Thursday, November 24, 2016

Parker (2013) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/BNLLOc

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Parker"ပါ။

Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်……
အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်….
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်….
လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်…..
ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။(film-noirဆိုတာက ၁၉၆၀ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်။)
Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လို့ ၄င်းကို မိမိစိတ်ဝင်စားတာပါလို့ Hackford က ပြောပါတယ်။ Parkerကို ဝေဖန်ရေးဆရာ တချို့က ချီးမွမ်းပြီး တချို့က ရှုတ်ချခဲ့ပါတယ်… Stathamဟာ Parker ဇာတ်ရုပ်နဲ့ အံကိုက်ဖြစ်ကြောင်း၊ J.Loရဲ့ဇာတ်ကောင် Leslie က တော့ ပရိသတ်ကို ရယ်မောစေကြောင်း တချို့က ပြောပါတယ်…
Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှို့ဝှက်သည်းဖိုအက်ရှင်ဇာတ်ကားတစ်ကားလို့ပဲ မှတ်ချက်ချချင်ပါတယ်….

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။