Monday, November 28, 2016

Castaway on the Moon (2009) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/ile83z

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Castaway on the Moon"ပါ။

မင်္ဂလာပါ၊ ပထမဦးစွာ ကြိုတင်ပြီး အကြံပြုလိုတာကတော့ Korean Movie fan တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ... ဒီ Castaway on the moon ဟာ ပထမဦးစားပေးကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ ဆိုချင်ပါတယ်။ South Korea မှာ ၀င်ငွေအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့အပြင် Creative ဖြစ်လွန်းတဲ့ ဇါတ်ညွှန်းရဲ့ စေစားမှုကြောင့် ဝေဖန်ရေးဆရာတွေ ဘဝင်ကျခဲ့ရတဲ့ ထိပ်တန်းစာရင်းဝင် ရုပ်ရှင်တစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုရင်တော့ Tom Hanks ရဲ့ Castaway ကနေ idea ရသွားသယောင်ယောင်ပဲလို့ တွေးမိပါတယ်။ :D ဒါပေမယ့် Tom Hanks ရဲ့ Castaway ဟာ သမုဒ္ဒရာထဲက ကျွန်းကလေးတစ်ကျွန်းအပေါ်မှာ အခြေတည်ပြီး ဒီ Movie မှာတော့ .. မြို့လည်ခေါင်မှာ ထီးတည်း တည်ရှိနေတဲ့ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ ဇါတ်ကောင်ကို နေရာချထားပါတယ်။ ဒါပေမယ့် ဇါတ်လမ်းရဲ့ ရည်ရွယ်ချက်၊ ဖွဲ့စညး်ပုံတွေမှာ လုံးဝကို ကွဲပြားခြားနားနေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျ။
အချစ်ရေး၊ လူမှုရေး၊ အဘက်ဘက်က အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ လူရွယ်တစ်ယောက်ဟာ ဘဝကို လက်လွှတ်အရှုံးပေးတဲ့အနေနဲ့ တံတားတစ်ခုပေါ်ကနေ သူ့ကိုယ်သူ ခုန်ချ အဆုံးစီရင်ပစ်လိုက်ပါတယ်။ သတိမေ့သွားခဲ့ပြီး သူပြန်လည်နိုးထလာတဲ့အချိန်မှာ သေနေ့မစေ့သေးဘူးဆိုတဲ့စကားနဲ့အညီ ကျွန်းကလေးတစ်ကျွန်း ရဲ့ ကမ်းခြေပေါ်ကို သူရောက်ရှိနေခဲ့ပါတယ်။ ကျွန်းကနေ မြို့ဆီကို ပြန်ကူးဖို့အတွက် လှေတစ်စင်းရှိမှ အဆင်ပြေမယ်ဆိုတာ သူသိရှိထားပါတယ်။ ဒါပေမယ့် လှေလဲ မရှိ၊ ဘာဆိုဘာမှမရှိတဲ့ကျွန်းငယ်လေးပေါ်မှာ သူ့အတွက်တစ်ခုတည်းသောရွေးချယ်မှုက ကျွန်းကလေးပေါ်မှာပဲ ကယ်သူမလာမချင်း စတည်းချနေထိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့.. တောကြီးမျက်မည်းထဲမှာ ယနေ့ခေတ်လူသားတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ခက်ခက်ခဲခဲ တွေ ဖြတ်သန်းနေထိုင်မလဲဆိုတာ ကို အတွေးဆန်းဆန်းလေးတွေနဲ့ tricks လေးတွေ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အဲဒီိလို တစ်ကိုယ်ရည် အထီးကျန်နေတဲ့သူ့ကို တစ်ခါတစ်ရံမှာ မှန်ဘီလူးနဲ့ မြို့ထဲကနေ ကြည့်ရှု အကဲခတ်နေတဲ့သူ တစ်ယောက်ရှိနေပါတယ်။ အကဲခတ်နေတဲ့သူ ရဲ့ စိတ်အထင်မှာ..  ကျွန်းကလေးပေါ်က ဇါတ်ကောင်ဟာ သူ့အတွက် အာကာသထဲကနေ ပေးပို့လိုက်တဲ့ သူငယ်ချင်း alien တစ်ယောက်လို့ ထင်မှတ်မှားနေတယ်ဆိုတာကို ပရိသတ်ကြီး သိရှိလာရပါလိမ့်မယ်ခင်ဗျာ၊ ကျွန်းကလေးပေါ်က အထီးကျန်လူတစ်ယောက်နဲ့ မိုင်တွေခြားနေတဲ့ တစ်ဖက်စွန်းက သူ့လို အထီးကျန်နေသူတစ်ယောက်တို့ ဘယ်လို ဆုံစည်းကြမလဲ၊ သူတို့အချင်းချင်း ဘယ်လို commuicate လုပ်ကြမလဲ ဆိုတာလေးတွေက ဇါတ်လမ်းဖန်တီးသူရဲ့ အ့ံအားသင့်စရာ ဇါတ်လမ်းလှည့်ကွက်လေးတွေဖြစ်ပါတယ်။ 2009 ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် ဘယ်ချိန်ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ Movie လေးတစ်ခုဖြစ်တဲ့အတွက်.. ချစ်ပရိသတ်ကြီး အတွက် မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။