Wednesday, November 16, 2016

Kill Your Darlings (2013) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/0iIJmO

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Kill Your Darlings"ပါ။

၂၀၁၃ ဇန္နဝါရီလမှာ ဖြန့်ချိခဲ့တဲ့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ဒရာမာရုပ်ရှင် အမျိုးအစားဖြစ်ပြီး၊ ဂျွန်ကရိုကီဒက်စ် (John Krokidas) မှ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟယ်ရီပေါ်တာအဖြစ်လူသိများတဲ့ Daniel Radcliffe၊Dane Dehaan၊ Ben Foster တို့မှ အဓိကပါ၀င်သရုပ်ဆောင်ထားပြီး ၊ Michael C.Hall၊ Jack Huston၊ Jennifer Jason Leigh၊ Elizabeth Olsen တို့မှ အားဖြည့်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ Austin Bunn ရဲ့ ၀တ္ထုကို ပြန်လည်ရိုက်ကူးထားပြီး Killer Films, Benaroya Pictures, Future Film တို့မှ ထုတ်လုပ်ကာ Sony Pictures Classic မှ မူပိုင်ဖြန့်ချိခဲ့တဲ့ ဒီဇာတ်ကားဟာ ပြသချိန် ၁၀၄မိနစ်ကြာမြင့်ပါတယ်။ Rating အဖြစ် IMDB 6.5/10၊ Rottentomatoes 75% နဲ့ Metacritics 65% ရရှိထားပါတဲ့ ဒီဇာတ်ကားဟာ
ကောလိပ်ကျောင်းသားများဖြစ်တဲ့ လူရှန်ကား (Lucien Carr)၊ အလန်ဂင်စဘတ် (Allen Ginsberg) နဲ့ ဂျက်ကူးရော့ (Jack Kerouac) တို့ရဲ့ ပတ်သတ်ဆက်နွယ်မှုတွေနဲ့ လော့စ်အိန်ဂျယ်လိ မြစ်ဘေးပန်းခြံမှ လူသတ်မှုအကြောင်း တင်ဆက်ရိုက်ကားထားတာဖြစ်ပါတယ်။

~ဇာတ်လမ်းအကျဉ်း~ (Spoiler-Alert)
အချိန်မှာ…၁၉၄၀ကျော်ကာလ၊ ကဗျာဆရာ #အလန်ဂင်စဘတ်(ဒန္နီရယ်ရက်ကလစ်)ဟာ နယူယော့မြို့မှ ကိုလမ်ဘီယာတက္ကသိုလ်ဝင်ခွင့်ကို ရရှိခဲ့ပါတယ်။ သူဟာ အတွေ့အကြုံလုံးဝမရှိသေးတဲ့ ကျောင်းသားသစ်လေးအဖြစ်နဲ့ ရောက်ရှိလာချိန်မှာ အပေါင်းအသင်းဆံ့သူ၊ ကောလိပ်စည်းကမ်းမှန်သမျှကို ဘေးချိတ်ကာ အပျော်အပါးတွေနဲ့အချိန်ကုန်နေသူ #လူရှန်ကား( ဒိန်းဒီဟန်း )နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုနဲ့ တချိန်မှာ ဂင်စဘတ်ဟာ ကား တက္ကသိုလ်မှာ ဒီလို စာဖက်ကိုအာရုံမစိုက်၊အပျော်ကြီးပျော်နေနိုင်တာက ပါမောက္ခ #ဒေးဗစ်ကမရား ( မိုက်ကယ်စီ.ဟော) မှ သူ့အတွက် Term Paper တွေ ကိုယ်စားရေးပေးနေလို့ ဆိုတာ သိလာရတဲ့အပြင် ဒီပါမောက္ခအိုကြီးဟာ ကားရဲ့ ချစ်သူဟောင်းဖြစ်နေပုံရတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒီအပြင် ကားဟာ ဒီပါမောက္ခအိုကြီးရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ခံနေရပြီး အဲဒီအတွက် ကျောင်းကအထုတ်မခံရသေးတာဆိုတာ သိရှိလာရပါတယ်။

ဂင်စဘတ်ဟာ မကြာမီမှာပဲ ကား မှတဆင့် ၀ီလီယမ်.အက်စ်.ဘားရော့ (ဘန်ဖော်စတာ) (မူးယစ်ဆေးတီထွင်စမ်းသပ်သူ) ၊ တချိန်က သင်္ဘောသားဖြစ်ခဲ့ပြီး ကိုလမ်ဘီယာတက္ကသိုလ်မှ ပူပူနွေးနွေး ကျောင်းထုတ်ခံထားရသူ ဂျက်ကူးရော့ (ဂျက်ဟက်စတန်) တို့နဲ့ တွေ့ဆုံပြီးတဲ့နောက် သူတို့ရဲ့ မူးယစ်ဆေးတီထွင်စမ်းသပ်မှု(အာရုံခံစားမှု)တွေကိုပြုလုပ်ခဲ့ကြပါတယ်။ ကား ဟာနောက်ဆုံးမှာ ကမရားကို သူတို့ဇာတ်လမ်း တစ်ခန်းရပ်ဖို့ပြောပြီး သူရဲ့ စာတမ်း တွေကိုလည်း ဂင်စဘတ် (သူ့အပေါ် Crush နေသူ) ကိုလုပ်ခိုင်းပါတယ်။ ကူးရော့နဲ့ ကားတို့ ဟာ ကုန်သည်သင်္ဘောသားတွေနဲ့ပေါင်းပြီး ပဲရစ်ကို သွားဖို့ပြင်ဆင်လာကြတဲ့အချိန်မှာ ….ကားနဲ့ ကမရားဟာ ပြဿနာ အကြီးအကျယ် တက်ခဲ့ကြပြီး၊ မြစ်ဘေးပန်းခြံမှာ ကမရားတစ်ယောက် ဓားထိုးခံရပြီးသေဆုံးခဲ့ပါတယ်။ ဂင်စဘတ်ဟာ ကားတစ်ယောက် လူသတ်မှုနဲ့ အမှုရင်ဆိုင်ရချိန်မှာ ကား အတန်အတန်တားမြစ်ထားတဲ့ကြားက ကားနဲ့ ကမရားတို့ရဲ့ နောက်ကြောင်းကို တက္ကသိုလ်မှာ စာတမ်းအဖြစ် တင်ခဲ့ချိန်မှာတော့ ……

~Review~
ဇာတ်ကား ၃ပုံ၁ပုံအထိ အီလည်လည်နဲ့ ကြည့်နေရတဲ့ ဒီဇာတ်ကားဟာ ရက်ကလစ်ရဲ့ Homosex ဇာတ်ရုပ်ကိုမြင်ရချိန်မှာ မျက်လုံးတွေ ပြူးကျယ်ကုန်ပါတယ်။ ဟယ်ရီပေါ်တာကားမှာ မြင်ရတဲ့ ဇာတ်ရုပ်ကိုပါ မေ့သွားနိုင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ရက်ကလစ်ကိုလည်း Favorite မင်းသားစာရင်းထဲ ထည့်လိုက်ရပါတယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုကြောင့် ဘဝကို ဖြစ်သလို ရေစုန်မှာမျောနေတဲ့ လူရှန်ကားအဖြစ်သရုပ်ဆောင်တဲ့ ဒိန်းဒဟန်ရဲ့ မျက်လုံးအမူအရာတွေကလည်း သူရဲ့ဇာတ်ရုပ် ကားရဲ့ ခံစားမှုတွေကို တချက်ချက်မြင်နေရသလို ခံစားမိစေပါတယ်။ အကြိမ်ကြိမ်ပြန်ကြည့်ရလောက်အောင် ကောင်းတဲ့ဇာတ်ကားမျိုးလို့ မဆိုနိုင်ပေမယ့် တခါကြည့်ပြီး တစ်သက်လုံးမမေ့နိုင်မယ့် ဇာတ်ကားမျိုးဆိုတာကိုတော့ အပြည့်အဝညွှန်းဆိုနိုင်တဲ့ဒီကားဟာ ဆုပေါင်း ၅ဆုနဲ့ စကာတင်စာရင်းပေါင်း ၁၂ ခါထိ ပါဝင်ခဲ့ပါတယ်။
ဆုတွေကတော့...
1.Cork International Film Festival(2013)
#John_Krokidas - UCC Film Academy Student Jury Award
2.Gay and Lesbian Entertainment Critics Association (GLECA) (2014)
#FilmofTheYear - Dorian Award
3&4.Hamptons International Film Festival(2013)
#Dane_Dahaan
#Jack_Huston - Breakthrough Performer Award
5.Palm International Film Festival
#John_Krokidas - Director of Watch Award တိုဖြစ်ပါတယ်။

Cut Scene တွေထက် ကြည့့်ပြီးစတုံးက တော်တော်ကြိုက်သွားလို့ Meme GP တွေမှာ တင်ခဲ့တဲ့ Meme တွေကိုပါ တင်ပေးလိုက်ပါတယ်။ 

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။