Saturday, November 19, 2016

Sadako v Kayako (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/YORXyr

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Sadako v Kayako"ပါ။

မင်္ဂလာပါခင်ဗျာ၊ Japanese Horror film တွေထဲမှာ ကျွန်တော်တို့ကို အဖမ်းစားနိုင်ခဲ့ဆုံး Movie တွေ ဖြစ်တဲ့ The Ring နဲ့ The Grudge ဇါတ်လမ်းများကို မှတ်မိကြဦးမယ်ထင်ပါတယ်ခင်ဗျ။ Movie တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီး Crossover တွေ အလုအယက်ရိုက်ကူးလာကြတဲ့အချိန်မှာ အမြဲ Horror Movie တွေကို တစိုက်မတ်မတ် ရိုက်ကူးလာခဲ့တဲ့ Director Koji Shiraishi ဟာ Ring နဲ့ Grudge ရဲ့ Main Character နှစ်ခုကို တပေါင်းတစည်းတည်း ရိုက်ကူးလာခဲ့ပြီ ဖြစ်ပါတယ်။ American version , Japanese version စသဖြင့် version အမျိုးမျိုးနဲ့ အောင်ပွဲခံခဲ့တဲ့ Movie နှစ်ခုရဲ့ ပေါငး်စပ်မှုဟာ ပိုပြီးတော့ပဲ ခြောက်ခြားစရာ ဖြစ်လာမလား၊ တစ်ယောက်တည်း ကြည့်မယ်ဆိုရင် စိတ်အတော်ခြောက်ခြားစရာကောငး်မယ့် အရသာတွေ အစဉ်အလာမပျက် ခံစားရဦးမှာလားဆိုတာ...  ပရိသတ်ကြီးလက်တွေ့ သုံးသပ်ကြည့်နိုင်အောင် စီစဉ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ မူရင်း ဇါတ်လမ်းတွေကို based ယူပြီး ဇါတ်ညွှန်း ပြန်ခွဲထားတာဖြစ်တဲ့အတွက် The Ring ရဲ့ video tape ထဲက Sadako နဲ့ Grudge ထဲက အသေဆိုးနဲ့သေခဲ့ရပြီး အမြဲ ဒေါသူပုန်ထနေတဲ့ခပ်ကြမ်းကြမ်း Kayako တို့ နှစ်ယောက် အိမ်တစ်လုံးထဲမှာ ဘယ်လိုများ ဆုံစည်းမိခဲ့ကြသလဲဆိုတာ ... စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပါပဲခင်ဗျ။ 2016 June လမှ ထွက်ရှိထားတဲ့ Movie တစ်ခု ဖြစ်တဲ့ အတွက် လက်လှမ်းမမှီ လိုက်ကြတဲ့သူများ အရသာမပျက်စေဖို့...  ထူးထူးခြားခြား Classic Horror နှစ်ခုရဲ့ ပေါင်းစည်းမှုကို ကျွန်တော်တို့ ဒီလောက်ပဲ မိတ်ဆက်ပေးပါရစေခင်ဗျ။ ရုပ်ရှင်ချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။