Thursday, December 1, 2016

I.T. (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/zbdRHm

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"I.T."ပါ။

ပရိသတ်ကြည့်ဖို့ ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားဖြစ်တဲ့ I.T ပါ။ ဒီဇာတ်ကားထဲက အဓိကသရုပ်ဆောင်က ဂျိမ်းစ်ဘွန်းမင်းသားဟောင်း ပီးရာ့စ်ဘရော်စနန်ဖြစ်တာမို့ ပရိသတ်တွေသဘောကျမယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း ရှင်မိသားစုကို နည်းပညာအတိုင် ပင်ခံက သစ္စာဖောက်ပြီး အသက် အန္တရာယ်ခြိမ်းခြောက်ဒုက္ခပေးတဲ့ အကြောင်း ရိုက်ကူးတင်ဆက် ထားတဲ့ ဇာတ်ကားလေးပါ။ မိုက်ရီဂန်ဟာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ် ယောက်ဖြစ်သလို ကျက်သရေရှိ တဲ့ ဇနီးရယ်၊ ချောမောလှပတဲ့ ဆယ်ကျော်သက်သမီးလေးတစ် ယောက်ရယ် ပိုင်ဆိုင်ထားတာမို့ ကံအကောင်းဆုံး လူတစ်ယောက် ရယ်လို့ ဆိုရမှာပါ။ မိုက်တို့မိသား စုဟာ ခေတ်ရှေ့ပြေးအဆင့်မြင့် နည်းပညာသုံး စမတ်အိမ်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မိုက် က လေယာဉ်တွေငှားရမ်းတဲ့ စီး ပွားရေးလုပ်ငန်းကို လုပ်ကိုင်သလိုသူ့လုပ်ငန်းတွေ အကုန်လုံးကို လည်း နည်းပညာနဲ့ပဲ ချိတ်ဆက် လုပ်ကိုင်ထားတာပါ။ တစ်ရက်မှာတော့ သူ့လုပ် ငန်းထဲကို အက်ဒ်ပေါ်တာဆိုတဲ့ အိုင်တီပညာရှင်တစ်ယောက် ဝင် လာခဲ့ပြီး အက်ဒ်ရဲ့လုပ်ငန်းကျွမ်း ကျင်မှုကို သဘောကျသွားတဲ့ မိုက်ဟာ သူ့ရဲ့ စမတ်အိမ်ကိုခေါ် သွားခဲ့ကာ ဘေးကင်းလုံခြုံမှုအ တွက် ပြင်ဆင်ထားတဲ့ အဆင့်မြင့် စနစ်တွေကို ပြသခဲ့ပါတယ်။ တကယ်တော့ အက်ဒ်ဟာ မိုက်ထင်သလို စိတ်ကောင်းရှိတဲ့ လူတော်တစ်ယောက်တော့ မဟုတ်ပါဘူး။ မိုက်ရဲ့အိမ်ထဲက လုံခြံုရေးစနစ်အားလုံးကို သိသွား သလို မိုက်ရဲ့ သမီးကို ပစ်မှတ် ထားကာ ဒုက္ခပေးဖို့ လုပ်ခဲ့ပါတော့တယ်။ မိုက်ရဲ့ သမီးကိတ်လင်းရဲ့ ကျောင်းအထိလိုက်သွားပြီး မမြင် အပ်တဲ့ကိုယ်ရေးကိုယ်တာပုံရိပ် တွေကို အွန်လိုင်းပေါ်တင်မယ်ဆို ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ သလို မိုက်ရဲ့ စီးပွားရေးလုပ်ငန်း ကိုလည်း ဝင်ပြီး ဒုက္ခပေးခဲ့ပါ တယ်။ မိုက်က သူ့ရဲ့ကိုယ်ရေးကိုယ် တာကိစ္စတွေကစ စီးပွားရေးလုပ် ငန်းအဆုံး ကိစ္စဟူသမျှကို နည်း ပညာအခြေခံ ချိတ်ဆက်လုပ်ကိုင်ထားတာမို့ ကလစ်တစ်ချက် ခေါက်လိုက်တာနဲ့ အရာရာဆုံးရှုံး သွားမယ့်အခြေအနေကို အက်ဒ် က ဖန်တီးခဲ့ပါတော့တယ်။ ဒီအ ခြေအနေတွေသိသွားတဲ့ မိုက်အဖို့ သူ့ဘဝကိုရော၊ သူ့မိသားစုကို ရော၊ စီးပွားရေးလုပ်ငန်းတွေကို ရော ကာကွယ်နိုင်ဖို့အတွက် အချိတ်အဆက်ဟောင်းတွေနဲ့ တန်ပြန်ခုခံနိုင်ဖို့ ကြိုးပမ်းရပါတော့ တယ်။ မိုက်ရဲ့ကြိုးပမ်းမှုတွေက အက်ဒ်ရဲ့ ဆိုးသွမ်းယုတ်မာမှုတွေ ကို အနိုင်ယူနိုင်ပါ့မလား၊ အရာ ရာကို နည်းပညာအပေါ်မှာပဲ ပုံ အပ်ထားတဲ့ မိုက်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြံုရမှာ လဲဆိုတာ ကိုယ်တိုင်ဆက်ကြည့် ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဂျိမ်းစ် ဘွန်းမင်းသားဟောင်း ပီးရာ့စ်ဘ ရော်စနန်က စီးပွားရေးလုပ်ငန်း ရှင်သူဌေးကြီး မိုက်ရီဂန်အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး အိုင် တီပညာရှင် အက်ဒ်ပေါ်တာအ ဖြစ် ဂျိမ်းစ်ဖရိချ်ဗစ်လီ၊ မိုက်ရဲ့ဇနီးအဖြစ် အန်နာဖရိုင်း၊ ကိတ်လင်း ရီဂန်အဖြစ် စတက်ဖနီစကော့တို့ က သရုပ်ဆောင်ထားကြတာပါ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။