…….
ဘာသာရေးနဲ့ ပတ်သက်ပြီး သရော်ထားတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ဝေဖန်ခံရမှုတွေရှိခဲ့ပေမယ့် PK ဇာတ်ကားဟာ ကျွန်တော်တို့တွေ နေ့စဉ်ဘဝမှာ အမြဲတမ်းကြုံတွေ့နေရတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ ဘာသာရေးကိုခုတုံးလုပ်မှုတွေ လွဲမှားစွာကိုးကွယ်ယုံကြည်မှုနေတဲ့ အစွန်းရောက်လွန်းလှတဲ့ အယူအဆအချို့ကိုပါ လှပစွာမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်
ကျွန်တော်တို့တွေရောရိုးသားစွာယုံကြည်သက်ဝင်နေကြတာလား
သေသေချာချာတွေးတောကြည့်ဖြစ်ကြရဲ့လား
လွဲမှားနေတဲ့ အယူအဆအဟောင်းတွေနောက်လိုက်မိနေကြပြီလား
PK နဲ့အတူအတွေးနယ်ချဲ့ကြည့်ရအောင်လားဗျာ….

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Finding Dory

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/kdku03

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Finding Dory"ပါ။
 
 Box office မှာ ဝက်ဝက်ကွဲဝင်ငွေစံချိန်ချိုးခဲ့တဲ့ ကားလေးကို ဦးဦးဖျားဖျား HDTS version ဖြင့်တင်ဆက်ပေးလိုက်ရပါတယ် Full HD ထွက်လာပါကလဲ အချိန်မခြာပဲ ချကိခြင်းတင်ဆကိပေးပါဦးမယ်။ Finding Dory ဇာတ်ကားလေးသည် 3D computer-animated adventure ဟာသကားလေးဖြစ်ပြီး Walt Disney ရဲ့ 2016 အတွက် နောက်ထပ်တကားဖြစ်ပြီး 3D animation အတွက်ကိုတော့ Pixar Animation Studios ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ် တကမ္ဘာလုံးမှာ ဒေါ်လာ $287 million အထိရောက်အောင် အောင်မြင်ခဲ့ပြီး June လ 17 နေ့က အမေရိကန်မှာ ရုံတင်ပြသခဲ့တဲ့ ကားလေးဖြစ်ပါတယ် 2003 ကထွက်ရှိခဲ့တဲ့ Finding Nemo နောက်ဆက်တွဲ ကားတကားလဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးသည် အတိတ်မေ့ရောဂါရနေတဲ့ ငါးလေးDoryကို အခြေခံပြီး သူမရဲ့ မိဘတွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ရှာဖွေတာကနေ စတင်ထားပါတယ်၊ သူမရဲ့ ခရီး တောက်ရှောက်မှာတော့ သူမသည် California public ငါးဥယျာဉ် သို့ဖမ်းဆီးခံလိုက်ရပြီး အဲ့ဒါ ကို Marlin နဲ့ Nemo တို့က ကယ်တင်ဖို့ကြိုးစားပုံတွေ သူတို့ကြိုးစားမှုတွေ အောင်မြင်ရဲ့ လား ဆိုတာ Dory ကကော သူ့မရဲ့ မိဘတွေကို ပြန်တွေ့နိုင်ရဲ့လားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာဆက်လက် ရှုစားပေးပါနော် Quality: HD Rip
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Thursday, August 25, 2016

The Con Artists

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/TAcAy5

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Con Artists"ပါ။
 
  ၂၀၁၄ ခုနှစ်ကိုရီးယားရုပ်ရှင်တွေထဲ အောင်မြင်မှုတော်တော်များများရခဲ့ပြီး မြောက်အမေရိက၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ဗီယက်နမ်တို့မှာပါ ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ မင်းသား ကင်ဝူဘင်ကို အများကြီးအောင်မြင်ခဲ့စေတဲ့ဇာတ်ကားဖြစ်ပြီး Professionalေ ဖာက်ထွင်းရေးသမားတစ်ဦး နဲ့ အစီအစဉ်ချတဲ့ သူ့သူငယ်ချင်းတစ်ဦးတို့ လုပ်ငန်းတစ်ခုကို လူမိုက်ခေါင်းဆောင်တစ်ဦးက လာအပ်ရာက စတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ခက်ခဲလှတဲ့ လုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ ဟက်ကာတစ်ဦးကိုလည်း သူတို့ခေါ်ယူခဲ့ရပြီး လူမိုက်အဖွဲ့က ခိုင်းတဲ့အလုပ်ကိုလုပ်ပြီးရာမှာတော့ သူတို့ပါ အသက်ဘေးအန္တရာယ်နဲ့ကြုံလာရပါတော့တယ်။ ဒီဇာတ်ကားကို Personal အရပြောရရင်တော့ ကိုရီးယားရုပ်ရှင်တွေထဲ အတော်သဘောကျမိတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာလည်း ဟောလိဝုဒ်ကားတွေထက်မနိမ့်တဲ့ လှည့်ကွက် မြှုပ်ကွက်မျိုးနဲ့
ပရိသတ်ကိုဖမ်းစားသွားတဲ့ကားပါ။ ဒရာမာလည်းမဟုတ် ၀ုန်းဝုန်းဒိုင်းဒိုင်းလည်းမဟုတ်ပဲ တစ်ကားလုံး စိတ်ဝင်စားစရာအပြည့်နဲ့ ဇာတ်အိမ်ဖွဲ့ထားတာမို့ပရိသတ်တွေ သဘောကျကြမှာ သေချာပါတယ်။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

The Purge: Election Year

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/7AOR5X

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Purge: Election Year"ပါ။
 
 လတ်တလောမှာ အမေရိကန်နိုင်ငံမှာဆို ရွေးကောက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဒီလို နိုင်ငံရေးနဲ့ပတ်သတ်တဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားက 
ထွက်လာတော့ အံအားသင့်စရာပါပဲ လို့ တချို့သော ဝေဖန်ရေးသမားများကလည်း ဆိုကြပါတယ် ဒီဇာတ်ကားရဲ့ဇာတ်လမ်းအကျဉ်းကိုဆိုရရင် အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ ရလဒ် မကြေငြာခင်မရောက်ခင်
 အချိန်ကာလတစ်ခု အတွင်းမှာ အစိုးရဟောင်းဘက်က လမ်းသရဲများ ဘာသာရေးအစွန်းရောက်များအတွက် သုတ်သင်ရှင်းလင်းရေးညကို 
ဖန်တီးပေးလိုက်ပါတယ် ထိုညမှာဆိုလို့ရှိရင် လူတစ်ဦးနှင့်တစ်ဦး စာနာမှု ကင်းမဲ့စွာ သတ်ဖြတ်နိုင်ခွင့်ရှိပါတယ် အဲ့ဒီညမှာပဲ သမ္မတလောင်းအဖြစ် 
 ရွေးကောက်ယှဉ်ပြိုင်သူလည်းဖြစ်တဲ့ Charlie Roan ဆိုသော အမျိုးသမီး လွှတ်တော် အမတ်ကလည်း ရလဒ်မကြေငြာမီအချိန်မို့ အိမ်တွင်းက အိမ်ပြင်မထွက် နေနေခပေမယ့် သူ့ရဲ့လက်အောက်သား တစ်ချို့ဟာ 
သစ္စာဖောက်ပြီး ပြိုင်ဘက် သမ္မတလောင်းအတွက် သတ်ဖို့ကြိုးစားပါတော့တယ် ထိုအခါ Roanရဲ့ သက်တော်စောင့်က Roanကို အပြင်သို့ ခေါ်ထုတ်ကယ်တင်ပေးရင်း 
သုတ်သင်ရှင်းလင်းရေးညအတွင်းမှ 
အနိဓ္ဓရုံများကို ရှောင်ကွင်းကာ အသက်ရှင်သက် ထွက်ပြေးရပုံကို စိတ်လှုပ်ရှားဖွယ် 
 ရိုက်ကူးထားတဲ့ သည်းထိပ်ရင်ဖို အက်ရှင်ဇာတ်ကားပါ ..။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Never Gone

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/ln7BSL
 
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Never Gone"ပါ။
 
 Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama, Romance အမျိုးအစားဖြစ်ပါတယ်။IMDb Rating (6.2/10) ရရှိထားတဲ့နာမည်ကြီးဇာတ်ကားပါ။
Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။
အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့ သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။
ဘယ်လိုကံကြမ္မာတွေပဲဝင်ရောက်လာလာ …အနားမှာရှိရှိ..မရှိရှိ.. အချစ်ဆိုတာ ရင်ထဲမှာထာဝရကိန်းအောင်းနေမယ့် နှလုံးသားတစ်ခုပဲမဟုတ်ပါလား။

ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အခန်းတိုင်းလိုလိုစိတ်ဝင်စားစရာတွေပါနေလို့ Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Wednesday, August 24, 2016

The Target

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/njeKXe
 
အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Target"ပါ။
 
 အလွတ်စုံထောက်မှ အနားယူပြီး အိမ်ပြန်လာသူတစ်ဦးဖြစ်သူ Yeo-Hoon မှာ အကြောင်းအရာတစ်ခုကြောင့် သူကိုယ်တိုင်နားမလည်နိုင်သော ကုမ္ပဏီ CEO သေဆုံးသည့်အမှူ့တွဲတစ်ခုတွင်ပါဝင်ပတ်သတ်မိပြီး ပစ်ခတ်မှူ့  ဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှူ့  မှာ ဂိုဏ်းစတားတို့ကိုယ်စား အမှု့အတွက်ကြိုတင် တရားခံအဖြစ်ထောင်ထဲကို အစားဝင်ဖို့ရွေးချယ်ထားသူ မဟုတ်ပဲ မမျှော်လင့်ပဲ အခင်းဖြစ်တဲ့နေရာကိုရောက်နေတဲ့ Yeo-Hoon ကိုယ်တိုင်ဖြစ်နေခဲ့တယ်။ ပစ်ခတ်မှူ့  ဖြစ်ပြီး Yeo-Hoon တစ်ယောက် ဒဏ်ရာနဲ့ဆေးရုံရောက်ပြီး သတိမေ့နေတဲ့အချိန်မှာ Yeo-Hoon ကိုကုသတဲ့ ဆရာဝန်ရဲ့ အမျိုးသမီးကို ပြန်ပေးဆွဲပြီး Yeo-Hoon ကို တစ်စုံတစ်ယောက်က ခေါ်ထုတ်လာခိုင်းတယ်။ ဆရာဝန်လုပ်သူပါ အမှူ့ထဲကို ဇနီးအတွက်နဲ့ပါဝင် ပတ်သတ်မိပြန်တယ်။ ဂိုဏ်းစတားအဖွဲ့ကလည်း ဒီအမှူ့ကို ပိတ်အောင် စုံထောက်ခေါင်းဆောင်ကို လာဘ်ထိုးပြီး ကျန်လူများကိုရှင်းခိုင်းပါတယ်။ အခွင့်အာဏာ အသုံးပြုခွင့်ရှိနေသော စုံထောက်ခေါင်းဆောင်ကို အပိုင်ချုပ်ထားနိုင်ပြီးတော့ အမှူ့မှန်ကို အာဏာနဲ့ ဖုံးကွယ်လိုက်တယ်။ Yeo-Hoon တစ်ယောက် ထိုအရှုပ်အထွေးများမှ လွတ်မြောက်နိုင်ပါ့မလား။ အမှူ့  တွဲကိုရော ဖြေရှင်းနိုင်ပါ့မလား။ အာဏာကိုအလွဲသုံစားလုပ်သူကိုရော ရှင်းထုတ်နိုင်ပါ့မလား။ ဆရာဝန်လုပ်သူကရော အမျိုးသမီးကို ကယ်ထုတ်နိုင်ပါ့မလား။ ဆရာဝန်နဲ့ Yeo-Hoon အတူတူလက်တွဲပြီး ၃၆နာရီအတွင်း အမှူ့ကို ဘယ်လိုပူးပေါင်းဖော်ထုတ်သွားမလဲဆိုတာ ပိတ်ကားပေါ်မှာဆက်လက် ကြည့်ရှူ့ပါ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Barbershop: The Next Cut

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/JZ5Vk5

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Barbershop: The Next Cut"ပါ။
 
 ၂၀၁၆ ထုတ် ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့ Barbershop ဟာ ဟာသဇာတ်ကားအမျိုးအစားဖြစ်ပြီးတော်ရုံဟာသကားတွေ သရဲကားတွေကို Rating ကောင်းကောင်းပေးလေ့မရှိတဲ့ အဝေဖန်ကြမ်းတဲ့ Rotten Tomatoes မှာ 92% ထောက်ခံမှုရရှိထားပြီး IMDB 5.9 ရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
လူမှုကျင့်ဝတ်တွေဖောက်ပြန်ပြီး မကောင်းမှုတွေများပြားလာတဲ့ Chicago မြို့ရဲ့ စီးပွားရေးကျဆင်းလာချိန်ကို အန်တုဖို့ Angie ဟာ ကိုယ်ပိုင် ဆံသဆိုင်နဲ့ အလှပြင်ဆိုင်ကိုတွဲဖက်ဖွင့်လှစ်ပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ်လုပ်ဆောင်ပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးအလုပ်သမားတစ်ဦးနဲ့ တွဲဖက်လုပ်ကိုင်ရာကနေ ဇာတ်လမ်းအချိုးအကွေ့တွေဖြစ်လာခဲ့ပြီး မြို့ကြီးဟာလည်း တဖြည်းဖြည်း ပိုပိုဆိုးရွားလာတဲ့အခါမှာတော့ သူ့သားလေးအတွက်ပါ ဆံသဆိုင်ပိုင်ရှင်ကြီးဟာ စိတ်ပူလာရပါတော့တယ်။ ရှုပ်ယှက်ခတ်နေတဲ့မြို့၊ လူမိုက်လူရမ်းကားတွေများပြားတဲ့နေရာမှာ ဒီဆံသဆိုင်လေးနဲ့ သူတို့သားအဖတွေ မိတ်ဆွေသူငယ်ချင်းတွေ ဘယ်လိုနေထိုင်လာကြသလဲဆိုတာကို သဘောကျစရာဟာသဇာတ်ဝင်ခန်းများစွာနဲ့ ရယ်မောခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားသစ်လေးလည်းဖြစ်ပြီး Nicky Minaj တို့ Tyga တို့လိုအဆိုတော်တွေ ပါဝင်ထားပြီး လက်တလောအမေရိကရဲ့ နိုင်ငံရေးအခြေအနေတွေကိုပါ သရော်လှောင်ပြောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ပရိသတ်တွေ ရယ်မောပျော်ရွှင်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Tuesday, August 23, 2016

Ginger Snaps Back: The Beginning

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/2UqrqJ

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Ginger Snaps Back: The Beginning"ပါ။

ဇာတ်လမ်းကတော့ Ginger နဲ့ Brigitte ညီမနှစ်ယောက်ဟာ မိဘတွေသေဆုံးပြီးတဲ့နောက် သူတို့ညီအမနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပါတယ်။ သူတို့ဟာ တစ်နေရာပြီးတစ်နေရာလျှောက်သွားရင်းက ခံတပ်တစ်ခုကိုရောက်လာခဲ့တယ်။ သူတို့အတွက်နားခိုဖို့နေရာတစ်ခုရခဲ့တယ်ဆိုပေမယ့် သူတို့ညီမနှစ်ယောက်အတွက် ကံကြမ္မာဆိုးတစ်ခုကစောင့်ကြိုနေခဲ့တယ်ဆိုတာ သူတို့မသိခဲ့ဘူး။ သိတဲ့အချိန်မှာလည်း သူတို့နောက်ကျသွားခဲ့ပြီလေ။ လူလား ကလေးလေးလား မသဲကွဲတဲ့ သတ္တ၀ါတစ်ကောင်က Brigitte ရဲ့ပခုံးကို အမှတ်မထင် ကိုက်လိုက်မိတယ်။ အစကတော့ သွေးရိုးသားရိုးဒဏ်ရာတစ်ခုလို့ထင်မှတ်ထားခဲ့ပေမယ့် တကယ့်ပြဿနာကအဲဒီမှာစခဲ့တာ။
ဒီဇာတ်ကားမှာ အရမ်းအရေးပါတဲ့ အန္ဒိယန်အဘွားကြီးတစ်ယောက်လည်းရှိပါတယ်။ ညီအမနှစ်ယောက်က သူ့ကို ခံတပ်မရောက်ခင်ကတည်းက တွေ့ခဲ့တာပါ။ ခံတပ်တည်ရှိတဲ့ အန္ဒိယန်အဘွားကြီးတို့နေထိုင်ရာ ရွာလေးမှာ သူတို့ဘိုးဘွားစဉ်ဆက်ယုံကြည်ခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ကျိန်စာတွေအကြောင်း ၀ံပုလွေတွေအကြောင်းလည်းပါပါတယ်။
ကဲဒါဆို အဲဒီ ဒဏ္ဍာရီ ဇာတ်လမ်းကဘာလဲ
Ginger နဲ့ Brigitte တို့ညီအမနှစ်ယောက်ကရော ဘယ်လိုဒုက္ခတွေကြုံတွေ့ပြီး Brigitte ရဲ့ပခုံးကဒဏ်ရာကိုရော သူတို့ကုသနိုင်ပါ့မလား သေဘေးကရောလွတ်နိုင်ပါ့မလားဆိုတာကတော့
ဒီကားလေးကိုကြည့်ရင်းအဖြေရှာနိုင်ပါတယ်။
ကြည့်ပြီးရင် စဉ်းစားစရာတစ်ခုကျန်ခဲ့ပါလိမ့်မယ်
အဲဒါကတော့ တကယ်ဒုက္ခကြုံရပြီဆိုရင်
ကိုယ့်သွေးသားကိုယုံကြည်သင့်လား သူများတွေပြောတဲ့ယုံတမ်းစကားတွေကြိုဟောစတမ်းတွေကိုယုံကြည်သင့်လားဆိုတာပါ။
ဒီဇာတ်ကားလေးဟာ ၂၀၀၄ခုနှစ်အတွက် အသံပိုင်းဆိုင်ရာထူးချွန်ဆုအတွက် ယာထားခြင်းခံခဲ့ရတဲ့ဇာတ်လမ်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့လည်း ထပ်ပြီးတိုက်တွန်းလိုက်ပါရစေ 
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Runner Runner

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/PwnAvO

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Runner Runner"ပါ။

Richie Furst ဟာ Princeton ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျောင်းလခအတွက် အင်တာနက်မှာ ဒီတစ်ခေါက်မှာ Richie ဟာအင်တာနက်က လူလိမ်တစ်ယောက်ဆီမှာ ပိုက်ဆံတွေရှုံးသွားခဲ့ပါတယ်။ Richie ကအဲဒီ့လူလိမ်ဖြစ်တဲ့ Ivan Block ဆိုသူရှိတဲ့ Costa Rica နိုင်ငံကိုသွားပြီးပြသနာဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ သူတို့နှစ်ရောက်တွေ့ပြီတဲ့အခါ Ivan ကစိတ်ဓာတ်ပြင်းပြတဲ့ Richie ကိုသူနဲ့အတူတူအလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ Richie ဟာ Ivan ရဲ့ရည်းစားဟောင်း Rebecca Shafran နဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ Costa Rica ရောက်နေတဲ့ FBI စုံထောက် Shavers က Richie ကိုပြန်ပေးဆွဲအသက်အန္တရာယ်နဲ့ခြိမ်းခြောက်ပြီး Ivan ရဲ့ပြစ်မှုတွေကိုဝန်ခံဖို့တောင်းဆိုတဲ့အခါ……….။
Runner Runner ဟာဒါရိုက်တာ Brad Furman ရဲ့လက်ရာ ရာဇ၀တ်မှုနောက်ခံ သဲထိပ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီးအဓိကသရုပ်ဆောင်တွေအဖြစ် Justin Timberlake (Richie Furst), Gemma Arterton (Rebecca Shavers), Anthony Mackie (Agent Shavers), Ben Affleck (Ivan Block) တို့ပါဝင်ထားပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Skiptrace

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/u2L3QL

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Skiptrace"ပါ။
 
2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။
ဂျက်ကီဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မည်သူမှန်းမသိတဲ့ မြေအောက်လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား ) လို့ပဲ သိထားကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊ အမေရိကန်လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာ လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေးလာခဲ့ပါတယ်။
အဓိက ဇာတ်လမ်းကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသထားတာပါပဲ။ ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်း ပြုံးပျော်ဖို့ တဖန်အချိန်ကျလာပြန်ပြီဆိုတော့ အားပေးကြပါဦး။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Monday, August 22, 2016

A Bittersweet Life

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/elAtJ5

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"A Bittersweet Life "ပါ။
 
အချစ်ကအရာအားလုံးကို စေခိုင်းစေနိုင်ပါသလား??
ကျနော်ကတော့အချစ်ကြောင့်ပြောင်းလဲသွားတဲကားလေးတစ်ကားနဲ့
မိတ်ဆက်ပေးချင်ပါတယ်…
၇ နှစ်ကျော်လောက်သူဌေးရဲ့လူယုံအဖြစ်တာဝန်ကျေစွာအမှူ့ထမ်းလာတဲ့လက်မရွံ အတွင်းရေးမှူးလေးတယောက် တာဝန်တစ်ခုကိုထမ်းဆောင်ရင် ကောင်မလေးတစ်ယောက်အပေါ်သံယောဇဉ်ဖြစ်ပီသွားတဲ့အခါ …သူယုံကြည်ထားသူထံကနေ သစ္စာဖောက်ခြင်းကိုခံလိုက်ရတဲ့အခါ…
ဘယ်လိုတွေဆက်ပီးဖြစ်လာမလဲ…
အချစ်ရေးထက် မေတ္တာဘွဲ့ကိုအဓိကအခြေခံထားတဲ့ အက်ရှင်ကြမ်းကြမ်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်…စိတ်မခိုင်သူသူများအဖို့ မျက်ရည်ကျလောက်သော ကားလေးတစ်ကားဆိုလည်းမမှားပါဘူး…
အတိကျနားလည်ချင်တယ်ဆိုရင်တော့
 ဒေါင်းပြီးကြည့်ရှု့အားပေးနိုင်ပါတယ်.
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Silent Hill

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/iogFQZ

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Silent Hill"ပါ။
 ဒီဇာတ်ကားက ရောင်းအကောင်းဆုံးစာရင်းဝင်ခဲ့တဲ့ ဗီဒီယိုဂိမ်းကို အသက်သွင်းထားတာပါ။ ထူးခြားတာက အခြားသရဲကားတွေလို ပုံပျက်ပန်းပျက် ဗျူးဗြဲ မလုပ်ပါဘူး Character တွေကလဲ ထူးခြားနေပါတယ် Horror ဆိုတာထက် မှော် ပိုဆန်ပါတယ် ရှာရွန်လေးတစ်ယောက် အိပ်ပျော်ရင်းလမ်းထလျှောက်တဲ့ ဝေဒနာခံစားနေရပြီး Silent Hill ဆိုပြီးတစ်ချိန်လုံးအော်နေပါတယ်။ ဒါကိုမခံစားနိုင်တော့တဲ့အဆုံး အမေဖြစ်သူရို့စ် ကသူ့သမီးကို ဝေဒနာသက်သာလိုသက်သာငြား Silent Hill ကိုခေါ်သွားပါတော့တယ်။ Silent Hill ဆိုတာကြီးက မကောင်းမှု့တွေကြောင့်ရော မြေအောက်မီးကြောင့်ရော အပိတ်ခံထားရတဲ့ မြို့ဖြစ်နေပါတယ်။ ရှာရွန်တို့ Silent Hill ကိုဘယ်လိုရောက်သွားကြမှာလဲ ရောက်ပြီးရင်ရောဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာ ကြည့်ရှု့အားပေးကြပါလို့…. (ရှာရွန်ကမွေးစားသမီးဖြစ်ပါတယ် မွေးစားသမီးဖြစ်ပေမဲ့ သူမအပေါ်ထားတဲ့ ရို့စ်ရဲ့ မိခင်မေတ္တာ အတိမ်အနက်ကို ပရိတ်သတ်ကြီး မျက်ဝါးထင်ထင်တွေ့ရမှာပါ – ဤကားစကားချပ်။)

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Daylight's End

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/lmw9Fo

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့" Daylight's End"ပါ။
 
နှစ်တွေက တဖြည်းဖြည်းနဲ့တိုက်စားပြီး ကမ္ဘာကြီးကို ပျက်စီးမှုတွေနဲ့လူသားတွေကို
ဆာလောင်နေတဲ့ အရိုင်းအစိုင်း သားရဲများ အဖြစ်ပြောင်းလဲ သွားရာမှ
ရည်ရွယ်ချက်မဲ့ လက်စားချေလိုတဲ့ လူတစ်စုက အသက်ရှင်ရပ်တည်နိုင်ဖို့
ဘယ်လိုတွေများ ကြိုးစားရှင်သန် ရမလဲ သွေးဆာနေတဲ့ အရိုင်းအစိုင်းကောင်တွေကို
ဘယ်လိုများရင်ဆိုက်တိုက်ခိုက်ကြမလဲကို ပရိတ်သတ်ကြီးက
ဆက်လက်ဒေါင်းယူ ရှူ စားကြရမှာဖြစ်ပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Sunday, August 21, 2016

Ratchet & Clank

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/MVlfpQ

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Ratchet & Clank"ပါ။
 
 အောင်မြင်ခဲ့တဲ့ Ratchet & Clank video game ကိုအခြေပြုရိုက်ကူးထားတဲ့ ၂၀၁၆ ထုတ် ဒီ3D animation ကားသစ်လေးဟာ အာကာသထဲက မတူညီတဲ့ဂြိုဟ်တွေအချင်းချင်း တိုက်ခိုက်ကြတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားပါတယ်။ Solana Galaxy ထဲက  Tenemule ဂြိုဟ်က Drek ဟာ သူ့လူတွေနဲ့အတူ ဂြိုဟ်ဖျက်လက်နက်တစ်ခုကို ပိုင်ဆိုင်လာတဲ့အခါ galaxy ထဲက အခြားဂြိုဟ်တွေဟာလည်း အန္တရာယ်ကြုံလာရပါတော့တယ်။ Veldin ဂြိုဟ်က လူငယ်အာကာသယာဉ်အင်ဂျင်နီယာလေး Ratchet ဟာ ဂြိုဟ်တွေပျက်စီးပျောက်ဆုံးကုန်တာကို သတိထားမိလာတဲ့အခါ စကြ၀ဠာကြီးတစ်ခုလုံး အန္တရာယ်ကြုံလာနိုင်တာကိုတွေးမိလာပါတယ်။ သူအသစ်တွေ့ရှိလာတဲ့ စက်ရုပ် Clank နဲ့အတူ သူဟာ တပ်ဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီး စကြ၀ဠာကြီးကို ကယ်တင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Guardians of the galaxy လို ဇာတ်ကားမျိုးကို
ကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့မယ့်ရုပ်ရှင်ဖြစ်ပြီး IMDB 5.8 ရရှိထားတာမို့ အခုပဲခံစားကြည့်လိုက်ရအောင်ပါ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Sarbjit

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/QTPYaU

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Sarbjit"ပါ။
 
မိန်းမဖြစ်သူနဲ့ စိတ်ကောက်ရာမှ သူငယ်ချင်းဖြစ်သူ
အဆွယ်ကောင်းမှုကြောင့် အိန္ဒိယ- ပါကစ္စတန် နယ်စပ်မျဥ်းအနီး
ညအချိန် အရက်မူးပြီး ပါကစ္စတန် နယ်စပ်မျဉ်းကိုဖြတ်ကျော်
မိတဲ့လူငယ်လေးတယောက်
အကျဥ်းထောင်အတွင်းမှာ မတရားစွပ်စွဲခံရမှုတွေနဲ့
ငယ်ရွယ်မှုတွေကို တိုက်စားခံလိုက်ရသောအခါမှာ
ညီမဖြစ်သူရဲ့ ကြိုးစားမှုကြောင့် လွတ်မြောက်ခွင့်ရလာမလား။
မိသားစုနဲ့ကော ပြန်လည် စုံတွေ့နိုင်ပါအုံးမလား ဆိုတာကို
ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါအုံးဗျာ။
ဖြစ်ရပ်မှန်ပေါ် အခြေခံပြီးရိုက်ထားတာကြောင့် 
ပရိတ်သတ်ကြီးအနေနဲ့ကတော့ လက်လွှတ်မခံသင့်တဲ့ ကားတကားပါပဲ။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Saturday, August 20, 2016

The Confirmation

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/5nTSf2

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Confirmation"ပါ။
 
 ရှစ်နှစ်အရွယ်ရှိ Anthony ဆိုတဲ့ကောင်လေးဟာ သူ့အမေနဲ့ နောက်အိမ်ထောင်တို့ ခရီးထွက်သွားတဲ့ အခါ အဖေ အရင်းဖြစ်သူ အရက်သမား လက်သမားဆရာ Walt နဲ့ အားလပ်ရက်မှာ အတူလာနေရန်အကြောင်းဖန် လာပါတယ်. Walt နဲ့ သားဖြစ်သူ Anthony တို့ရဲ့ ဆက်ဆံရေးဟာ သိပ်ပြေလည်လှတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ပထမဆုံးလာနေတဲ့ရက်မှာပဲ Walt ရဲ့ ပစ္စည်းသေတ္တာ သူခိုးခိုးခံလိုက်ရပါတယ် အဲ့ဒီမှာ သားအဖနှစ်ယောက် သခိုးကိုလိုက်ရှာကြရာကနေ နှစ်ယောက်ကြားရင်းနှီးမှုတွေ ပြန်လည်ဖြစ်လာပြီး သူတို့ဘယ်လိုဘယ်ပုံ သခိုးကိုရှာမလဲဆိုတာကို ဇာတ်လမ်းလေးဆင်ရိုက်ကူးထားတဲ့ Comedy ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Shelley

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/8fMjUD

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Shelley"ပါ။
 
 ထူးထူးခြားခြား Rotten tomatoes မှာလက်ရှိ 100% ထောက်ခံမှုပြထားခြင်းခံရတဲ့ ဇာတ်ကားပါ။ ရိုးမေးနီးယန်းအမျိုးသမီးငယ်လေးတစ်ယောက် နယ်မြို့လေးကအိမ်တစ်အိမ်မှာ အိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင်နေရင်း ဖြစ်ပေါ်လာတဲ့ ဇာတ်ကားပါ။ အိမ်ကလေးဟာ တောစပ်နားမှာရှိပြီး လူနေပတ်ဝန်းကျင်နဲ့ဝေးကွာကွာ လျှပ်စစ်မီးလည်းမရှိပါဘူးတဲ့။ အိမ်ရှင်မရဲ့ ဆန္ဒတွေကြောင့်ကို အဲလိုနေထိုင်ကြတဲ့ အိမ်ကလေးမှာ သားသမီးလည်း မထွန်းကားတဲ့အတွက် တစ်နေ့မှာတော့ အိမ်ဖော်မလေးကို အငှားကိုယ်ဝန်ဆောင်ဖို့ ကမ်းလှမ်းပါတော့တယ်။ သူမကိုယ်ဝန်ရှိလာပြီး မကြာခင်မှာပဲ ပုံမှန်မဟုတ်တဲ့ သန္ဓေသားနဲ့အတူ သူမပါ ပုံမှန်မဟုတ်တော့ပဲ အိမ်ကလေးမှာ ခြောက်ခြားဖွယ်ရာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

အသစ်စက်စက်ဇာတ်လမ်းလေးဖြစ်ပြီး လက်ရှိ IMDB 5.5 နဲ့ RT 100% ဖြစ်တာကြောင့် တကယ်ကောင်းမယ့်ဇာတ်ကားလေးဖြစ်တာမို့ ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါတယ်နော်။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Chronicles of the Ghostly Tribe

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/UO2fhA

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Chronicles of the Ghostly Tribe"ပါ။
 
Visual Affect ခပ်လန်းလန်းတွေနဲက အာရှကားတစ်ကားကို ပိတ်ရက်မှာ
ကြည့်ဖို့တင်ပေးလိုက်ပါတယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ မွန်ဂိုလီးယား နယ်စပ်က
ရှေးနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်ခဲ့တဲ့ ရုပ်ကျွင်းတွေအပေါ်မှာ
လူသားတွေရဲ့ စူးစမ်းလေ့လာမှုတွေကြောင့်
မထင်မှတ်ထားတဲ့ အန္တရာယ်တွေဖြစ်ပေါ်လာတဲ့ အခါမှာတော့
ဘယ်လိုတွေများ ရင်ဆိုင်ကြလေမလဲ
မတော်လောဘ သမား
အာဏာရူးတွေနဲ့ကော ဘယ်လိုရင်ဆိုင်ကြလေမလဲဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ပါအုံး။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Now You See Me 2

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/p4UTXm

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Now You See Me 2"ပါ။
 
ပဉ္စလက်ပညာအသားပေး သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Now You See Me 2 ပါ။ ၂၀၁၃ တုန်းက ထွက်ခဲ့တဲ့ Now You See Me ဇာတ်ကားကလည်း ပရိသတ်တွေအားပေးမှုရခဲ့သလို အခုထပ်ထွက်လာတဲ့ ဒုတိယမြောက်ဇာတ်ကားကိုကော ဘယ်လိုတင်ဆက်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပရိသတ်ရှေ့ကရော အက်ဖ်ဘီအိုင်ရဲ့ မျက်စိအောက်ကပါ တစ်နှစ်လောက်ကြာအောင် ပျောက်သွားခဲ့အပြီးမှာတော့ Four Hor-semen (ဂျေဒန်နီယယ်၊ အက်တလက်စ်၊ မာရစ်မက်ကင်နီ၊ ဂျက်ခ် ၀ိုင်းလ်ဒါ) ပဉ္စလက်ပညာရှင်အဖွဲ့ဟာ ပုန်းခိုနေရင်းနဲ့ Eye လို့ခေါ်တဲ့ပဉ္စလက်ပညာရှင် အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို စောင့်နေခဲ့ပါတယ်။ အကျင့်ပျက် စီးပွားရေးလုပ်ငန်းရှင် အိုဝင်ကေ့စ်က ဆော့ဖ်ဝဲ တစ်ခုကို လျှို့ဝှက်သုံးစွဲပြီးသူများတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် တွေကို သူ့အကျိုးစီးပွားအတွက် ခိုးယူနေမှုကို ဖော်ထုတ်ဖို့အတွက် အက်ဖ်ဘီအိုင်အေးဂျင့် ဒီလန်ရိုဒက်စ်က သူတို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ Horsemen အဖွဲ့ဟာ လုံခြုံရေးအယောင်ဆောင်ပြီး ကေ့စ်ရဲ့ ကုမ္ပဏီထဲကို ခိုးဝင်ပြီး ဆော့ဖ်ဝဲသစ်ကို ခိုးယူကာ အက်ဖ်ဘီအိုင်ကို အကြောင်းကြားခဲ့ပါတယ်။ နောက်တော့ ကေ့စ်ရဲ့ ကုမ္ပဏီထဲကနေ ထွက်ပြေးခဲ့ပြီး မကာအိုဘက်မှာ ခြေရာဖျောက်ခဲ့ကြပါတယ်။ သို့သော်ငြားလည်း မကာအိုရောက်ခါမှ ဒုက္ခလှလှတွေနဲ့ ပိုပြီးတွေ့ပါတော့တယ်။ အိုဝင်ကေ့စ်ဟာ တကယ်တော့ သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ်ခဲ့တာဖြစ်ပြီး သူ့လုပ်ဖော်ကိုင်ဖက်က သေသွားပြီလို့ ဇာတ်မြှုပ်ခဲ့ပြီး နောက် ဝေါလ်တာမာဘရီနာမည် နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ နည်းပညာစုန်းတစ်ယောက် လို့ ဆိုနိုင်တဲ့ ဝေါလ်တာမာဘရီ ဟာ ကာစီနိုဝိုင်းတွက အချက်အ လက်ရဖို့ ကေ့စ်သုံးနေတဲ့ ကွန်ပျူ တာ ချစ်ပ်ကို Horsemen အဖွဲ့ကို ခိုးယူစေခဲ့ပါတယ်။ အဲဒါနဲ့ Hor-semen တို့အဖွဲ့ဟာ သိပ္ပံပညာ ရှင်အယောင်ဆောင်ပြီး ချစ်ပ်ကို ခိုးယူခဲ့ကြပါတယ်။ လက်စားချေမှု၊ စီးပွား ပြဿနာအရှုပ်တွေကြားက ပဉ္စလက်ပညာရှင်တွေ ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ကြည့်လိုက်ကြဦးနော်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ အကောင်းအဆိုးယှဉ်တွဲဝေဖန်မှု ရထားတဲ့ ဒီဇာတ်ကားလေးကို ဆန်းမစ်အင်တာတိန်းမန့်က ဇွန်လ ၁၀ ရက်က ဖြန့်ချိထားတာပါ။ ဒီဇာတ်ကားမှာ ဂျက်ဆီအီ ဆန်ဘာ့ဂ်၊ မာ့ခ်ရက်ဖ်လို၊ ၀ူဒီ ဟာရယ်လ်ဆန်၊ ဒေ့ဗ်ဖရန်ကို၊ ဒန်နီယယ်ရက်ကလစ်ဖ်၊ မော်ဂန် ဖရီးမန်း၊ ဟောင်ကောင် အဆို တော် သရုပ်ဆောင် ဂျေးချိုစတဲ့ သရုပ်ဆောင်တွေ အများကြီးပါ ၀င်ထားကြတာပါ။ ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Now You See Me

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/Hq7DoL

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Now You See Me"ပါ။
 
 မျက်လှည့်ဆရာ(၄)ယောက်ရဲ့ရင်သပ်ရှုမောဖွယ်မျက်လှည့်များနောက်မှာ…
FBI ကဖမ်းမရတဲ့ ဘဏ်ဖောက်ထွင်းမှု…လက်စားချေမှု…ရာဇဝတ်မှုများ…..
လှည့်ကွက်များနဲ့ ဖမ်းစားသွားမယ့်ဇာတ်ကားလေးပါ…။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Thursday, August 18, 2016

Robin-B-Hood

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/Jz6Q7j

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Robin-B-Hood"ပါ။
ဂျက်ကီချန်းရဲ့ အောင်မြင်တဲ့ကားတွေထဲက တစ်ကားဆိုလည်းမမှားပါဘူး..
ဂျက်ကီချန်းရဲ့ကားတွေထုံးစံအတိုင်း အက်ရှင်ခန်းတွေဝေဝေဆာဆာနဲ့
ကြည့်ရင်းနဲ့လည်း ရယ်ရတဲ့အခိုက်အတန့်ဖြစ်လာရသလို သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့မလွယ်ဘူးဆိုတာကို
ကလေးတယောက်ကို ချစ်တဲ့ သူခိုးကြီး၂ယောက်အသွင် သရုပ်ဆောင်ပြသွားပါတယ်..
.
Thongs (ဂျက်ကီချန်း)နဲ့ Octopus(Louis Koo)တို့က Professional သူခိုးတွေပါ… ဒါမေယ့် သူတို့သူခိုးမှာလည်း ထားတဲ့ သစ္စာဆိုတာရှိပါတယ်… သူခိုးပေမဲ့ လူမသတ်ဘူး.. သူများသားမယားမဖျက်စီးဘူး. .ပြီးတော့ သက်မဲ့ပစ္စည်းပဲ ခိုးကြတာပေါ့ ..
.
တစ်နေ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတို့၂ယောက် နူးညံ့တဲ့ကလေးတယောက်ကို ရုတ်တရက်ကြီး ပြန်ပေးဆွဲဖြစ်သွားတဲ့ အခါ………
.
သံယောဇဉ်နဲ့မေတ္တတရားရယ်လို့ မသိခဲ့တဲ့ လူကြမ်းကြီးနှစ်ယောက် လသားအရွယ်ကလေးလေးကိုထိန်းရင်း ဘယ်လိုဒုက္ခရောက်ခဲ့ရတယ်ဆိုတာကို ဟာသနှောပြီး ရိုက်ပြထားသလို … ကလေးလေးနဲ့ ခွဲရမယ့်အခါမှာလဲ မျက်ရည်လည်လောက်အောင် ဇာတ်လမ်းဆင်ပေးထားပါတယ်..
.
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

First Kiss

ဒေါင်းလော့နှင့်ကြည့်ရန် Link=http://goo.gl/JDcFds

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"First Kiss"ပါ။
ပထမဆုံးအနမ်းတဲ့ …
လူနှစ်ယောက်ရဲ့ ပထမဆုံးအနမ်းကိုကြည့်ပြီး
အဲဒီ့လူနှစ်ယောက်ဟာ ရှေ့လျောက်အတူတူ
လက်တွဲလို့လို့ ရမရ ခန့်မှန်းလို့ရတယ်တဲ့ …
ဘတ်စ်ကားပေါ်မှာ မတော်တဆနမ်းမိခဲ့ကြတဲ့
အပျိုကြီးမမနဲ့ အထက်တန်းကျောင်းသားလေး
သူတို့ရဲ့ အနာဂတ်လမ်းခရီးလမ်းက 
ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုတော့ 
အခုပဲ Download လုပ်ပြီး ကြည့်လိုက်ပါ။
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

The Shining

ကြည့်ရန်Link=http://goo.gl/MwHLKK

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Shining"ပါ။
 ( ကမ္ဘာ့ကြောက်ဖို့ အကောင်းဆုံးသရဲကား ၁၄ ကားထဲမှ top ten စာရင်းဝင်ကားတစ်ကားဖြစ်ပါတယ်။)

သည်းထိတ်ရင်ဖို ၀တ္ထုလောကရဲ့ ဘုရင်တစ်ဆူဖြစ်တဲ့ Stephen King ရဲ့ Best seller စာအုပ်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ မြို့နဲ့အလှမ်းဝေးလှတဲ့ ဟိုတယ်တစ်ခုထဲက ကြောက်လန့်ဖွယ်ရာအဖြစ်အပျက်တွေကိုပြသထားပါတယ်။
အဲဒီဟိုတယ်မှာအရင်တုန်းက လူတစ်ယောက်ဟာ စိတ္တဇလိုဖြစ်ပြီး သူ့ဇနီးနဲ့ ကလေးတွေကိုသတ်ဖြတ်ခဲပြီး
ကိုယ်တိုင်လည်း သတ်သေသွားခဲ့ပါတယ်။ ဟိုတယ်မန်နေဂျာဟာ အသစ်ရောက်လာတဲ့ ဂျက် ကို ဒီအကြောင်းတွေ
ပြောပြသတိပေးခဲ့ပေမယ့်လည်း သိပ်ဂရုမထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့သားကလေးဟာ
ဟိုတယ် ဓာတ်လှေကားတွေက သွေးတွေ.. အရိပ်တွေ... တစ္ဆေတွေကို စတင်မြင်တွေ့လာရပြီးတဲ့နောက်တော့
စာရေးဖို့ရောက်ရှိလာတဲ့ ဂျက်သာမက တစ်မိသားစုလုံး အန္တရာယ်တွေ ကြုံတွေ့လာရတာကို ကြည့်ရှုခံစားရမှာပါ။

ဒီကားဟာ ထွက်ထွက်ပြီးချင်းမှာ သိပ်မကျော်ကြားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ လူစိတ်ဝင်စားမှု အထူးခံလာရပြီးအဲဒီခေတ်အခါက အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကားပါ။ ခုခေတ် jump scareတွေပဲ များနေပြီး တကယ်အသည်းတယားယားနဲ့ ကြောက်ရတဲ့သရဲကားတွေ ရှားပါးနေချိန်မှာ
Rotten tomatoes 89% ရရှိထားတဲ့ ဒီဂန္ထ၀င် စာရင်းထဲက ဇာတ်ကားကောင်းလေးကိုတော့
ပရိသတ်တွေ အကြိုက်တွေ့စေဖို့ လုံးဝအာမခံပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Zoolander 2

ကြည့်ရန်Link=http://goo.gl/PTWJeA

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Zoolander 2"ပါ။
 
ကဲဒီတစ်ခါတော့ ရီစရာ ဟာသကားလေးတစ်ကားဖြစ်တဲ့
Zoolander 2 နဲ့ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ
ဇာတ်ကားလေးကတော့ ပထမ ၁ လိုပဲ ခပ်မြုးမြုးဟာသကားလေးပါ
ပထမကား ၁မှာ ခွဲခါသွားရတဲ့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတဲ့အခါမှာတော့
ဘယ်လိုတွေများ အလွဲလွဲအမှားမှားတွေဖြစ်ပျက်ခဲ့ကြသလဲ
နာမည်ကြီးမင်းသမီးကြီးသေဆုံးမှုကနေကော လွတ်မြောက်နိုင်ပါ့မလား
သတ်တဲ့သူက ဘယ်သူလဲ စတဲ့မေးခွန်းတွေနဲ့ ဟာသဇာတ်မြူးကား
Zoolander 2 အသေလန်းတဲ့ ကား Zoolander 2
ကဲ ပရိတ်သတ်ကြီးကဆက်ပြီးကြည့်လိုက်ကြ တော့နော်။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Sing Street

ကြည့်ရန်Link=http://goo.gl/KuXVYo

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Sing Street"ပါ။
 
 ဒီဇာတ်ကားသစ်လေးဟာ အိုင်ယာလန်နိုင်ငံက အိုင်းရစ်ရှ် မိသားစုလေးတစ်ခုကို အခြေပြုရိုက်ကူးထားပြီး လူငယ်လေးတစ်ယောက်ရဲ့ အိပ်မက်တွေ အကြောင်း။ သူတည်ဆောက်ခဲ့တဲ့ ဂီတလမ်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ Conor ဆိုတဲ့ ကောင်လေးဟာ နွမ်းပါးတဲ့ မိသားစုက ကောင်လေးတစ်ယောက်။ သူ့ဖခင်ဟာ ငွေကြေးအခက်အခဲကြောင့် သူ့ကို အရင်ကျောင်းကထုတ်ပြီး စရိတ်သက်သာတဲ့ ကျောင်းလေးကိုပြောင်းထားပါတယ်။ သူဟာ အလွန်လှပတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့ချိန်မှာတော့ သူမအတွက် ကြိုးစားရင်း နီးစပ်အောင်လုပ်ဖို့ စိတ်ကူးရခဲ့ပါတော့တယ်။ တီးဝိုင်းတစ်ခုထောင်ပြီး MTV အတွက် သူမကို ဇာတ်ဆောင်လုပ်ခိုင်းမယ်ပေါ့။ သူဝါသနာပါတဲ့ ဂီတကို ဒီလိုနဲ့ သူဟာကြိုးစားရင်း သူချစ်ရတဲ့သူကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားချင်ခဲ့တာပါ။ ပြီးတော့ နွမ်းပါးတဲ့သူ့ဘဝကိုသူ ကယ်တင်ချင်ခဲ့တာ။ ဒီလူငယ်လေးရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်ခဲ့သလား၊ အခက်အခဲတွေကြား သူဟာ ဘယ်လောက်စွန့်စားခဲ့ရတယ်ဆိုတာမျိုးကို ကြည်နူးဖွယ်ခံစားရမှာပါ။ ဂီတကားဖြစ်တဲ့ အတွက် ဇာတ်ဝင်တေးကောင်းကောင်းတွေအပြင် ကြည်နူးနှစ်သက်ဖွယ် ရင်ကိုထိရှစေမယ့် အနုပညာမြောက်ဒိုင်ယာလော့ခ်တွေ ဇာတ်ဝင်ခန်းတွေနဲ့ ပရိသတ်ကို ဆွဲဆောင်တဲ့ဇာတ်ကားပါ။ August Rush တို့လို ဂီတနောက်ခံပြု ဇာတ်ကားတွေကို သဘောကျတဲ့ပရိသတ်တွေအတွက်တော့ ဒီဇာတ်ကားဟာလည်း ဒေါင်းပြီး သိမ်းထားရမယ့် ဇာတ်ကားမျိုးပါနော်။ တစ်ခုနောက်ဆုံးပြောစရာက Rotten Tomatoes မှာ ၉၇ % ထောက်ခံထားတယ်ဆိုတာပါပဲ။ ဒါဆိုရင်တော့ ဘာလို့စောင့်နေဦးမလဲ အခုပဲကြည့်ရအောင်ပါ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Wednesday, August 17, 2016

Pokémon: The First Movie - Mewtwo Strikes Back

ကြည့်ရန်Link=http://goo.gl/2iOhdi

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့
"Pokémon: The First Movie - Mewtwo Strikes Back"ပါ။
 
Pokemon Go Game ကိုဆော့တဲ့သူတွေအကြိုက်တွေ့စေမယ့်ကားလေးပါ။
ဒီဇာတ်�ကား�လေးဟာဆိုလို့ရှိရင်�ဖင့်ပထမဦးဆုံး Pokemon 2D Animation ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ Pokemon Go ထဲမှာလည်း ပါဝင်တဲ့ Legendary Pokemonဖြစ်တဲ့ Mewtwoရဲ့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရှေးဟောင်း Legendary Pokemon ဖြစ်တဲ့ Mewရဲ့မျိုးရိုးဗီဇကို ယူကာ Team Rocketမှ ဖန်တီးလိုက်သော Mewtwoဆိုတဲ့ Lengendary Pokemon ပါ သူ့ကို လူသားတွေလို တွေးခေါ်လို့ရတဲ့ အသိညဏ်တွေပါ ထည့်သွင်းပေးထားတဲ့ အတွက် တခြားသော Pokemonတွေထက် အစစအရာရာ သာလွန်ပါတယ် ဒါပေမဲ့ Mewtwoဟာ လူသားတွေက သူ့ကို ဖိအားပေးပြီး ကျွန်ပြုချင်နေတာဟု အမှတ်မှားကာ Team Rocket လက်အောက်မှ ခွဲထွက်ပြီး လူသားတွေကို လက်စားချေနိုင်ဖို့ အတွက် Kanto Regionမှာရှိတဲ့ ထူးချွန်တဲ့ Trainerအချို့ကို သူ့ဆီကို လာရောက်ပြီး စိန်ခေါ်ပွဲယှဉ်ပြိုင်ဖို့ လိမ်ညာ ဖိတ်ခေါ်ခဲ့ပါတယ် Pokemon စီးရီးတွေရဲ့ ဇာတ်ကောင်လေးဖြစ်သလို Pikachuရဲ့ပိုင်ရှင်လေးလည်းဖြစ်တဲ့ Ash ဟာလည်း အပါအဝင်ပါပဲ ဒီလိုနဲ့ Ashတို့အဖွဲနဲ့အတူ Trainerအချို့ဟာလည်း Mewtwo နေထိုင်ရာ ကျွန်းသစ် သို့ရောက်သောအခါ လိမ်ညာမှုတွေမှန်းသိလိုက်ရပြီး Mewtwoနဲ့ ရင်ဆိုင်မိပုံကို ရိုက်ကူးထားတာပါ ဒီဇာတ်ကားရဲ့ အပိတ် OSTသီချင်းလေးဖြစ်တဲ့ We're a miracleကိုတော့ ကမ္ဘာကျော် Pop  နဲ့ R&B အဆိုတော်မလေး Christina Aguileraက သီဆိုပေးထားတာပါ..။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။
 

Oh My God 2: Dharam Sankat Mein

ကြည့်ရန်Link=http://goo.gl/QXwozn

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Oh My God 2: Dharam Sankat Mein"ပါ။
 
ဒီဇာတ်ကားလေးကတော့ မိသားစုကြား ချစ်ခြင်းမေတ္တာနဲ့ ဘာသာတရားတို့၏ စစ်မှန်သည့်ငြိမ်းချမ်းရေးအကြောင်း ညွန်းဆိုထားသည့်ဇာတ်ကားကောင်းလေးပါ။ Oh My God 2 အဖြစ်လည်း ခေါ်ဝေါ်ကြပါသေးသည်။  ဇာတ်လမ်းအကျဉ်း မစ္စတာဒရမ်ပါးလ် ဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး အစ္စလာမ် ဘာသာကို မျက်မုန်းကျိုးနေခဲ့သူတစ်ဦး ဖြစ်နေခဲ့ပါတယ်။သို့သော် သူရဲ့မိသားစုဝင်တွေကတော့ နီးလ်ဘာသာကို လေးနက်သက်ဝင်ခဲ့သူတွေ ဖြစ်နေကြပါတယ်။ တစ်နေ့မှာတော့ ဒရမ်ပါးလ် ရဲ့သား အာမစ်ကတော့ ရှရပ်ဆိုသည့် မိန်းကလေးနှင့် စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ရှရပ်တို့ဘက်မှ ဒရမ်ပါးလ်ကို ဘာသာရေးကိုင်းရှိုင်းသော ဖခင်ကောင်းအဖြစ် တွေ့မြင်လာစေရန်ပါ တောင်းဆိုခဲ့ပြန်ပါသည်။ မမျှော်လင့်တဲ့တစ်ရက်မှာတော့ ဒရမ်ပါးလ်ဟာ မွေးစားအမေရဲ့ စာချုပ်လေးကို တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်ပင် အစ္စလာမ်မျိုးရိုးဖြစ်နေကြောင်း သိရှိခဲ့ရသည်။ သူ၏ အဖေရင်းမှာ သက်ရှိထင်ရှားရှိနေကြောင်းလည်း ကြားသိရပြီး သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် သူရောက်သွားချိန်မှာတော့ ဗလီဆရာ၏ ဆုံးဖြတ်ချက်အရ အစ္စလာမ် ဘာသာဝင်တစ်ဦးအဖြစ် လေ့ကျင့်ခဲ့ပြီးမှ အဖေ၏ နောက်ဆုံးခရီးမတိုင်ခင် လာရောက်တွေ့ဆုံရန် ပြောကြားခဲ့ပြန်သည်။ ဒါကြောင့် ဒရမ်ပါးလ်ဟာ သူအရင်က မျက်မုန်းကျိုးလှသော အစ္စလာမ်ဘာသာဝင် အိမ်နီးနားချင်း ထံပင် အကူအညီတောင်းခဲ့ရပြန်သည်။ တစ်ဖက်မှာလည်း သူ၏ အစ္စလာမ်ဘာသာ လေ့လာမှုမျိုးကို ဖုံးဖိထားခဲ့ပြီး သားဖြစ်သူဆန္ဒအရ နီးလ်ဘာသာ ဓလေ့များကိုသင်ယူခဲ့သည်။ တစ်နေ့မှာတော့ နှစ်ဖက်ဘာသာဝင်တို့ ဘာသာရေးပဋိပက္ခဖြစ်ခဲ့ကြသောအခါ —-???
 ဤကဲ့သို့သော အခြေအနေမျိုးမှာ ဒရမ်ပါးလ်တစ်ယောက် ဘယ်လိုခံစားခဲ့ရမလဲ ဆိုတာတော့ ပရိသတ်ကြီးကပဲ အဆုံးအဖြတ်ပေးကြရမှာပါ။ အဖေရင်း နဲ့ သားနှစ်ဦးကြား ဗျာပါဒတွေနဲ့ နှစ်ဖက်လုံးပြေလည်စေဖို့ ကြိုးစားခဲ့ရသူ ဒရမ်ပါးလ်အတွက် ဘယ်ဘာသာက ရင်ဘတ်ထဲကိန်းအောင်းခဲ့မလဲ ။ ဒါရိုက်တာရဲ့ ပါးနပ်မှုတွေနဲ့ မိသားစုမေတ္တာကို ဖော်ကျူးလိုက်သည့်အပြင် နားလည်မှု အလွဲတွေကို ငြိမ်းချမ်းရေးအသွင် ကူးပြောင်းနိုင်ရေးကိုပါ ထည့်သွင်းစေခဲ့သည့်အတွက် ဇာတ်လမ်းကို အရှိန်တက်စေခဲ့ပါတယ်။ ဒါပြင့် ဘာသာရေး အသုံးချသူတွေနဲ့ လွဲမှားမှုလေးတွေပါ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာရတာကြောင့် ဇာတ်ကားကောင်း အဖြစ် တန်းဝင်လာခဲ့ပါတယ်။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။
 

OMG: Oh My God!

ကြည့်ရန်Link=http://goo.gl/5BgVSo

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"OMG: Oh My God!"ပါ။
 
ဒီဇာတ်ကားလေးကတော့ ကြည့်တိုင်းမရိုးရတဲ့ အတွေးအခေါ်ကားလေးဖြစ်ပြီး IMDB -8.3 အထိလည်း ရရှိထားပါသေးတယ်။ ဇာတ်လမ်းအရတော့ မစ္စတာကမ်ဂျီ ဆိုသူဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး ကိုးကွယ်မှုအပေါ်လည်း လက်တလုံးခြား အမြတ်ထုတ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူရဲ့ ဆင်းတုတော်ဆိုင်လေး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့် မစ္စတာကမ်ဂျီ ဟာ အာမခံကုမ္ပဏီရဲ့ လျော်ကြေးကို သွားရောက်တောင်းခံခဲ့ပါတယ်။ သို့သော် ဒီပျက်စီးမှုဟာ ဘုရား ကို မယုံကြည်မှု စော်ကားမှုကြောင့် ဖြစ်ရသည်ဟု ငြင်းဆိုမှုကြောင့် မစ္စတာ ကမ်ဂျီလည်း အာမခံကြေးမရှိခဲ့ပေ။
ဤသို့သော အကြောင်းတွေကြောင့် မစ္စတာကမ်ဂျီဟာ ဘုရားကို တရားစွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေကို ဆင့်ခေါ်စေပြီး ဘုရား၏ ဖန်တီးမှုကြောင့် သူ့ဆိုင် ပြိုပျက်ရခြင်းဖြစ်ကြောင်း ရှင်းပြရင်း တရားဆိုင်စေခဲ့ပါတယ်။ ဒီကားလေးရဲ့ အနှစ်သာရကတော့ လေးနက်လွန်းလှပြီး ဘာသာမဲ့တစ်ဦး၏ တရားဆိုင်မှုတွေက စိတ်ဝင်စားစရာကောင်းလာခဲ့ ပါတယ်။ မစ္စတာကမ်ဂျီရဲ့နိဂုံး ဘယ်လို အဆုံးသတ်ခဲ့မလဲ။ တရားရေးဆိုင်မှုတွေက အောင်မြင်လာခဲ့မလား ဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုရင်း တွေးဆလာမိမှာပါ။
 ဘာသာရေး တစ်ခုရဲ့ယုံကြည်မှုက နှလုံးသားက မွေးဖွားလာခြင်းဖြစ်ပြီး အယောင်ဆောင် ကိုးကွယ်မှုတွေကို ဒီဇာတ်ကားလေးက ကောင်းကောင်းကြီးသရော်စေခဲ့ပါတယ်။ ထို့ပြင် သန့်ရှင်းတဲ့ဘာသာရေးအပေါ် အသုံးချနေသူတွေရဲ့ သဘောသဘာဝနှင့် စကားတစ်ခွန်း၏ ညွန်းဆိုပုံတွေကလည်း ကွက်ကွက်ကွင်းကွင်းရှိလှတာကြောင့် ကြည့်ရှုရင်း အကျိုးရှိလှစေသည့် ဇာတ်ကားဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

The Call Up

ကြည့်ရန်Link=http://goo.gl/bvknji

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Call Up"ပါ
 
သိပ္ပံဇာတ်ကားအသစ်ကိုမျှော်နေတဲ့သူတွေအတွက်
 Science fiction fantasy ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ လတ်တလောကမှထွက်ရှိထားတဲ့ ဒီ callup ရုပ်ရှင်ဇာတ်ကားလေးဟာ online gamer လူငယ်လေးတစ်စုက ထူးဆန်းတဲ့ ဖိတ်ခေါ်စာတစ်ခုရရှိတာကနေ အစပြုပါတယ်။
Virtual Rality တစ်ခုမှာဂိမ်းကို ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ကစားဖို့ပါတဲ့။ ကျွန်တော်တို့တောင် ငယ်ငယ်က အဲလိုမျိုးတွေစိတ်ကူးယဉ်ခဲ့ကြတာမလား။
ကိုယ်ဆော့နေတဲ့ ဂိမ်းထဲဝင် သေနတ်ကြီးနဲ့ပစ် ရန်သူတွေကို တိုက်ခိုက်ဖို့ဆိုတာ သာမန်လူတွေအတွက်တောင် သဘောကျကြမှာဆိုတော့
Gamer တွေဆိုရင် ဘယ်ငြင်းပါတော့မလဲ။ ဒါဟာ အိပ်မက်တွေ အကောင်အထည်ပေါ်လာတာပဲပေါ့။ ဒီလိုနဲ့ သူတို့လက်ခံလိုက်ကြပြီး သူတို့ပါဝင်ကစားကြတဲ့အခါ
ပျော်ရွှင်စရာ စွန့်စားခန်းတွေဖြစ်နေခဲ့ပေမယ့် Level မြင့်လာတာနဲ့အမျှ ဒီဂိမ်းဟာ အနိုင်ရရုံမျှမဟုတ်ပဲ ကိုယ့်အသက်သူ့အသက်ကို အပြိုင်အဆိုင်လုကြရတဲ့
အန္တရာယ်အပြည့်နဲ့ကစားပွဲဖြစ်နေမှန်းသိလာကြတဲ့အခါမှာတော့ ဂိမ်းဟာ အချိန်နဲ့အမျှ ပြင်းထန်လာပါတော့တယ်။ ဒီလူငယ်လေးတွေထဲ ဘယ်သူအသက်ရှင်မလဲ
ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိသလဲကိုတော့ ခံစားကြည့်ကြပါဦး။ နည်းပညာမြင့်လက်နက်တွေ စိတ်ကူးဆန်းဆန်းတွေနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ ဒီcallup ဇာတ်လမ်းလေးကို
အထူးသဖြင့်လူငယ်ပရိသတ်တွေ သဘောကျကြဦးမှာပါ.။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။
 
 

Exposed

ကြည့်ရန်Link=http://goo.gl/3dxGrr

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Exposed"ပါ။
 
မင်းသားကြီး ကီနူးရိဗ်က ရဲစုံထောက်စကော့ဂယ်လ်ဘန်အဖြစ်လည်းကောင်း၊
မင်းသမီးလေး Ana de Armas က အစ္စဘဲလ်အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားတဲ့
ဇန်နဝါရီလကမှ ထွက်ထားတဲ့ ဇာတ်ကားအသစ်လေးဖြစ်ပါတယ်။
Knock Knock ဇာတ်ကားမှာ ကီနူးရိဗ်ကို အတော်လေး ဒုက္ခပေးသွားတဲ့
မင်းသမီး Ana de Armas ကိုတော့ မှတ်မိဦးမယ် ထင်ပါတယ်။
ဒီဇာတ်ကားမှာလဲ သူတို့နှစ်ဦးပေါင်းပြီး ဆက်လက်တင်ဆက်ထားပါတယ်။
ဘယ်လိုပုံစံဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Tuesday, August 16, 2016

ATM: Er Rak Error

ကြည့်ရန်Link=http://goo.gl/s9A2s6

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"ATM: Er Rak Error"ပါ။
 
 မင်းသား Chantavit Dhanasevi နှင့် I Fine..Thank You..Love You မင်းသမီးချော  Preechaya Pongthananikorn  တို့
အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့
Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။
တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။
IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို
ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။
မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

The Medallion

 
ကြည့်ရန်Link=http://goo.gl/hy2Hn4

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Medallion"ပါ။

  ရှေးရှေးတုန်းကပုံပြင်လိုလို
တကယ်လိုလိုနဲ့လူပြောများခဲ့တဲ့သေဆုံးပြီးသား
လူသားတွေကိုထာဝရအသက်ရှင်စေနိင်တဲ့လည်ဆွဲပြားလေး
အဲဒီလည်ဆွဲပြားကိုပြန်အသက်ဝင်လာအောင်လုပ်ဆောင်ပေးမည့်
ကလေးငယ်တစ်ဉီးကလေးငယ်နဲ့လည်ဆွဲပြားလေးက
ိုပိုင်ဆိုင်နိင်အောင်နည်းအမျိုးမျိုးနှင့်ကြိုးစားမည့်မြွေခေါင်း
ဆိုသောရာဇဝင်လူဆိုးတစ်ဦးကလေးငယ်နဲ့လည်ဆွဲပြားလေးကို
မြွေခေါင်းရဲ့လက်ထဲကိုမရောက်အောင်
အက်ဒီဆိုတဲ့ရဲစုံထောက်ကဘယ်လိုကာကွယ်မလဲ
တကယ်ပဲလည်ဆွဲပြားလေးကအစွမ်းရှိသလား
စသဖြင့်ရသစုံလင်ကြည့်ရှုရပါမည်
ဂျက်ကီချမ်းရဲ့အက်ရှင်အလန်းများနဲ့ဟာသ
ဇတ်ကွက်များကြောင့်ပရိတ်သတ်တွေအကြို က်တွေ့စေရမယ်လို့အာမခံပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

War of the Worlds

ကြည့်ရန်Link=http://goo.gl/2SpHCe

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"War of the Worlds"ပါ။
 
 တစ်​ကားဆိုတစ်​ကား ​ငွေ​ကြေးအရ​အောင်​မြင်​ရုံအတွက်​သာမကပဲ အနုပညာလက်​ရာတန်​ဖိုးအ​နေနဲ့ပါ ​ပြောစမှတ်​တွင်​ကျန်​​အောင်​ ရိုက်​ကူး​လေ့ရှိတဲ့ ဒါရိုက်​တာကြီး စတီ​ဖင်​စပီးဘာ့ဂ်ျ​ရဲ့ ဆု​ပေါင်းများစွာရရှိထားတဲ့ဇာတ်​ကား​လေးပါ။ Ray ဆိုတဲ့ သာမန်​ crane operator ​လေးတစ်​​ယောက်​။ ဇနီးနဲ့ကွာရှင်းထားပြီး သမီးတစ်​​ယောက်​ သားတစ်​​ယောက်​နဲ့ ​နေရတဲ့လက်​လုပ်​လက်​စားသမား​လေးတစ်​​ယောက်​ရဲ့ ဘဝဟာ ကမ္ဘာကြီးကိုအုပ်​စိုးချုပ်​ကိုင်​မယ့်​ ဂြိုဟ်​သား​တွေရန်​က​နေလွတ်​​အောင်​ ​ပြေးရင်းနဲ့ပဲ သူ့ရဲ့ သတ္တိနဲ့ ကြံရည်​ဖန်​ရည်​​ကြောင့်​ပဲ သူရဲ​ကောင်းတစ်​ဦးအဖြစ်​ ​ရောက်​ရှိခဲ့ပုံပါ။ လမ်းမ​တွေထက်​မှာ ဂြိုဟ်​သား​တွေရဲ့ tripod ​တွေရန်​က သားသမီး​တွေရဲ့ အသက်​​ဘေးကိုကာကွယ်​ဖို့ ​ပြေးလွှားရပုံ​တွေ၊ လက်​နက်​ဆန်း​တွေနဲ့ ကြမ်းတမ်းလှတဲ့ တိုက်​ပွဲ​တွေကြားက မိဘ​မေတ္တာနဲ့ လူသား​တွေရဲ့ ရုန်းကန်​လှုပ်​ရှားမှု​တွေကို မြင်​​တွေ့ခံစားကြရမှာပါ။ မင်းသားက Tom Cruise ၊ မင်းသမီးက Dakota Fanning ဆို​တော့ သရုပ်​​ဆောင်​​ပိုင်းအရ​ရော ရိုက်​ချက်​​တွေအယူအဆ​တွေပိုင်းမှာ​ရော ​ပြောစရာမလို​အောင်​ ​ကောင်းမွန်တဲ့ဇာတ်​ကားဖြစ်​ပါတယ်​။ ၂၀၀၅ ခုနှစ်​မှာ ​အောင်​မြင်​မှု​တွေ တပုံကြီးနဲ့ မသိသူမရှိခဲ့တဲ့ ဇာတ်​ကား​လေးကို ပြန်​ကြည့်​ချင်​သူ​တွေအတွက်​​ရော သိမ်းထားချင်​သူ​တွေအတွက်​ပါ တင်​ဆက်​​ပေးလိုက်​ပါတယ်​​။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Maybe This Time

ကြည့်ရန်Link=http://goo.gl/SsRv0g

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Maybe This Time"ပါ။
 
 ဒီကားလေးကတော့ Pinoy Movie လို့ခေါ်တဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားပါပဲ … နွေရာသီတစ်ခုမှာ စတွေ့ခဲ့ကြတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခု … ၀မ်းနည်းမှုတွေနဲ့ပဲ ပြီးဆုံးခဲ့ရပြီးတော့ ခုနှစ်နှစ်ကြာမှ ပြန်တွေ့ဖြစ်ကြတဲ့အခါမှာ … ကောင်မလေးရဲ့အလုပ်ရှင်နဲ့ ကောင်လေးက ချစ်သူတွေဖြစ်နေကြပါတယ် … အဲ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဒေါင်းလုတ်ဆွဲယူကြည့်ရှုကြပါကုန် ….
ဒီကားလေးထဲမှာ အဆင့်အတန်းမတူညီတဲ့ အချစ်တွေနဲ့ အချစ်ဆိုတာက ညှိယူလို့မရဘူးဆိုတာကို ပြသထားတာတွေ့ရပြီးတော့ ရသခံစားမှုတစ်ခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Internet Famous

ကြည့်ရန်Link=http://goo.gl/cz4oMR

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Internet Famous"ပါ။
 
 Web Star of the Year ဆုရရှိသူတွေဟာ အမေရိကတစ်ခွင်လုံးမှာ မသိသူမရှိအောင်ကျော်ကြားသူဖြစ်လာမှာပါ။ ဒီဆုကို ပေးတာကတော့ အင်တာနက် talent ပြိုင်ပွဲတစ်ခုပေါ့။ အဲဒီပြိုင်ပွဲကို ၀င်ပြိုင်ဖို့ လူငယ်ငါးယောက်ဟာ အသည်းအသန်ကြိုးစားနေကြပါတယ်။ ပြီးတော့ တကယ်လည်း နာမည်ကြီး အောင်မြင်ချင်ကြသူတွေပေါ့။ ဒါကိုဖတ်ပြီး ဒီလူငယ်တွေဟာ အစွမ်းတစ်မျိုးစီနဲ့ အံ့မခန်းယှဉ်ပြိုင်ကြမယ်ထင်ရင်တော့
သင်မှားပါတယ်။ သူတို့ဟာ ဘာပါရမီမှမရှိတဲ့ လူငယ်လေးတွေဖြစ်ကြပါသတဲ့။ ဒါပေမယ့် ကြိုးစားချင်စိတ်အပြည့်နဲ့ ကိုယ်စီပါဝင်ယှဉ်ပြိုင်ကြတဲ့အကြောင်းကို ဟာသအနေနဲ့ သဘောကျစွာ ရယ်မောနှစ်ခြိုက်ကြရအောင် ရိုက်ကူးထားတဲ့ဟာသဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအသစ်လေးဖြစ်တာကြောင့် ပရိသတ်အတွက် ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ပါတယ်နော်။ ဒီညနေခင်းမှာ တမူထူးခြားတဲ့ဟာသတွေနဲ့ ရယ်မောလိုက်ကြရအောင်ပါ။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Monday, August 15, 2016

Spectre(James Bond)

ကြည့်ရန်Link=http://goo.gl/MXRPQt

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Spectre(James Bond)"ပါ။

ဒီဇာတ်ကားမှာ ဂျိမ်းစ်ဘွန်းက Spectre ဆိုတဲ့ တကယ့်လူဆိုးဂိုဏ်းကြီးကို ဖြိုခွဲရမှာပါ။
ဒီဂိုဏ်းကို Skyfall မှာတုန်းက သေသွားခဲ့တဲ့ M ရဲ့မသေခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာပါ။ ယခင်ဂျိမ်းဘွန်းကားတွေနဲ့ မနှိုင်းယှဉ်တော့ပါဘူး…ဒီဖက်ခေတ်အထာတွေအများကြီးပါဝင်လာတာမို့လို့ပါ။
ယခင်ဇာတ်ကားတွေလို ဂျိမ်းစ်ဘွန်းကို Team တစ်ခုလုံးက မထောက်ပံ့နိုင်အောင် C ဆိုသူမှ ဝင်ရှုပ်နေပါတယ်။ ဒါကြောင့် Q တို့ မန်နီပန်နီတို့ M တို့က တရားဝင်ကူညီခွင့်မရဘဲ ဘေးကနေ အသာလေးကူညီနေရပြီး ဂျိမ်းစ်ဘွန်းတစ်ယောက်ထဲ ကြိုးစားရုန်းကန်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာကြောင့် ရှေးခေတ်တုန်းကလို
ဘော်ကြော့ ဟီးရိုး မဟုတ်တော့ဘဲ ယခုခေတ် ခပ်မိုက်မိုက် ထီမထင် ဟီးရိုးပုံစံဖြစ်လာပါတယ်။
ကျွန်တော်ကတော့ Spectre ဇာတ်ကားကို လိုအပ်ချက်တချို့ ရှိနေပေမယ့် အများကြီး သဘောကျမိပါတယ်။
ဝင်ငွေတွေလဲ စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။ခံစားအားပေးကြပါဦး။ 

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။


From Vegas to Macau III

ကြည့်ရန်Link=http://goo.gl/mXOC5F

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"From Vegas to Macau III"ပါ။
 
 အက်ရှင်ကြမ်းကြမ်းတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ The Man From Macau 3ကို မင်းသားကြီး Chow Yun-fat အပြင် မင်းသား Andy lau ပါ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကန်(Chow Yun-fat)ရဲ့သမီးနဲ့ သူ့တပည့်ရဲ့ မင်္ဂလာပွဲကို အကြမ်းဖက်တိုက်ခိုက်ခံရပါတယ်…အဲ့ဒီအချိန်မှာပဲ ကန်ဆေးရုံရောက်နေတဲ့အချိန်မှာ ဒီအိုအေရဲ့ ငွေကို ခိုးယူထားပါတယ်ဆိုပြီး ကန်တယောက်အဖမ်းခံရပါတော့တယ် ကန်တယောက် အဖမ်းခံရတာကို ထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာပဲ ကျင်စက်နဲ့ပစ်ဖမ်းခံရတာကြောင့် ထောင်ထဲရောက်တဲ့အချိန် အတိတ်မေ့သွားပြီ ရူးသလိုနှမ်းသလိုဖြစ်သွားရှာတယ်…..ရူးသလိုဖြစ်နေတဲ့ကန်တယောက် အရင်ဇာတ်ကားတွေထက် ပိုစွမ်းတဲ့လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုကြပါအုံးစို့
ထွက်သမျှ Movieတွေထဲမှာ အကြည်ဆုံးက တရုတ်စာတန်းထိုးအသေနဲ့ ဖြစ်နေဖို့ Subtitle ကို အရောင်ထည့်ပြီး ကြည့်ရ အဆင်ပြေအောင် လုပ်ထားပါတယ်။ Subtitle Qualityနဲ့ ပတ်သတ်ပြီး စိတ်တိုင်း မကျတာများရှိရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Shanghai Noon

ကြည့်ရန်Link=http://goo.gl/jRN3ux

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Shanghai Noon"ပါ။
 
၁၉ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ( Jackie Chan ) ဟာ အင်မတန်ကို့ရို့ကားယားနိုင်ပြီး
တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့်တစ်ယောက်ဖြစ်ပါတယ်…ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး ( Lucy Liu) လို့ အမည်တွင်ပါတယ်…တစ်နေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်…
ဒီအခါမှာ ချောင်ဝမ်တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကိုထွက်လာခဲ့ကြပါတော့တယ်…အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန်နဲ့ တွေ့တဲ့ အခါမှာတော့….
ချောင်ဝမ်တစ်ယောက် မင်းသမီးလေးကို ပြန်ပြီး ကယ်တင်နိုင်မှာလား ???
ဘယ်လိုပြန်ကယ်တင်မလဲ ???
ချောင်နဲ့ ရွိုင်းအိုဘန်နွန်နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ ???
ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါလို့…
မင်းသားကြီးဂျက်ကီချန်းနဲ့ ဟာသသရုပ်ဆောင် အိုဝင် ၀ီလ်ဆင် တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြပြီး ဟာသအက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်…
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

The Last Heist

ကြည့်ရန်Link=http://goo.gl/oajWH0

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Last Heist"ပါ။
 
dark ဖြစ်ပြီး thriller ဆန်ဆန်မှုခင်းဇာတ်ကားမျိုးကို ကြိုက်သူတွေအတွက် the last heist ပါ။ ဇာတ်ကားအသစ်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဖွဲ့ပုံလည်းထူးခြားပါတယ်။ ဘဏ်ဓားပြတိုက်မှုတစ်ခုအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာက အပြင်မှာလည်း ရဲတွေဝိုင်းထားတဲ့အတွက် အထဲကလူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားလိုက်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘဏ်ထဲမှာရှိနေတဲ့သူတစ်ယောက်ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ပါ။ ကံဆိုးချင်တော့ သူဟာ ပိတ်မိနေတဲ့အခါ ဘဏ်ဓားပြတွေကို တစ်ယောက်ချင်းစီ
ပြန်နှိမ်နင်းဖို့ ကြံစည်ပါတော့တယ်။ နှစ်ဦးနှစ်ဖက်စလုံး လူကောင်းမဟုတ်ကြပေမယ့်
ဒီနှစ်ဖက်ရဲ့ အသက်လုပြိုင်ပွဲမှာ ဘယ်သူကအနိုင်ရမလဲ နောက်ဆုံးမှာ ဇာတ်လမ်းကိုဘယ်လို အချိုးအကွေ့တွေနဲ့ တင်ဆက်သွားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦး။
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Dark Shadows

ကြည့်ရန်Link=http://goo.gl/JDlq4j

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Dark Shadows"ပါ။
 
ဒရက်ဂူလာ ဟာသကားလေးပါ…
မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇာတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။
၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇာတ်လမ်းစထားတာပါ။
၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။
အဲ Angelique ဟာ မင်းသားရဲ့ မိဘတွေကိုလဲသတ်ပစ်ပီး မင်းသားကိုလဲ မသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ဘ၀ကို ပြောင်းခဲ့ပါတယ်….အခေါင်း တစ်ခုတွင်းမှာထည့်သွင်းကာ စီရင်ခဲ့ပါတယ်။ နောက် ၁၉၆ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာတော့.. အလုပ်သမားတစ်ယောက်က မမျှော်လင့်ပဲ Barnabas ရဲ့ အခေါင်းကိုဖွင့်ပီး လွတ်စေခဲ့သောအခါ…….
နောက် Victoria ဆိုတဲ့ကောင်မလေး….
မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ …..
ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။
ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ တကယ်လဲကြည့်ရော ရယ်နေရပါတယ် …
ရယ်စရာ သရဲ (သွေးစုပ်ဖုတ်ကောင် ) ဇတ်ကားလေးဆိုတော့ အပျင်းပြေစေမှာပါ။
ကြည့်လိုက်ရအောင်…
 
စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။

Sunday, August 14, 2016

Sultan

ကြည့်ရန်Link=http://goo.gl/rkLsAz

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Sultan"ပါ။
 
နပန်းဆိုတာ အားကစားမဟုတ်ပါဘူး
ရဲရင့်တဲ့ လူ၂ယောက်ကြားက တိုက်ပွဲ
အဲ့တာ ကျွန်တော်ပြောတာ မဟုတ်ဘူးနော်
စူလ်တန်က ပြောခဲ့တာ
ကဲဗျာ ပရိတ်သတ်ကြီးအတွက် ၂၀၁၆ ထွက်
မင်းသားကြီး ဆလမန်ခန်းရဲ့ ကားသစ်တစ်ကားကို
ထပ်ပြီးတင်ပေးလိုက်ပါတယ်။
နေ့လည်နေ့ခင်းပိတ်ရက်မှာ အပန်းဖြေကြည့်ကြပေါ့ဗျာ။
အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။
တစ်ချိန်က ပြိုင်စံရှား အောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။
ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူး။
ရုပ်ရှင်ထဲမှာတော့ ပေါတောတော ပေါ့ပျက်ပျက်နေနေတဲ့ Sultan တစ်ယောက် အချစ်ကြောင့် ဘဝတစ်ခုလုံး ဘာမှမဆိုင်အောင် ပြောင်းလဲပြီး အတက်တွေအကျတွေ အနိုင်တွေအရှုံးတွေဆိုတာတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးဖြစ်ပေါ်လာခဲ့တယ်ပေါ့။
Sultan ကိုတော်တော်လေးသဘောကျမိတဲ့ အချက်တစ်ခုက ရုပ်ရှင်ပြသချိန်ကို ရှည်ရှည်ယူပြီး ပေးချင်ပြောချင် ပြချင်တာတွေကို ဖြေးဖြေးနဲ့ မသိမသာလေးတွေ ထည့်ပေးလို့ပါ။ သူတို့ ရွာဓလေ့တွေ၊ လူ့စရိုက် လူ့သဘာဝ၊ မာနနဲ့ ဘဝ စတာတွေကို (ယှဉ်ပြောမိတာ ခွင့်လွှတ်) ကျွန်တော်တို့ ဗမာကားတွေလို ငါတို့ မြန်မာလူမျိုးဆိုတာ ဒီလို ဒါလိုရှိတယ်။ မိဘမေတ္တာဆိုတာ ဘယ်လိုမျိုးရှိတယ်၊ ငါတို့ရွာသားတွေက အရမ်းရိုးသားတာ ဘာာညာ ဆိုတာမျိုး အတင်းကြီး မစားစားအောင် ကျွေးလွှတ်တာမျိုးမဟုတ်ဘဲ
သက်သက်သာသာလေးတွေနဲ့ ပေးသွားပြောသွားတာလေးတွေကိုပါ။
ရိုက်ချက်တွေမှာတော့ ထုံးစံအတိုင်း ကင်မရာမန်းတွေကတော့ စကေးရှယ်ပြထားပါတယ်။ အလင်းအမှောင်တွေဘာတွေ လိုတာပိုတာမရှိဘဲ လက်စွမ်းပြထားတယ်။ နောက်ခံတီးလုံးနဲ့ သီချင်းတွေကလည်း အင်မတန်ကောင်းတယ်။ သရုပ်ဆောင်တွေအကုန်လုံး တော်ကြသလို ဇာတ်လိုက် Salman Khan ကတော့ သူ့ရဲ့ ဘဝအတက်အကျ အနိမ့်အမြင့်တွေနဲ့လိုက်ပြီး အမူအရာမျိုးစုံ ပီပြင်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။
Sultan ရုပ်ရှင်ဟာ ပျော်စရာ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာ အစုံပေးနိုင်တဲ့ရုပ်ရှင်တစ်ကားပါ။ ကြည့်နေသူတွေက တခွီခွီနဲ့ ရယ်ရတဲ့အခိုက်၊ ပြုံးပြီးသဘောကျနေတဲ့အခိုက်၊ မျက်ရည်လေးစမ်းစမ်းနဲ့ မငိုအောင်ထိန်းရတဲ့အခိုက် မျိုးစုံဖြစ်မှာ သေချာတယ်။ ဇာတ်လမ်းက နည်းနည်းရှည်တာလေးနဲ့ Bollywood ကား ထုံးစံအတိုင်း မင်းသားကို အတင်း skill ပြထားတာ၊ theme song ကို ခနခန တောက်လျှောက်သုံးထားတာ ဆိုတဲ့ မပြောပလောက်တဲ့ ဟာလေးတွေကလွဲပြီး ကျန်တာ အကုန်သဘောကျမိပါတယ်။ ပညာလည်းပေးနိုင်တဲ့အပြင် သူတို့ Indian ရိုးရာ ဓလေ့၊ နောက် သူတို့ရဲ့ ရိုးရာ နပန်းကစားနည်းကို visual effect မပါ (ပါတယ်ဆိုရောက်လောက်တော့ရှိတာပေါ့)၊ ပေါက်ကွဲခန်း action တွေမပါဘဲ လူစိတ်ဝင်စားအောင် လုပ်ပြနိုင်တော့ စဉ်းစားရင်း အားမရဖြစ်မိတာ တွေးမိတာက ကျွန်တော်တို့ မြန်မာပြည်မှာလည်း နည်းပညာအခက်အခဲကြောင့် ဆိုတာကြီး ဘေးဖယ်ပြီး မြန်မာ့လက်ဝှေ့တို့ဘာတို့ကို ဒီကားလိုမျိုး ကမ္ဘာကို ရိုက်ပြချပြနိုင်ရင်ကောင်းမယ်လို့ပေါ့။
Bollywood ရုပ်ရှင်တစ်ကားဖြစ်ပြီး မင်းသား Salman Khan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Yash Raj Film မှ ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။