Monday, November 28, 2016

Chongqing Hot Pot (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/s1nWnk

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Chongqing Hot Pot"ပါ။

ဒီတစ်ခါတော့ Gold channel ပရိသတ်ကြီးအတွက် IMDB - 6.7 ရထားတဲ့ တရုတ်ကားကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြည့်လိုက်တော့ ''ချုံချင်းဟော့ပေါ့'' ဆိုတော့ ဇာတ်ကားနာမည်ကိုက စိတ်ဝင်စားဖို့မကောင်းလိုက်တာဆိုပြီးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ နောက်ထပ်ဘာဆက်ဖြစ်လာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရလောက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းပါရစေ။
ဇာတ်လမ်းကတော့ ချံုချင်း ဆိုတဲ့ တရုတ်ပြည်မြို့လေးတစ်မြို့မှာ ဟော့ပေါ့ဆိုင်တစ်ဆိုင် စပ်တူဖွင့်ထားတဲ့ လူငယ်သုံးယောက်ကို အခြေတည်ထားပါတယ်။
အလယ်တန်းကျောင်းကတည်းက တစ်တန်းတည်းအတူတူတက်ခဲ့ကြတဲ့
လူဘို ရှုထောင် နဲ့ လေးလုံးတို့က ကျောင်းပြီးတဲ့နောက်မှာလည်း အိုင်ဒီယာဆန်းဆန်းလေးတွေနဲ့ လိုဏ်ဂူတစ်ခုရဲ့အဝမှာ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်စပ်တူဖွင့်ခဲ့ကြပါတယ်။ သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းဆိုတာထက်ကိုပိုပြီး ညီရင်းအကိုတွေလို နေလာခဲ့ကြပါတယ်။ သူတို့ထဲက လူဘိုကတော့ လောင်းကစားဝါသနာထုံတဲ့သူပေါ့။ လောင်းကစားသမားပီပီ ချေးထားတဲ့အကြွေးတွေကလည်းရှိနေတာပေါ့။
အပြိုင်အဆိုင်တွေအရမ်းများလာတဲ့အခါ သုံးယောက်ပေါင်းဖွင့်ပေမယ့် နှစ်ယောက်က ဆိုင်ကိုသိပ်အာရုံတစိုက်မရှိလှတဲ့အတွက် ရငွေနဲ့အရင်းမကာမိဖြစ်လာတဲ့အချိန်…………
လူဘို့ကို ပိုက်ဆံချေးထားတဲ့ သူဌေးကလည်း ဇွတ်အတင်းအကြွေးတောင်းရင်း ပထမတစ်ခါချိန်းတဲ့ရက်မှာမပေးနိုင်လို့ တပည့်တပန်းတွေနဲ့ ကောင်းကောင်းဝိုင်းဆုံးမခံလိုက်ရတဲ့အချိန်………
အဲ့ဒီအခြေအနေမှာ သူတို့ဆိုင်လေးကို လိုဏ်ဂူဧရိယာချဲ့ရင် သူဌေးတစ်ယောက်က လိုအပ်တဲ့ငွေပမာဏနဲ့ လာရင်းနှီးမယ်လို့ပြောတဲ့အတွက် အပိုမကုန်ရအောင် သူငယ်ချင်းတစ်တွေ ကိုယ်တိုင် လိုဏ်တူးရင်း မရည်ရွယ်ပါဘဲနဲ့
ဘဏ်တစ်ခုရဲ့ ငွေတိုက်ခန်းကို ဖောက်မိသွားတဲ့အချိန်မှာ………

ကိုယ်ချစ်ခင်ရတဲ့သူတွေကိုပါ အခြိမ်းခြောက်ခံနေရချိန်
ဘေးကြပ်နံကြပ် ပြသနာကြံုနေရချိန်မှာ…
ကိုယ်ကျင့်သိက္ခာဆိုတဲ့အရာကို ဘယ်လောက်ထိထိန်းသိမ်းထားနိုင်မလဲ?
လောဘရဲ့သွေးဆောင်မှု အခက်အခဲတွေရဲ့တွန်းအားပေးမှုကို
ဘယ်လောက်အထိရုန်းကန်နိုင်မလဲဆိုတာတွေအပြင်
ညီအကိုတစ်ပိုင်းလိုကို ချစ်ခဲ့ကြတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းစိတ်ဓာတ်တွေကိုပါ ဒါရိုက်တာ Qing Yang က လှလှပပလေးထည့်သွင်ူရိုက်ကူးပြသွားတဲ့ ဒီဇာတ်ကားမှာ
Baihe Bai, Hao Qin နဲ့ Kun Chen တို့သရုပ်ဆောင်ထားပါတယ် …။
ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်လိုက်ဖြစ်သူ လူဘိုရဲ့နေရာကို အစားဝင်ပြီး ငါသာဆို ဘယ်လိုများရွေးမိမှာလဲဆိုတဲ့အတွေးနဲ့ ပြီးတဲ့အထိ မထတမ်းကြည့်ချင်သွားမယ့်… အချိန်ပေးရကျိုးနပ်မယ့်… bill ကုန်ခံ down ရကျိုးနပ်မယ့်… ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ ပရိသတ်တွေရေ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။