Monday, November 7, 2016

Dabangg (2010) (မြန်မာစာတန်းထိုး)


Download Link=https://goo.gl/W3tYG8

ရုပ်ရှင် အစ/အဆုံး




အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့"Dabangg"ပါ။

မင်္ဂလာပါ၊ Salman Khan ရဲ့ action တွေ ကြိုက်နှစ်သက်သူတွေအတွက်... 2010 ခုနှစ်ပိုင်းဆီက.. သူ့ရဲ့ နာမည်ကျော်ကြားခဲ့တဲ့ ကားဟောင်းလေးတစ်ကားကို ရွေးချယ်ထားပါတယ်။ Awards တွေတစ်သီကြီးနဲ့
အဘက်ဘက်က ထောက်ပြစရာမရှိအောင် အကွက်စေ့စေ့ တင်ဆက်ထားတာဖြစ်တဲ့အတွက်.. ရသစုံ ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက်.. စိတ်ကျေနပ်စရာ ကောင်းမွန်တဲ့ ရုပ်ရှင်ကားကြီးတစ်ခုဖြစ်ပါတယ်ခင်ဗျ။

Bollywood movie တွေအားသာတဲ့ ခေါက်ရိုးကျိုး drama တွေလို.. မငး်သားဖြစ်သူကို ဇါတ်နာအောင် အရမ်းကြီး ဖိနှိပ်ထားတာမျိုး မဟုတ်ဘဲ ကြည့်ရှုသူရဲ့ရင်ထဲကို ကရုဏာသက်စရာဖြစ်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ Salman Khan ရဲ့ အနုပညာစွမ်းရည်ကတော့ အထူးပြောစရာမလိုအောင် ကောငး်မွန်ပြီးသားဖြစ်ပါတယ်။ သူရဲကောင်းဆန်ဆန် တိုက်ခိုက်သတ်ပုတ်ခန်းတွေနဲ့ ဟာသလေးတွေ အလိုက်သင့် နှောထားတဲ့ Dabangg မှာ..  ငယ်စဉ်ကတည်းက ပထွေးဖြစ်သူနဲ့ သူ့ရဲ့သား ဖြစ်သူတို့ အဖိအနှိပ်ကို ခံခဲ့ရတဲ့ လူငယ်လေးတစ်ယောက်.... အရွယ်ရောက်တဲ့အခါ ရဲဝန်ထမ်းအဖြစ်ကိုခံယူရင်း ငယ်စဉ်ကတည်းက ရရှိခဲ့တဲ့ စိတ်ဒါဏ်ရာတွေအတွက်... ကိုယ်ပိုင်နည်းကိုယ်ပိုင်ဟန် နဲ့ မတရားမှုသမျှကို ချေပရင်း.. အမှန်တရားဘက်တော်သား တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပုံတွေ .. အကျင့်ပျက်ဝန်ထမ်းတွေ နိုင်ငံရေးလောကသားတွေအထိပါ ... ဆန့်ကျင်တိုက်ခိုက်ခဲ့ပုံတွေကို မင်းသားကြီးရဲ့ ရိုးရာမပျက် action ခန်းတွေ Romatic scene လှလှလေးတွေနဲ့.. ချစ်ပရိသတ်ကြီးအတွက် ငြီးငွေ့ဖွယ်မရှိတဲ့ ရုပ်ရှင်ကားကြီးတစ်ခုကို  ပရိသတ်ကြီးအတွက်လက်တို့လိုက်ပါတယ်ခင်ဗျား။


စာတန်းထိုး ဘာသာပြန် Original Uploader Gold Channel အားလေးစားလျက်။