Wednesday, November 16, 2016

Mohenjo Daro (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/SezPyY

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Mohenjo Daro"ပါ။

– ဒီနေ့ မှာတော့ အိန္ဒိယစွန့်စားခန်း အချစ်ဇာတ်လမ်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ဘီစီ ၂၀၁၆ ကာလမြင်ကွင်းနဲ့ အစပြုထားပြီး ဆာမန်းနဲ့ ဟိုဂျိုတို့သူငယ်ချင်းနှစ်ယောက်ဟာ အမ်ရီဆိုတဲ့ ရှေးဟောင်းရွာလေးမှာ နေထိုင်သူတွေပါ။ တစ်ရက်မှာတော့ လှေနဲ့ မြစ်ကျောင်းတစ်လျှောက်သွား လာကြရင်း မိကျောင်းသုံးကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ဆာမန်းက အကြီးဆုံးမိကျောင်းကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရာဟာ ဆာမန်းကို ယနေ့အထိ ခြောက်လှန့်နေပြီး မိုဟန်ဂျိုဒါရိုမြို့က ဦးချိုတစ်ခုတည်းပါတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုလည်း မကြာခဏအိပ်မက်မက်ခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာမန်းဟာ ဦးလေးဖြစ်သူ တားနေတဲ့ကြားကနေပဲ မိုဟန်ဂျိုဒါရိုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမြို့ဟာ ကြမ်းတမ်းရက်စက်တဲ့အပြင် ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့အကြောင်း သူ့ဦးလေးက သတိပေးခဲ့ပြီး သေရေးရှင်ရေးကြုံတဲ့အခါမှာ သုံးဖို့အတွက် အဆောင် ပစ္စည်းတစ်ခုပေးခဲ့ပါတယ်။မိုဟန်ဂျိုဒါရိုမြို့ကို အာဏာရှင်မာဟမ်နဲ့ သူ့သားဖြစ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မွန်းဂျာတို့က အုပ်ချုပ်နေတာပါ။ ဆာမန်းဟာ မိုဟန်ဂျိုဒါရိုက ဩဇာရှိဘုန်း တော်ကြီးရဲ့ သမီးဖြစ်တဲ့ ချာနီဆို တဲ့ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။အာဏာရှင်မာဟမ်ရဲ့ အခွန်အကောက်သစ်တွေကို ဆန့်ကျင်ကြတဲ့ ဘယ်သမားအဖွဲ့တွေကို မာဟမ်ရဲ့ စစ်သားတွေက အပြတ်ရှင်းပစ်ရာမှာ ဆာမန်းက ဝင်ကူခဲ့ပါတယ်။ ချာနီကိုလည်း မြင်းတွေကြားထဲက ကယ်တင်ခဲ့ပြီးတဲ့နောက် နှစ်ဦးသား ချစ်သွားခဲ့ကြပါတယ်။ ချာနီဟာ ကောက်ကျစ်တဲ့မွန်းဂျာနဲ့ လက်ထပ်ဖို့အတွက် အတင်းအဓမ္မစေ့စပ်ခံထားရတာပါ။ နောက်တော့ ဆာမန်းဟာ မာဟမ်ဆန့်ကျင်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး မာဟမ်က ဆာမန်းကို သတ်ပစ်ချင်ပေမယ့်လည်း အလောင်းအစားတိုက်ပွဲတစ်ခု စိန်ခေါ်ခဲ့ပြီး ဆာမန်းနိုင်ခဲ့ရင် ချာနီကို လွတ်လပ်ခွင့်ပေးမယ့်အကြောင်း သဘောတူခဲ့ပါတယ်။မကောင်းဆိုးဝါးမာဟမ်က ဆာမန်းကို ဘယ်လိုစိန်ခေါ်မှုတွေလုပ်ခဲ့တာလဲ၊ ဆာမန်းနဲ့ မိုဟန်ဂျို ဒါရိုက ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ၊ ချစ်သူနှစ်ဦးကော ပေါင်းစည်းခွင့်ရကြမှာလားဆိုတာ ဆက်ကြည့်လိုက်ပါဦး။ ရှေး ဟောင်းနောက်ခံ အချစ်ဇာတ်ကားလို့ဆိုပေမယ့်လည်း အက်ရှင်ဇာတ်ကွက်လေးတွေပါတာမို့ ပရိသတ်တွေသဘောကျမှာပါ။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။