Friday, August 5, 2016

Rush Hour 1

ကြည့်ရန်Link=http://goo.gl/K4csVc

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Rush Hour 1"ပါ။
 
ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား 😀 1998 စတင်ထွက်ရှိခဲ့တဲ့
Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်..ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့
ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ
အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ..မေ့နေမှာဆိုးလို့ ဇာတ်လမ်းအကျဉ်း
လေးနည်းနည်းပြန်ပြောလိုက်ပါမယ်….
အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ..သူဟာ တရုတ်
ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်..တစ်နေ့မှာ လီ ဦးဆောင်တဲ့
စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ
တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်..ခေါင်းဆောင်တော့မပါဘူးပေါ့….အဲ့အမှုပြီးတဲ့နောက်မှာတော့
ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်..တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ
ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့…တရုတ်
ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ..ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ်
FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က ” လီ ” ကို ပါဝင်စေချင်လို့
တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်..
အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေပဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်..တွဲဖက်ကတော့
LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်…ပေါက်ကရတွေလျှောက်ပြောပြီး အူကြောင်ကြောင်
နိုင်လှ တဲ့ ဒီရဲ အရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီးဘာတွေဖြစ်ကြမလဲ..ဘယ်လိုတွေ
စုံစမ်းမလဲ..ဘယ်လိုတွေအလွဲတွေ..ဟာသတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပါ။

စာတန်းထိုး ဘာသာပြန် Original Uploader တွေအားလေးစားလျက်။