Thursday, November 17, 2016

Suicide Squad (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/Wnduhu

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Suicide Squad"ပါ။

Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့
ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကို
ဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်း
ထပ်ပြီး မညွှန်းချင်တော့ပါဘူး။
မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်
မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ
ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။
ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီး
Superman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာ
ဇာတ်အိမ်တည်ထားပါတယ်။
အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုး
သာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်
Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့
စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်
Amanda Waller ဆိုတဲ့
အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်က
DC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်
ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကို
သူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကို
လွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။
Amanda ရဲ့ အကြံအစည်အောင်မြင်မလား
ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား
Suicide Squadအဖွဲ့သားတွေကရော
ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် 😛
ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ အထူးသဖြင့်
Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့
ရေပန်းစားနေတဲ့ Harley Quinn အဖြစ်
Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေ
ကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာ
ကျိန်းသေပေါက် အာမခံရဲပါတယ် ။
Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Leto
ကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့
ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။
ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်
Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာ
ကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/
အော် ဒါနဲ့ ….
နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက် အစပျိုးထားတဲ့ post credits scene
ပါပါ တယ်မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီး
သတိလေးပေးထားပါရစေ။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။