Wednesday, November 23, 2016

Helpless (2012) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/YqEjxm

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Helpless"ပါ။

Helpless ဇာတ်ကားဟာဒါရိုက်တာ Young-Joo Byun ရိုက်ကူးပြီး ဒီကားလေးကို နိုဗယ်ဆုရှင်ဂျပန်စာရေးဆရာ မိယုကီ မိယဘီရဲ့KASHA ဆိုတဲ့စာအုပ်မှ အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Rating  6.7/10 နဲ့ ပရိသတ်အားပေးမှုကိုရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားဇာတ်လမ််းေလေးတွေအတိုင်း အရမ်းမိုက်တဲ့ စိတ်ကူးမျိုးနဲ့ ပုံဖော်ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့...
မကြာခင်လက်ထပ်တော့မယ့် တိရစ္ဆာန်ဆရာဝန်လေး ဂျန်မူဟို ဟာ သူ့ချစ်သူသတို့သမီးလောင်းကို မိဘတွေနဲ့ မိတ်ဆက်ပေးဖို့အတွက် သူ့မိဘတွေရှိရာမြို့ကိုထွက်လာခဲ့ကြတယ်..
လမ်းတဝက်မှာ ခဏနားပြီး သူ ကော်ဖီဆင်းဝယ်ပြီး ပြန်လာတဲ့ အခါမှာတော့ သူချစ်ရတဲ့ သတို့သမီးလောင်းဟာ ထူးဆန်းစွာနဲ့ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ချစ်သူပျောက်လို့အပူမီးတောက်လောက်နေတဲ့ ဂျန်ဟာ ချစ်သူကို စိုးရိမ်တကြီးလိုက်ရှာပါတော့တယ်။ ရှာဖွေလေလေ တွေ့ရှိလေလေ ဆိုသလိုပဲ...သူလက်ထပ်မယ့်မိန်းကလေးအကြောင်းကို စုံစမ်းရင်းနဲ့ ဆရာဝန်သတို့သားလောင်းဂျန်ဟာ သူ့ချစ်သူဟာ သူများနာမည်မှတ်ပုံတင်နံပါတ်ကို ခိုးသုံးပြီး သူများနာမည်နဲ့နေထိုင်သူတစ်ယောက် ဖြစ်ကြောင်း သိလာရတယ်။ ဒီလိုနဲ့ဆက်လက်စုံစမ်းလာတဲ့အခါ သူ့ချစ်သူဟာ အရင်က အိမ်ထောင်ကျခဲ့ဖူးပြီး ကလေးပါရှိနေတာကို သိလာခဲ့ရတယ်...
နောက်ဆုံးအရေးကြီးဆုံး အချက်ကို သိလာရတဲ့အခါမှာ ဂျန်ဟာ လုံးဝ လက်မခံနိုင်စရာဖြစ်လာပါတယ်..
ဒါကတော့...သူ့ချစ်သူဟာ သူများမှတ်ပုံတင်နဲ့ နာမည်ကိုသုံးဖို့အတွက် မှတ်ပုံတင်ပိုင်ရှင်ကို နှုတ်ပိတ်သတ်ပစ်လိုက်တယ်ဆိုတဲ့ အချက်ပါ..သူ့ချစ်သူကို အပူတပြင်းလိုက်ရှာရင်းနဲ့ ...တွေ့သွားတဲ့အခါမှာ ဂျန်သိထားသလို သူ့ချစ်သူဟာ တကယ်ပဲ လူသတ်သမားလား.. စွပ်စွဲခံရတာလား..
ချစ်သူအပေါ်ထားရှိတဲ့ ဂျန်ရဲ့ချစ်ခြင်းနဲ့ မေတ္တာတရား.. သူတို့နှစ်ယောက် ပြန်လည်တွေ့ဆုံကြတဲ့အခါ ဘာတွေဖြစ်လာကြလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ... 

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။