Tuesday, November 29, 2016

The Grudge (2004) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/ps00Jg

အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"The Grudge"ပါ။

ရုပ်ရှင် အစ/အဆုံး




မင်္ဂလာပါခင်ဗျာ၊ The Grudge ဟာ Horror Movie fan တွေရဲ့အကြားမှာ မကြည့်ဖူးသူ မရှိလောက်အောင် ဒိတ်ဒိတ်ကြဲ အောင်ပွဲခံခဲ့တဲ့ ခြောက်ခြားစရာ Horror Movie တစ်ခုဖြစ်ပါတယ်း။ Parody တွေအနေနဲ့တောင် ပြန်လည်နောက်ပြောင်ရိုက်ကူးကြတဲ့အထိ အောင်မြင်မှုရခဲ့တဲ့ The Grudge ဟာ sequel အနေနဲ့..  နှစ်နှစ်ခြားစီ 2 နဲ့ 3 ကို ဆက်လက်ရိုက်ကူးပြသခဲ့ပါတယ်။ အခါအခွင့်သင့်မယ်ဆိုရင်ဖြင့် The Grudge 2 နဲ့ The Grudge 3 ကိုလဲ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ မူရင်း ဂျပန်ဇါတ်လမး် Ju On- The Grudge ကိုပဲ ဇါတ်ညွှန်းပြန်ခွဲပြီး ရိုက်ကူးထားတဲ့အတွက် နဂိုဇါတ်လမ်းအတိုင်း Japan နိုင်ငံ Tokyo မြို့မှာ ဇါတ်လမ်းကို အခြေတည်ထားပါတယ်။ နာမည်ကျော် ရုပ်ရှင်ကားဟောင်းတစ်ခုဖြစ်တဲ့အတွက် ကြည့်ရှုပြီးတဲ့သူတွေအတွက် ဇါတ်လမ်းကို ပြန်နွှေးပေးရင်းနဲ့ မကြည့်ရသေးတဲ့ပရိသတ်တွေအပါ တစ်လက်စတည်း မိတ်ဆက်သဘော ဖော်ပြပါရစေခင်ဗျ။ Karen ဆိုတဲ့ အမေရိကန်သူနာပြုဆရာမလေးဟာ... Tokyo မြို့ကို အလုပ်အကိုင်နဲ့ ပြောငး်ရွှေ့လာပါတယ်။ ပထမဦးဆုံးသော သူမ ပြုစုစောင့်ရှောက်ရမယ့် လူနာနဲ့ အဲဒီလူနာရဲ့အိမ်မှာ...  ရက်စက်ကြမ်းကြုတ်တဲ့ မကျွတ်မလွတ် ပရလောကသား တစ္ဆေတစ်ကောင်ရဲ့ ရက်ရက်စက်စက် ခြောက်လှန့်မှုတွေဟာ.. စိတ်နှလုံးမခိုင်တဲ့သူတွေအဖို့ အတော်လေးကို သွေးပျက်စရာကောင်းလှပါတယ်ခင်ဗျ။ ဥပမာ တစ်ခုအနေနဲ့... ပွဲဦးထွက် အခန်းမှာတင် အိမ်ဖော်မလေးတစ်ယောက် အမှောင်ထဲမှာ ဖယောင်းတိုင်မီးလေးနဲ့.. လှည့်ပါတ်စူးစမ်းနေချိန်မှာ ရုတ်တရက် ပေါ်ပေါက်လာမယ့် Kayako ရဲ့ ပြကွက်မျိုးဟာ ကျောစိမ့်စရာ ကြက်သီးတွေ ဖျဉ်းခနဲ ထသွားမယ့် scene မျိုး ဖြစ်ပါတယ်။ Kayako ဟာ ဘာကြောင့် အဲ့ဒီအိမ်ကြီးထဲမှာ မကျွတ်မလွတ်ဘဲ စွဲလန်းတွယ်ကပ်နေရသလဲ၊ ဘာကြောင့် လာသမျှ လူတိုင်းကို အနှောင့်အယှက် တွေပေး၊ ပူးဝင်နေရသလဲဆိုတာ ပထမပိုင်းမှာကြောက်လန့်စရာတစ်ခုဖြစ်နေပမယ့် နောက်ကြောင်းကို ပြန်လည်ပြသချိန်မှာတော့ သူမရဲ့ ကရုဏာသက်စရာ အတိတ်ဟောင်းကို သနားစရာ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ Horror Movie fan များနဲ့ The Grudge ရဲ့ အရသာကို ပြန်လည်ခံစားလိုသူများအတွက် အမှတ်တရ တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။