Thursday, December 1, 2016

The Legend of the Blue Sea (2016) (မြန်မာစာတန်းထိုး)


အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Legend of the Blue Sea"ပါ။

မနေ့ကမှထွက်တဲ့ Drama အသစ်စက်စက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..အားလုံးသိကြတဲ့
အတိုင်းပဲ ဒီဇာတ်ကားဟာ မထွက်ခင် သုံးလလောက်အလိုကတည်းက တကယ်ရေပန်းစားနေတဲ့
ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသားကလည်း အချစ်တော် လီမင်ဟိုနဲ့မင်းသမီးကတော့ ကိုရီးယားနိုင်ငံ
၇ဲ့ National Love လို့တောင်တင်စားရတဲ့ ဂျန်ဂျီဟွန်းပေါ့..ဒီလိုနာမည်ကြီးဇာတ်ကောင် ၂ခုအပြိုင်
ပါ၀င်တဲ့Legend Of The Bluesea ဆိုတဲ့ဇာတ်ကားဟာ Nov 16 မှာစတင်ပြသခဲ့ပါပြီ
ဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်သူဒါရိုက်တာကတော့ Jin Hyeok ဖြစ်ပါတယ် အပိုင်း ၂၀ ပြသ
သွားမှာဖြစ်ပြီး ဇန်နဝါရီ  19 ရက်နေ့မှာနောက်ဆုံးအပိုင်းကိုတင်ဆက်သွားပါမယ် ထုတ်လွှင့်တဲ့
ရုပ်သံလိုင်းကတော့ SBS ဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်းကိုအကြမ်းဖျင်းမညွှန်းခင် အချက်အလက်လေးတွေနဲ့တင်ဆက်ပါဦးမယ်
ဒီဇာတ်ကားဟာ လီမင်ဟိုတစ်ယောက် စစ်တပ်မှာ ၂ နှစ်အမှုမထမ်းခင် သရုပ်ဆောင်တဲ့
နောက်ဆုံး ဒရာမာတစ်ခုဖြစ်ပါတယ်..ပြီးတော့မင်းသမီး ဂျျန်ဂျီဟွန်းကလည်း သူကလေးမွေးပြီး
နောက် ပထမဆုံး ပြန်လည်သရုပ်ဆောင်တဲ့ ဒရာမာတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းကို
သြဂုတ်လ 19 ရက်နေ့ကနေစတင်ရိုက်ကူးခဲ့ပါတယ် Palau ကျွန်း နဲ့ Goesan တို့မှာရိုက်ကူးထားပြီး
နောက်ဆုံး စပိန်မှာလည်း သွားရောက်ရိုက်ကူးထားပါတယ်

ဇာတ်လမ်းအညွှန်း.........

၁၅၈၆ ခုနှစ် မှာ ရွာတစ်ရွာမှာမုန်တိုင်းအသည်းအသန်ကျပြီးတဲ့နောက်
ပင်လယ်ပြင်ကနေ ရေသူမ မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ဟာ
မုန်တိုင်းကြောင့် သောင်တင်ခဲ့ပါတယ်..ရွာအုပ်ချုပ်သူက ဖမ်းဆီးထားခဲ့ပြီး
အသစ်ရောက်လာတဲ့ မြို့တော်ဝန်ကိုဝင့်ကြွားစွာပြသချိန်မှာတော့
မြို့တော်ဝန်ဟာသနားပြီး ရေသူမ ကို ပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ်
မြို့တော်ဝန်ရဲ့လက်က အထိန်းအမှတ် ကျောက်စိမ်းလေးကို
ရေသူမကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်
နောက်ထပ်နှစ်ပေါင်း 430 ကြာတဲ့အခါမှာတော့
အဲ့ရေသူမလေးဟာမုန်တိုင်းကြောင့်ပဲ ကုန်းမြေပြင်ပေါ်မှာ
နောက်တစ်ခေါက်သောင်တင်လာပြန်ပါတော့တယ်
ဗိုက်ကလည်းဆာဆာနဲ့တွေ့တဲ့ဟိုတယ်အခန်းထဲခိုးဝင်ပြီး
အစားအသောက်တွေခိုးစားခဲ့တယ်..ဖြစ်ချင်တော့
အဲ့အခန်းမှာတည်းနေတဲ့သူက ဆိုးလ်မြို့ကနေ
ခဏလာရောက်အနားယူနေတဲ့ မျက်လှည့်ပညာရှင်
စိတ်ညို့ပညာရှင် တစ်ဦးပါ တနည်းအားဖြင့်
ပြောရမယ်ဆိုရင်တော့ မြို့တော်ဝန်လေး ဒန်ယောင်း
လူဝင်စားတဲ့သူပေါ့ ..သူဟာ ရေသူမလေးကို ရဲလက်အပ်လိုက်ပေမယ့်
သနားစိတ်လေးကတော့ရှိခဲ့တယ်..ပိုပြီးစိတ်ဝင်စားစေတာက
ရေသူမလေးလက်က လက်ကောက်ကိုမြင်လိုက်ရတော့
နောက်ကြောင်းစုံစမ်းတဲ့အခါ နှစ်ပေါင်း 400 ကျော်သက်တမ်း
ကြာပြီး ဒေါ်လာ 6သောင်းလောက်တန်တယ်ဆိုတာကိုသိရတဲ့အခါ
ရေသူမလေးကိုပြန်ရှာပြီး ကြင်နာစွာဆက်ဆံပါတော့တယ်
ဒီလိုနဲ့ သူတို့တွေဘာတွေဆက်ဖြစ်မလဲ ဒန်ယောင်းကရော
ဘဝဟောင်းကိုမှတ်မိပါ့မလား.ရေသူမလေးကရော
သူ့ကိုမှတ်မိပါ့မလား..ကမ္ဘာပေါ်ကိုရောက်လာတဲ့
ရေသူမလေးနောက်ဆုံးမျိုးဆက်လေးဟာလည်း
လူတွေနဲ့အတူနေထိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပါ။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

                     Episode 1                        Episode 2

                     Episode 3                        Episode 4

                     Episode 5

Night of the Living Deb (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/VpuWL8

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Night of the Living Deb"ပါ။

ပရိသတ်ကြီးရေ resident evilတို့ Train to busan တို့ world war zတို့ အဲလို virusကြောင့် တနိင်ငံလုံးသရဲဖြစ်သွားတဲ့ကားမျိုးတွေကိုမှ ကြည့်ချင်ရင် ဒီကားလေးကျန်ပါသေးတယ်လိုပြောပါရစေ။admin ကိုယ်တိုင်လည်း ဒီလိုကားမျိုးတွေဆိုအသေကြိုက်ခဲ့တာ ပရိသတ်ကြီးလည်း ကြိုက်လိမ်မယ်လို ထင်လို တင်ဆက်ပေးလိုက်ရပါပြီ။
imbd 5.5ရရှိထားပြီး လူအကြိုက်များဆုံးကားစရင်းထဲမှာလည်းတခုပါဝင်တဲ့ကားလေးပါ။ လုံးဝ horrorဆန်တာမဟုတ်ပဲcomedyလေးပါတွဲဖက်ထားတာမို ကလေးလူကြီးမရွေးသဘောကျမယ် ကားလေးတခုဖြစ်မယ်လိုလည်း ပြောပါရစေ။
ဇာတ်လမ်းနဲပတ်သက်ပြီးအရှည်ကြီးပြောပြလိုက်ရင် ပရိသတ်တွေ feel နည်းနည်းငုတ်သွားမှာဆိုးလို့တိုတိုပဲပြောလိုက်ပါရစေ။ဘာကြောင့် zombileတွေဖြစ်သွားရတာလဲဆိုတော့ ရေထုတ်ပေးတဲ့ companyရဲ ပိုက်ဆံချွေတာရေးအမှားတခု ကြောင့်virusပိုးပါသော ရေကို လူတွေသောက်သုံးမိရာမှ စတင်လာပါတယ်။ ဒါဆိုရင်ပရိသတ်တွေမျက်လုံးထဲမှာ ပြေးမြင်လောက်ပြီလိုထင်ပါတယ်။ခုလို ညချမ်းလေးမှာ zombileကားကောင်းတခုနဲ အနားယူပါဦးလို့ ပြောရင်း ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Govindudu Andari Vaadele (2014) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/a7an1h

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Govindudu Andari Vaadele"ပါ။

မြန်​မာပြည်​မှာဘိုင်​ရာဗာဆိုပြီးလူသိများလူကြိုက်​များတဲ့မင်​းသားRan charamကို​တော့သိကြမယ်​ထင်​ပါတယ်​။ဒီကား​လေးကbollywoodကားအ​ဟောင်​း​လေးဆို​ပေမယ်​့ တစ်​ခါကြည်​့ပြီးတိုင်​းပြန်​ကြည်​့ချင်​တဲ့စိတ်​​လေးဖြစ်​​ပေါ်​စေမှာပါ။ဒါ​ကြောင်​့လည်​းဖုန်​းထဲမှာသိမ်​းထားချင်​သူများအတွက်​ခုလိုbollywoodကားအ​ဟောင်​း​လေးက်ိုပဲပြန်​လည်​တင်​ဆက်​လိုက်​ပါ​ရ​စေ။
-----------------------------------------------------
အဘိုးဖြစ်​သူနဲ့အ​ဖေဖြစ်​သူကြားပြန်​လည်​သင်​့မြတ်​​အောင်​ကြိုးစားထားတဲ့ကား​လေးပါ။စည်​းကမ်​းကြီးမှု​တွေ မိသားစုထက်​ပိုပြီးရွာ​ကောင်​းကျိုးကိုကြည်​့တတ်​ပြီး တကယ်​ကိုတယူသန်​တဲ့အဘိုးဖြစ်​သူနဲ့မြ်ို့ပြကြီးမှာ​ ​နေထိုင်​လိုတဲ့အ​​ဖေဖြစ်​သူကြားလွဲမှား​နေတဲ့သ​ဘောထားခံယူချက်​ကို ပြန်​လည်​သင်​့မြတ်​​အောင် ​မြေးဖြစ်​သူအဘီ(Ram)ရဲ့ကြိုးစားပုံကိုရိုက်​ကူးတင်​ဆက်​ထားတဲ့ကား​ကောင်​းတစ်​ခုပါ။ဒါ​ကြောင်​့USAက​နေIndiaမှာရှိတဲ့အဘိုးဖြစ်​သူ​နေထိုင်​​နေတဲ့ရွာ​လေးကိုလိုက်​လာခဲ့တယ်​။ဒီမိသားစု​လေးကိုပြန်​လည်​သင်​့မြတ်​​အောင်​ အဘီ(Ram)ရဲ့အနစ်​နာခံပုံကြိုးစားပုံ​တွေကို အဘိုးဆန္ဒကိုဖြည်​့ဆည်​း​ပေးလိုတဲ့​မြေးတစ်​​ယောက်​အဖြစ်​အသိမခံဘဲကူညီတတ်​တဲ့​ကောင်​​လေးတစ်​​ယောက်​အဖြစ်​နဲ့ အထ​မြောက်​​အောင်​လုပ်​​ဆောင်​​ပေးခဲ့ပုံ​တွေကိုဒီကား​လေးမှာ ခံစားရ​စေမှာပါ။

မိသားစုတစ်​ခုရဲ့အနှစ်​သာရကဘာလဲဆိုတာ ဒီကား​လေးကမီး​မောင်​းထိုး​ဖော်​ပြ​နေပါတယ်​။အားလုံးပဲရွှင်​လန်​းကြပါ​စေခင်​ဗျ ။​

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Phantasm (1979) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/A4RU1C

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Phantasm"ပါ။

Horror-Scifi အမျိုးအစားမို့ ပရိသတ်ကြီး နည်းနည်းတော့ ရင်တုန်ရပါလိမ့်မယ်
ခုချိန်ထိ ကြောက်စရာအကောင်းဆုံး Horror တွေ စာရင်းပြုစုကြမယ်ဆိုရင် Phatasm ကို မပါမဖြစ်ထည့်သွင်းရလောက်တဲ့အထိအောင်ပါပဲ။ နောက်လဲ
အလျဉ်းသင့်ရင် သင့်သလို Classic လေးတွေ ကြိုးစားတင်ဆက်သွားပါမယ်

ကြည့်ချင်စိတ်လေး ရှိအောင် ဇါတ်လမ်းကို နည်းနည်းလေး အစဖေါ်ပြောပြထား
မယ်ဗျာ။
 အသုဘအိမ်တွေက အလောင်းတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ခိုးတဲ့ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက် အကြောင်း ကို
ဇါတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဘာကြောင့်ခိုးလဲဆိုတာတော့.....
ပရိသတ်ကြီး ကိုယ်တိုင် အဖြေရှာကြည့်ကြပါဦးဗျ။ ကျေးဇူးတင်ပါတယ်...

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Phantasm IV: Oblivion (1998) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/8C2ok1

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Phantasm IV: Oblivion"ပါ။

မင်္ဂလာပါ ပရိသတ်ကြီးရေ အရမ်းကြောက်ဖိုကောင်းတဲ့ phantasm ရဲ့ ထွက်ပြီးသမျှသုံးကားလုံးက သရဲကားချစ် ပရိတ်သတ်ကြီးအတွက် စိတ်အဆာပြေစရာဟငး်တစ်ခွက်ဖြစ်မယ် ဖြစ်မယ်ဆိုရင်တော့သေချာပါတယ် ခု ဒီကားလေးက ဆားတခွက်ဖြစ်ပါ လိမ်မယ်ခင်ဗျာ။ horrorကားကိုမှကြိုက်တယ်ဆိုရင်  ဒီကားလေးမကြည့်လိုက်ရရင်တော့ အတော်လေးနောင်တရမိပါလိမ်မယ်😁😁
 တကယ်ဘယ်နခါပြန်ကြည်ကြည် ရင်တုန်စရာကောင်းတဲ့ phantasmကားလေးကို 1 to 3အထိတင်ဆက်ပေးပြီးပါပြီ။ ကမ႓ာ ထိတ်လန့်စရာကားတွေကိုlistလုပ်လိုက်ရင် ဒီကားကမပါမဝင်ဖြစ်ဇာတ်ကားတခုပါ။   ခုနောက်ဆုံးအပိုင်းမှာတော့ အရပ်ရှည်ရှည်နဲလူကြီးကို အစကသုဘရာဇာတယောက်လို မိုက်တို့တူရီးနစ်ယောက်လုံးအစကထင်ခဲမိတာ။် တကယ်တမ်း အရပ်ရှည်ရှည်လူကြီးက သုဿန်ကအလောင်းတွေကို ငရဲလိုနေရာမှာပြန်လည်အသက်သွင်းပြီး စစ်တပ်တခုလို့ဖန်တီးနေတာပါ။  သူအကိုကားတိုက်လို့သေတာမဟုတ်ဘူးဆ်ုတာသိပြီးသွားပြီး မိုက်ရဲ့ ရည်ရွယ်ချက်က အရပ်ရှည်ရှည်လူကြီးရဲ့ လျိုဝှက်ချက်ကဘာလဲဆိုတာ သိချင်တာပါ။ဒါကြောင့်လည်း သူနောက်လိုက်ရင်း ကြောက်စရာသတ္တဝါတွေ အန္တရာယ်တွေ  တိုက်ခိုက်ခန်းတွေကို ရင်တမမနဲတွေမြင်ရမှာပါ။ပြီးတော့ အရပ်ရှည်ကောင်ကြီးကလည်းမိုက်လို သူရဲကောင်းမျိုးကို အသုံးချပုံသွင်းချင်တဲ့အတွက် သူကိုအမျိုးမျိုးသတ်ဖိုကြိုးစားတဲ့ သည်းထိတ်ရင်ဖို့အခန်းပေါင်းများစွာ ပါဝင်လာတာကြောင့် အကြောင်းမဲသက်သက်ခြောက်လန့်နေတာမျိုးမဟုတ်ဘဲ horrorရသရကိုအပြည်အဝခံစားရစေမှာပါ။ပရိသတ်များကို အစကနေအဆုံး ဆွဲခေါ်သွားမယ်ကားကောင်းလေးတခုဖြစ်တာကြောင့် ကြည့်ရှုခံစားကြည်ပါခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

I.T. (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/zbdRHm

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"I.T."ပါ။

ပရိသတ်ကြည့်ဖို့ ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားဖြစ်တဲ့ I.T ပါ။ ဒီဇာတ်ကားထဲက အဓိကသရုပ်ဆောင်က ဂျိမ်းစ်ဘွန်းမင်းသားဟောင်း ပီးရာ့စ်ဘရော်စနန်ဖြစ်တာမို့ ပရိသတ်တွေသဘောကျမယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း ရှင်မိသားစုကို နည်းပညာအတိုင် ပင်ခံက သစ္စာဖောက်ပြီး အသက် အန္တရာယ်ခြိမ်းခြောက်ဒုက္ခပေးတဲ့ အကြောင်း ရိုက်ကူးတင်ဆက် ထားတဲ့ ဇာတ်ကားလေးပါ။ မိုက်ရီဂန်ဟာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ် ယောက်ဖြစ်သလို ကျက်သရေရှိ တဲ့ ဇနီးရယ်၊ ချောမောလှပတဲ့ ဆယ်ကျော်သက်သမီးလေးတစ် ယောက်ရယ် ပိုင်ဆိုင်ထားတာမို့ ကံအကောင်းဆုံး လူတစ်ယောက် ရယ်လို့ ဆိုရမှာပါ။ မိုက်တို့မိသား စုဟာ ခေတ်ရှေ့ပြေးအဆင့်မြင့် နည်းပညာသုံး စမတ်အိမ်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မိုက် က လေယာဉ်တွေငှားရမ်းတဲ့ စီး ပွားရေးလုပ်ငန်းကို လုပ်ကိုင်သလိုသူ့လုပ်ငန်းတွေ အကုန်လုံးကို လည်း နည်းပညာနဲ့ပဲ ချိတ်ဆက် လုပ်ကိုင်ထားတာပါ။ တစ်ရက်မှာတော့ သူ့လုပ် ငန်းထဲကို အက်ဒ်ပေါ်တာဆိုတဲ့ အိုင်တီပညာရှင်တစ်ယောက် ဝင် လာခဲ့ပြီး အက်ဒ်ရဲ့လုပ်ငန်းကျွမ်း ကျင်မှုကို သဘောကျသွားတဲ့ မိုက်ဟာ သူ့ရဲ့ စမတ်အိမ်ကိုခေါ် သွားခဲ့ကာ ဘေးကင်းလုံခြုံမှုအ တွက် ပြင်ဆင်ထားတဲ့ အဆင့်မြင့် စနစ်တွေကို ပြသခဲ့ပါတယ်။ တကယ်တော့ အက်ဒ်ဟာ မိုက်ထင်သလို စိတ်ကောင်းရှိတဲ့ လူတော်တစ်ယောက်တော့ မဟုတ်ပါဘူး။ မိုက်ရဲ့အိမ်ထဲက လုံခြံုရေးစနစ်အားလုံးကို သိသွား သလို မိုက်ရဲ့ သမီးကို ပစ်မှတ် ထားကာ ဒုက္ခပေးဖို့ လုပ်ခဲ့ပါတော့တယ်။ မိုက်ရဲ့ သမီးကိတ်လင်းရဲ့ ကျောင်းအထိလိုက်သွားပြီး မမြင် အပ်တဲ့ကိုယ်ရေးကိုယ်တာပုံရိပ် တွေကို အွန်လိုင်းပေါ်တင်မယ်ဆို ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ သလို မိုက်ရဲ့ စီးပွားရေးလုပ်ငန်း ကိုလည်း ဝင်ပြီး ဒုက္ခပေးခဲ့ပါ တယ်။ မိုက်က သူ့ရဲ့ကိုယ်ရေးကိုယ် တာကိစ္စတွေကစ စီးပွားရေးလုပ် ငန်းအဆုံး ကိစ္စဟူသမျှကို နည်း ပညာအခြေခံ ချိတ်ဆက်လုပ်ကိုင်ထားတာမို့ ကလစ်တစ်ချက် ခေါက်လိုက်တာနဲ့ အရာရာဆုံးရှုံး သွားမယ့်အခြေအနေကို အက်ဒ် က ဖန်တီးခဲ့ပါတော့တယ်။ ဒီအ ခြေအနေတွေသိသွားတဲ့ မိုက်အဖို့ သူ့ဘဝကိုရော၊ သူ့မိသားစုကို ရော၊ စီးပွားရေးလုပ်ငန်းတွေကို ရော ကာကွယ်နိုင်ဖို့အတွက် အချိတ်အဆက်ဟောင်းတွေနဲ့ တန်ပြန်ခုခံနိုင်ဖို့ ကြိုးပမ်းရပါတော့ တယ်။ မိုက်ရဲ့ကြိုးပမ်းမှုတွေက အက်ဒ်ရဲ့ ဆိုးသွမ်းယုတ်မာမှုတွေ ကို အနိုင်ယူနိုင်ပါ့မလား၊ အရာ ရာကို နည်းပညာအပေါ်မှာပဲ ပုံ အပ်ထားတဲ့ မိုက်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြံုရမှာ လဲဆိုတာ ကိုယ်တိုင်ဆက်ကြည့် ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဂျိမ်းစ် ဘွန်းမင်းသားဟောင်း ပီးရာ့စ်ဘ ရော်စနန်က စီးပွားရေးလုပ်ငန်း ရှင်သူဌေးကြီး မိုက်ရီဂန်အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး အိုင် တီပညာရှင် အက်ဒ်ပေါ်တာအ ဖြစ် ဂျိမ်းစ်ဖရိချ်ဗစ်လီ၊ မိုက်ရဲ့ဇနီးအဖြစ် အန်နာဖရိုင်း၊ ကိတ်လင်း ရီဂန်အဖြစ် စတက်ဖနီစကော့တို့ က သရုပ်ဆောင်ထားကြတာပါ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။

Antboy 3 (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/h7Nle5

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Antboy 3"ပါ။

2016 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 5.4 ထိရရှိထားတဲ့Ant Boy ဆိုတဲ့ စူပါဟီးရိုးကားလေးကို တင်ပေးလိုက်ပါတယ်ဇာတ်ကားလေးကတော့ ကလေးကြိုက် PG ကားလေး ဖြစ်တာကြောင့်အထွေအထူး ညွှန်းစရာတော့ မရှိပါဘူးဇာတ်လမ်းသဘောကတော့ ပုံမှန် စူပါဟီးရိုးပုံစံပဲဗီလိန်ပါမယ် စွမ်းအားရှင်စူပါဟီးရိုးတယောက်ပါပါ့မယ်ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ EXO Farm ဆိုတဲ့ကုမ္ပဏီကြီးမှာ စီအီးအို အသစ်တက်လာရာမှအသစ်ဝင်လာတဲ့ စီအီးအိုက မတော်လောဘနဲ့ကမ္ဘာကြီးကို အုပ်စိုးဖို့ကြံစည်ရာမှ အန့်ဘွိိုင်းက အမည်မသိစကိတ်စီးအဖျက်အမှောင့်ပယောဂ အကျင့်ယုတ် စက်ရုပ်ကြီးကိုနှိမ့်နင်းဖို့ကြုံလာရာမှ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုပရိတ်သတ်ကြီီးကပဲ ဆက်ကြည့်လိုက်ကြတော့ဗျာ

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Wednesday, November 30, 2016

Inferno (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/pQrlTW

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Inferno"ပါ။

ဒီဇာတ်ကားဟာ မင်းသားကြီးတွမ်ဟန့်ရဲ့ နာမည်ကျော် ဒါဗင်ချီကုဒ် နဲ့ Angels and Demons ဇာတ်ကားအပြီးမှာ ထွက်လာတဲ့ ၃ ကားမြောက်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပြီး လက်ထဲမှာလည်း အစိုးရအဖွဲ့တွေက အသည်းအသန်လိုက်နေတဲ့ ငရဲရဲ့မြေပုံ ပဟေဠိတစ်ခုတွေ့လာတဲ့အခါ…..မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်း သဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့…..။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

Angels & Demons (2009) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/e8f8Mt

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Angels & Demons"ပါ။

ဒီဇာတ်ကားကတော့ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပြီး
မင်းသားကြီး Tom Hanks အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီထဲမှာ သိဒ္ဓိဆန်းဂိုဏ်းလို့ဘာသာပြန်ထားတဲ့ Illuminati ဂိုဏ်းကိုအကြောင်းပြု ပြီး
ဇာတ်လမ်းကို ဖန်တီးတည်ဆောက်ထားကာ သမိုင်အချက်အလက်တွေစုံလင်စွာထည့်ထားနိုင်လို့
တကယ်ဖြစ်ပျက်နေသလား အောက်မေ့ရပါတယ်။
ထိုင်ရာမထ ကြည့်ရှုမိမယ့်ဇာတ်ကားမျိုးပါ။
ဇာတ်လမ်းဖန်တီးသူ စာရေးဆရာက Da Vinci Code ကိုရေးသားတဲ့
နာမည်ကြီးစာရေးဆရာ Dan Brown ဖြစ်ပါတယ်။
Angels&Demons နဲ့ Da Vinci Code ကရုပ်ရှင်တစ်ကားစီဖြစ်ပေမယ့် ဆက်စပ်မှုရှိပါတယ်။
နှစ်ကားလုံးကို ကျွန်တော်အရမ်းနှစ်သက်မိပါတယ်။
သူငယ်ချင်းတို့နဲ့ အကြိုက်ချင်းတူမယ်လို့မျှော်လင့်မိပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။

The Da Vinci Code (2006) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/7SbHzd

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Da Vinci Code"ပါ။

လီယိုနာဒို ဒါဗင်ချီရဲ့ နာမည်ကျော် (The Last Supper) ” နောက်ဆုံးညစာစားပွဲ ” ဆိုတဲ့ ပန်းချီကားပုံကို အခြေခံပြီး တမန်တော်ယေရှုရဲ့ မျိုးဆက်ကို ရှာဖွေတွေ့ရှိပုံကို တင်ပြထားတာပါ။
ဒီဇာတ်လမ်းက စာရေးဆရာ Dan Brown ရဲ့ စာအုပ်  The Da Vinci Code ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
မင်းသားကြီး Tom Hanks ပါဝင်ထားပြီး လှိျု့ဝှက်သည်းဖို ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် သေချာပေါက်အကြိုက်တွေ့မယ့် ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းက အသက်ဝင်လွန်းလို့ တကယ်ဖြစ်ပျက်နေတယ်လို့ထင်ရပေမယ့်
ဤဇာတ်လမ်းကိုရေးသားသူ(Dan Brown) ကိုယ်တိုင်က စိတ်ကူးယဉ် ဇာတ်လမ်း (Fiction) တစ်ပုဒ်သာ ဖြစ်ပါတယ်လို့ အတိအကျ ဝန်ခံထားပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။