Saturday, November 19, 2016

Valkyrie (2008) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/mFMUw1

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Valkyrie"ပါ။

ပရိတ်သတ်ကြီးရေ…. “သူတော်ကောင်း နတ်ကောင်းမ” ဆိုတဲ့ စကားပုံကို ယုံကြည်ကြပါသလား….ဒီစကားပုံကို အပြည့် အဝမမှန်ကြောင်း သက်သေပြနိုင်တဲ့ Valkyrie ဆိုတဲ့ ဒုတိယကမ႓ာစစ်က ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခု အကြောင်း ကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်….ဇာတ်လမ်းအကျဉ်း ……………………… ကာနယ် Claus von Stauffenberg (Tom Cruise) ဟာ ဂျာမဏီအတွက် သစ္စာစောင့်သိပြီး သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေတဲ့၊ ဟစ်တလာကိုယ်တိုင်က ချီးကျူးဂုဏ်ပြုရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေကြောင့် တစ်နေ့မှာ သူချစ်တဲ့ ဂျာမဏီနိုင်ငံကြီးပျက်သုဉ်းသွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ စိုးရိမ်နေတဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲ သူဟာ သူနဲ့ စိ်တ်သဘောထားတူညီပြီး ဟစ်တလာရဲ့ နာဇီအစိုးရကို ဖြုတ်ချချင်နေတဲ့ ဂျာမဏီရဲ့ ထိပ်တန်းအရာရှိတစ်စုနဲ့ ပူးပေါင်းကာ ဟစ်တလာကို လုပ်ကြံဖို့ကြိုးပမ်းပါတော့တယ်။ဒီအကြံအစည်ကို ခက်ခက်ခဲခဲ အကောင်အထည်ဖော်ဖို့ကြိုးစားရင်း ကာနယ် Claus von Stauffenberg ဟာ အဲဒီ လုပ်ကြံမှုရဲ့ အရေးပါတဲ့ အဓိက ဦးဆောင်သူ ဖြစ်လာခဲ့ကာ Operation Valkyrie ကိုအသုံးချပြီး မကောင်းဆိုးဝါး အာဏာရှင်ကို လုပ်ကြံပါတော့တယ်။ဒီဇာတ်ကားဟာ IMDb rating 7.1/10 နဲ့ Rotten Tomatos 62% ရထားခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ ကျွန်တော် ပထမဘာသာပြန်ခဲ့တဲ့ Brad Pitt ရဲ့ Inglourious Basterds နဲ့ မူကွဲစွာပဲ ပရိတ်သတ်ကို မချင့်မရဲစိတ်လှုပ်ရှားဖွယ် အရသာပေးစွမ်းနိုင်တဲ့ ကားကောင်းတစ်ကား ဖြစ်ပြီး X men ဇာတ်ကားတွေနဲ့ အောင်မြင်ကျော်ကြားနေတဲ့ ဒါရိုက်တာ Bryan Singer က လက်စွမ်းပြရိုက်ကူးထားတာ ဖြစ်ပါတယ်။ရှုစားလိုက်ကြပါဦး….

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။