Sunday, November 20, 2016

Haeuhhwa (2016) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/HmySAj

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Haeuhhwa"ပါ။

2016 ထဲမှာထွက်ရှိထားပြီး W မင်သမီးလေးပါဝင်တဲ့ Romance Drama ကားကောင်းကောင်းလေး နဲ့ မိတ်ဆက်ပေးပါရစေ...ဒီဇာတ်ကားလေးဟာ Director Heung-sik Park ရိုက်ကူးပြီး IMDB 7.3/10 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ..
ဇာတ်လမ်းအကျဉ်းလေးကတော့..
၁၉၉၂ခုနှစ်က မြေကြီးတူးရာကနေ ၁၉၄၄ က အယ်လဘမ်တစ်ခုကို တွေ့ရှိခဲ့ရာကနေ အစပြုထားပါတယ်။ အဲ့ကအစပြုလို့ အယ်လဘမ်လေးရဲ့နောက်ကြောင်းဟာ အစပြန်လည်လို့လာခဲ့ပါတယ်။ အရမ်းချစ်ကြတဲ့ ဆိုယောင်းနဲ့ ယွန်းဟီးတို့ဟာ ဆိုးလ်မှာ နာမည်ကြီးအဆိုတော် အတူတူုဖြစ်ရမယ်ဆိုတဲ့ အိပ်မက်တွေနဲ့ စားသောက်ဆိုင်မှာ ရိုးရာသီချင်းတွေသီဆိုရင်း ရှင်သန်နေကြတဲ့သူတွေပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဆိုယောင်းရဲ့ ပထမဆုံးအချစ်ဦးဖြစ်လာတဲ့ သီချင်းရေးဆရာ ယွန်ဝူးကြောင့် သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးဟာ မခိုင်မြဲတော့ပါဘူး...အကြောင်းကတော့ ယွန်ဝူးဟာ ယွန်ဟီးနဲ့ သူမရဲ့အသံကြောင့် သူမဆီမှာ သူ့အချစ်တွေ ကျရှုံးခဲ့ရပါတော့တယ်။ ယွန်ဝူးဟာ ယွန်းဟီးကို အခွေထုတ်ပေးဖို့ ကြိုးစားပါတော့တယ်။ ချစ်သူနှစ်ဦး ချစ်လေလေ ဆိုယောင်းဟာ တစ်နေ့ထက်တစ်နေ့ ယွန်းဟီးအပေါ်မှာ မနာလိုဝန်တိုမှုတွေ တနေ့တခြား ကြီးထွားလာပြီး ချစ်သူနှစ်ဦးကြား ဘယ်လို ယုတ်မာကောက်ကျစ်မှုတွေနဲ့ ဖျက်ဆီးပစ်မလဲဆိုတာ ..ကြည့်ရှု့ရမှာပါ
အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာ ဒီကားလေး ထဲမှာ အသေအချာ မြင်တွေ့ရမှာပါ။
ထူးဆန်းတာကတော့ အမြဲတမ်း အပြံုးချိုချို အမူအရာအေးအေးလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ W မင်းသမီးလေးက ဒီကားထဲမှာတော့ အချစ်ကြီးသူမိန်းကလေး အဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင် ထားပါတယ်...
အချစ်ဆိုတာ....တကယ်တော့...
အချစ်ကြီး ချစ်မိတဲ့အခါ...ဘာကိုမဆို လုပ်ရဲတယ်ဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှု့ခံစားကြပါဦးဗျာ

စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။