Monday, November 28, 2016

Secret (2007) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/Kzwcz2

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Secret"ပါ။

ကျောင်းစတက်တဲ့တစ်ရက်မှာ ကောင်လေးတစ်ယောက်က စန္ဒယားတီးခဲ့တယ်တိုက်တိုက်ဆိုင်ဆိုင် ခပ်လှလှလေးပြုံးတတ်တဲ့ ကောင်မလေးတစ်ယောက်ကိုအဲ့ဒီနေ့မှာတွေ့လိုက်ရတယ် သူတို့၂ယောက်ဟာ ဂီတသံစဉ်တွေ အတူဖန်ဆင်းလိုက် စက်ဘီးလေးတွေအတူစီးလိုက် ပန်းသီးလေးတွေ အတူစားလိုက် ကမ်းစပ်က လေညှင်းလေးတွေရဲ့ပွတ်တူမှုကို ရယ်မောလိုက်နဲ့ ပေါ့ ဒီကားကသာမန်drema အချစ်ဇတ်လမ်းလို့ထင်ခဲ့မိတယ် ပြသချိန် မိနစ် ၄၀လောက်ထိက ကားနံမည်နဲ့ဆိုင်တာဆိုလို့ ကောင်မလေးရဲ့မေးခွန်းတစ်ခုပဲရှိတယ်နင်နဲ့ငါနဲ့စတွေ့တဲ့နေ့တုန်းက ဘာသံစဉ်တွေတီးလိုက်တာလဲတဲ့ မသိဘူးဘာဖြစ်လို့လဲပြန်မေးတော့ ဒါက လျှို့ဝှက်ချက်(secret)တဲ့အချစ်ဇတ်လမ်းတို့ထုံးစံအတိုင်း သုံးပွင့်ဆိုင် ကောင်မလေးနောက်တစ်ယောက်ပါလာခဲ့တယ် ကောင်မလေး ၂ယောက်နဲ့ကောင်လေးတစ်ယောက်ပေါ့ တစ်နေ့တော့ ကောင်လေးဟာ သူ့ချစ်သူကောင်မလေးအထင်အမြင်လွဲစေမဲ့အမှားကြီးတစ်ခုကျူးလွန်မိတယ် အဲ့ဒီနေ့ကစပြီး ကောင်မလေးက ဗြုန်းဆိုပျောက် သွားပါရော ဘယ်မှာမှရှာမတွေ့တော့ဘူး secretဆိုတာကြီးကအဲ့ဒီမှာစတော့တာပဲကောင်မလေးရဲ့လျှို့ဝှက်ချက်ကပဲ အချိုးအကွေ့အလှည့် အပြောင်းဖြစ်သွားစေတယ် ကဲ ပရိတ်သတ်ကြီးရေခံစားကြည့်လိုက်ပါဦး———– ဒီကားက သံစဉ်တွေနဲ့တည်ဆောက်ထားတယ်ဆိုလည်းမမှားပါဘူး စာအုပ်တွေထဲမှာတော့တွေ့ဖူးတယ်စန္ဒယားသံကို မိုးခြိမ်းသံ စမ်းချောင်းလေး စီးဆင်းသံ ဘီးလူးတစ်ကောင်ရဲ့ဒေါသတစ်ကြီးအော်ဟစ်သံဆိုပြီးခိုင်းနှိုင်းပုံလေးတွေ တွေ့ဖူးပါတယ် စန္ဒယားသံကိုမခံစားတတ်ဘူးဆိုတာထက် မသိနားမလည်တဲ့ ကျွန်တော်တောင် ဇတ်ကားထဲကတီးကွက်တွေကိုစီးမြောသွားတယ်ဂီတသံဇဉ်တွေဘာလို့ခမ်းနားနေရတာလဲစူးစမ်းမိတော့ ဒီဇတ်ကားကိုဖန်တီးသူ ဒါရိုက်တာ Jay chouဟာ ကိုယ်တိုင် အဆိုတော် တေးရေး သရုပ်ဆောင် တူရိယာ၂မျိုးလောက်ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နိုင်သူဖြစ်ပါသတဲ့ ကိုင်း secretဆိုတာဘာလဲစူးစမ်းရင်းနဲ့ ခံစားကြည့်လိုက်ပါဦးလို့ စကားမစပ် ကောင်လေးရော ကောင်မလေးရော တော်တော်ချောတယ်ဗျ ………..

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။