Monday, November 21, 2016

Chak de! India (2007) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/7k2Tp7

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Chak de! India"ပါ။

ပရိသတ်ကြီး လုံးဝကြိုက်စေမယ် bollyကားကောင်းတခု တင်ဆက်ပေးလိုက်ပြန်ပါပြီ။ imbd8.4 rotten 92%ထိရထားပြီး bollywoodဘုရင်လိုတင်စားခေါ်ရလောက်တဲ့ မင်းသားကြီး shah Rukh Khanမို့ ကားကောင်းတခုဖြစ်တယ်ဆိုတာပြောစရာလိုလောက်ပါဘူးနော်။
ဇာတ်လမ်းအဖွင့်မှာတော့ အိန္ဒိယအသင်းနဲ့ပါကစ္စတန်အသင်းတို့ ကမ္ဘာ့ဟော်ကီချန်ပီယံရှစ်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေကြပုံများနဲ့စတင်ထားပါတယ် ပါကစ္စတန်အသင်းဟာ အိန္ဒိယအသင်းကို ၁ ဂိုးနဲ့အနိုင်ရနေပြီး ကစားနေရင်းဖောင်းဖြစ်သွားလို့ အိန္ဒိယအသင်းအတွက် ပယ်နတီရသွားပါတယ် ဒီပယ်နတီဘောကို အသင်းခေါင်းဆောင်ကဘီးခန်းကသွင်းယူခဲ့ရာမှာ လွဲချော်ခဲ့ပါတယ်။ ပါကစ္စတန်ကိုရှုံးခဲ့တာကြောင့် အိန္ဒိယပြည်သူတွေဟာ ကဘီးခန်းကို ဒေါသတွေထွက် စိတ်နာခဲ့ကြတယ်။ အဲဒီမှာပဲ ကဘီးခန်းဟာ ဟော်ကီလောကကနေ ရ နှစ်ကြာ ပျောက်သွားခဲ့တယ်။ ရ နှစ်ကြာပြီးတဲ့အခါမှာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့ အိန္ဒိယအမျိုးသမီးဟော်ကီအသင်းအတွက်နည်းပြလုပ်ဖို့ပြန်ရောက်လာခဲ့တယ်။ မတူညီတဲ့ဒေသ မတူညီတဲ့စိတ်ထားအမျိုးမျိုးနဲ့ လက်ရွေးစင် ၁၆ ယောက်ကို နည်းပြကဘီးခန်းတစ်ယောက် ဘယ်လိုလေ့ကျင့်ပေးမလဲ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ဘယ်လိုတွန်းအားပေးမလိုဆိုတာကိုတော့ Chak De ဇာတ်ကားလေးမှာစောင့်ကြည့်ကြပါလိုပ တိုက်တွန်းလိုက်ရပါတယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။