Sunday, November 20, 2016

Youth (2015) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/Jz495V

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Youth"ပါ။

IMDb (7.4/10)….Rotten Tomatoes (73%)အီတလီရုပ်ရှင်ပါ။မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ……..
[Spoiler Alarm]
ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။ အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey Keitel ) က ရုပ်ရှင်ရိုက်ကူးရေးသမား။ သူတို့နှစ်ယောက်က အခင်ဆုံးမိတ်ဆွေတွေလည်း ဖြစ်ကြတယ်။ဆွစ်တောင်တန်းတွေပေါ်က အပန်းဖြေဟိုတယ်ကြီးမှာ အပန်းဖြေနေတဲ့ Fred ဆီ အယ်လိဇဘက်ဘုရင်မကြီးရဲ့သံတမန်အဖွဲ့ ရောက်လာပြီး ဖိလစ်မင်းသားရဲ့မွေးနေ့ဖျော်ဖြေပွဲမှာ သူ့နာမည်ကြီးလက်ရာ ‘ Simple Songs ‘ ကို တင်ဆက်ပေးဖို့ ကမ်းလှမ်းလာတယ်။ Fred က ငြင်းဆန်လိုက်တယ်။ နောက်ထပ်တစ်ကြိမ် သံတမန်အဖွဲ့ ထပ်ရောက်လာပြန်တယ်။ Fred က ငြင်းပြန်တယ်။ သူ ငြင်းရတာ အကြောင်းရှိတယ်လေ။ အဲဒါကိုတော့ ရုပ်ရှင်ထဲမှာပဲ ကြည့်ကြည့်ပါ။Mick က သူ ရိုက်တော့မယ့်ရုပ်ရှင်တစ်ကားအတွက် စာရေးဆရာတစ်စုနဲ့အတူ အပန်းဖြေရင်း ဇာတ်ညွှန်းရိုက်ကွက်တွေကို ပုံဖော်တည်ဆောက်နေတာ။Fred ရဲ့သမီးဖြစ်သူ Lena ကလည်း Fred နဲ့အတူ အပန်းဖြေဟိုတယ်ကြီးမှာ ရှိနေတယ်။ Lena က Mick ရဲ့သားနဲ့ လက်ထပ်ထားတာဖြစ်တယ်။ ခရီးတစ်ခုကို လင်မယားနှစ်ယောက် အတူထွက်ခါနီးမှ အဲဒီဟိုတယ်မှာပဲ သူ့ခင်ပွန်းက ကွာရှင်းခွင့်တောင်းတာကို Lena ကြုံတွေ့လိုက်ရတယ်။ မထင်မှတ်ဘဲ ကြံုလိုက်ရတာဆိုတော့ သေလုခမန်းပဲ။Fred နဲ့ Mick စားသောက်နေကြတုန်း Lena ယောကျ်ား( Mick ရဲ့သားဖြစ်သူ ) ရောက်လာတယ်။ ဘာကြောင့်ကွာရှင်းရတာလဲဆိုတော့ Lena က အိပ်ရာပေါ်မှာ မကောင်းလို့တဲ့။ သူ လက်ထပ်မယ့်အဆိုတော်အမျိုးသမီးက ရုပ်ထွက် သိပ်မကောင်းဘူး။ အိပ်ရာပေါ်မှာ သိပ်ကောင်းတာကြောင့် သူ လက်ထပ်မှာလို့ ပြောတယ်။ဟိုတယ်ကြီးမှာ တည်းခိုအပန်းဖြေနေတဲ့လူတွေထဲ တမူထူးတဲ့လူတွေ ပါတယ်။ အဝလွန်နေတဲ့ မာရာဒိုနာ၊ ငယ်ရွယ်နုနယ်တဲ့အနှိပ်သည်မလေး၊ မယ်စကြဝဋ္ဌာ၊ ရိုက်ရတော့မယ့်ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ရတော့မယ့် ဝါရင့်သရုပ်ဆောင် Jimmy Tree ( သူက အပန်းဖြေနေရင်း၊ ဇာတ်ကောင်စရိုက်ဝင်လာအောင် လေ့လာစူးစမ်းရင်း နေနေတာ။ )ဘယ်တော့မှ စကားမပြောကြဘဲ စားသောက်နေရုံပဲစားသောက်ကြတဲ့ လင်မယားနှစ်ယောက်လည်း ရှိတယ်။ Fred နဲ့ Mick နဲ့က အဲဒီလင်မယားနှစ်ယောက် စကားတစ်ခွန်းပဲဖြစ်ဖြစ် ပြောမယ်၊ မပြောဘူး လောင်းကြတယ်။ Mick အမြဲ ရှုံးတယ်။Mick က သူ့ရိုက်ညွှန်းကို စိတ်ကျေနပ်စွာ အဆုံးသတ်ပြီးတဲ့အခါ သူ့ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Brenda Morel ( Jane Fonda ) က ဟိုတယ်ကြီးဆီ လာရောက်ပြီး သူ ပါဝင်သရုပ်ဆောင်မှုမပြုတော့ဘူးလို့ ငြင်းဆန်တယ်။Brenda က Mick ရိုက်ကူးတဲ့ရုပ်ရှင်နဲ့ မင်းသမီးတစ်ယောက် ဖြစ်လာတာပါ။ Mick ရဲ့ရုပ်ရှင်တွေထဲက ၁၁ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလာပြောတာက ရုပ်ရှင်ထက် တယ်လီဗစ်ရှင်းစီးရီးတစ်ခုကပေးတဲ့ငွေပမာဏက အဆမတန်များတာကြောင့် ငြင်းဆန်ရတာဖြစ်ကြောင်း၊ Mick အနေနဲ့လည်း ရုပ်ရှင်မရိုက်တော့သင့်ကြောင်း၊ အသက် ၈၁ နှစ်မှာ ရုပ်ရှင်လောကကနေထွက်ပြီး အနားယူသင့်နေပြီဖြစ်ကြောင်း၊ နောက်ပိုင်း Mick ရိုက်တဲ့ရုပ်ရှင်ကားတွေဟာ အလကားရုပ်ရှင်ကားတွေဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပြီး ထထွက်သွားတယ်။ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်တွေပျက်ကုန်တော့ စာရေးဆရာအဖွဲ့ ပြန်သွားကြတယ်။ မပြန်ခင် Brenda ကို သူတို့က အပြစ်တင်တော့ Mick က အဲဒီလိုအပြစ်မတင်ဖို့ တားမြစ်တယ်။ ရုပ်ရှင်ရိုက်တာနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကလေးတွေကို Mick က Fred ကို ပြောပြတယ်။ ပြောနေရင်းပဲ မျှော်လင့်ချက်တွေ ကုန်ပြီး အိုမင်းနေပြီဖြစ်တဲ့ Mick ဟာ စိတ်ပျက်အားလျော့စွာနဲ့ Fred ရှေ့မှာပဲ ဟိုတယ်ပေါ်ကနေ ခုန်ချပြီး သတ်သေသွားတယ်။လေယာဉ်ပေါ် ရောက်နေပြီဖြစ်တဲ့ Brenda ဟာ သတင်းကြားကြားချင်းပဲ ပျံသန်းနေတဲ့လေယာဉ်ပေါ်ကနေ ဆင်းမယ်ဆိုပြီး သောင်းကျန်းတာကြောင့် လေယာဉ်မယ်လေးတွေ အလုပ်များကုန်ကြတယ်။Fred က ဗင်းနစ်မြို့မှာရှိတဲ့ သူ့မိန်းမဆီ သွားရောက် စကားပြောဆိုတယ်။ ဆေးကုသခံနေရတဲ့သူ့မိန်းမကတော့ ပုံမှန်စိတ်လည်း မရှိ၊ စကားလည်း တစ်လုံးမှ မထွက်နိုင်၊ သူ့ဘက်လည်း လှည့်မကြည့်နိုင်တော့။ကြည့်ကြည့်လိုက်ပါ။
ငယ်ရွယ်နုပျိုမှုအကြောင်း ပိုသိလာစရာကောင်းပါရဲ့။
ဟောလိဝုဒ်ရဲ့အရိပ်ငွေ့တွေဆီကနေ ရုန်းထွက်ခံစားရတာမျိုးလည်း ကြံုရတာပေါ့။

စာတန်းထိုး ဘာသာပြန် Original Uploader Channel Myanmar အားလေးစားလျက်။