Wednesday, November 16, 2016

Chronicle of a Blood Merchant (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/aUTD4i

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Chronicle of a Blood Merchant"ပါ။

မင်္ဂလာပါ ခင်ဗျာ၊ ဒီ Movie ကို ကြည့်ရှုကြမယ့် စာဖတ်ဝါသနာရှင်မိတ်ဆွေတို့အတွက်.. ဆရာမြသန်းတင့်ရဲ့ သုခမြို့တော်ထဲက ဇါတ်ဝင်ခန်းအချို့ကို မျက်စိထဲပြေးမြင်မိကြမှာ အမှန်ပဲလို့ ဆိုချင်ပါတယ်။ တင်ပြပုံချင်း တော့ အတော်ကြီး ကွာခြားပါတယ်။ဘဝလူနေထိုင်မှုပုံစံများစွာထဲက..အချို့အချို့သော လူတွေရဲ့ ဘဝဟာ ကျွန်တော်တို့ မှင်သက်သွားလောက်အောင် နေထိုင်ပြုမူပုံ ဆန်းကျယ်ကြပါတယ်။ ဒီ Blood Merchant ဟာ... အဆိုပါ လူတစ်ချို့ရဲ့ ဘဝကို ခပ်ပါးပါးလေးတို့ထိပုတ်ခတ်ထားတဲ့ ဇါတ်လမ်းတစ်ပုဒ်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။။ စာရွက်ပေါ်ကနေ ငွေရောင်ပိတ်သားပြင်ပေါ်ရောက်လာတဲ့အခါ... နဂို ရှိရင်းစွဲ ဇါတ်လမ်းထက် ပိုကောင်းသွားတာ ရှိသလို.. . နဂို မူလ အရသာ ပျက်ယွင်းသွားတာတွေလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခုမှာတော့ဖြင့် မူရင်းစာအုပ်ကို ဖတ်ရှုခဲ့ကြဖူးသူများအတွက် အနှစ်သာရမပျက်စီးရအောင် ကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ပြီး ဇါတ်ညွှန်းကို ကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာခဲ့တဲ့..  Ha Jung-woo ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပါတယ်။
1953 Korea ရဲ့ စစ်ဦးခေတ်မှာ..  Sam-Gwan ဟာ.. ဆောက်လုပ်ရေးလုပ်သား တစ်ယောက်ဖြစ်ပြီး ဦးလေးဖြစ်သူကို ခြံစိုက်ကူနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ နေထိုင်ရာရွာကလေးထဲက ယောက်ျားလေး အများစုဟာ... ခန္ဓာကိုယ်ထဲက သွေးကို ဖောက်ထုတ်ရောင်းချခြင်းနဲ့ စီးပွားရှာလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး နဲ့ ပြီးပြည့်စုံတယ်ဆိုတာကို သက်သေပြနိုင်ဖို့ နဲ့.. ငွေကြေးအမြောက်အမြား စုဆောင်းမိဖို့အတွက်.. အခုလို အရောင်းအဝယ်ပြုလုပ်နေကြခြင်းလဲ ဖြစ်ပါတယ်။ romance အကူးအပြောင်းအနေနဲ့...  Sam-Gwan ဟာ.. ရွာထဲက အလှဆုံးအချောဆုံး လှပျိုဖြူ  Ok-Ran ... ကို မေတ္တာသက်ဝင်ခဲ့မိပါတယ်။ ဒါပေမယ့် Ok-ran မှာ ငွေကြေးပြည့်စုံတဲ့ သူတစ်ယောက် နေရာဦးနေပြီဖြစ်တဲ့အတွက် Sam-Gwan ဟာ.. Ok-ran ကို ရယူပိုင်ဆိုင်နိုင်ဖို့ ... သူ့ ရဲ့ သွေးကိုဖောက်ထုတ်ရောင်းချပြီး...  မိုးခါးရေသောက်ခဲ့ရပါတယ်။ ဘဝရဲ့ ရည်မှန်းချက်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့တဲ့... Sam-Gwan အတွက် အိမ်ထောင်သက် ၁၁ နှစ်အကြာမှာ..  သားသမီးသုံးယောက် အနက် အကြီးဆုံးသားတစ်ယောက်ဟာ.. သူ့ရဲ့ သွေးသားအရင်းမဟုတ်ဘူးဆိုတဲ့.. ကောလဟလ တွေ ပျံ့နှံ့လာတဲ့အခါ......  Blood Merchant ဟာ... ၀တ္ထုစာအုပ်ကောငး်တစ်အုပ် ဖတ်ရသလို.... ရုပ်ရှင်ချစ်သူတွေအတွက်.. တစ်စုံတစ်ခု ချန်လှပ်ခဲ့မှာဖြစ်ကြောင်း...  ညွှနး်ဆိုရေးသားလိုက်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။