Friday, November 25, 2016

Circle of Atonement (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/xyTf66

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Circle of Atonement"ပါ။

မင်္ဂလာပါ၊ Crime film တွေ တောင့်တနေတဲ့ ချစ်ပရိသတ်ကြီးအတွက် Korean Movie လေးတစ်ခု လာပါပြီခင်ဗျာ။ Hollywood ကို Inspire ယူဟန်ရှိတဲ့ Korean Directorရဲ့ ဇါတ်လမ်းဖွဲ့စည်းပုံ၊ အချိုးအကွေ့ တွေက နာမည်ကြီး Bruce Willi တို့ Liam Neeson တို့ရဲ့ Crime film တွေနဲ့ ဆင်တူနေသယောင်ရှိပါတယ်။  ဒါက ကျွန်တော်တို့ အမြင်ပါ။ 2015 မှာ ထွက်ရှိခဲ့တဲ့ Circle of Atonement ဟာ...  ဖခင်နဲ့ သမီးဖြစ်သူအကြား က သံယောဇဉ်နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ မိဘတွေအပေါ် မြင်တဲ့သဘောထားအစရှိသဖြင့် လူသားတွေအကြားက ကူးလူးဆက်နွယ်မှုတွေကို Drama ဆန်ဆန် ဦးစားပေးတင်ပြထားတာဖြစ်ပါတယ်။ အဖေဖြစ်သူ Lee Sang-won နဲ့ ဆယ်ကျော်သက်သမီးပျိုလေး Jeong-hyeon တို့ရဲ့အကြားက ခံစားချက်အားပြိုင်မှုတွေက ဇါတ်ရှိန်ကို ပိုမိုမြင့်တက်စေပါတယ်။ ဆရာအဖြစ်ငှားရမ်းခဲ့တဲ့ Cheol-woong ကိုမှ မေတ္တာသက်ဝင်မိခဲ့တဲ့ Jeong-hyeon အတွက် ရတက်မအေးရတဲ့ ရဲအရာရှိ Sang-won ဟာ အပေါင်းအသင်းလုပ်ငန်းခွင်မှာ တည်ငြိမ်ပြီး ဘယ်အရာမဆိုအားထားနိုင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ... သမီးကလေးအပေါ်မှာတော့ ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်းငှာ မစွမ်းသာခဲ့ပါဘူး။ သမီးရဲ့ ချစ်သူ Cheol-woong ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တဲ့အခါမှာ .. ၄င်းဟာ သူ မဖော်ထုတ်နိုင်ဘဲ ပိတ်သိမ်းခဲ့ရတဲ့ လူသတ်မှု တစ်ခု နဲ့ ပါတ်သက်ဆက်စပ်မှု ရှိနေတယ် ဆိုတာကို မထင်မှတ်ဘဲ သိရှိခဲ့ရပါတယ်။ တကယ်လို့များ သမီးကလေးရဲ့ ချစ်သူဟာ လူသတ်သမားတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုရင် သမီးလေးကို သူ ဘယ်လိုဖွင့်ပြောရမလဲ၊ ဘယ်အရာမဆို ဖခင်အပေါ် အဆိုးမြင်ပြီး စိတ်ထင်ရာလုပ်တတ်တဲ့ သမီးငယ်လေးက ရော သူပြောတာ လက်ခဲ့မှာတဲ့လား..အစရှိတဲ့ သောကတွေနဲ့ ပူလောင်နေတဲ့ Sang-won နဲ့ သံသယတရားခံ Cheol-woong တို့ရဲ့အကြားက ချစ်စိတ်မွှန်နေတဲ့ Cheol-woong ... သူတို့ သုံးယောက်အကြားက ထင်မှတ်မထားတဲ့ လှည့်ကွက်လှလှလေးတွေ ပေါက်ဖွားလာပါတော့တယ်။ ပရိသတ်ကြီးအတွက် ဇါတ်လမ်းကို အမြည်းသဘောအနေနဲ့ ရှပ်ပြီးရေးသားထားတာဖြစ်တဲ့အတွက်... မူရင်း ရုပ်ရှင်ရဲ့ ဇါတ်အိမ်က ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်..  သူ့နေရာနဲ့သူ မြှုပ်ကွက်ကလေးတွေ ပါရှိနေသေးတယ်ဆိုတာ....  ပရိသတ်ကြီး တွေ့ရှိရပါလိမ့်မယ်ခင်ဗျ။ Thriller ဘက်ကို သယ်ဆောင်မသွားဘဲ Crime/Drma ဘက်ကို ငြိမ့်ငြိမ့်လေး သယ်ဆောင်သွားမယ့် Movie တစ်ခုဖြစ်တဲ့အတွက်...  စိတ်ကျေနပ်စရာ ရုပ်ရှင်တစ်ခု ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။