Thursday, November 24, 2016

The Woman in Black (2012) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/PdCAQZ

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Woman in Black"ပါ။

မင်္ဂလာပါခင်ဗျာ၊ The Woman In Black ဟာ.. 2012 မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Horror Movie Fan တွေကြားထဲမှာ အတော်လေး ရေပန်းစားခဲ့တဲ့ Movie တစ်ခုဖြစ်ပါတယ်။ လူသူတိတ်ဆိတ်တဲ့ ညကာလအခါမျိုးမှာ.. တစ်ယောက်တည်း ကြည့်ရှုမယ်ဆိုရင်ဖြင့် စိတ်နှလုံးကို ခိုင်ခိုင်ထားပြီးမှကြည့်ရှုသင့်ကြောင်း အကြံပေးလိုပါတယ်။ နာကျည်းမှု၊ မုန်းတီးမှု တွေနဲ့ ပြည့်နှက်နေတဲ့ မကျွတ်မလွတ် ၀ိဉာဉ်တစ်ကောင်ရဲ့ သိသိသာသာ ရော မသိမသာ ခြောက်လှန့်မှု Scene တွေဟာ. နောက်ခံ အသံပိုင်းစနစ်ရဲ့ ပံ့ပိုးမှုကြောင့် အတော်လေး ခြောက်ခြားစရာကောငး်ပါတယ်ခင်ဗျ။ ဒါကြောင့် Woman In Black ရဲ့ taste ကို အပြည့်အဝခံစားလိုတယ်ဆိုရင် မီးတွေအားလုံးအမှောင်ချပြီး အသံမတိုးမကျယ်လေးနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရုပ်ရှင်ထဲမှာ နစ်မြောကြည့်လိုက်ပါလို့ ... တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ ( ကျွန်တော်တို့ကတော့ အသံပိတ်ကြည့်ပါတယ် :P )
Harry Potter မင်းသား Daniel Radcliffe ဟာ ဒီလို ဇါတ်ရုပ်မျိုးနဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံးပဲလို့ ဆိုရလောက်အောင် ... သူ့အခန်းကဏ္ဍမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ ဇနီးသည်ကို အမြဲလွမ်းဆွတ်တမ်းတနေတဲ့ Arthur ဟာ.. ရွာငယ်လေးတစ်ရွာမှာ ရှိနေတဲ့ အိမ်အိုကြီးတစ်လုံးရဲ့ စာရင်းတွေ ပြုစုပေးဖို့.. အလုပ်ရှင်ရဲ့ စေခိုင်းမှုနဲ့.... ခရီးထွက်လာခဲ့ရပါတယ်။ ဒါပေမယ့် Eel Marsh House ( အိမ်အိုကြီးရဲ့အမည်) ကိစ္စ နဲ့ ရောက်လာတယ်ဆိုတာ သိရကတည်းက သူ့အပေါ်မှာ သူစိမ်းပြင်ပြင် ကြိုဆိုခဲ့ကြတဲ့ ရွာသူရွာသားတွေကြောင့် တည်းခိုစရာမရှိတဲ့ Arthur အတွက် Eel Marsh House မှာ နေထိုင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီ အိမ်အိုကြီးမှာ... နွံနစ်ပြီးသေခဲ့ရတဲ့သားငယ်ကို စွဲလန်းစိတ်နဲ့ ခပ်ဆိုးဆိုး အနက်ရောင်မိန်းမတစ္ဆေတစ်ကောင် ခြောက်လှန့်တတ်မှန်းကိုသာ Arthur သိခဲ့ရင် ဇါတ်လမ်းက တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။ အုံ့မှိုင်းမှိုင်းရာသီဥတု နောက်ခံနဲ့ ကျယ်ဝန်းလှတဲ့အိမ်ကြီးရဲ့အတွင်းမှာ ညစဉ်ညတိုင်း တစ်ယောက်တည်း နေထိုင်ရတော့မယ့် Arthur အတွက်.. ဘယ်လိုခြောက်လှန့်မှုမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ... ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ အရမ်းကို လှပသေသပ်လွန်းတဲ့ Cinematography ရဲ့ ပံ့ပိုးမှု နဲ့... Color grading ပိုင်းမှာလဲ  ဇါတ်လမ်းရဲ့ Theme နဲ့ ကိုက်ညီအောင် ပညာပြထားတဲ့ အဆင့်အတန်းမြင့် ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့အတွက် အမှတ်တရသိမ်းဆည်းထားသင့်တဲ့ Movie တစ်ခုလဲ ဖြစ်ပါတယ်လို့...  ညွှန်းဆိုချင်ပါတယ်ခင်ဗျ။ 

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။