Friday, November 18, 2016

Don't Breathe (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/8eNLmG

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Don't Breathe"ပါ။

Don't Breathe (2016) မြန်မာစာတန်းထိုး   ရော့ကီ၊ အဲလက်စ်နဲ့ မန်နီတို့ဟာ အိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းခိုးတဲ့ ဆိုးသွမ်းလူငယ်လေးတွေဖြစ်ပြီး ခိုးရာပါပစ္စည်းတွေကို ပြန်ရောင်းပြီး ငွေရှာကြတာပါ။ ခိုးရာပါပစ္စည်းတွေဖြစ်တဲ့အလျောက် ဈေးနှိမ်ခံရပြီး ငွေကြေးလောက်လောက်လားလားမရတာကြောင့် ကယ်လီဖိုးနီးယားကို ညီမလေးနဲ့ ပြောင်းရွှေ့ချင်တဲ့ ရော့ကီရဲ့ စိတ်ကူးတွေ အကောင်အထည်မဖော်နိုင်သေးဘူးဖြစ်နေပါတယ်။ တစ်ရက်မှာတော့ မန်နီဟာ မိတ်ဆွေတစ်ယောက်ရဲ့ သတင်းပေးမှုနဲ့ ပွပေါက်တိုးမယ့်နေရာအကြောင်း သိလာခဲ့ပါတယ်။ အဲဒါကတော့ မြို့စွန်က နော်မန်နော့ဒ် စတောမ်ဆိုတဲ့ စစ်မှုထမ်းဟောင်းကြီးရဲ့အိမ်မှာ ဒေါ်လာသုံးသိန်း လောက်ရှိတယ်ဆိုတဲ့ သတင်းပါ။ မန်နီတို့သုံးယောက်ဟာ ညဘက်ခိုးမဝင်ခင် နေ့ခင်းဘက်မှာ အိမ်ကို သွားလေ့လာတဲ့အခါ စစ်ပြန်ကြီးက မျက်စိမမြင်သူဖြစ်ကြောင်း သိခဲ့ကြပါတယ်။ အဲဒီညမှာတော့ သူတို့ရဲ့ အစီအစဉ်စခဲ့ပြီး အရင်ဆုံးအစောင့်ခွေးကို ဆေးကျွေးပြီး အိမ်ထဲဝင်ခဲ့ပါတယ်။ ဝင်ပေါက်တွေ ပိတ်ထားတဲ့အတွက် ပြတင်းပေါက်ကနေ ဝင်သွားကြကာ ပိုက်ဆံတွေကို ရှာကြပေမယ့် မတွေ့ခဲ့ပါဘူး။ အခန်းတံခါးတစ်ခု ဖွင့်မရတဲ့အတွက် မန်နီက သေနတ်နဲ့ ပစ်ပြီး ဖွင့်ရာကနေ သေနတ်သံကြောင့် မျက်မမြင်အိမ်ရှင်နိုးသွားခဲ့ကာ မန်နီကို သေနတ်နဲ့ပစ်သတ် ခဲ့ပါတယ်။ မျက်မမြင် လူကြီးက မီးခံသေတ္တာကိုဖွင့်ပြီး သူ့ပိုက်ဆံတွေ စစ်ဆေးနေတာကို ဗီရိုထဲမှာ ပုန်းနေတဲ့ ရော့ကီက တွေ့သွားခဲ့ပါတယ်။ အဲဒီလူကြီး အခန်းထဲက ပြန်ထွက်သွားတဲ့အခါ အဲလက်စ် ဝင်လာပြီး ရော့ကီနဲ့အတူ မီးခံ သေတ္တာကိုဖွင့်ပြီး ရှာကြတဲ့အခါ ဒေါ်လာတစ်သန်းလောက် ရှိနေ တာကို တွေ့လို့ ပိုက်ဆံတွေကို ထည့်ယူကြပါတော့တယ်။ မျက်မမြင်လူကြီးက သူစိမ်း ဝင်တာကို သိပြီးတော့ အိမ်ထဲမှာ လျှောက်သွားရင်း ရော့ကီရဲ့ ဖိနပ် ကိုတွေ့သွားတာကြောင့် သူ့အိမ် ထဲကို ခိုးဝင်တာဟာ မန်နီတစ် ယောက်တည်းမဟုတ်ဘူးဆိုတာ သိသွားပြီး  လိုက်ရှာပါတော့ တယ်။ ရော့ကီနဲ့ အဲလက်စ်တို့ဟာ မျက်မမြင်လူကြီးလက်က လွတ် အောင် ထွက်ပြေးရင်း မြေအောက်ခန်းဘက်ကို ရောက်သွားတဲ့အခါ မှာ အဲဒီလူကြီးဖမ်းဆီးထားတဲ့ အ မျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ပါ တယ်။  အဲဒါနဲ့ပဲ အမျိုးသမီးကို လွှတ်ပေးပြီး ထွက်ပြေးရာမှာ မျက်မမြင်လူကြီးလိုက်လာပြီး သေနတ်နဲ့ပစ်တာကြောင့် အဖမ်းခံထားရတဲ့ အမျိုးသမီးရော အဲလက်စ်ပါ သေသွားခဲ့ပါတယ်။ အိမ်ကြီးထဲမှာ တစ်ယောက် တည်းပဲ ကျန်ခဲ့တဲ့ ရော့ကီ မျက် မမြင်လူကြီးရဲ့ လက်က လွတ် မြောက်နိုင်ပါ့မလား။ ဘယ်လို တွေဆက်ကြုံပြီး ဇာတ်သိမ်းမှာလဲ ဆိုတာ ရင်တဖိုဖိုနဲ့သာ ဆက် ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ ရော့ကီအ ဖြစ် ဂျိိန်းလက်ဗီ၊ နော်မန်နော့ဒ် စတောမ်အဖြစ် စတီဗင်လန်း၊ အဲ လက်စ်အဖြစ် ဒိုင်လန်မင်နက်တီ၊ မန်နီအဖြစ် ဒန်နီယယ်ဇိုဗက်တိုတို့ ပါဝင်သရုပ်ဆောင်ထားကြပါ တယ်။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။