Friday, November 18, 2016

Beverly Hills Ninja (1997) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/BDYjcF

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Beverly Hills Ninja"ပါ။

ပရိသတ်ကြီး Drama တွေနဲ့ ဆက်တိုက်မျောလွင့်ပြီးကြတဲ့နောက် စိတ်လက်ပေါ့ပေါ့ပါးပါး နဲ့ ကြည့်ရှုရစေဖို့ . အထူးသဖြင့် ကျွန်တော်တို့လို 90's Kids တွေအတွက် အမှတ်တရ ငယ်ငယ်က ဟာသဇါတ်မြူးလေးတစ်ခုကို ပြန်လည်ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ တစ်ခုလောက်လက်တို့ပြီးပြောပြချင်တာက .. Dark Night အဖြစ် လူသိများတဲ့ မင်းသားကြီး Christian Bale က Beverly Hills Ninja ဟာ သူ့ရဲ့အကြိုက်ဆုံး favourite film တစ်ခု ဖြစ်တယ်လို့ ဆိုခဲ့ဖူးတာပါပဲ။ များသောအားဖြင့် ကျွန်တော်တို့လို ရုပ်ရှင်ဝါသနာအိုးတွေဟာ ခုလက်ရှိခေတ်ရဲ့ CGI effect တွေ ပေါပေါလောလောနဲ့ အပေါစားဟာသကားတွေထက် ခေတ်ဟောင်းက တစိမ့်စိမ့်တွေးပြီး တသိမ့်သိမ့်ရယ်မောရတဲ့ Classic Comedy တွေကို ပိုတန်ဖိုးထားကြိုက်နှစ်သက်တတ်ကြတာ သဘာဝပါပဲ။ သင်္ဘောပျက်တစ်ခုပေါ်က ဆယ်ယူကယ်တင်ခံရပြီး.. ဆယ်ယူခဲ့တဲ့ Ninja အဖွဲ့အစည်းရဲ့ ကြည့်ရှုစောင့်ရှောက်မှုကြောင့် Ninja တစ်ယောက်အဖြစ်ကို ရောက်ရှိလာသော်ငြား.... အမြဲ အိုးနင်းခွက်နင်း နဲ့. တလွဲတချော်တွေ ဖြစ်တတ်တဲ့... Haru ဆိုတဲ့ Character နဲ့  ပရိသတ်ကြီး တခဏချင်း ရင်းနှီးသွားမှာဖြစ်သလို... နောက်ဆုံးမှာတော့ စိတ်ကောငး်ရှိတဲ့ Haru ဟာ တကယ့် Ninja Warrior အစစ်အမှန်ဖြစ်ကြောငး်... သူ့ရဲ့ သွေးသောက်ညီအစ်ကို Gobei ရဲ့ အကူအညီနဲ့ အကောင်းဆုံး သက်သေထူပြနိုင်ခဲ့ပါတယ်။ပရိသတ်ကြီးရဲ့ ဘဝအမောတွေ တခဏတာ ပြေပျောက်စေဖို့.. အကောင်းဆုံး Comedy film လေးဖြစ်တဲ့အတွက် လက်မလွတ်တမး် ကြည့်ရှုထားသင့်တဲ့ Movie တစ်ခုဖြစ်တယ်ဆိုတာ ထပ်လောင်းတိုက်တွန်းလိုက်ပါရစေခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။