Sunday, November 20, 2016

King of Beggars (1992) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/gzS0GZ

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"King of Beggars"ပါ။

စတီဖင်ချောင်ကားတွေစောင့်စားနေတဲ့ ချစ်သူတွေဘယ်လောက်ရှိသေးလဲဗျ? စတီဖင်ချောင်ရဲ့ဇာတ်ကားတွေထဲကမှ တောင်းဆိုမှုအများဆုံးဖြစ်တဲ့ King of Beggars ဆိုတဲ့ကားလေးကို ဦးစားပေး တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးဟာတော့ တောက်လျှောက် အူတက်နေရတဲ့အခန်းတွေ သိပ်မပါဝင်ပေမယ့် စတီဖင်ချောင်ဟာ ဇာတ်ရုပ်ပေါင်းစုံကြောင်းကို ဇာတ်နာနာနဲ့ ဟာသရောနှောကာ ဘဝမှာဘယ်လိုပဲဆိုးရွားနေပါစေ နေတတ်ရင် ကျေနပ်စရာဖြစ်ကြောင်း ဦးစားပေးပြသထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Review ~

Canton အုပ်ချုပ်ရေးအရာရှိရဲ့သားဖြစ်သူ So Chan (stephen chow) ဟာ ကွန်ဖူးတော်ပြီး ငွေလည်းသုံးဖြုန်းနိုင်တာကြောင့် ထင်ရာစိုင်းနေတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။ သူတို့မျိုးရိုးရဲ့အားနည်းချက်ကတော့ ဘယ်သူမှ စာပေမတတ်မြောက်ပါဘူး။ တစ်နေ့မှာ So Chan ဟာ အချစ်ကိုရှာဖွေတွေ့ရှိတဲ့အချိန် သူချစ်ရတဲ့မိန်းကလေး Yushang (Sharla Cheung)က စာပေရော သိုင်းပညာမှာပါ လူရည်ချွန်ဖြစ်တဲ့အချိန် သူနဲ့လက်ထပ်ဖို့ အခွင့်ပေးမယ်လို့ သိလိုက်ရတဲ့အခါ နန်းတွင်းမှာ လူရည်ချွန်စာမေးပွဲဝင်ရောက်ဖြေဆိုပါတော့တယ်။ လူရည်ချွန်စာမေးပွဲမှာ ကမောက်ကမတွေဖြစ်ကုန်ပြီး တစ်သက်စာ သူတောင်းစားဖြစ်ဖို့ အကြောင်းဖန်လာတဲ့အခါ So Chan တို့သားအဖ လောကဓံကို ဘယ်လိုရင်ဆိုင်ကြမလဲ ..
ကွန်ဖူးထူးချွန်တဲ့ So Chan ဟာ သိုင်းပညာတွေဖျက်စီးခံရပြီးတဲ့နောက် သူတောင်းစားဂိုဏ်းထဲကို ဘယ်လိုရောက်ရှိပြီး ဘာတွေဆက်လုပ်မယ်ဆိုတာကိုတော့ ...
ဒီကားဟာ စတီဖင်ချောင်ပရိတ်သတ်တွေအတွက် အနည်းဆုံးတစ်ခေါက်တော့ကြည့်ပြီးသားဖြစ်နေကြမှာပါ။ ထပ်ကြည့်ကြမှာကိုလည်း သိနေပါတယ်😄။ မကြည့်ရသေးတဲ့ စတီဖင်ချောင် fan တွေအတွက်လည်း ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။
တခြားဇာတ်ကားတွေလို ဟာသသက်သက်မဟုတ်ပဲ ကွန်ဖူးရော dramaပါ ပေါင်းစပ်ထားတာကြောင့် ရှားရှားပါးပါး ရသစုံဇာတ်ကားကောင်းတစ်ကားအဖြစ် ပရိသတ်ကြီးရဲ့လက်ထဲအရောက် ထည့်ပေးလိုက်ရပါတယ်ဗျား။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။