Sunday, November 27, 2016

Wish (2013) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/fyGL8O

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Wish"ပါ။

ဒီကားလေးဟာဆိုရင်ဖြင့်
ခုလက်ရှိ ကျွန်တော် တို့ဆီမှာ လတ်တလောဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ပညာပေးဇာတ်ကားလေးတစ်ကားပါ
မိဘတိုင်းကြည့်ထားသင့်တဲ့ ဇာတ်လမ်းလေးပါ။ ကိုရီးယား ဒါရိုက်တာ Joon-ik Lee ရိုက်ကူးထားပြီး ပိရိသတ်အားပေးမှု Rating * 8.2/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဆုတွေ တသီကြီးရရှိထားပြီး ပရိသတ်ရဲ့ ရင်ထဲကို massage တစ်ခုခု ရောက်စေတဲ့အထိကို ကောင်းတဲ့ ဇာတ်ကားလေးပါ။
ဇာတ်လမ်းလေးကတော့....
အရမ်းအလုပ်ရှုပ်တဲ့ လင်မယားနှစ်ယောက်မှာ ဆူရမ်ဆိုတဲ့ ၈နှစ်အရွယ် ချစ်သရာသမီးငယ်လေး တစ်ယောက်ရှိပါတယ်...
အလုပ်ကိုယ်စီနဲ့မို့ သမီးငယ်လေးကိုလည်း ထင်သလောက် ဂရုမစိုက်နိုင်အားပဲ ဆူရန်မှာ ကိုယ့်အားကိုယ်ကိုးပြီး နေရတဲ့ကလေးမလေးပါ။
မိုးတွေသည်းနေတဲ့တနေ့....ဆူရန်ကျောင်းနောက်ကျနေလို့ ကျောင်းကိုသွားရမယ့် လမ်းအတိုင်းမသွားပဲ ဖြတ်လမ်းကနေ သွားပါတော့တယ်။ ဆူရန် သွားနေတဲ့ လမ်းလေးမှာ....မထင်မှတ်ပဲ တွေ့လိုက်ရသူကတော့ အရက်တွေမူးနေအောင် သောက်ထားတဲ့ အိမ်ယာမဲ့သမားတစ်ဦးပါ.....။
သိပ်မကြာခင်မှာပဲ သတင်းဆိုးတစ်ခု တက်လာခဲ့တာကတော့ ကျောင်းဖြတ်လမ်းက အဆောက်အဦး ပျက်ထဲမှာ ၈နှစ်အရွယ် မိန်းကလေးတစ်ဦး လူမဆန်စွာ အစော်ကားခံရပြီး မျက်နှာတစ်ခုလုံးလည်း ရိုက်နှက်ခံထါးရလို့ ဖူးယောင်နေပြီး သတိလစ်မေ့မျောနေတယ် ဆိုတဲ့ သတင်းပါ။  ကြားသိရတဲ့သတင်းဆိုးကြောင့် ဆူရန့်မိဘတွေ ရင်ကွဲရပါတော့တယ်။
ဆူရန်မှာ အရွယ်နဲ့မမျှအောင် ခံစားလိုက်ရတဲ့... အသိစိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ကြောင့် ဆူရန့်ခမျာ ဖခင်ရင်းကိုတောင် အနားမကပ်ခံတောင်ပဲ အကြောက်ကြီးကြောက်သွားပြီး ဘဝကို အရမ်း ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုသံ မေးငေါ့သံ စကားသံတွေကို ဆူရန်လေး... ရင်ဆိုင်နိုင်ပါ့မလားဆိုပြီး.... ဖြစ်ရတဲ့ မိဘနှစ်ပါးရဲ့ သောက....
အရက်မူးနေလို့ အသိစိတ်မရှိလို့ ဒီလိုဖြစ်ရတာပါဆိုပြီး....တရားခံရဲ့လျှောက်လဲချက်....
မတရားတဲ့.... လျှောက်လဲချက်တွေ...ပြစ်ဒဏ်ချမှတ်မှုတွေ.....
ခု ကျွန်တော်တို့ လတ်တလော မြင်တွေ့နေရတဲ့... သက်ငယ်မုဒိမ်းမှု...
ကျွန်တော်တို့တွေ ဖြစ်စေချင်နေချင်ကြတဲ့... ပြစ်ဒဏ်ချမှတ်မှု....
အားလုံး...အားလုံးကို... ဒီကားလေးထဲမှာ ကြည့်ရှု့ခံစားရမှာပါ...😢😢😢
ပန်းများအားလုံး မွှေးပျံပါစေ....
ပန်းဖူးလေး ဘဝကနေပြီး အန္တရာယ်ကင်းစွာနဲ့ ဖူးပွင့်ကြစေဖို့ ဥယျာဉ်မှူး တို့ကလည်း သတိလေးနဲ့ စောင့်ရှောက်ကြပါဗျာ 😪😪😪😪

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။